ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 29, 2015

==ကျမရင်ထဲကြွက်ဝင်နေသည်==

>
ကျမအိမ်တွင် ကြွက်တကောင်ရှိပါသည် ။ ချစ်၍မွေးထားသောကြွက် လုံးဝ လုံးဝ မဟုတ်ကြောင်း ကျမကိုယ်တိုင် အာမခံပါသည် ။ ကြွက်တကောင် သက်တမ်း ဘယ်လောက်ရှိသလည်း ကျမသေချာမသိပါ ။ သို့သော်လည်း အဲဒီကြွက် ကျမတို့ အိမ်ရောက်လာသည်မှာတော့ 4နှစ်ပတ်ဝန်းကျင် ရှိနေပါပြီ ။ကျမနှင့် ကြွက်...စစ်ပွဲသည်လည်း လေးနှစ်သက်တမ်းထဲသို့ ချဉ်းနင်းဝင်ရောက်လာပြီဆိုပါတော့ ။ကျမတို့စစ်မျက်နှာတွင် တပ်သားများ ..အရာရှိများ ..မရှိပါ ..ဟိုဘက် ဒီဘက် ဗိုလ် ချုပ်နှစ်ယောက် ချင်းယှဉ်ပြိုင်သော စစ်ပွဲ ဖြစ်ပါသည် ။ ကြွက်ဘက်တွင်လည်း အဲဒီ ကြွက်တကောင်ဘဲ ရှိသည် ။ကျမဘက်တွင်လည်း ကြွက်ကို နှိမ်နှင်းမည့်သူမှာ ကျမတယောက်ထဲသာလျှင်ဖြစ်ပါသည် ။ အဆိုပါကြွက်သည်ကျမနေထိုင်ရာ အိမ်ကိုဘယ်လိုရောက်ရှိလာသလည်းဆိုတော့ ကျမနေတဲ့အထပ်က 4ထပ်မြောက်ပါ ။ ကျမတို့အောက်ထပ် 3ထပ်က လူဟောင်းတွေ ပြောင်း သွားပြီး လူသစ်လာပါသည် ။လူသစ်ပြောင်းလာတော့ ထုံးစံအတိုင်း အိမ်ပြင်ပါသည် ။ ကျမစိတ်ထင် အဲဒီအိမ်ပြင်တဲ့ အချိန် မှာ အဲဒီကြွက် အိမ်ကိုရောက်လာတာပါ ။ အရင်တုန်းက အိမ်မှာ ကြွက်မ ရှိပါဘူး ။ အောက်ထပ်ကနေ အပေါ်ထပ်ကို ရောက်လာတာလို့ ထင်ပါသည် ။ရောက်လာကာစကတော့ အကောင်က ခပ်သေးသေးကွေးကွေးပါ ။မနူးမနပ်နဲ့ မြို့တက်လာတဲ့ တောသား ပေါက်စန ပုံစံမျိုး နဲ့ ကျမတို့အိမ်ကို ရောက်လာတာပါ ။ ဟိုနေရာထွက်ကြည့် အသံလေး တချက်ကြားတာနဲ့ အမြီးတန်း နေအောင် အသက်လုပြေး ... ဒီနေရာလေးများ စားစရာ ရမလား ထွက်ရှာ အသံလေးတချက် ရူးခနဲ ကြားတာနဲ့ အသက်လုပြေးတဲ့ ပုံစံကနေ တဖြည်းဖြည်းကြွက်ပါးဝလာလိုက်တာ အိမ်မှာ ကျမကလွဲပြီး တခြားသူဆိုရင် သိပ်တောင် ဂရု မစိုက်တော့တဲ့ အထာတောင် ဖြစ်လာပါတယ် ။ကျမကို ဂရုစိုက်တယ် ဆိုတာကလည်း ကျမက တကယ်တွယ်မဲ့သူ ဆိုတာသိနေလို့ ကျမရှိနေတဲ့အချိန်တွေကို ဒင်းက ရှောင်တာပါ ။ အဲဒီကြွက်ရောက်လာကာစက မေမေက စသတိထားမိတာပါ ။ ကျမကို အိမ်မှာကြွက်ရှိနေလား မသိဘူး .. ညဘက် အမှိုက် ပုံးကို လာလာတိုးတယ်ထင်တယ် ..မနက်ဆို ပုံးက နေရာတွေ ရွေ့ နေတယ် ..လို့ လာလာပြောတယ် (ကျမတို့ က အမှိုက်ပုံးကို နောက်ဖေးဝရန်တာမှာထားတာဆိုတော့ ညဘက်ကြွက်လာတိုးလည်း အသံမကြားနိုင်ဘူးဆိုပါတော့ ။ )အစကတော့ ကျမလည်းသတိမထားမိဘူး.. မဖြစ်နိုင်တာ မေမေကလည်း ဒီနိုင်ငံမှာ ဒီလောက် ဆေးဖြန်း အမှိုက်တွေကို သေချာ သိမ်းနေတာ ကြွက်မရှိလောက်ပါဘူးလို့ ပြန်ပြောမိသေးတာ ။နောက်တော့ ကျမတံမြက်စည်းလှဲတဲ့ အခါ အခန်းရှင်း တဲ့ အခါ ကြွက်ချေး မည်းမည်းလေးတွေ တွေ့တဲ့ အခါ မေမေ ပြောတာ အမှန်ဘဲဆိုတာ လက်ခံလိုက်ရပါတယ် ။ ကြွက်ရှိနေပြီဆိုတော့ ဘာဆက်လုပ်ရမလည်း...ကြွက်ဖမ်းရတော့မှာပေါ့...ကြွက်ကို ဘယ်လိုဖမ်းမလည်း ဘယ်သူဖမ်းမလည်း..နောက်ဆုံးတော့ အိမ်ရဲ့တာဝန်ခံ ငပွကြီးလုပ်နေကြ ကျမက ဒီတာဝန်ကို ယူလိုက်ပါတယ်...ပီပီပြင်ပြင် နှိမ်နင်းမယ် ဆိုပြီး အစီအစဉ်သေချာဆွဲရတော့တာပေါ့ ။ အစကတော့ ကြွက်ကိုလှောင်အိမ်ထောင်ချောက်နဲ့ဖမ်းမယ်ပေါ့ ...ဒီမှာကအဲလိုထောင်ချောက်ဘဲရှိတာလေ. ... မြန်မာမှာလို သံထောင်ချောက် မရှိဘူး.. အဲတာနဲ့ အဲဒီ လှောင်အိမ်ကိုတခုဝယ်လာ.. အစာထည့်ထားပြီး သူ့ကိုစောင့်ဖမ်းတာပေါ့.....အစပထမ ပိုင်းကတော့ သူကလည်း ကိုယ့်ကို ကြောက်..ကိုယ်ကလည်း သူ့ကို ကြောက်နဲ့ ..ပွဲက သိပ်ပြီးအကြိတ်အနယ် မရှိဘူး..ကိုယ်ကလိုက်ခြောက်ထားလိုက်ရင် သူက နှစ်ရက် သုံးရက်လောက်ပျောက်နေလိုက်.... ကိုယ်က သူပျောက်နေတယ်ဆိုပြီး အေးဆေးဖြစ်သွားရင် သူက ပျောက်ကျားနည်းနဲ့ တိတ်တိတ်ပုန်း လှုပ်ရှားလိုက်နဲ့... အချိန်နည်းနည်းကြာသွားတယ်ဆိုပါတော့ ။ တစ်ညမတော့ ထောင်ချက် မိပါလေရော..မနက်လင်းတော့ ကိုယ်တော်ချော ကြွက်က ထောင်ချောက်ထဲ မျက်စိလုံး အပြူးသားနဲ့ ယူပါကယ်ပါဦးဆိုတဲ့ ပုံစံနဲ့ ...ကျမကလည်းအလုပ်သွားခါနီးဆိုတော့.. ကဲ..မတတ်နိုင်ဘူး..ညအလုပ်ကပြန်လာမှ တနေရာ လွင့်ပြစ်မယ်ဆိုပြီး ..အိမ်ကလူတွေကို သမီး အလုပ်ကပြန်လာမှ ဒီကိစ္စ ရှင်းမယ်လို့မှာခဲ့လိုက်တာ... အလုပ်ကလည်း ပြန်လာရော ထောင်ချောက်ဘဲ ရှိတော့တယ်...အထဲက ကြွက်က မရှိတော့ဘူး...ကြွက်ဘယ်ရောက်သွားတုန်းဆိုတော့ ကျမေမေမေ က သူလွှတ်ပေးလိုက်တယ်တဲ့....ကြွက်က သနားပါတယ်တဲ့...သမီး ညအလုပ်ကပြန်လာရင် ကြွက်ကိစ္စ လုပ်ရင် အသံဆူညံနေမှာ စိတ်ပူတာလည်းပါတယ်..နောက်ပြီး ကြွက်က တခါထောင်ချက် မိခံဖူးတော့ ဒီအိမ်ကို ပြန်လာတော့မှာ မဟုတ်ဘူးတဲ့ ။ အဲတာနဲ့ အမေလည်း နောက်ဖေးဝရံတာလေးကနေ ဘဲ လှောင်ချောက် အဖုံးတံခါးလေး ဖွင့်ပေးလိုက်တယ်တဲ့ ။ မေမကတော့ သူလွှတ်ပေးလိုက်ရတဲ့ အကြောင်းကို ဆင်ခြေ ခိုင်ခိုင်လုံလုံနဲ့ ထုချေ သွားပါတယ်။ ကျမ စိတ်ကူးထားတာက ညအလုပ်ဆင်းအိမ်ရောက်မှ ထောင်ချောက်ကိုယူပြီး နောက်ဘက် က အိမ်နောက်ဖေးလမ်းကြားကို ပန်းခြံအသေးလေးသဘောမျိုး လုပ်ထားတဲ့ေ နရာမှာ သွားလွှင့်ပြစ်မယ် ဆိုပြီးတော့ပါ ။အခုတော့ ပြစ်စရာကြွက်မှ မရှိတော့တာ အလုပ်မပိုတော့ဘူး မှန်ပေမဲ့ တခါလွှင့်ပေးလိုက်တာနဲ့ နောက်တခါ မလာတော့ဘူးဆိုတာ မဖြစ်နိုင်ပါဘူး ။ ကျမစိတ်ထဲမှာတော့ ဒီကြွက်တော့ အတင့်ရဲ လာမှာ သေချာတယ်လို့ တွေးမိတော့တာပါဘဲ ။ ထင်တဲ့ အတိုင်းပါဘဲ ...ကြွက်က နှစ်ရက်သုံးရက်လောက်ပျောက်နေပြီးတော့ ပြန်ပေါ်လာပါတယ် ။ ပေါ်လာတဲ့ အကောင်က ပထမ လွှတ်ပေးလိုက်တဲ့ အကောင်လား နောက်တကောင်လားဆိုတာတော့ ကြွက်မှာ မှတ်ပုံတင် မရှိလို့ ကျမသေချာမသိပေမဲ့ သေချာတာကတော့ ဒီတခေါက် အိမ်ထဲဝင်တဲ့ ကြွက် က အရင်ကြွက်လို မနူးမနပ်နဲ့အသံကြားတာနဲ့ ထွက်ပြေးတဲ့ အကောင် မဟုတ်တော့ပါဘူုး ။ သူ့ကိုမြင်လို့ လှမ်းခြောက်တာတောင် ဂရုမစိုက်တဲ့ အကောင်ပါ ။ကျမ မရှိတဲ့အချိန်ဆို အိမ်မှာ မေမေ တယောက်ဘဲ ရှိလို့ကတော့ လှမ်းလျှောက်ပြီးတောင် သွားတယ်ဆိုဘဲ..။.မေမေက ကျမကို အဲဒီကြွက် ကြွက်လည် ကျပုံလာလာပြောပြရင် ကျမ သိပ်ဒေါသထွက်ရတယ်။..မေမေ့ကိုလည်း မေမေပြောတော့ ကြွက်က နောက်ခါမလာရဲတော့ဘူးဆို ။...အခုတော့ မေမေ လွှတ်ပေးတဲ့ကြွက်က မေမေ့ပြန်ချောက်နေပါ လားလို့ လည်းခဏခဏ အခြေအတင်ဖြစ်ရပါတယ်။
ကြွက်နဲ့ ကျမရဲ့ တိုက်ပွဲကလည်း အရင်ကလို တယောက်နဲ့တကောင် ပြေက်ကျားနည်းနဲ့ ချတဲ့ အခြေအနေ မဟုတ်တော့ဘဲ... သူတင်ကိုယ်တင် လူတပြန် ကြွက်တပြန် ချတဲ့စစ်ပွဲ ဖြစ်လာပါတယ် ။ ကြွက်ကလည်း ကျမအဝတ်အစားတွေကိုကိုက်တယ် ။ကျမဖိနပ်ကိုကိုက်တယ် ။ ကျမခြေအိတ်တွေကို ကိုက်တယ် ။ကျမ ကအကျီအဝတ်အစားကို မီးပူမတိုက်ဘဲ မဝတ်တတ်ပါဘူး။... အရမ်းကို မအားလွန်း မှသာ အဆင်ပြေသလို ဝတ်လိုက်ပေမဲ့ ကျမအလုပ်ပိတ်ရက်တိုင်း မီးပူလေးတိုက်လေ့ရှိပါတယ် ။ အကျီ ခေါက်ပြီးရင် ခဏလောက်ပုံထား..မီးပူတိုက်ပြီးမှ သိမ်းတာပါ ။အဲဒီတော့ကျမ မီးပူတိုက်မလို့ ခေါက်ပြီးခြင်းတောင်းလေးထဲ ပုံထားတဲ့ အချိန် မှာ ကြွက်က ကိုက်သွားတာပါ ။ ကျမလည်း မီးပူတိုက်ရော ကျမအကျီံ က အပေါက် ဖြစ်နေပါပြီ ။ကျမကလည်း အဲလို လာလာဆွတတ်တာမျိုးဆို ရေဆုံးရေဖျားထိလိုက်ပြီး ပြသနာ ရှင်းတဲ့သူပါ ။အဲဒီတော့ကျမနဲ့ကြွက်ရဲ့ တိုက်ပွဲက စစ်ရှိန် အမြင့်ဆုံး အခြေအနေဖြစ်လာပါတယ် ။ ကြွက်က အသိညဏ်ရှိလား မရှိလား အမှတ်သညာကြီးလား မကြီးလားဆိုတာတော့ ကျမ မသိပါဘူး ။ ဒါပေမဲ့ သေချာတာကတော့ ကျမ ဝယ်ထားတဲ့ ကိတ်မုန့်နဲ့ အမေဝယ်ထားတဲ့ ပန်းသီး စကာခြင်းလေးထဲ ထည့်ထားရင် ပန်းသီးက ဘာမှ မဖြစ်ဘူး ကိတ်မုန့်က အကိုက်ခံထားရပါတယ် ။ကိုက်တာကလည်း ကိတ်မုန့် အသားအထိ ကိုက်တာ မဟုတ်ဘူးနော်.။. အပြင်က ဘူးခွံ လေးကို သူကိုက်သွားတယ်ဆိုတဲ့ သဲလွန်စ ချန်ထားတဲ့ အနေ နဲ့ ကိုက်ပြထားတာပါ ။ကြွက်ကိုက်ရာ ရှိနေတဲ့ ကိတ်မုန့်ဘူးထဲက ကိတ်မုန့်ကို ကျမက ဘယ်လိုစားရတော့မလည်းလေ။... နောက်ဆုံးတော့ ဈေးကြီးကြီးပေးရတဲ့ ကိတ်မုန့်ဘဲဖြစ်ဖြစ် ဈေး ပေါပေါ နဲ့ဝယ်လာတဲ့ ကိတ်မုန့်ဘဲ ဖြစ်ဖြစ် လွှင့်ပြစ်လိုက်ရပါတယ် ။ ကြွက်ကလည်း ဒီအိမ်မှာ သူအမုန်းဆုံးက ကျမဖြစ်တယ်ဆိုတဲ့ အကြောင်းကို အဲလိုလုပ်ရပ်တွေနဲ့ သက်သေပြတတ်သလို ..ကျမကလည်း အိမ်ကတခြားသူတွေ ထက်စာရင် ကြွက်ကို အမုန်းဆုံး ဆိုတာ သူ့ကိုတွေ့လိုက်တာနဲ့ တွေ့တဲ့ ပစ္စည်းနဲ့ ကောက်ပေါက် ... သူဝင်လာတယ်ထင်ရင် တြံမက်စည်းနဲ့ အတင်းလိုက်ချောက်ထုတ်...ထောင်ချောက် မျိုးစုံဝယ်ထောင် ခြင်းနဲ့ ကြွက်သိအောင် ပြန်ပြီး သက်သေပြထားပါတယ် ။မြန်မာပြည်က သံထောင်ချောက်ကိုတောင် တကူးတက မှာတဲ့ အခါမှာတော့ ကြွက်ကို ထောင်ချောက်မထောင်ခင် မေမေ နဲ့ အရင်ဆုံးရင်ဆိုင်ဖြေရှင်းရပါတယ် ။ ကြွက်တကောင်ကို အဲလောက်တောင် အငြိုး ကြီးကြီး ထားရသလားဆိုပြီး ထောင်ချောက်ဝယ်ပို့ပေးတဲ့ ရန်ကုန်က ကျမ အမ ရော..ထောင်ချောက်မှာတဲ့ ကျမရော.. သူတပါး အသက်ကို တော်တော်လုပ်ကြံ ချင်တယ်ဆိုပြီး အပြစ်ပြောခံရပါတယ် ။ သံထောင်ချောက်မှာ ကြက်သားတွေ ဝက်သားတွေ ပုဇွန်တွေ ချိတ်ပြီး ကြွက်လာမဲ့ နေရာတွေကို ချထားလေတိုင်း ကျမက နာဇီ လိုလို ဖက်ဆစ်လိုလိုဖြစ်နေသလိုလို အမြဲတမ်း အပြောခံရပါတယ်။ နောက်ဆုံးတော့ကမ္ဘာကျော်စာရေးဆရာ Albert Camus ရဲ့ The Plague ကို စာရေးဆရာကြီးထင်လင်း ဘာသာပြန်ထားတဲ့ ပလိပ် ဆိုတဲ့ စာအုပ်ကို အင်တာနက်ကနေ download ချပြီး ပေးဖတ်လိုက်မှ ဘဲ ဆူသံနဲနဲလျော့သွားပါတော့သည် ။ ကျမဆိုလိုချင်တာက ကြွက်က ကြွက်နေရာ ကြွက်နေရင် ကိစ္စ မရှိပါဘူး ။ ကြွက်က လူနေရာလာနေလို့ မရပါဘူး..ကြွက်ကလူနေရာ လာနေရင် သဘာဝချင်း မတူတဲ့အတွက် ရောဂါ ဘယ ဆိုတာဖြစ်လာတတ်တယ် ။ ဒူးနေရာဒူး တော်နေရာတော် ဆိုတဲ့စကားပုံတောင် ရှိပါတယ်။ ကိုယ်နဲ့ဆိုင်တာဘဲကိုယ်လုပ်တာ အကောင်းဆုံးပါ ။ကြွက်က ကြွက်နေရာ မနေဘဲ လူကြားထဲ လာနေတဲ့အတွက်ကျမက နှိမ်နင်းရတာပါ ။အိမ်တွေမှာတော့ ကြွက် ရှိတတ်ပါတယ် ။ ဒါပေမဲ့ ကြွက်ဆိုတာက ကောင်းကျိုးထက် ဆိုးကျိုး ကိုပေးနိုင်တဲ့ သတ္တဝါလို့ ကျမကဘဲ ခံယူထားမိလို့လား မသိပါဘူးကြွက်တွေကို အိမ်မှာရှိနေတာ မလိုချင်ပါဘူး ။အခု အိမ်ကိုရောက်နေတဲ့ကြွက်ကလည်း ကြွက်နေရာ မနေဘဲ လူနေရာလာနေတဲ့အပြင် လူတွေကိုတောင် သူက ဟိုပစ္စည်းကိုက်ပြ ဒီပစ္စည်း ကိုက်ပြနဲ့ ကြွက်ပါးလာဝနေတဲ့ ကြွက်ဆိုတော့ ကျမ အသည်းယား တာ မဆန်းဘူးလို့ထင်ပါတယ် ။ အဲလိုနည်းနဲ့ဘဲ ကျမတို့ ရင်ဆိုင်လာတဲ့ စစ်ပွဲက ၄နှစ်ဆိုတဲ့ အတွင်းကိုချဥ်းနင်းဝင်ရောက်လာပါတယ် ။ ဒီအတောအတွင်းမှာ ကျမကလည်းနည်း မျိုး စုံနဲ့ နှိမ်နင်းသလို ကြွက်ကလည်း နည်းမျိုး စုံနဲ့ ကျမကို ပြန်ရင်ဆိုင်ပါတယ် ။ခုချိန် ထိတော့ ကြွက်တပြန် လူတပြန်ပါဘဲ ။စစ်ပွဲကာလ ကတော့ ဘယ်အချိန်ထိ ဆက်ကြာဦးမလည်းမပြောတတ်ပါဘူး ။ဒီကြွက်ကလည်း တော်တော်လည်တယ်ဘဲပြောရမလား ဘယ်လိုပြောရမလည်းတောင် မသိတော့ပါဘူး ။ ကျမထောင်သမျှ ထောင်ချောက် အစာလုံးဝလာမစားဘူး ။ တခါတလေ ပုဇွန် အကောင်လိုက် ကြော်ထားတာကို ချိတ်ထားတာတောင် လုံးဝ မလာပါဘူး..ထောင်ချောက်ဆိုတာကလည်း ကြွက်လာမှ ဖမ်းလို့ရတဲ့ အရာဆိုတော့ ကြွက်မလာတော့ အလကားကို ဖြစ်လို့နေပါတယ် ။ အရှက်ပြေ ပြောရမယ်ဆိုရင်တော့ ကြွက်တပြန် လူတပြန် အခြေအတင် ပေါ့ ။တကယ်တမ်း သေချာ စဉ်းစားကြည့်ရင် အသိညဏ် ရှိတဲ့ လူက လူလောက် အသိညဏ် မရှိဘူးလို့ သတ်မှတ်ထားတဲ့ ကြွက် ကို ခုချိန်ထိ ဖမ်း လို့မရ သေးတာဆိုတော့......ကျမ ညံရာကျပါတယ် ။ အဲဒီလိုနဲ့ဘဲ ကျမရင်ထဲ ကြွက်တကောင်ဝင်ပြီး ခိုးလို့ခုလု ဖြစ်နေတော့သည် ။။။။

 +ပစ်ပစ်+

1 comment:

Vanko said...

ဖတ်လို့ကောင်းတဲ့ ဝတ္ထုတိုလေးပါ။ အိမ်ထဲကြွက်ဝင်လို့ ရင်ထဲ ကလိကလိဖြစ်ရတဲ့ ဝေဒနာကို ကိုယ်ချင်းစာပါတယ်။ ဆရာထင်လင်းရဲ့ ပလိပ် ဝတ္တုကို ပြန်ဖတ်ချင်လို့ အင်တာနက်မှာ ဒေါင်းဖို့ရှာပေမယ့် ဘယ်မှာမှရှာမရပါ။ Link လေးရှိရင် ဝေမျှပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)