ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 31, 2015

==အနိုင်ကျင့် သူများအားပြန်လည်တိုက်ခိုက်ခဲ့သည့်မိန်းကလေးများနှင့် ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း==

>
**အနိုင်ကျင့် သူများအားပြန်လည်တိုက်ခိုက်ခဲ့ သည့်မိန်းကလေးများ**

 ဗြိတိန်အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့Little Mixသည်တေးသီချင်းသစ်““ Black Magic”” အတွက်ရိုက်ကူးခဲ့ သော ဗီဒီယိုတွင် မှော်ဆန်သောစွမ်းအားများရရှိကာ ကျောင်းတွင်အနိုင်ကျင့် သူများအား ပြန်လည်တိုက်ခိုက်
ခဲ့ သည့်  မိန်းကလေးများ အဖြစ် သရုပ်ဆောင်ထားခဲ့သည်။အဆိုပါတေးဗီဒီယိုကိုမေ ၂၉ရက် (သောကြာနေ့)တွင် စတင်ထုတ်လွှင့် ခဲ့သည်။
Little Mixအဖွဲ့ဝင်များဖြစ်သော ဂျိတ်၊ လီအန်၊ ဂျေစီနှင့် ပါရီတို့လေးဦး သည် လူမှုဆက်ဆံရေးပြေပြစ်မှုမရှိဘဲ ကျောင်းတွင် မထင်မရှားကျောင်းသူလေးများအဖြစ် လူတကာ၏အနှိမ်ခံဘ၀တွင် ရှင်သန်နေခဲ့ ရသည်။ တစ်နေ့ တွင် ဂျိတ်သည် ကျောင်းစာကြည့်တိုက်မှ black magic(အနက်ရောင်မှော်ပညာ)စာအုပ်ကိုရှာဖွေတွေ့ ရှိခဲ့ ရာမှ မှော်အစွမ်းများရရှိလာခဲ့ ပြီး ကျောင်းတွင် သူတို့ ၏သူငယ်ချင်းများအား အနိုင်ကျင့် သည့်အခြားသောကျောင်းသားဆိုးများ ကိုပြန်လည်တိုက်ခိုက်သည့် ပုံစံဖြင့်  ဒါရိုက်တာက အဆိုပါတေးဗီဒီယိုကိုရိုက်ကူးပုံဖော်ပေးခဲ့ သည်။(အေးပြည့်)

**မင်းသားလီဂျောင်ဆက်အားဆန်းကစ်ကုမ္ပဏီမော်ဒယ်အဖြစ် စာချုပ်ချုပ်ဆိုခဲ့**
အရှေ့တောင်အာရှနိုင်ငံများဖြစ် သော တ၊ုတ်နှင့်  ဂျပန်နိုင်ငံများ၏ အားပေးနှစ်သက်မှုကို တစ်ခဲနက်ရရှိ ထားသည့် မင်းသားလီဂျောင်ဆက် သည် ဆန်းကစ်ကုမ္ပဏီမော်ဒယ်အဖြစ် စာချုပ်ချုပ်ဆိုခဲ့ ကြောင်းသိရသည်။ လီဂျောင်ဆက်၏ ငယ်ရွယ်ပြီး တက်ကြွမှုရှိသည့်  အသွင်အပြင် ကြောင့်  မော်ဒယ်အဖြစ်ရွေးချယ်ခဲ့ ခြင်း ဖြစ်ကြောင်း ဟိုင်တီအဖျော်ယမကာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။
မင်းသားလီဂျောင်ဆက်သည် မေ ၁၁ ရက်မှ ၃၀ ရက်ထိ တောင် ကိုရီးယား၊ တ၊ုတ်၊ ထိုင်းနိုင်ငံတို့ သို့  သွားရောက်ပြီး ပရိသတ်များနှင့်  တွေ့  ဆုံမည့်အစီအစဉ်တစ်ရပ်ရှိကြောင်း လည်းသိရသည်။(ပန်းသော်တာ) 

**လက်ရှိမက်ဆီ၊နေမာ၊ဆွာရက်ဇ်တို့ တိုက်စစ် အတွဲမှာဘာစီလိုနာ၏ထာဝရအကောင်းဆုံးတိုက်စစ်အတွဲဟု အင်နီယေစတာချီးကျူးခဲ့ **
အင်နီယေစတာက သူ၏ဘာစီလိုနာ ကစားသမားသက်တမ်းတစ်လျှောက် တိုက်စစ် အတွဲမောက်မြားစွာဖြင့်ကစားခဲ့ ရသော်လည်း လက်ရှိမက်ဆီ၊နေမာ၊ဆွာရက်ဇ်တို့ တိုက်စစ်အတွဲမှာဘာစီလိုနာ၏ထာဝရအကောင်းဆုံးတိုက်စစ်အတွဲဟု ချီးကျူးခဲ့ သည်။ ထို့ ပြင်အင်နီယေစတာကဆွာရက်ဇ်၏ နောက်ချန်တိုက်စစ်မှူးအဖြစ် ကစားပေးမှုမှာဘာကာတိုက်စစ်ကိုပိုပြီး အသက်ဝင်လာစေခဲ့ သည်ဟုလည်း ဆိုခဲ့ သည်။ အင်နီယေစတာက ““ကမ္ဘာပေါ်မှာရှိတဲ့ အထူးချွန်ဆုံးတိုက်စစ်မှူး တွေနဲ့ အတူ လက်တွဲကစားခွင့်ရတာဟာ ကျွန်တော့်အတွက်တကယ့် ကိုကံကောင်းခဲ့ တာပေါ့ဗျာ။ လက်ရှိဘာကာသုံးယောက်တွဲတိုက်စစ်က ဘယ်အသင်းရဲ့  တိုက်စစ်ထက်မဆိုပိုပြီး ကောင်းမွန်တယ်ဆိုတာအားလုံးအမြင်ပဲလေ။ သူတို့သုံးဦးစလုံးဟာသက်အရွယ်အရလည်း ငယ်ရွယ်သူတွေဖြစ်နေတဲ့  အတွက်အနာဂတ်မှာခြေစွမ်းပိုမိုတိုးတက်လာဦးမှာပါ။ ကျွန်တော်အီတူး၊ အွန်နရီတို့ လိုပြောင်မြောက်တဲ့  ခြေစွမ်းပိုင်ရှင်တိုက်စစ်မှူးတွေနဲ့ လည်း အတူတကွကစားခဲ့ ဖူးပေမယ့်ဒီသုံးယောက်တွဲတိုက်စစ်ကတော့ ဖြစ်တောင့်ဖြစ်ခဲရရှိလာတဲ့  မတူညီတဲ့ တိုက်စစ်အတွဲပါ။ ဆွာရက်ဇ်ဆိုရင် ဒီနှစ်မှဘာကာကို ရောက်ရှိလာပေမယ့် သူ့ ခြေစွမ်းက လုံးဝပြီးပြည့်စုံနေခဲ့ တယ်””ဟု ချီးကျူးစကားပြောကြားခဲ့ သည်။(ရွိင်ယန်ဟေဒင်) 

 ** ပီရက်ဇ်၏ဆုံးဖြတ်ချက်များကြောင့်ရီးယဲလ်တွင်မပျော်မရွှင်ဖြစ်နေသည့်စီရိုနယ်လ်ဒို**
ရီးယဲလ်မက်ဒရစ်ကလပ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်သည် အန်စလော့တီအား ထုတ်ပယ်ကာ ဘင်နီတက်ဇ်အား အစားထိုးခန့် အပ်ခဲ့ ခြင်း၊ ဂါရတ်ဘေးလ်အပေါ် မမျှမတ ဆက်ဆံနေခြင်းတို့ ကြောင့်  အဆိုပါ ကိစ္စရပ်များအပေါ် စီရိုနယ်လ်ဒိုက မနှစ်ခြိုက် နိုင်ခဲ့သည့်  အတွက် လာမည့် နွေရာသီအပြောင်းအရွှေ့  ကာလ၊ ရီးယဲလ်မှထွက်ခွာရန် အလားအလာကောင်းနေပြီဖြစ်သည်။ စပိန်နိုင်ငံထုတ် ဒွန်ဘလွန်စာစောင်တွင် အန်စလော့တီ ထွက်ခွာသွားပြီးနောက် တိုက်စစ်မှူးစီရိုနယ်လ်ဒိုနှင့် ဥက္ကဋ္ဌပီရက်ဇ်တို့ ကြား ဆက်ဆံရေးမှာ အေးစက်လာခဲ့ ပြီး ပီရက်ဇ်၏ဆုံးဖြတ်ချက်များကို ရိုနယ်လ်ဒိုဘက်က လက်ခံရန် ခက်ခဲနေခဲ့ သည်ဟု ဖော်ပြခဲ့ သည်။ ထို့ ကြောင့်  စီနယ်လ်ဒိုကယင်း၏ အနာဂတ်နှင့်  ပတ်သက်ပြီးပီရက်ဇ်နှင့်  တွေ့ ဆုံဆွေးနွေးသွားရန်တောင်းဆို ထားသည်။ အဆိုပါပေါ်တူဂီတိုက်စစ်မှူးသည် နည်းပြ အန်စလော့တီထွက်ခွာသွားခြင်းအပေါ် မပျော်ရွှင်နိုင်ဘဲ ယင်းအီတလီနည်းပြကိုပင် စာချုပ်သက်တမ်းကုန်ဆုံးသည် အထိ ရီးယဲလ်အား ဆက်လက်ကိုင်တွယ်ခွင့် ပေးသင့်  ကြောင်း လူသိရှင်ကြားဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ သည်။
ထို့ ပြင် စီရိုနယ်လ်ဒို၏ နှစ်(၃၀)ပြည့် မွေးနေ့ပွဲကျင်းပခဲ့ ရာတွင် ကလပ်အသင်း တာဝန်ရှိသူများက တက်ရောက်ခြင်းမရှိခဲ့  သည်ကိုလည်း ကစားသမားဖက်မှ စိတ်ကွက်နေမှုများ လည်းရှိခဲ့ သည်။ တစ်ဖက်တွင်လည်း ပီအက်စ်ဂျီအသင်း က စီရိုနယ်လ်ဒိုအတွက် ပြောင်းရွှေ့ ကြေး ယူရို၁၂၅ သန်းကိုပင် ပေးချေရန် အသင့် ရှိနေသည်ဟု ဆိုထားခဲ့ ရာ အသင်းနှင့်  စာချုပ်သက်တမ်းနှစ်နှစ်သာ ကျန်ရှိတော့သည့်  စီရိုနယ်လ်ဒို၏ ရီးယဲလ်မှ ထွက်ခွာခွင့်ကိစ္စရပ်မှာ ပီရက်ဇ်၏ ထွက်ခွာခွင့် ပေး၊ မပေးဆိုသည့် ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်နေသည်။ (ရွိင်ယန်ဟေဒင်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)