ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 4, 2015

==စီးရီးအေဖလားကိုဂျူဗင်တပ်၊ပရီမီယာလိဂ်ဖလားကိုချယ်လ်ဆီး အသီးသီးဗိုလ်စွဲကြပြီ==

> (အီတလီစီးရီးအေဖလားလေးနှစ်ဆက်တိုက်ချန်ပီယံဂျူဗင်တပ်)
**အီတလီစီးရီးအေဖလား လေးနှစ်ဆက်တိုက်ချန်ပီယံဂျူဗင်တပ်**

ဂျူဗင်တပ်အသင်းသည် မေ ၂ ရက်ညပိုင်းက အီတလီစီးရီးအေပွဲစဉ်(၃၄) အဖြစ် ဆမ်ဒိုးရီးယားအသင်းနှင့်  ယှဉ်ပြိုင်ကစားခဲ့ ရာ ဂျူဗင်တပ်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့ ပြီး ကစားရန်လက်ကျန်ပွဲစဉ် လေးပွဲကျန်ရှိနေ သေးသော်လည်း အီတလီစီးရီးအေဖလားကို လေးနှစ်ဆက်တိုက်ဆွတ်ခူးနိုင် ခဲ့သည့်  ကမည်းမှတ်တိုင်တစ်ခုကိုရေးထိုးနိုင်ခဲ့ ပြီဖြစ်သည်။ ဆမ်ဒိုးရီးယားအသင်းနှင့်  ပွဲစဉ်တွင် ဂျူဗင်တပ်အသင်းအတွက် သွင်းဂိုး တစ်ဂိုးကိုချီလီကွင်းလယ်ကစားသမား ဗီဒယ်က လီချန်စတိန်းနား၏ ဖြတ်တင် ပေးပို့ မှုကို ခေါင်းတိုက်သွင်းယူပေးခဲ့ ခြင်းဖြစ်သည်။ ယင်းသွင်းဂိုးကြောင့်  ဂျူဗင်တပ်အသင်းသည် အီတလီစီးရီးအေပွဲစဉ်မပြီးဆုံးသေးဘဲ ရမှတ် ၇၉ မှတ်ရရှိထားကာ အီတလီစီးရီးအေဖလားကိုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အီတလီစီးရီးအေဖလားသည် ဂျူဗင်တပ်နည်းပြ မက်စီမီလီယာနို အယ်လ်လီဂရီအတွက် ဂျူဗင်တပ်နည်းပြအဖြစ် တာဝန်ယူသည့် ပထမ ရာသီတွင် ဖလားဆွတ်ခူးခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။ အယ်လ်လီဂရီသည် ၂၀၁၀-၂၀၁၁ ဘောလုံးရာသီက အေစီမီလန်အသင်းတွင် တာဝန်ယူသည့်  ပထမရာသီတွင်လည်း အီတလီစီးရီးအေဖလားဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

(ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီအား
ကစားသမား များကလေ၀ဲဂုဏ်ပြုနေကြစဉ်)

လက်ရှိတွင် ဂျူဗင်တပ်အသင်းအနေဖြင့်  အီတလီစီးရီးအေဖလားရရှိထားခဲ့ ပြီ ဖြစ်၊ ကျန်ရှိနေသည့်  ပြိုင်ပွဲများတွင် ဖလားဆွတ်ခူးကာ တစ်နှစ်တည်းဖလား သုံးလုံးရယူနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နည်းပြအယ်လ်လီဂရီက ပြောကြားခဲ့ သည်။ ဂျူဗင်တပ်အသင်းသည် မေ ၅ ရက်တွင် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့ အဖြစ် ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည့်အပြင် ကိုပါအီတာလီယာဖလားနောက်ဆုံး ဗိုလ်လုပွဲအဖြစ် လာဇီယိုအသင်းနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့ ကြောင့်  ဂျူဗင်တပ်အသင်းအနေဖြင့်  လက်ရှိဖလားတစ်လုံးသေချာပြီး ချိန်တွင် ကစားရန် ပြိုင်ပွဲနှစ်ခုကျန်ရှိနေရာ အဆိုပါပြိုင်ပွဲနှစ်ခုမှ ဖလားနှစ်လုံးရယူရန် ပစ်မှတ်ထားလျက်ရှိသည်။(ငွေကြယ် ) 

**လက်ကျန်သုံးပွဲအလိုတွင် ပရီမီယာလိဂ်ဖလားကို ချယ်လ်ဆီးဆွတ်ခူး**
ချယ်လ်ဆီးအသင်းသည် စတမ်းဖို့  ဘရစ်ခ်ျ၊ ယှဉ်ပြိုင်ကစားခဲ့သည့် ခရစ၊တယ်ပဲလေ့အသင်းနှင့်  ပွဲစဉ်တွင် တိုက်စစ်မှူး အေဒင်ဟာဇက်၏ သွင်း ဂိုးတစ်ဂိုးဖြင့်  အနိုင်ရရှိကာ ပရီမီယာ လိဂ်ပြိုင်ပွဲကစားရန် လက်ကျန်သုံး ပွဲအလိုတွင် ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ ပြီဖြစ်သည်။ ချယ်လ်ဆီးအသင်း ယခုတစ်ကြိမ် ပရီမီယာလိဂ်ဖလားရရှိခဲ့ခြင်းသည် ၁၉၉၂ ခုနှစ်မှ စတင်ကာ ပရီမီယာ လိဂ်ဖလားကို လေးကြိမ်မြောက်ဆွတ် ခူးနိုင်ခဲ့ ခြင်းဖြစ်သည်။ ၁၉၉၂ ခုနှစ်မှ စတင်ကာ ပရီမီ ယာလိဂ်ဖလားကိုအများဆုံးဆွတ်ခူး ထားသည့်အသင်းမှာမန်ယူအသင်း ဖြစ်ပြီး မန်ယူအသင်းသည် ပရီမီယာ လိဂ်ဖလားကို ၁၃ ကြိမ်အထိ ဆွတ်ခူးထားသည်။ မန်ယူအသင်း၏ နောက်တွင် ချယ်လ်ဆီးအသင်းသည် လေးကြိမ် ဖြင့်  ဒုတိယအများဆုံးနရာတွင် ရပ် တည်လျက်ရှိပြီး အာဆင်နယ်အသင်း မှာသုံးကြိမ်ဖြင့်  တတိယအများဆုံး အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ အာဆင်နယ်အသင်း၏ နောက်တွင် မန်စီးတီးအသင်းက နှစ်ကြိမ်ဖြင့် စတုတအများဆုံးနေရာတွင် ရပ်တည် နေသည်။ ချယ်လ်ဆီးအသင်းသည် ယခုပရီမီယာလိဂ်ပွဲစဉ်(၃၅)အပြီးတွင် ပရီမီယာလိဂ်အမှတ်ပေးဇယား၏ ထိပ်ဆုံးင် ရမှတ် ၈၃ မှတ်ရရှိကာ ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင် ခဲ့ ခြင်းဖြစ်သည်။

(ခရစ်စတယ်ပဲလေ့စ်အား၁ဂိုးဂိုးမရှိနဲ့ နိုင်ပွဲအပြီး
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားသဖြင့်ဒီလိုပျော်မြူးးကြ)

ယခုကဲ့သို့ ချယ်လ်ဆီးအသင်း အနေဖြင့်  ပရီမီယာလိဂ်ဖလားကို ပြိုင် ပွဲမပြီးဆုံးမီ စောစီးစွာရယူဆွတ်ခူး နိုင်ခဲ့ ချိန်တွင် ဘန်လေအသင်း၊ ကျူပီအာအသင်း၊ ဆန်းဒါးလန်း အသင်း၊ လက်စတာအသင်း၊ ဟားစီးတီးအသင်း၊ နယူးကာဆယ် အသင်း စသည့် အသင်းများမှာ တန်းဆင်းမသွားရရေရုန်းကန်နေရ ပြီး လီဗာပူးအသင်း၊ မန်ယူအသင်း နှင့်  အာဆင်နယ်အသင်းတို့မှာလာ မည့် နှစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်  တစ်နေရာရရှိရေးအတွက် အပြင်းအထန်ကြိုးပမ်းနေရကြောင်း သိရ သည်။(နိုင်လင်းကြည် )

(အီတလီစီးရီးအေဖလားလေးနှစ်ဆက်တိုက်ချန်ပီယံဂျူဗင်တပ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)