ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 1, 2014

==နိုင်ငံရေးအကြပ်အတည်းမှာ စီးပွားရေး ချောက်ထဲကျနေသော တိုင်းပြည်၏ ထိပ်သီးခေါင်းဆောင်များ ( ၂ )နာရီ ကြာ တွေ့ ဆုံခြင်း===

>

(၃၁ အောက်တိုဘာလ ၂၀၁၄)

 ကမ္ဘာ့အလယ် အဖက်ဖက်မှ အောက်ကျနောက်ကျဖြစ်နေသော တိုင်းပြည်နှင့်လူမျိုး ဂုဏ်သိက္ခာကို မျြင့်တင်ရန်အတွက် နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်များသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာကာ အနာဂတ်တွင်လည်း အကြိမ်ကြိမ်တွေ့ ဆုံဆွေးနွေးရန်လိုအပ်ပါသည် ။ ထိပ်သီးခေါင်းဆောင်များသည် နှစ် ( ၆၀ )ကျော် ရေရှည်ပြည်တွင်းစစ်အပါအ၀င် နိုင်ငံရေးအကြပ်အတည်းကို တစ်နေ့ တည်းဖြစ်စေ ( ၂ )နာရီမျှဖြစ်စေ တွေ့ ဆုံဆွေးနွေးခြင်းဖြင့် မည်သို့ မျှ လုံလောက်မည်မဟုတ်ပါ..။အစိုးရအနေဖြင့် အနာဂတ်အတွက် လက်တွေ့ ကျကျ အပြောင်းအလဲကို ပုံဖော်ဆောင်ရွက်ရန် တွေ့ ဆုံဆွေးနွေး အဖြေရှာခြင်းထက် လူအများပြောဆို သုံးသပ်သလို လက်ရှိနိုင်ငံရေးအကြပ်အတည်းမှ လွတ်မြောက်ရန် ဟန်ပြ တွေ့ ဆုံဆွေးနွေးရေး အသွင်သာဆောင်နေ ပေမည် ။တိုင်းပြည်၏ ထိပ်သီးခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးပြဿသနာများကို ညှိနှိုင်းအဖြေရှာရာတွင်ဆင်းရဲတွင်းနက်နေသော တိုင်းပြည်နှင့်လူထုမျက်နှာကို ကြည့်ကာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးစေချင်ပါသည် ။

ယခင်က ရှေ့ မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသော တိုင်းပြည်၏ တိုင်းပြည်၏နာတာ၇ှည် နိုင်ငံရေးပြဿသနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရမည်ဟု နိုင်ငံရေး တော်လှန်ရေး ခေါင်းဆောင်များသိမြင်လာခြင်းသည် အဆိုးထဲမှအကောင်းဖြစ်သည်ဟု အပြုသဘောဆန်စွာ သုံးသပ်ချင်ပါသည် ။ တပ်မတော်အပါအ၀င် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် တဖက်နှင့်တဖက် အမြစ်ပြတ်ခြေမှုန်းရေးသည် လက်တွေ့ ၌ဖြစ်နိုင်ချေမရှိကာ တိုင်းပြည်၏ ငွေကြေးပေါင်းများစွာနှင့် လူ့အသက်ပေါင်းများစွာကို စတေးခဲ့ကြပြီး ဖြစ်ပေသည် ။တစ်ချို့ နိုင်ငံများသည် မီးလောင်ရာ လေပင့်ကာ မြန်မာပြည်ရေရှည်ပြည်တွင်းစစ်ကြောင့် လက်နက်ရောင်းချခြင်းအပါအ၀င် တိုင်းပြည်၏သယံဇာတများကို ဈေးပေါပေါဖြင့်ရလျက် အကျိုးအမြတ်များစွာရရှိခဲ့ကြပေသည် ။ပထ၀ီနိုင်ငံရေး ကစားကွင်းတွင် မြန်မာပြည် ပြည်တွင်းစစ်ကိုလည်း ဘော်လုံးပွဲလို ကြည့်ကာ ဘေးမှလောင်းသော နိုင်ငံများလည်း ရှိနေပေမည် ။ မြန်မာပြည်သူလူထုသည် တိုင်းပြည်၏ နိုင်ငံရေးမတည်ငြိမ်မှုအပါအ၀င်ေ၇ရှည် ပြည်တွင်းစစ်၏ ဆိုးကျိုးကြောင့် စီးပွားရေးအကြပ်အတည်းကို နေ့ စဉ် ရင်ဆိုင်ကြုံတွေ့ နေရကာ ဆင်းရဲသထက် ဆင်းရဲလာနေပေသည် ။တခြားတဖက်တွင်လည်း အစိုးရ ထိပ်ပိုင်းအာဏာပိုင်များအပါအ၀င် လူထုကြား၌ အတွေးခေါ်ဟောင်းများနှင့်အတူ အကျင့်ပျက်ခြစားမှုများအား မဖြစ်မနေပြင်ဆင်ကြရပေမည် ။ အကြမ်းဖက်သမားများ စုပေါင်းပြီး အကြမ်းဖက်နိုင်ငံတည်ထောင်ရေးသည် ဖြစ်နိုင်ချေရှိသော်လည်း ခေါင်းပေါင်းဝတ် သူခိုးကြီးများဦးဆောင်ကာ ဒီမိုကေ၇စီနိုင်ငံတည်ထောင်မည်ဆိုခြင်းသည် ပလိုင်းပေါက်နှင့်ဖားကောက်သလို တိုင်းပြည်သည် ခြွတ်ခြုံကျမွဲတေမြဲ မွဲတေနေမည်မှာ မြေကြီးလက်ခတ်မလွဲပါ။ မကြာသေးမီ ရက်ပိုင်းတွင် ကြားရသော သတင်းအရ ယူကရန်းနိုင်ငံ၌ အကျင့်ပျက်ခြစားမှုကြောင့် အစိုးရ အရာရှိ ( ၉၀ )ကျော်ကို အရေးယူခဲ့ပေသည် ။မြန်မာပြည်တွင်မူ အစိုးရအာဏာပိုင်များ၏ ခြစားမှုနှင့် ခရိုနီကြီးများ၏ အခွန်ရှောင်မှုများကြောင့် တိုင်းပြည်သည် နူရာ ၀ဲစွဲ လဲရာ သူခိုးထောင်းသည့်ကိန်းဆိုက်ရောက်နေပါသည် ။ တိုင်းပြည်၏ ဖွံ့ ဖြိုးတိုးတက်မှုသည် ကုန်ထုတ်လုပ်မှုအပါအ၀င် အလုပ်လက်မဲ့ ဦးရေနှင့်လည်း တိုက်ရိုကအချိုးကျပေရာ နိုင်ငံတကာ၏ ရွေးကောက်ပွဲများတွင် အမတ်နေရာအတွက်မဲဆွဲစည်းရုံးရာတွင် ကျန်းမာရေး ၊ပညာရေး ၊လမ်းပမ်းဆက်သွယ်ရေး ကိစ္စရပ်များနည်းတူ တိုင်းပြည်၌ အလုပ်အကိုင်ဖန်တီးပေးမည်ဟူသော ဂတိစကားသည် အလွန်အရေးကြီးပေသည် ။မြန်မာပြည်တွင်မူယခုလို ထိပ်သီးခေါင်းဆောင်များ၏ ဆွေးနွေးပွဲမှ ကောင်းမွန်သော ရလဒ်မရရှိခဲ့သဖြင့် လူထု၏ တစ်ခုထဲသော ထွက်ပေါက်မှာ ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိ မရှိစောင့်ကြည့်ရပေဦးမည် ။  
ယနေ့ အခါသမယ၌ နိုင်ငံတကာသည် တိုင်းပြည်တွင် ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ကာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးအား အစွမ်းကုန်တည်ဆောက်နေချိန်ဖြစ်ပါသည် ။ မြန်မာ ပြည်တွင်းတွင် အလုပ်လက်မဲ့များစွာရှိနေသည့် အပြင် ပြည်ပတွင် စစ်ဘေးဒုက္ခသည်များရှိနေသည့်အပြင် ၊တိုင်းတစ်ပါးတွင် ဆင်းရဲပင်ပမ်းကြီးစွာအလုပ်လုပ်ကိုင်နေသော မြန်မာပြည်သားများသည် တရားဝင်ကိန်းဂဏန်းအရ ( ၅ )သန်းကျော်ရှိနေပါသည် ။ ဆိုလိုသည်မှာ နိုင်ငံခေါင်းဆောင်များသည် ဆင်း၇ဲတွင်းနက်နေသော လူထုမျက်နှာကို ထောက်ထားကာ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ၊အပစ်အခတ်ရပ်စဲရေး ၊ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တွေ့ ဆုံဆွေးနွေးရေးသည် အနာဂတ်တွင်လည်း အဖြစ်မနေလိုအပ်နေပါသည် ။အာဆီယံဥက္ကဌရာထူးယူထားသော လက်ရှိမြန်မာအစိုးရသည် အိုဘားမားအပါအ၀င် နိုင်ငံတကာခေါင်းဆောင်များ မြန်မာပြည်သို့ အစည်းအဝေးလာရောက်ချိန်နီးမှသာ ဟန်ပြတွေ့ ဆုံဆွေးနွေးသည်ဆိုပါက ကဒါဖီ ၊ဆာဒမ်ဟူစိန်တို့ နည်းတူ များမကြာမီ အဖက်ဖက်မှ ကြပ်တည်းကာ ချောင်ပိတ်မိနေသော လူထု၏ ပေါက်ကွဲ ဒဏ်ခတ်ခြင်းအား ခံရကိန်းမြင်နေမိသည် ။

အထူးသဖြင့် တပ်မတော်ခေါင်းဆောင်များအနေဖြင့် စစ်တပ်မှ အာဏာရယူကာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့စဉ် တိုင်းပြည်သည် ဘယ်အခြေအနေကို ဆိုက်ရောက်ခဲ့သည်ကို ဓမ္မဒိဌာန်ကျကျသိမြင်ရမည့် အချိန်ဖြစ်ပါသည် ။လူထုဆန္ဒကို လေးစားလိုက်နာကာ ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးကို လုပ်ဆောင်လျက် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတစွာလုပ်ဆောင်သင့်ပါသည် ။သို့ မဟုတ်ပါက မလိုလားအပ်ပဲ လူထုအုံကြွမှုများဖြစ်ကာ တိုင်းပြည်သည် နိုင်ငံရေး မတည်မငြိမ်အခြေသို့ တွန်းပို့ ရာရောက်နိုင်ပါသည်.။

 ဒီနေရာတွင် အထူးသတိထားရမည့် အချက်မှာ ဟောင်ကောင်ကျောင်းသားများသည် တွေ့ ဆုံဆွေးနွေးအဖြေရှာရေးအတွက် လမ်းပေါ်၌ လူထုဆန္ဒပြပွဲများကို့လုပ်ဆောင်နေကြရသည် ။သို့ သော် မြန်မာပြည်သူလူထုသည် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးများ မြန်မာပြည်၌ ဖြစ်ပေါ်ထွန်းကားရေးအတွက် အသက်ပေါင်းများစွာ စတေး၍ လမ်းမ ၊အကျဉ်းထောင် ၊တောတောင်တွေထဲ ပြသခဲ့ပြီးဖြစ်ပေသည် ။
သို့ သော် လက်ရှိအစိုးရသည် လူထု၏ ဒီမိုကရေစီဆန္ဒကို မလိုက်လျောပဲ မိမိတို့ အာဏာတည်မြဲရေးကိုသာ နည်းမျိုးစုံဖြင့်ကြိုးစားနေဦးမည်ဆိုပါက လူထူသည် လမ်းမပေါ်ပြန်တက်ပြီး ကြွေးကြော်သံများ ပြန်ကြွေးကြော်ရကိန်းဆိုက်နိုင်ပါသည် ။ အစိုးရအနေဖြင့်ပြုပြင်ပြောင်းလဲရေးအား နိုင်ငံတကာ၏ ဖိအားပေးမှုများကြောင့် လုပ်ဆောင်ခြင်းဆိုသည်ထက် တိုင်းပြည်အခြေအနေနှင့် လူထုဆန္ဒကို ကောင်းမွန်စွာ နားလည်သဘောပေါက်လျက် ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေလုပ်ဆောင်ရမည့် အခါသမယဖြစ်ပါသည် ။ 

+အောင်ခိုင်မြင့်+ 

၃၁ အောက်တိုဘာလ ၂၀၁၄

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)