ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 6, 2015

==အသွင်မပြောင်း အစိုးရ၏ မရိုးမသား နိုင်ငံရေး ကျားကစားကွက်များကို သတိထားပါ==

>
ယူနီဖောင်းချွတ်လည်း အတွေးအခေါ်ဟောင်းများ
 ခေါင်းပေါင်း သေနတ်တွေ ခါးကြားထိုးပြီး
 ငြိမ်းချမ်းရေး စကားလေဖောင်း
လူထုကို ဖိနှိပ်တဲ့းဥပဒေများ အသက်ဝင်စဲ
 ခေတ်ဟောင်းလို ခေတ်သစ် လူတစုကို ကာကွယ်တဲ့ ဥပဒေနဲ့ ပေါင်းတင်ကာ မျက်နှာပြောင်တိုက်နေတဲ့ခေတ်......။
 အရှုပ်တွေလုပ်ပြီး အလုပ်တွေရှုပ်နေတဲ့ခေတ်...........။

 မြန်မာပြည်တွင် အတိုက်အခံနိုင်ငံရေး အင်အားစုများကို မတရားဖမ်းဆီးထောင်ချကာ ၂၀၁၀ေ၇ွးကောက်ပွဲမှတက်လာသော ဦးသိန်းစိန် အစိုးရသည် ယူနိဖောင်းချွတ်ကာ အရပ်ဝတ်ဖြင့် မည်သို့ ပင် အသွင်ပြောင်းအစိုးရဟု ဆိုစေကာမူ လက်တွေ့ တွင်မူ စစ်သွေးများ နှလုံးသားနှင့် ဦးနှောက်များတွင် စီးဆင်းနေစဲဖြစ်သည်ကို လက်တွေ့ ဖြစ်ရပ်များက သက်သေပြနေပေသည် ။ ကမ္ဘာ့အမြင်တွင် ဦးသိန်းစိန် အစိုးရသည် ပါးစပ်မှ အမြူပ်ထွက်လောက်အောင် ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါသည်ဟု လူကြားကောင်းအောင်ကြွေးကြော်နေသော်လည်း ပစ္စုပ္ပန် နိုင်ငံရေးဖြစ်စဉ်များအား ဓမ္မဒိဌာန်ကျကျ လေ့လာ သုံးသပ်ပါက တွေ့ မြင်ရမည်မှာ ယနေ့ အခါသမယသည် စစ်အာဏာရှင်စနစ်လက်ထက်ကကဲ့သို့ ပင် တိုင်းပြည်၌ လွတ်လပ်မှု တရားမျှတမှု ငြိမ်းချမ်းရေးများ ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးနေစဲဖြစ်သည်ကို အထင်သားမြင်တွေ့ ရပေမည် ။ဆိုလိုသည်မှာ ကျောင်းသား ၊လယ်သမား ၊အလုပ်သမား ၊ ရဟန်းရှင်လူ မကျန် ၊ တိုင်းရင်းသားပေါင်းစုံ လူထု လူတန်းစားပေါင်းစုံအား ဖိနှိပ်သောဥပဒေများသည် သက်ဝင်ရှင်သန်နေပြီး အာဏာရှင်ဆန်ဆန် လူတစုကို အကာအကွယ်ပေးသောဥပဒေများဖြင့် တိုင်းပြည်အား ထင်ရာစိုင်းအုပ်ချုပ်နေစဲ ဖြစ်ပေသည် ။ ပညာရေးဥပဒေပြုပြင်ပြောင်းလဲ ပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသော ကျောင်းသားများအား ပုဒ်ထီး ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးထောင်ချနေသည်မှာ မတရားမှုဖြစ်ပေသည် ။ အမှန်တကယ် ဥပဒေအထက်၌ မည်သူမျှမရှိကာ ဖမ်းဆီးထောင်ချရလျှင် သမ္မတ ဦးသိန်းစိန် ၊လွှတ်တော် ဥက္ကဌ ဦးရွှေမန်းအပါအ၀င် လွှတ်တော်ထဲမှ အမတ်တော်တော်များများ၏ ပိုင်ဆိုင်မှုများသည် ရရှိသည့် လခဖြင့် မည်သို့ မှ ပိုင်ဆိုင်နိုင်မည် မဟုတ်သဖြင့် လာပ်ပေးလာပ်ယူမှုဖြင့် ပိုင်ဆိုင်ထားသည်ဖြစ်သည့်အတွက် အားလုံးကို ထောင်ချရလျှင် လွှတ်တော်ကြီးကို အုပ်ရိုးတံတိုင်းခတ်ကာ အင်းစိန်ထောင်လို အသွင်ပြောင်းလိုက်ယုံသာရှိ တော့သည် ။

သို့ သော် တခြားတဖက်တွင်မူ တိုင်းပြည်နှင့် လူထုသည် နိုင်ငံရေး ၊စီးပွားရေး ၊ပညာရေး ၊ကျန်းမာရေး အဖက်ဖက်၌ အောက်ကျနောက်ကျ ဖြစ်နေသဖြင့် ကမ္ဘာ့အလယ်တွင် မြန်မာပြည်သူပြည်သားများ ပြန်လည်ခေါင်းမော့ ရင်ကော့စေရန် အမျိုးသားပြန်လည်သင့်မြတ် ရင်ကြားစေ့ရေးမူဖြင့် တိုင်းပြည်၏ အနာဂတ်အား ပြုပြင်ပြောင်းလဲပုံဖော်တည်ဆောက်ရန် အတိုက်အခံအင်အားစုများမှ ကြိုးစားအားထုတ်ခဲ့ပေသည် ။ ထို့ ကြောင့် နိုင်ငံတကာမှ မြန်မာပြည်အပေါ်ထားရှိသော စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ မှုများရပ်တန့် ခြင်း အပါအ၀င် တိုင်းပြည်၏ ကြွေးမြီများ လျော်ပစ်ခြင်း ၊ ငွေကြေးအပါအ၀င် အကူအညီများ ပေးအပ်ခြင်းများ လုပ်ဆောင်ခဲ့ပေသည် ။ အစိုးရ၏ ဆောင်ရွက်ချက်များဖြစ်သော ဆီးဂိမ်းအပါအ၀င် အာဆီယံ ဥက္ကဌရာထူးရယူကာ နိုင်ငံဂုဏ်ဆောင်နေချိန်အတွင်း ကျောင်းသားများအပါအ၀င် အတိုက်အခံအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများသည် ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းအစား တွေ့ ဆုံဆွေးနွေးအဖြေရှာရေးကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့ပေသည် ။ ထိုကဲ့သို့ သဘောထားကြီးစွာ လုပ်ဆောင်ခဲ့သော အတိုက်အခံဒီမိုကရေစီအင်အားစုများ၏ အတိတ်ဖြစ်စဉ်များအား အစိုးရမှ လျစ်လျူရူကာ ဘုရားပြီး ငြမ်းဖျက်မည့်ကိန်းသည် တိုင်းပြည်နှင့်လူထုကို နိုင်ငံရေး ချောက်ထဲသို့ တင်ပို့ ရာ ရောက်သည်ကို ပြန်လည်စဉ်းစားဆင်ခြင်သင့်ပါသည် ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တဦးတဖက် တစ်ဖွဲ့ ထဲမှတည်ဆောက်၍ မရပဲ အစိုးရအပါအ၀င် သက်ဆိုင်ရာ အသင်းအဖွဲ့ ပေါင်းစုံမှ တိုင်းပြည်နှင့် လူထု အကျိုးစီးပွားအတွက် စိတ်အားထက်သန်စွာ ပုံဖော်တည်ဆောက်ရမည့် နိုင်ငံရေး အသိ သတိရှိရမည်ကို နှလုံးသွင်းရမည့် အချိန်အခါဖြစ်ပေသည် ။ သို့သော် ဦးသိန်းစိန်အစိုးရသည် စစ်အာဏာရှင်များလက်ထက်ကကဲ့သို့ ပင် အောက်လမ်းနည်းဖြင့် နည်းပရိယာယ် ပေါင်းစုံ နည်းဗျူဟာများစွာဖြင့် လူမျိုးရေး ဘာသာရေးပဋိပက္ခများ ပြဿနာများ ဖန်တီးခြင်း ၊ အတိုက်အခံအင်အားစုများအားဖြိုခွဲရေးအား လုပ်ဆောင်နေသည်ကို တွေ့ မြင်နေ၇ပေသည် ။  

ဦးသိန်းစိန်အစိုးရ၏ သမ္မတထောက်လှမ်းရေးအဖွဲ့ ကို ဖွဲ့ စည်းပြီးသည့် နောက်ပိုင်း၌ ပြည်တွင်းစွမ်းအားရှင်များသာမက ပြည်ပစွမ်းအားရှင်များပါ ဖွဲ့ စည်းနေကြောင်း သတင်းများထွက်ပေါ်နေပေသည် ။ ငြိမ်းချမ်းစွာ ဆန္ဒပြသော ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွဲခဲ့သော လက်ပတ်နီဝတ် စွမ်းအားရှင်များ ၊ အစိုးရအာဏာပိုင်များ ၊ ရဲများအား ဖော်ထုတ်အရေးယူမှုတစုံတရာ မရှိသော်လည်း ကျောင်းသားသပိတ်တွင်ပါဝင်ခဲ့သူများကို ဥပဒေ ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချ နေမှုသည် ဦးသိန်းစိန်အစိုးရ၏ ဒီမိုကရေစီ မင်းသားခေါင်းစွပ်ကို ချွတ်ကာ စစ်အာဏာရှင်ဘီလူးဖြစ်ကြောင်း ကမ္ဘာ့အလယ်ပြသ သကဲ့သို့ ဖြစ်နေပေသည် ။

သို့ ဖြစ်၍ အတိုက်အခံလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဦးသိန်စိန်အစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုအပေါ် သံသယ ဖြစ်ကာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို လိုအပ်ပါက ဆန့် ကျင် ကန့် ကွက်မည့် စကားအရိပ်အယောင်များ ပြောဆို လာရပေသည် ။ အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကြိုးပမ်းအားထုတ်မှုအား ကြိုဆိုသော်လည်း တခြားတဖက်တွင် စစ်မက်များဖန်တီးနေမှုအား သံသယဖြင့် သတိကြီးစွာ စောင့်ကြည့်နေရစဲဖြစ်ပါသည် ။ လက်နက်ကိုင် အဖွဲ့ အစည်းတခုနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ပြီး တခြားလက်နက်ကိုင် အဖွဲ့ ဖြင့်တိုက်ခိုက်နေမှုသည် တော်လှန်ရေးလက်နက်ကိုင် အင်အားစုများအား သွေးခွဲစည်းရုံးရာ ရောက်သကဲ့သို့ အတိုက်အခံဒီမိုကရေစီအင်းအားတစုကို အခွင့်အရေးပေးပြီး တခြားအတိုက်အခံ ဒီမိုကရေစီအင်အားစုကို ဖမ်းဆီးထောင်ချနေခြင်းသည် အစိုးရအနေဖြင့် ဒီမိုကရေစီကျင့်စဉ်အား၎င်း၊ ဥပဒေအား၎င်း လက်တလုံးခြား လှည့်စားရာ ရောက်နေပေသည် ။တနည်းအားဖြင့်ဆိုသော် စစ်အာဏာရှင်စနစ်၏ အတွေးအခေါ်ဟောင်းများရှိနေသေးသည့် စစ်ဗိုလ်ချုပ်အကြွင်းအကျန်များသည် အာဏာကို လက်လွှတ်ရမည်ကို စိုးရိမ်နေစဲဖြစ်သည်ကို စစ်အုပ်စုအား ကြားကန်ပေးကာ စစ်အာဏာရှင်စနစ်ကို အသက်သွင်းထားသည့် ၂၀၀၈ နာဂစ် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအား ပြင်ဆင်ရေးကို မလုပ်ဆောင်လိုမှုက သက်သေပြနေပေသည် ။ 

ထို့ ပြင် စစ်ဗိုလ်ချုပ်များသည် စစ်မရှိလျှင် အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်ကာ ပြည်တွင်းစစ် အပါအ၀င် ရံဖန်ရံခါ အိမ်နီးချင်းနိုင်ငံများဖြင့် ပြည်ပစစ် ပါ အကွက်စဉ်ဖန်တီးတတ်သည်ကို တွေ့ ရှိရပေသည် ။ စစ်ဗိုလ်ချုပ်များ၏ ခါးပိုက်ဆောင်တပ် ဖြစ်သော တပ်မတော်သည် ခရိုနီများဖြင့်ပေါင်းကာ လယ်သိမ်း ယာသိမ်းယုံမက လူထုအား ဖိနှိပ်မှုများကြောင့် လူထုမှ အယုံအကြည်ကင်းမဲ့လာချိန်၌ စစ်တပ်ကို လူထုမှပြန်လည် အားကိုးလာစေရန် ပြည်ပစစ်အသွင် လှည့်စားသော နိုင်ငံရေး စစ်ရေးပရိယာရ်များ လုပ်ဆောင်တတ်သည်ကို မျက်ဝါးထင်ထင်တွေ့ ရှိရပေသည် ။ကိုးကန့် စစ်အပါအစင် တရုတ်နှင့်စစ်ဖြစ်တော့မည့်မယောင် စစ်ရေးနည်းပရိယာယ်များသည် ယခင်က ထိုင်းနိုင်ငံနှင့်၎င်း ၊ ဘင်္ဂလားဒေ့ရှစ် နိုင်ငံနှင့်သော်၎င်း စစ်ဖြစ်တော့မယောင်ဝါဒဖြန့် မှုသည် ထပ်တူထပ်မျှ မဟုတ်စေကာမူ စစ်ရေး နိုင်ငံရးပုံသေနည်းသည် နည်းစပ်သော အသွင်ဆောင်နေပါသည် ။
တိုးတက်ပြောင်းလဲနေသော ကမ္ဘာကြီးအတွင်းတွင် ရပ်တည်ပါဝင်သော မြန်မာပြည်အပါအ၀င် မည့်သည့်နိုင်ငံမဆို နိုင်ငံတကာ ဥပဒေအပါအ၀င် လူ့ အခွင့်အရေးကိစ္စရပ်များကို လေးစားလိုက်နာတန်ဖိုးထားရပေမည် ။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံတွင်းတွင် စီးပွားရေး နိုင်ငံရေးအရ ယှဉ်ပြိုင်ရပ်တည်နိုင်ရန်မှာ ဒေသတွင်းတွင် နိုင်ငံရေးတည်ငြိမ်မှုရှိပြီး တိုးတက်ငြိမ်းချမ်းသော စစ်မဲ့နိုင်ငံဖြစ်ရန် တိုင်းပြည်အားတည်ဆောက်ရပေမည် ။ ထို့ကြောင့် တိုင်းပြည်တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုလျက် နိုင်ငံရေးဆွေးနွေးပွဲများ အား တိုင်းပြည်နှင့် လူထုမျက်နှာကို ကြည့်ကာ အချိန်တိုအတွင်း လုပ်ဆောင်သင့်ပေသည် ။တခြားတဖက်တွင်လည်း ၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီးတရားမျှတသော အခင်းအကျင်း ဖြစ်သည်ကို နိုင်ငံတကာမှ ပဏာမ ယုံကြည်မှုဖြစ်စေရန် အစိုးရအနေဖြင့် ဖမ်းဆီးထားသော ကျောင်းသူကျောင်းသားများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရမည် ဖြစ်ပေသည် ။ 

စီးပွားရေးအကြပ်အတည်း မျိုးစုံဖြင့် ရင်ဆိုင်နေရသော လူထုသည် လိုအပ်လာပါက အသက်ကိုပင်စွန့် ဝင်ကာ လူထုအုံကြွမှုများသည် မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်းတွင် အထင်အရှားရှိခဲ့သည်ကို အာဏာရှင် ဒေါက်တိုင်များသာမက လက်ရှိအစိုးရမှ သိထားသင့်ပါသည် ။ အချုပ်အားဖြင့်ဆိုရသော် တိုင်းပြည်၏ လွတ်လပ်မှု တရားမျှတမှု ငြိမ်းချမ်းမှုများ ပေါင်းစုံရာ ဒီမိုကရေစီနှင့် လူ့ အခွင်းအရေး ပြည့်ဝသော အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုအား ပင်လုံစိတ်ဓာတ်ဖြစ်သာ တည်ဆောက်၍ ရနိုင်မည်ဖြစ်သော်လည်း လက်ပံတန်းလို အကြမ်းဖက် စိတ်ဓာတ်ဖြင့် မည်သို့ မျှတည်ဆောက်၍ ရနိုင်မည် မဟုတ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည် ။ 

 + အောင်ခိုင်မြင့်+

 ၀၆ ဧပြီလ ၂၀၁၅

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)