ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 4, 2015

==ပင့်ကူလူသားပုံစံအသစ်နှင့်ယခုလအတွင်း ဟိုအကြောင်း ၊ဒီအကြောင်း၊သူတို့ အကြောင်း==

>
**ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးနှင့်မာဗယ်လ်စတူဒီယိုတို့ ပူးပေါင်းကာပင့်ကူ လူသားပုံစံအသစ်ကိုဖန်တီးမည်**

 ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးနှင့်  မာဗယ်လ်စတူဒီယိုတို့ သည် ပင့်ကူလူသားကိုပုံစံအသစ်တစ်ရပ်ဖြင့် အသက်သွင်းဖန်တီးရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်ဟု ဘီဘီစီကဖော်ပြသည်။ ဆိုနီနှင့်  မာဗယ်လ်တို့  ပူးတွဲကြေညာချက်တွင် ဆိုနီအနေဖြင့်  မာဗယ်လ်လုပ်ငန်းဆီသို့ Spider Man ဇာတ်ကားသစ်များ အတူတကွဖန်တီးရန် အခွင့် အရေးတစ်ရပ် ဆောင်ကြဉ်း ပေးခဲ့ သည်ဟု ဖော်ပြထားသည်။ ယခု ပူးတွဲကြေညာချက်အရ ပထမဆုံးပြန်လည်တင်ဆက်မည့်  Spider Manဇာတ်ကားသစ်ကိုမာဗယ်လ်ရုပ်ရှင်စကြ၀ဠာ(MCU) အနေဖြင့်  ထုတ်လုပ်တင်ဆက်သွားမည်ဖြစ်သည်။ ယင်းနောက် ဆိုနီရုပ်ရှင်ကယင်းတို့ ဘက်မှ အရစ်ကျကျခံရမည့်  အမေရိကန်ဒေါ်လာ လေးဘီလီယံကို ၂၀၁၇ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် ပေးအပ်ရမည်ဖြစ်ကာ မာဗယ်လ်မှ ကီဗင်ဖိခ်ျနှင့်  မာဗယ်လ် ကျွမ်းကျင်ပညာရှင်အဖွဲ့ အပါအ၀င် အေမီပက်စကယ်တို့ က အဆိုပါ Spider Manဇာတ်ကားတွင် ၀ိုင်းဝန်းအားဖြည့် ပေးသွားမည်ဖြစ်သည်။
ယင်းအင်အားကြီးလုပ်ငန်းနှစ်ရပ်သည် ဖန်တီးမှုအသစ်ကို ပီပြင်လာစေရန် အတွက် အတူတကွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ ဆိုနီဘက်မှ ဘဏ္ဍာ ရေးဆိုင်ရာကျခံမှုအပိုင်းနှင့်  အချောသပ်ဖန်တီးမှုအပိုင်းများကို ဆောင်ရွက် သွားရမည်။ ဟောလိဝုဒ်သတင်းထောက်တစ်ဦး၏အဆိုအရ Spider Manဇာတ်ကားကို Captain America: Civil War အား အောင်မြင်စွာထုတ်လုပ်ခဲ့  သော မာဗယ်လ်မှပင် ဖြန့် ချိသွားမည်ဖြစ်သည်။ သို့ သော် Spider Manမင်းသား အင်ဒရငးဂါးဖီးကိုမူ ပင့် ကူလူသားအဖြစ် ထပ်မံမြင်တွေ့ ရရန်မရှိဘဲ အခြား မင်းသားတစ်ယောက်ကို အစားထိုးရွေးချယ်သွားမည်ဖြစ်သည်။ အဓိယ်မှာ ပရိသတ်များအနေဖြင့် ၂၀၀၂ ခုနှစ်ကတည်းက ဆိုနီမှတင်ဆက်ခဲ့သော Spider Manမင်းသားကို ငွေရောင်ပိတ်ကားပေါ်တွင် ထပ်မံရှုစားရန် မဖြစ်နိုင်တော့ပေ။ ထို့ ပြင် ဆိုနီနှင့်  မာဗယ်လ်တို့ ပူးပေါင်းမှုသည် မာဗယ်လ်၏အောင်မြင် သော ဇာတ်ကောင်များဖြစ်သောThor၊Iron Man၊Hulk ဇာတ်ကောင် များကြောင့် ဖြစ်ပြီးSpider Manကို၊ရုပ်လုံးပေါ်လာစေရန်အတွက် ဆိုနီအနေ ဖြင့်  မာဗယ်လ်၏အတွေ့အကြုံကိုလိုအပ်နေခြင်းကြောင့် လည်းဖြစ်သည်။ အမှန်စင်စစ် Spider Man၏ မူရင်းဇာစ်မြစ်သည် မာဗယ်လ်မှစတင်မြစ်ဖျားခံခဲ့ပြီး ၁၉၉၉ ခုနှစ်တွင်မာဗယ်လ်ကုမ၊ဏီက ဆိုနီရုပ်ရှင်လုပ်ငန်းလက်အောက်ခံ ကိုလံဘီယာသို့ လုပ်ကိုင်ခွင့် လိုင်စင်ကိုပေးအပ်ခဲ့ ရသည်။ (မေလဲ့ သင်း)

  **ဘရာဇီးကြယ်ပွင့်သစ်ဝေါလေ့စ်**
လာမယ့် နွေရာသီအပြောင်းအရွှေ့ ကာလမှာကမ္ဘာ့ ထိပ်တန်းကလပ်တွေရဲ့  ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့  လူငယ် ကစားသမားကတော့ မိုနာကိုအသင်း နောက်တန်းကစားသမား ဝေါလေ့စ်ပဲဖြစ်ပါတယ်။ အသက်အရွယ်နဲ့ မမျှအောင် တည်ငြိမ်ပြီးစိတ်ဓာတ်ခိုင်မာသူတစ်ဦးဖြစ်တာမို့  အနာဂတ်မှာတောက်ပလာမယ့်  ကြယ်ပွင့် တစ်ပွင့် ပဲဖြစ်ပါတယ်။ အမည်ရင်း ဝေါလေ့စ်ဖော်ကူနာကိုခေါ်တဲ့  အဲဒီဘရာဇီးနိုင်ငံသားဟာ အသက် ၂၀ နှစ်သာရှိသေးပေမယ့်  ခြေစွမ်းပြ ကစားနိုင်သူဖြစ်လို့  အခုဆိုရင် မိုနာကို အသင်းမှာ အားထားရတဲ့ နောက်ခံကစားသမားတစ်ဦးဖြစ်လာခဲ့ ပြီ ဖြစ်ပါတယ်။ ဝေါလေ့စ်ရဲ့  ထူးခြားချက်က အရပ်ခြောက်ပေသုံးလက်မမြင့်တာမို့ ဂိုးဧရိယာအတွင်းမှာ အမြင့် ဘောတွေရှင်း ထုတ်တဲ့ အခါ အထိရောက်ဆုံး နောက်ခံလူ တစ်ဦးဖြစ်နေပါတယ်။ ထူးချွန်တဲ့ လူငယ် မျိုးဆက်သစ်ဘောလုံးသမားတွေ ပေါများနေတဲ့  ဘရာဇီးနိုင်ငံမှာ ဝေါလေ့စ်ဟာ ဘရာဇီးယူ-၂၁ လက်ရွေးစင်ကစား သမားတစ်ဦးလည်းဖြစ်ပါတယ်။ ဝေါလေ့စ်ရဲ့  ဘောလုံးသမားဘ၀ဖြတ်သန်းမှုကိုကြည့် ရင် အသက် ၁၄ နှစ်မှာ ဘရာဇီးကလပ် ခရှုဇီယိုအသင်းမှာ ပါဝင်ကစားခဲ့ ပြီး ၂၀၁၃-၂၀၁၄မှာ တော့ ပေါ်တူဂီကလပ် စပို့ တင်းဘရာဂါအသင်းကခေါ်ယူခဲ့ တာမို့  အဲဒီအသင်းမှာ ပြောင်းရွှေ့ ကစားခဲ့ ပါတယ်။ ဒါပေမယ့် စပို့  တင်းဘရာဂါမှာ ခြေစွမ်းပြသနိုင်မှု ကျဆင်းခဲ့ လို့  ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ မိုနာကိုအသင်းကို အငှားချထားခြင်းခံခဲ့ ရပါတယ်။ မိုနာကိုအသင်းမှာ ခြေစွမ်းပြ ကစားနိုင်တဲ့  ဝေါလေ့စ်ကို အခုဆိုရင် မိုနာကိုကလပ်က အပြီးသတ်ခေါ်ယူဖို့ ဆွေးနွေးနေပြီး လာမယ့်  နွေရာသီအပြောင်းအရွှေ့ ကာလမှာအကောင်အထည်ဖော်လာဖို့  ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မိုနာကိုနည်းပြ ယာဒင်းရဲ့  အားထားရတဲ့ နောက်တန်းခံစစ်မှူးဖြစ်ပြီး ပြိုင်ဘက်တိုက်စစ်မှူးတွေကို ဂိုးဧရိယာအတွင်းထဲမှာပဲ လိုက်လံထိန်းချုပ်နိုင်တဲ့  အရည်အချင်းလည်း ပိုင်ဆိုင်ထားပါတယ်။ မိုနာကိုအသင်းမှာ လာရောက်ကစားနေတဲ့ ဝေါလေ့စ်ကို ထိပ်တန်းကလပ်တွေက အပြိုင်အဆိုင်စိတ်ဝင်စားနေကြပြီး ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဝေါလေ့စ်ဟာ ဒီနှစ်မှာ ခြေစွမ်းပြနေပြီး ချန်ပီယံလိဂ်အပါအ၀င်ပြိုင်ပွဲစုံ ၁၇ ပွဲ မှာအမှားအယွင်းမရှိတည်တည်ငြိမ်ငြိမ်နဲ့  ကစားနိုင်သူလည်းဖြစ်ပါ တယ်။ ဝေါလေ့စ်ဟာ မိုနာကိုအသင်း ချန်ပီယံလိဂ်မှာကစားနိုင်အောင် စွမ်းဆောင်နိုင်သူတွေထဲမှာပါဝင်သလို အကောင်းဆုံးခြေစွမ်းကို တစ်ရာသီလုံးနီးပါး ပြသနိုင်ခဲ့ တာကြောင့်  မန်ယူကလည်း စိတ်ဝင်စားနေတာမို့  လာမယ့် ဘောလုံးရာသီမှာ ဘယ်အသင်းရောက်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။(မိုးမြင့်လင်းလက်)

 **ကွင်းလယ်ကစားသမား ၀ီရှိုင်းယားအာဆင်နယ်တွင်ဆက်ရှိမည်**
အာဆင်နယ်အသင်း၏ အရေးပါသော ကစားသမားတစ်ဦးဖြစ်သည့် အင်္ဂလန်ကွင်းလယ်ကစားသမား ၀ီရှိုင်းယားသည် လာမည့် ဘောလုံးရာသီ တွင်လည်း အာဆင်နယ်အသင်း၊ ဆက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ မန်စီးတီးအသင်းသည် အသင်း၏ အားနည်းချက်များရှိနေသည့်  ကွင်းလယ်ပိုင်းကို အားဖြည့် ရန်အတွက် ကွင်းလယ်ကစားသမား ၀ီရှိုင်းယားကို ခေါ်ယူရန်ပစ်မှတ်ထားနေသည်။
ထိုသို့  မန်စီးတီးအသင်းက စိတ်ဝင်စားနေ သော်လည်း ၀ီရှိုင်းယားမှာမူ အာဆင်နယ်အသင်းတွင် ဆက်ကစားရန်ရှိနေ ကြောင်း အာဆင်နယ်အသင်း နည်းပြ အာစင်ဝင်းဂါးက ထုတ်ဖော်ပြောကြား လိုက်သည်။ အာဆင်နယ်အသင်းသည် လက်ရှိတွင် ပရီမီယာလိဂ်အဆင့် (၄)အတွင်း ရပ်တည်နေပြီး လက်ကျန်ပွဲစဉ်များအဖြစ် ဆွမ်ဆီးအသင်းကို အိမ်ကွင်း၊ လည်းကောင်း၊ မန်ယူအသင်းကို အဝေးကွင်းတွင်လည်းကောင်း၊ ဆန်းဒါးလန်း အသင်းကို အိမ်ကွင်းတွင်လည်းကောင်း၊ ၀က်စ်ဘရွန်းအသင်းကို အိမ်ကွင်းတွင်လည်းကောင်း ယှဉ်ပြိုင်ကစားရန် ရှိနေကြောင်းလည်း သိရသည်။ ကွင်းလယ်ကစားသမား ၀ီရှိုင်းယားသည် နိုဝင်ဘာလအတွင်းက မန်ယူ အသင်းနှင့်  ယှဉ်ပြိုင်ကစားခဲ့သည့်  ပရီမီယာလိဂ်ပွဲစဉ်တွင် ခြေသလုံးဒဏ်ရာ ရရှိခဲ့ သူဖြစ်ပြီး လက်ရှိတွင်အသင်းနှင့် အတူ ပြန်လည်ပါဝင် လာနိုင်နေပြီဖြစ်ကြောင်းသိရသည်။(ငွေကြယ် )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)