သုံးနှစ်တာကာလ
ဖြတ်သန်းကြရာ
မြန်မာစာ၊အဂံလိပ်စာ
ထိုသချာံနှင့်
မြန်မာသင်ရိုးအတိုင်း
ထိုင်းနှင့်မြန်မာသွေး
ကလေးသုံးဆယ်ကျော်
အော်ဟစ်ပျော်ပါး
ပညာသားပါပါ
သင်ထားတတ်မြောက်
ခရီးပေါက်ကြပါပြီလေ။ ။
**
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မြောက်ဘက်၈ကီလိုမီတာအကွာအဝေး တွင်ရှိသောမယ့်ကဆာတိုက်နယ်၊မယ်ကုလွမ်ရပ်ကွက်ရှိဝပ်မွန်ခွန်နိမိတ် အမည်ရှိထိုင်းဘုန်းကြီးကျောင်းတစ်ခုမှာဆရာတော်၏အဘက်ဘက်မှပံပိုး မှုများနှင့်အတူမိမိတို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)မှစနေတနဂံနွေ၂ရက်တာပညာဒါနသင်ကြားပေးနေသည်မှာ ယခုနှစ်တွင်၃နှစ်မြောက်ခဲ့ပါပြီ။ဒီနေ့ သစ်ကျောင်းခွဲလေးကကလေး(၃၆) ဦးသည်မဲဆောက်မြို့ နေ့ သစ်အလကကျောင်းကြီးတွင်သူငယ်တန်းအဆင့်မှဒုတိယတန်းအဆင့်
အထိမြန်မာသင်ရိုးအတိုင်းဖြေဆိုအောင်မြင် ခဲ့ကြပါသည်။
သို့ ဖြစ်ရာကိုရင်၂ပါးအပါအ၀င်ကိုရင်လူထွက်၂ဦး(အမှန်မှာ-ကိုရင်၎ပါး) တို့ သည်ယခုနှစ်တွင်မြန်မာပြည်သင်ရိုးအတိုင်းတတိယတန်းပညာကို သင်ကြားနေကြပြီးအခြားကလေး၃၂ဦးမှာမူဒုတိယတန်း၊ပထမတန်း၊ သူငယ်တန်းပညာကိုသင်ကြားနေကြပါသည်။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ဒီလျှပ်စီး+
**အခုဆိုအတန်ကြာ

No comments:
Post a Comment