ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 23, 2015

==လူထုကျန်းမာရေး(အသည်းနှင့်ကျောက်ကပ်ကို သန့်စင်ပေးတဲ့သစ်သီးစိမ်ရေ)==

>
**Public Health**
 အခုတလော နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ အလွန်ခေတ်စားနေတဲ့ Detox Water အကြောင်းကို မျှဝေပေးချင်ပါတယ်။ Detox Water ဆိုတာ သစ်သီးများကို ရေဖြင့် စိမ်ထားတဲ့ သစ်သီးစိမ်ရေကို ဆိုလိုတာ ဖြစ်ပါတယ်။ သစ်သီးစိမ်ရေကို သောက်ခြင်းအားဖြင့် လူတို့နေ့စဉ် စားသောက်ထားတဲ့ အစားအစာများကို စစ်ထုတ်ပေးနေတဲ့ အသည်းနှင့် ကျောက်ကပ်တို့မှ အဆိပ်အတောက်များကို သန့်စင်ရှင်းလင်းပေးပြီး အသည်းနှင့်ကျောက်ကပ်ကို ရောဂါကင်းစင်စေကာ သန်မာလာစေတယ်လို့ ဆိုပါတယ်။ Detox Water ပြုလုပ်နည်းများထဲမှ နည်းလမ်းအချို့ကို ကိုယ်တိုင်အလွယ်တကူ ပြုလုပ်၍ သောက်သုံးနိုင်ရန် မျှဝေပေးလိုက်ပါတယ်။

 (၁) Cucumber Lemon Mint Detox Water ပုံထဲမှာပါသည့်အတိုင်း ဖန်ခွက်၊ ရေခရား၊ အ၀ကျယ်ပုလင်းပု တစ်ခုခုထဲကို သောက်ရေထည့်ပါ။ ပြီးလျှင် သခွါးသီးကွင်း၊ သံပယိုသီးကွင်းနှင့် ပူစီနံရွက်တို့ကို ရေနှင့်ချိန်ဆ၍ အနေတော်ထည့်ပြီး (၅)နာရီခန့် ရေခဲသေတ္ထာထဲ ထည့်ထားပြီး သောက်ပါ။

(၂) Apple Cinnamon Detox Water ပန်းသီးစိတ်နှင့် သစ်ဂျပိုးမှုန့် အနည်းငယ်ကို သောက်ရေထဲ ထည့်စိမ်ပြီး သောက်ပါ။ (၃) Apple Cider Vinegar Detox Water ACV လို့ခေါ်တဲ့ ပန်းသီးအရည်ကို သောက်ရေခွက်ထဲ အနည်းငယ် ထည့်စိမ်၍ သောက်ပါ။ (Apple Cider Vinegar ကို ကုန်တိုက်များမှာ ၀ယ်ယူနိုင်ပါတယ်)

 (၄) Strawberry Detox Water စတော်ဘယ်ရီသီးလေးများကို သောက်ရေထဲ ထည့်စိမ်၍ သောက်ပါ။

 (၅) Simple Detox Water သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး တစ်မျိုးမျီုးကို သောက်ရေထဲသို့ တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ပါ။

(၆) Weight Loss Detox Water Grapefruit သီး၊ မန်ကျည်းသီးမှည့်၊ သခွားသီးတို့ကို အနည်းစီ ထည့်စိမ်၍ သောက်ပါ။ ၀ိတ်ကိုလည်း ကျစေပါတယ်။

 (၇) Fruits Detox Water ဒီနည်းကတော့ အကောင်းဆုံးနဲ့ အရသာအရှိဆုံး ဖြစ်ပါတယ်။ သခွါးသီး၊ ပန်းသီး၊ သံပုယိုသီး၊ ဘယ်ရီသီး၊ ပူစီနံရွက် စသည်တို့ကို လတ်လတ်ဆတ်ဆတ် စုံနိုင်သလောက် စုံအောင်ထည့်စိမ်ပြီး သောက်ပါ။ ဒီနည်းတွေထဲမှ မိမိနှင့်အဆင်ပြေနိုင်မည့် နည်းတစ်ခုခုကို ရွေးချယ်၍ လုပ်နိုင်ပါသည်။ အနည်းဆုံး ၆ နာရီမှ ၁၀ ခန့်အထိ စိမ်ထားပြီးလျှင် စတင်သောက်သုံးနိုင်ပါပြီ။ ရေနည်းသွားလျှင် ပြန်ဖြည့်ထားနိုင်ပါသည်။ စိမ်ထားသည့် ရေများကို ၂ရက်(၄၈) နာရီအတွင်း ကုန်အောင် သောက်နိုင်လျှင် ပိုကောင်းပါသည်။ ဒီထက် ပိုကြာသွားလျှင် မလတ်ဆတ်တော့ပါဘူး။ ပိုမိုထိရောက်စေလိုလျှင် အလုပ်နားသည့်ရက်မှာ ထမင်းဟင်းများကို လုံးဝမစားပဲ Detox Water ကိုသာ တစ်နေ့လုံး သောက်ပေးပါ။ စိမ်ထားသော အသီးအနှံနှင့် အခြားဖျော်ရည်များကိုလည်း သောက်ပေးနိုင်ပါသည်။ ၀မ်းတွင်းမှ ကလီစာများကို အနားပေးပြီး ဆေးကျောသန့်စင်သည့် သဘောဖြင့် တစ်ပတ်ကို အနည်းဆုံး တစ်ရက်ခန့် ပြုလုပ်ပေးပါက သင်သည် အသည်းနှင့် ကျောက်ကပ်ရောဂါဖြစ်မှာကို လုံးဝပူပန်စရာမလိုသည့် လူသားတစ်ဦး ဖြစ်လာမှာ အမှန်ပါပဲ။ လူတို့၏ ကျန်းမာရေးကို ဒုက္ခပေးနေသော သကြားနှင့်ဂတ်စ်တို့ဖြင့် ထုတ်လုပ်ထားသည့် အချိုရည်အမျိုးမျိုးကို သောက်သုံးမည့်အစား သန့်ရှင်းလတ်ဆတ်သော ကိုယ်တိုင်လုပ် သစ်သီးစိတ်ရည်ကို သောက်သုံးဖြင့် သင့်ကျန်းမာရေးကို ဒီနေ့ကစပြီး ဂရုစိုက်ပေးလိုက်ပါမိတ်ဆွေ။

+စောနွဲ့နေဆိုင် (ပူတာအို)+ 

ကျမ်းကိုး ။ ။ Detox Water

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)