ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 1, 2014

==အလုပ်ရှင်၊ အလုပ်သမားအကြား စေ့စပ်နိုင်ရေး ထိုင်း-မြန်မာအလုပ်သမားအဖွဲ့များ ဆွေးနွေး==

> (အောက်တိုဘာလ၃၀ရက်နေ့ အလုပ်ရုံဆွေးနွေးပွဲမှာထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးးနိုင်းထဆူဝစ်နှင့်သဘာပတိ၅ဦးက မနက်ပိုင်းတစ်ပိုင်းလုံးကိုဆွေးနွေးနေကြစဉ်)
+(နိုဝင်ဘာ ၁ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ-KICကရင်သတင်းစဉ်)+

 ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်ရှင်နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအကြား ဖြစ်ပေါ် လာသည့် ပြဿသနာများကို ငြိမ်းချမ်းစွာ စေ့စပ်ရေးနည်းလမ်းများ ရရှိနိုင်ရန် ရည်ရွယ်၍ အောက်တိုဘာ ၃၀ရက် နေ့တွင် အလုပ်ရှင်၊ အလုပ်သမားစေ့စပ်ဖြန်ဖြေရေးကော်မတီက မဲဆောက်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့သည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအလုပ်သမား ကိုယ်စားလှယ် အဖွဲ့က အလုပ်သမားဘက်မှ ဖြစ်ပေါ်လာသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြပြီး ထိုင်းနိုင်ငံမှ ကိုယ်စား လှယ်များကလည်း အလုပ်ရှင်နှင့် အလုပ်သမားအကြား ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းခဲ့ကြသည်။

အလုပ်ရှင်အလုပ်သမား စေ့စပ်ဖြန်ဖြေရေးကော်မတီနှင့်ထိုင်း နိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမား
ကွန် ရက်ကြီးမှ အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက “အဓိက သူတို့တိုက်တွန်းတာ နှစ်ဦးနှစ်ဖက်ကြားပြဿသ
နာကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့၊ အလုပ်သမားဘက်က တစ်ခုခုဖြစ်လို့ အလုပ်ရှင်ကို ဆန္ဒပြရင် ထိုင်းဥပဒေအရ ၂၄နာရီ အတွင်းမှာ ကြိုအကြောင်းကြားဖို့၊ ၊မဟုတ်ရင် ရုတ်တရက် အလုပ်ရုံရပ်ဆိုင်းသွားပြီး အလုပ်ရှင်ဘက်က နစ်နာမယ်။ အလုပ်သမားဘက်မှာလည်း ဒါကို နားလည်ထားဖို့ ရှင်းပြဖို့လိုတယ်” ဟု ကေအိုင်စီသို့ ပြောသည်။ ၎င်းအပြင် ထိုင်းနိုင်ငံအတွင်း လာရောက်လုပ်ကိုင်သည့် နေ့ချင်းပြန် မြန်မာအလုပ်သမားများ၏ အခြေအနေများ၊ OSS ရုံးဖွင့်လှစ်ပြီး ယာယီ အလုပ်သမားမှတ်ပုံတင်ပြုလုပ်သည့် အခြေအနေများနှင့် အလုပ်သမားများ ကြုံတွေ့ နေရသော ပြဿသနာများကိုလည်း အလုပ်ရုံဆွေးနွေးပွဲတွင် အပြန်အလှန် အမြင်ဖလှယ်ခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရောင်ခြည်ဦးအဖွဲ့ မက်ဖောင်ဒေးရှင်းအဖွဲ့ အပါအ၀င် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများဖြစ်သည့် IRC၊ Labor Law Clinic-LLC နှင့် သက်ဆိုင်ရာ ထိုင်းအစိုးရ တာဝန်ရှိသူများ၊ အလုပ်ရှင်များလည်း တက် ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲ တက်ရောက်သည့် ရခိုင်အလုပ်သမားအရေးလှုပ်ရှားမှုအဖွဲ့မှ ကိုအောင်အောင်က “အလုပ်သမား ကဒ်ရှိတာနဲ့ မရှိတာနဲ့ အဲဒီပြဿနာတွေ ဖြစ်တယ်။ အဲဒါတွေ အခွင့်အရေးတွေရတာချင်း မတူဘူး။ နောက်ပြီး ထိုင်းတာဝန်ရှိသူတွေဘက်ကတော့ ဘာသာစကား အပြန်အလှန်သင်ကြဖို့ အလုပ်ရှင် အလုပ်သမားအကြား တိုက်ရိုက်ဖြေရှင်းဖို့ ဘာသာစကားကြောင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှုတွေ ရှိတာတွေကို တင်ပြ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

(အလုပ်ရှင်-အလုပ်သမားစေ့စပ်ဖျန်ဖြေရေးကော်မတီတာဝန်ခံ ထိုင်းအလုပ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးးနိုင်းထဆူဝစ်နှင့် ကော်မတီဝင်ဦးမိုးကြိုး၊ဦးအောင်အောင်တို့ 
အမှတ်တရ။) ၃၀-၁၀-၂၀၁၄

 အလုပ်ရုံဆွေးနွေးပွဲတွင် ထိုင်းအစိုးရဌာနဆိုင်ရာ အကြီးအကဲများကလည်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ အ လုပ်ရှင်နှင့် အလုပ်သမားများ ပြဿသနာဖြေရှင်းရာတွင် တစ်ဦးတစ်ယောက်သော်လည်းကောင်း၊ အစုအဖွဲ့အား ဖြင့်သော်လည်ကောင်း စေ့စပ်ဖြန်ဖြေရေးနည်းလမ်းကိုသာ လက်တွေ့ကျင့်သုံးကြရန် တိုက်တွန်းပြောကြားသည် ဟု သိရသည်။ အလုပ်ရှင် အလုပ်သမားစေ့စပ်ဖြန်ဖြေရေးကော်မတီအဖွဲ့ကို ထိုင်းဌာနဆိုင်ရာ အကြီးအကဲ ၁၄ဦးနှင့် လုပ်ငန်း ရှင်ကိုယ်စားလှယ် ၃ဦး၊ မြန်မာအလုပ်သမားကိုယ်စားလှယ်အဖွဲ့အစည်းမှ ၃ဦး စုစုပေါင်းအဖွဲ့ဝင် ၂၀ဦးဖြင့် ယမန် နှစ်က ဖွဲ့စည်းထားခြင်းဖြစ်သည်။

 ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

 ကေအိုင်စီ - KIC News > သတင်း > အလုပ်ရှင်၊ အလုပ်သမားအကြား စေ့စပ်နိုင်ရေး ထိုင်း-မြန်မာအလုပ်သမားအဖွဲ့များ ဆွေးနွေး

(အောက်တိုဘာလ၃၀ရက်နေ့ အလုပ်ရုံဆွေးနွေးပွဲမှာထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးးနိုင်းထဆူဝစ်နှင့်သဘာပတိ၅ဦးက မနက်ပိုင်းတစ်ပိုင်းလုံးကိုဆွေးနွေးနေကြစဉ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)