မဲဆောက်မြို့ တောင်ဘက်ရှိမဲဆောက်မြို့ မှ၄၄ကိလိုမီတာကွာဝေးသောဘန်ရာ မဲကလိုဆာဟာမစ်တိုက်နယ်တွင်ပထမဆွေးနွေးပွဲနှင့်မဲဆောက်မြို့ မှ၃၆ကီလို မီတာကွာဝေးသောဆီခိုထိုင်းရွာတွင်ဒုတိယမေဒေးဆွေးနွေးပွဲကိုမြိုင်ဆိုင်စွာ ကျင်းပခဲ့သည်။
ဖုတ်ဖရာ့မြို့ နယ်အတွင်းတွင်ယခုကဲ့သို့ ပထမဦးဆုံးအကြိမ်မေဒေးနေ့ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီးမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဖုတ်ဖရာ့မြို့ နယ်ဒေသကော်မတီမှဦးဓူဝံ(ဆရာထိုက်)က-**၈နာရီလုပ်မယ်၊ ၈နာရီပျော်မယ်၊၈နာရီနားမယ်လို့ မေဒေးကြွေးကြော်သံတွေနဲ့ အညီကျနော်တို့ ကျင်းပကြတယ်။တချို့ အမှတ်မှားပြီးလွတ်လပ်ရေးပျော်ပွဲရွှင်ပွဲလို အားကစားအပါအ၀င်ပျော်စရာတွေ ချည်းကျင်းပနေတဲ့မေဒေးပျက်အခမ်းအနားတွေရှိပါတယ်။ကျနော်တို့ က မေဒေးဆိုတာချွေး၊သွေး။မျက်ရည်ပေးဆပ်ပြီးမှရရှိတဲ့တစ်နေ့ အလုပ်ချိန်၈နာရီ ရရှိရေးတိုက်ပွဲဆိုတာကိုမီးမောင်းထိုးပြတယ်။ကျနော်တို့ မြန်မာလုပ်သားတွေရဲ့  သဘာဝအရရယ်မောတတ်တာကိုတော့နားလည်ပါတယ်။အလုပ်သမားအခွင့်အရေး ၊သူ့ နိုင်ငံသူ့ စည်းကမ်းနဲ့ တာဝန်ကိုဒွန်တွဲပြီးလေးစားလိုက်နာကြဖို့ သတိပေးပါတယ်...** ဟုရှင်းပြသည်။
+(မေလ၁ရက်၊၂၀၁၅-သောင်ရင်းနဂါး)+ ယမန်နေ့ အထိထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ရှိစက်ရုံအလုပ်ရုံ၃၀ခန့် မှ မြန်မာရွှေ့ပြောင်းလုပ်သားများအဖမ်းအဆီးကိုတိမ်းရှောင်ခဲ့ရသဖြင့်မဲဆောက်မြို့ တွင် မေဒေးနေ့ အခမ်းအနားများယမန်နှစ်လိုမစည်ကားသော်လည်းအဖမ်းအဆီး ကင်းလွတ်နေသည့်မဲဆောက်မြို့ တောင်ဘက်ရှိဖုတ်ဖရာ့မြို့ နယ်တွင်မူမြန်မာစိုက်ပျိုး ရေးလုပ်သားများနှင့်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) တို့ ကျင်းပသည့်(၁၂၅)နှစ်မြောက်မေဒေးနေ့ အခမ်းအနား၂ခုသည်အတော်အတန် စည်ကားခဲ့သည်ကိုတွေ့ ရသည်။
မဲဆောက်မြို့ တောင်ဘက်ရှိမဲဆောက်မြို့ မှ၄၄ကိလိုမီတာကွာဝေးသောဘန်ရာ မဲကလိုဆာဟာမစ်တိုက်နယ်တွင်ပထမဆွေးနွေးပွဲနှင့်မဲဆောက်မြို့ မှ၃၆ကီလို မီတာကွာဝေးသောဆီခိုထိုင်းရွာတွင်ဒုတိယမေဒေးဆွေးနွေးပွဲကိုမြိုင်ဆိုင်စွာ ကျင်းပခဲ့သည်။
ဖုတ်ဖရာ့မြို့ နယ်အတွင်းတွင်ယခုကဲ့သို့ ပထမဦးဆုံးအကြိမ်မေဒေးနေ့ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီးမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဖုတ်ဖရာ့မြို့ နယ်ဒေသကော်မတီမှဦးဓူဝံ(ဆရာထိုက်)က-**၈နာရီလုပ်မယ်၊ ၈နာရီပျော်မယ်၊၈နာရီနားမယ်လို့ မေဒေးကြွေးကြော်သံတွေနဲ့ အညီကျနော်တို့ ကျင်းပကြတယ်။တချို့ အမှတ်မှားပြီးလွတ်လပ်ရေးပျော်ပွဲရွှင်ပွဲလို အားကစားအပါအ၀င်ပျော်စရာတွေ ချည်းကျင်းပနေတဲ့မေဒေးပျက်အခမ်းအနားတွေရှိပါတယ်။ကျနော်တို့ က မေဒေးဆိုတာချွေး၊သွေး။မျက်ရည်ပေးဆပ်ပြီးမှရရှိတဲ့တစ်နေ့ အလုပ်ချိန်၈နာရီ ရရှိရေးတိုက်ပွဲဆိုတာကိုမီးမောင်းထိုးပြတယ်။ကျနော်တို့ မြန်မာလုပ်သားတွေရဲ့  သဘာဝအရရယ်မောတတ်တာကိုတော့နားလည်ပါတယ်။အလုပ်သမားအခွင့်အရေး ၊သူ့ နိုင်ငံသူ့ စည်းကမ်းနဲ့ တာဝန်ကိုဒွန်တွဲပြီးလေးစားလိုက်နာကြဖို့ သတိပေးပါတယ်...** ဟုရှင်းပြသည်။
No comments:
Post a Comment