၁၂၅နှစ်မြောက်နိုင်ငံတကာအလုပ်သမားနေ့ (မေဒေး)အခမ်းအနားအား စက်ရုံအလုပ်ရုံ၇ခုနှင့်ဆောက်လုပ်ရေးလုပ်သားကိုယ်စားလှယ်များပါဝင်သော စုစုပေါင်းမြန်မာရွှေ့ ပြောင်းလုပ်သား၃၅ဦးဖြင့်ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့  ဝှေ့ မုရွာတွင်ယနေ့ 
ကျင်းပခဲ့ကြသည်။
ယနေ့ မေဒေးနေ့ အခမ်းအနားသို့ ဂျဂွာ(စတီးလ်)စက်ရုံမှ၃ဦး၊တက်စ်စက်ရုံ့မှ၆ဦး၊ ဒီကေစက်ရု့မှ၉ဦး၊ဂျက်တပ်ပ်စက်ရုံ့မှ၃ဦး၊အိုမီဂါစက်ရုံ၊HTFစက်ရုံ၊Chothavee စက်ရုံတို့ မှတစ်ဦးစီ၊ကျပန်းလုပ်သား၃ဦး၊မာလီစက်ရုံမှအထဲမ၀င်အနီးမှရပ်ကြည့်သူ ၁၀ဦးတို့ အပါအ၀င်၃၅ဦးတက်ရောက်ခဲ့ကြပြီးမေဒေးနေ့ တွင်ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်း
အလုပ်သမားများ(အထူးသဖြင့်)လုပ်အားခအနည်းပါးဆုံးနှင့် အထောက်အထားမဲ့အများဆုံး၊ကလေးလုပ်သားအများဆုံးရှိနေသော မဲဆောက်အပါအ၀င်တာ့ခ်ခရိုင်(တာ့ခ်ပြည်နယ်)ရှိအလုပ်သမားအခွင့်အရေး တောင်းဆိုရမည့်
အချက်များကို ဆွေးနွေးခဲ့ကြကြောင်း၊ဆွေးနွေးချက်များကိုစာတမ်းပြုစုကာမြန်မာနိုင်ငံအလုပ်သမား ၀န်ကြီးဌာနတာဝန်ရှိသူများထံတင်ပြသွားမည်ဖြစ်ကြောင်းအခမ်းအနားကို ဦးဆောင်ပြုလုပ်သော မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ကပြောဆိုသည်။
ယမန်နေ့ အထိထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ရှိစက်ရုံအလုပ်ရုံ၃၀ခန့် မှ မြန်မာရွှေ့ပြောင်းလုပ်သားများ
အဖမ်းအဆီးကိုတိမ်းရှောင်ခဲ့ရသဖြင့်မဲဆောက်မြို့ တွင် မေဒေးနေ့ အခမ်းအနားများယမန်နှစ်လို
မစည်ကားလှပါချေ။
+(မေလ၁ရက်၊၂၀၁၅-သောင်ရင်းနဂါး)+

No comments:
Post a Comment