ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 6, 2015

==ပျံပါလေတော့==

>
ကျွန်မ မိုးရေထဲမှာ ဘယ်လောက်ကြာအောင် ရပ်နေမိမှန်းမသိ..။ ကိုယ်ကိုတိုင်လည်း ဘာတွေလုပ်နေမိမှန်းမသိ…။ ကျွန်မ မိုးစက်တွေကိုချစ်သည်။ မိုးရွာနေတဲ့အချိန် မိုးရေထဲ လမ်းလျှောက်နေရခြင်း၊ မိုးရေထဲမှာ ရပ်နေရခြင်းကို ကြိုက်သည်။ ဘာကြောင့်လဲလို့သိချင်ကြမပေါ့။ မိုးစက်လေးတွေက ကျွန်မရဲ့မျက်ရည်တွေကို ကာကွယ်ပေးသည်။ ကျွန်မရဲ့အထီးကျန်ခြင်းကို အဖော်ပြုပေးသည်။ ကျွန်မဟာ ဟန်ဆောင်တတ်ခဲ့သူလား? ကျွန်မကိုယ့်ကိုကိုယ် ဟန်မဆောင်တတ်သူအဖြစ် သိထားသူပါ။ ငိုချင်ရင် မျက်ရည်တောင် မထိန်းနိုင်ဘဲ ငိုတတ်သည့်မိန်းကလေးမျိုးပါ။ သို့ပေမယ့် အခု သူထွက်သွားတော့မှာကို ဘာ့ကြောင့် ကျွန်မ မတားဘဲ ထွက်ခွာခွင့်ပြုခဲ့ပါလိမ့်။ သူထွက်သွားမှာကို အရူးတစ်ပိုင်းလို ကျွန်မ အော်ဟစ်မငိုကြွေးမိခဲ့ပါလိမ့်? “အင်း … ဟုတ်ပြီလေ … ထွက်သွားမှာမဟုတ်လား … ပြင်ဆင်စရာရှိတာတွေပြင်တာပေါ့ … မေ့ကျန်တာ ဘာညာလည်း မဖြစ်စေနဲ့” “ဟာ … ဒီအတိုင်း ထွက်သွားခွင့်ပေးတယ်ပေါ့ … ခုလိုထွက်သွားမယ်ပြောတာ ဘယ်လိုမှမခံစားရဘူးလား” ဟုတ်ပါသည်။ ကျွန်မ မျက်ရည်တစ်စက်တောင် မထွက်ဘဲ အားတင်းရင်းပြောလိုက်မိသည့် စကားများအတွက် ကျွန်မကိုယ်တိုင် အံ့သြမိသည်။ တစ်ကယ်ဆို ကျွန်မငိုကြွေးရမှာ…။ ကိုယ်ချစ်တဲ့သူတစ်ယောက် ကိုယ်နေ့တိုင်းမြင်တွေ့နေရတဲ့သူတစ်ယောက် ကိုယ့်အနားကနေ ထွက်ခွာသွားမယ့်အချိန်အတွက် ကျွန်မ လက်မှိုင်ကျငိုကြွေးရမှာ…။ သူ ကျွန်မကို မုန်းသွားပါလိမ့်မည်။ စိတ်နာသွားပါလိမ့်မည်။ “ကျွန်မ ဘာ့ကြောင့် မတားခဲ့သလဲ”ဆိုသည့် အမေးအတွက် ကျွန်မမှာ တိုးတိတ်စွာအဖြေရှိသည်။ သူ ကျွန်မအနားမှာသာ အမြဲနေလျှင် အချိန်တိုင်းနေလျှင် ပင်ပန်းဆင်းရဲရသည်။ သောကဗျာပါဒ များရသည်။ စိတ်ပင်ပန်းရသည်။ ကျွန်မအနားကထွက်ခွာသွားပြီး သူ့လမ်း သူဖောက်နိုင်မှ သူ့ဘ၀သာယာ လှပပေလိမ့်မည်။ သူ့ဘ၀လေး အေးချမ်းလိမ့်မည်။ ကျွန်မတစ်ယောက်ထဲရဲ့စိတ်ဆန္ဒ သာယာချမ်းမြေ့မှုတစ်ခုကြောင့် သူ့ဘ၀လေးကို မဖျက်ဆီးရက်ပါ။ ကျွန်မဟာ ငယ်ငယ်လေးကတည်းက ဘာကိုမှ မတောင်းဆိုတတ်တဲ့ … ပိုင်ဆိုင်ချင်ရင်တောင် အဆင်ပြေပါ့မလားဆိုတဲ့စိတ်နဲ့ ကြီးပြင်းလာရသူတစ်ယောက်ပေါ့။ လူဆိုတာ “ပိုင်ဆိုင်ခွင့် … တောင်းဆိုခွင့်”ရှိတယ်တဲ့။ ငယ်ငယ်လေးတုန်းက ဘယ်ဆီကမှန်းမသိဘဲ ကြားမိတဲ့စကားအတိုင်းဆို သူ့ကို ကျွန်မအနားမှာ အချိန်ပြည့်ထားချင်သည်။ အချိန်တိုင်း နေ့ရက်တိုင်း သူ့မျက်နှာမြင်နေရရင် … သူနဲ့အတူတူရှိနေခွင့်ရရင် ကျွန်မအတွက် ဘယ်အရာမှ မက်မောစရာမလိုအောင် ပြည့်စုံလွန်းလှသည်။ အခက်အခဲ အန္တရာယ်မြောက်များစွာကို ရင်ဆိုင်တိုက်ခိုက်ရဲသည်။ အခက်အခဲများကြောင့် ဟန်ချက်ပျက်ပြီး လဲကျသွားခဲ့တောင် ပြန်လည်နိုးထနိုင်တဲ့ အင်အားတွေရှိလာသည်။ သို့ပေမယ့် ကျွန်မဟာ ငယ်ငယ်လေးကတည်းက ကိုယ့်ကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ဒုက္ခမရောက်စေလိုတဲ့ စိတ်ဆင်းရဲ ပင်ပန်းခြင်းတွေ မရှိစေလိုတဲ့ အတွေးတွေနဲ့ပဲ ကြီးပြင်းလာခဲ့ရသည်။ ကျွန်မခင်မင်ရင်းနှီးရတဲ့မိတ်ဆွေ အပေါင်းအသင်းတွေတောင် သူတို့ကိုယ်တိုင်ဖွင့်ဟမပြောပေမယ့် “ကျွန်မကြောင့် စိတ်အနှောင့်အယှက်နဲ့ပင်ပန်းရတယ်”လို့ ခံစားလာရရင် မြင်လာရရင် စားမ၀င်၊ အိပ်မပျော်အောင်အထိ ကျွန်မ အားနာစိတ်သောကရောက်ရသည်။ အခုတော့ သူဟာ ကျွန်မချစ်ရသူ … ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်မတတ်ချစ်ရသူ … အရာအားလုံးနဲ့လဲယူပြီး ချစ်ရသူ …။ ကျွန်မ သူ့ကို ဘယ်လိုအင်အားမျိုးနှင့် “ထွက်မသွားပါနဲ့”လို့ တားမြစ်ပိတ်ပင်ရမည်နည်း။ မျက်နှာကတော့ ဟန်မပျက်အောင် ထိန်းထားရပေမယ့် ရင်ထဲမှာတော့ ပူလောင်နေပြီဆိုတာ ကိုယ့်ကိုကိုယ်သာ သိသည်။ သူထွက်ခွာသွားပြီး သူ့ဘ၀လေး ပြည့်စုံသာယာမှုရှိလာမည့် လမ်းတစ်ခုအတွက် ကျွန်မ မျက်ရည်နဲ့ တားမြစ်ခြင်းတွေက ခလုတ်ကန်သင်းမဖြစ်စေချင်ပါ။ “ဟုတ်ပြီလေ”ဆိုတဲ့ သူ့စကားရဲ့နောက်ကွယ်က နာကြည်းမှုကို ကျွန်မမြင်တွေ့လိုက်ရပါသည်။ ရှင်းမပြလိုတော့ပါ …။ ချစ်တဲ့သူကို အနားကထွက်သွားစေအောင် ရင်အကွဲခံဟန်ဆောင်ရတာလောက် ပင်ပန်းတဲ့အရာမရှိ။ ကျွန်မ ပင်ပန်းသည်။ တစ်လောကလုံးကြားအောင် အော်ဟစ်ငိုကြွေးပြချင်သည်။ တစ်ယောက်ယောက်ဆီပြေးပြီး ဖွင့်ဟပြောပြချင်သည်။ “ဟင့်အင်း … ငါ့စိတ်ကိုမလွှတ်လိုက်နဲ့ … ငါ့ကြောင့် ဘယ်သူမှဒုက္ခမရောက်စေနဲ့”ဆိုတဲ့ တိတ်တဆိတ်ငိုကြွေးနေခြင်းရဲ့နောက်ကွယ်မှာ ကျွန်မစိတ်တွေ လေနှင်ရာဆီသို့ ရွက်လွှင့်ရင်းဖြင့်သာ …။ 

စာချစ်သူများကို အစဉ်လေးစားစွာဖြင့် 

+မိုးညချမ်း+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)