ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 19, 2015

==အဇ္ဈတ္တနှင့်အတူ==

>
တကယ်တော့ ကိုယ့်မှာ ပိုင်ဆိုင်မှုဆိုလို့ တူရိယာ ပစ္စည်းတချို့ရယ်၊စုတ်တံတွေနဲ့ ဆေးတချို့ရယ်၊စက္ကူတချို့ရယ်၊ ကင်းဗတ်စ် တချို့ရယ်၊ ငွေကြေးအနည်းငယ်နဲ့ အတတ်ပညာတစ်ခုရယ်ပဲ ရှိတာပါ။မင်းမပါပါဘူး။ တကယ်တော့ မင်းဟာ ကိုယ်မပိုင်ဆိုင်တဲ့ ပန်းချီကားတစ်ချပ်၊ ဒါမှမဟုတ်တယောတစ်လက်ပါ။ အဲ့ဒီပန်းချီကားကို ကိုယ်ငေးနေခွင့်ရှိပေမယ့် အချိန်ပြည့် ကြည့်ရှုခွင့် မရနိုင်သလို တယောသံကို ကိုယ်နားထောင်ခွင့်ရှိပေမယ့် အချိန်တိုင်းနားဆင်ပိုင်ခွင့် မရှိပါဘူး။ ဂီတာကော့ဒ်တွေ ပြန်ကိုင်နိုင်ဖို့ လှပတယ်လို့ ပြောတာခံရတဲ့ အနည်းငယ်ရှည်လျားတဲ့ လက်သည်းတွေကိုဖြတ်လိုက်တာဟာ ကိုယ့်ရွေးချယ်မှုတစ်ခုပါ။ တစ်ခု လိုချင်ရင်တခုခုကို စွန့်ရမယ် မဟုတ်လား။ ဒါပေမယ့် တခါတရံမှာ ရွေးခြယ်မှု မှားသွားတာလည်း ရှိမှာပေါ့။ ရုတ္တိဗေဒအရမှားနိုင်ပေမယ့် စိတ္တဗေဒအရမှန်တာတွေလည်းရှိတာပဲ။ ကိုယ်ကတော့ အကောင်းမြင်ဝါဒီ တစ်ယောက်ပီပီ အရာရာကို ကောင်းတဲ့ဘက်ကပဲ မြင်ကြည့်လိုက်တယ်။ဥပမာ မင်း ဖုန်းမကိုင်တာ အိပ်ပျော်နေလို့တို့ ဘာတို့ ..။ ၆ကြိုသံနဲ့ ၄ ကြိုးသံကြားမှာသွားနေတဲ့ အသံတွေကို နှစ်သက်တဲ့ ကိုယ်ဟာအဲ့ဒီ အသံတွေကို အသစ်အသစ်တွေနဲ့ အသက်ဝင်စေဖို့တော့ ပါရမီအင်အား နည်းပါး လှတယ်။ ဒီလိုနဲ့မင်းအတွက် ဖန်တီးပေးချင်တဲ့ သီချင်းတွေဟာ ကဗျာ ဖြစ်ဖြစ်သွားခဲ့ရတယ်။ တကယ်တော့ ကဗျာမှာလည်း အသံတွေ ရှိတယ် မဟုတ်လား..။ နားထောင်ခြင်းနဲ့ ပြောခြင်းမှာ နားထောင်ခြင်းကို ကိုယ်က အလိုရှိပေမယ့်ပြောခြင်းကိုသာ လက်ခံထားရတဲ့ကိုယ့်ကမ္ဘာဟာ အနည်းငယ် တိမ်းချော်မှုတွေနဲ့ ဖွဲ့စည်းတယ်။ကျဉ်းကြပ်လာတဲ့ စိတ်ရဲ့ ထွက်ပေါက်ဟာ ဝရံတာနဲ့ပြတင်းပေါက်မှာရှိတယ်ဆို မင်းပြုံးကောင်းပြုံးနိုင်ပါတယ်။ ကိုယ့် ပြတင်းပေါက်မှာချိတ်ထားတဲ့ ငှက်အိမ်ကလေးမှာ ငှက်ကလေးတွေမရှိတာ အတော်တောင်ကြာပြီပဲ။ စကားမစပ်ပေါ့..။ ကိုယ် သံစဉ်လေးတွေရှာထားတယ်..။ တနေ့နေ့ အချိန်ရရင်ဖြစ်ဖြစ်၊နားထောင်ချင်ရင်ဖြစ်ဖြစ် ကိုယ့်ကို လက်တို့လိုက်ပါ။ သီချင်းတစ်ပုဒ် မဟုတ်ရင်တောင်ကဗျာတစ်ပုဒ်တော့ မင်းနားထောင်ရမှာပေါ့..။ စိတ်နဲ့ ဆိုတဲ့ သီချင်း ဆိုတော့ စိတ်နဲ့နားထောင်ဖို့တော့လိုလိမ့်မယ်။ တကယ်တော့ ကိုယ်က စိတ္တဇနာမ်တွေကို ဖက်တွယ်ထားသူပါ..။ ဥပမာ .. သတိရခြင်း.. ။

+ ပျိုးယုဝသုန်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)