ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Friday, May 22, 2015
===လင်စေးလိုဟန် နှင့် ၁၁၆ နာရီအပါအ၀င် ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း==
>
**လူထုအကျိုးပြုလုပ်ငန်းများ ကို၁၁၆ နာရီအတွင်း အချိန်မီပြီးစီးအောင် မင်းသမီးလင်စေးလိုဟန်လုပ်နိုင်ပါ့မလား** 
အသက်၂၈နှစ်အရွယ် လင်စေးလိုဟန်သည် ယာဉ်မဆင်မခြင်မောင်းနှင်မှု နှင့် ရဲစခန်းတွင်လိမ်လည်ထွက်ဆိုခဲ့မှုကြောင့် လော့အိန်ဂျလိစ်တရား၊ုံးမှ ချမှတ်ထားသည့်လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် အပြစ်ပေးခံထားရမှုများအား မေ ၂၈ ရက်(၁၁၆ နာရီ )အတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက် နိုင်ခြင်း ရှိ၊ မရှိကိုစိတ်ဝင်စားလျက်ရှိနေကြကြောင်းသိရသည်။ ကစားကွင်းပြုလုပ်ရာတွင်အသုံးပြုသည့်  ပန်းရောင်ဂါဝန်လေးဝတ်ဆင် ထားသည့် အပြာရောင်အတုံးများနှင့်ကစားကွင်းပြုလုပ်ပြီး အလုပ်ရှုပ်နေ သည့်  သ၊ုပ်ဆောင် မော်ဒယ်အဆိုတော်လင်စေးလိုဟန်က ““ဒီလိုမျိုးကလေးတွေအတွက်လုပ်ပေးရတာပျော်ဖို့ ကောင်းပါတယ်။ ပြီးတော့ကစားကွင်းလေးက ချစ်ဖို့ လည်းကောင်းတယ်လေ”” လို့ ပြောပြသွားခဲ့ သည်။
မင်းသမီးလင်စေးလိုဟန်သည် တရားရုံးကချမှတ်ထားသည့်ရက်အတွင်း အပြီးဆောင်ရွက်နိုင်ခြင်းမရှိပါက ထောင်ဒဏ်ကျခံရမည်ဖြစ်သော်လည်း သူ့ အနေဖြင့်  စိုးရိမ်ပူပန်မှု စိုးစဉ်းမျှရှိသည့် ပုံမပေါ်ဘဲ သူငယ်ချင်းများနှင့်  အတူ ညစာထွက်စားခြင်း၊ လည်ပတ်သွားလာခြင်းများပြုလုပ်ခဲ့ ကြောင်း Daily Mailတွင်ဖော်ပြထားလေသည်။(စန္ဒာဝင်း)
** First and Furiousမင်းသား ဗင်ဒီဇယ်ကဖိလစ်ပိုင်တွင်သွားရောက်ရိုက်ကူးလို**
First and Furiousမင်းသား ဗင်ဒီဇယ်သည် ဖိလစ်ပိုင်လူမျိုးတို့ ၏ နွေးထွေးဖော်ရွေမှုကိုသဘောကျကြောင်းနှင့် First and Furious 8၊ရုပ်ရှင်ကို ဖိလစ်ပိုင်တွင်သွားရောက်ရိုက်ကူးလိုသဖြင့် ရုပ်ရှင်ထုတ်လုပ်သူများနှင့်  ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဟောလိဝုဒ်ကြယ်ပွင့် က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ မက်ကတီမြို့ ဖဲယားမောင့် ဟိုတယ်၊ ပြုလုပ်ခဲ့ သော First and Furious 6၏ သတင်းစာရှင်းလင်းပွဲတွင်လည်း ဒီဇယ်က ဖိလစ်ပိုင်နိုင်ငံနှင့်  နိုင်ငံသားများကိုသဘော ကျကြောင်း၊ ဖိလစ်ပိုင်သို့  မရောက်ဖူးသေးမီကပင် ဖိလစ်ပိုင်နိုင်ငံအကြောင်းကို ခယ်မဖြစ်သူထံမှ ကြားသိခဲ့ ရကြောင်းနှင့် ယခုခရီးစဉ်မှာသူ၏ပထမဦးဆုံးအရှေ့ တောင်အာရှ နိုင်ငံများသို့ ခရီးစဉ်ဖြစ်ကြောင်းလည်း ဆိုသည်။ ဆက်လက်ပြီးမင်းသားဗင်ဒီဇယ်က First and Furious 6သည် ဖိလစ်ပိုင်တွင် ပထမဦးဆုံးပြသသော ဟောလိဝုဒ်၊ုပ်ရှင်ဇာတ်ကားဖြစ်သည့် အတွက်လည်း ဂုဏ်ယူပါကြောင်း ပြောသည်။ဒီဇယ်က ““ဖိလစ်ပိုင်ခရီးစဉ်က ကျွန်တော့်အတွက် တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။ လော့စ်အိန်ဂျယ်လိစ်ကို ပြန်ရောက်ရင် နောက်ထွက် ရှိမယ့် ဇာတ်ကားသစ်ကို ဖိလစ်ပိုင်မှာရိုက်ကူး ချင်ကြောင်းကျွန်တော့် ရဲ့ထုတ်လုပ်ရေး(Universal)ကိုလည်း ပြောပြရမယ်””ဟု ဇာတ်ကားထုတ်လွှင့်ပြသသည့်ညကပြောခဲ့ သည်။ First and Furious 7တွင်ပါဝင်သ၊ုပ်ဆောင်ထားသော မင်းသားပေါဝေါ့ကာသည် ဇာတ်ကာရုံတင်မပြသမီ ရက်အနည်းငယ်အလိုက ယာဉ်မတော်တဆဖြစ်ကာ သေဆုံးသွားခဲ့ သည့်အတွက် အဆိုပါဇာတ်ကားကိုစိတ်ဝင်စားသူပိုမိုများပြားစေခဲ့ သည်။ မြန်မာနိုင်ငံတွင် အဆိုပါရုပ်ရှင်ကို ပြီးခဲ့ သည့် မေလဆန်းမှစတင်ကာရုံတင်ပြသခဲ့ ပြီး လာမည့် ရှစ်ကားမြောက်ရုပ်ရှင်ကိုမူ ၂၀၁၇တွင် ပြသနိုင်ရန်လျာထားကြောင်း သိရသည်။(ခင်ခင်သက်) 
**မော်ရင်ဟိုအားရီးယဲလ်မက်ဒရစ်က ချိတ်ဆက်လာခဲ့ သည်ဟုသတင်းထွက်ပေါါ်**
ရီးယဲလ်သည်ယခုနှစ်ဘောလုံရာသီ တွင် ဖလားလက်မဲ့ အနေအထားကြောင့်လက်ရှိနည်းပြ ကားလို့စ်အန်စလော့တီ နေရာတွင်အခြားနည်းပြတစ်ဦးကို အစားထိုးခန့်အပ်ရန် ကြိုး ပမ်းနေရာမော်ရင်ဟိုအား ချိတ်ဆက်လာခဲ့ သည်ဆိုသည့်  သတင်းများပေါ်ထွက်လာခဲ့ပြီး ရက်ပိုင်းအနည်းငယ် အကြာမှာပင် မော်ရင်ဟိုနှင့်  ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်တို့ အကြား တွေ့ ဆုံခဲ့ကြသည်ဆိုသည်မှာမှန်ကန်ကြောင်း မော်ရင်ဟိုဘက်မှ အတည်ပြုပေး ခဲ့သည်။ ရီးယဲလ်နည်းပြ အန်စလော့တီမှာ လာမည့် ဘောလုံးရာသီတွင် မန်စီးတီးအား ကိုင်တွယ်ရန် အကြိုသဘောတူညီမှုပြု လုပ်ပြီးဖြစ်ရာ ရီးယဲလ်ကယင်း၏နေရာ တွင် နောက်ထပ်ထိပ်တန်းနည်းပြတစ်ဦးနှင့် အစားထိုးရန်ရှာဖွေနေသည်။ Sky Sports၏ဖော်ပြချက်တွင် မော်ရင်ဟိုသည် ရီးယဲလ်၏ပစ်မှတ်နည်းပြများ ထဲမှ တစ်ဦး ဖြစ်ကာ ဘင်နီတက်ဇ်၊ ဂျာဂင်ကလော့နှင့်ပေါ်တိုနည်းပြ လိုပက်ဇ်တက်ဂလီတို့ ကိုလည်းရီးယဲလ်က ဆက်သွယ်ကမ်းလှမ်းမှုများပြုလုပ်နေသည်။ စပိန်နာမည်ကျော်အကျိုးဆောင် ဘဲလေ့ဂ်ကမော်ရင်ဟိုအား ရီးယဲလ်မက်ဒရစ်သို့ တစ်ကျော့ပြန်ခရီးအတွက်ယင်းအနေဖြင့်  လက်လျှော့ မည်မဟုတ်ကြောင်း၊ ရီးယဲလ်တာဝန်ရှိသူများအနေဖြင့်  အဆိုပါနည်းပြလေးဦးထဲမှ တစ်ဦးဦးကို ခန့်အပ်ရန် ဆန္ဒရှိနေသော်လည်း မော်ရင်ဟိုကမူ ရီးယဲလ်၏ကမ်းလှမ်းချက်ကို လက်ရှိ တွင်ငြင်းပယ်ထားကြောင်း စပိန်သတင်းစာမာကာသို့  ပြောကြားခဲ့ သည်။မော်ရင်ဟိုက““ ဒီသတင်းတွေကမမှန်ပါဘူး။ တကယ့်ဖြစ်စဉ်က ရီးယဲလ်ဘက်စကက်ဘောအသင်းဖလားရလို့ ဥက္ကဋ္ဌကြီး ပီရက်ဇ်ကိုကျွန်တော်ဂုဏ်ပြုဖို့ သွားရောက်နှုက်ဆက်ခဲ့တာပဲဖြစ်ပါတယ်”” ဟု ပြန်လည်ရှင်းလင်းခဲ့ သည်။(မေလဲ့ သင်း)
 **မန်ယူရဲ့ ကမ်းလှမ်းလာမှုကိုဟမ်းမဲလ်ပယ်ချခဲ့ **
ဒီနှစ်နွေရာသီမန်ယူရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ဒေါ့မွန်ဗဟိုနောက်ခံလူဟမ်းမဲလ်က ဒေါ့မွန်မှာပဲနောက်နှစ်
  ဘောလုံးရာသီကိုဆက်လက်ဖြတ်သန်းဖို့ အတွက် မန်ယူရဲ့ကမ်းလှမ်းလာမှုကိုပယ်ချခဲ့တယ်လို့ ဒေါ့မွန်အားကစားဒါရိုက်တာမိုက်ကယ်လ်ဇော့ဂ်က ပြောကြား
လာခဲ့ ပါတယ်။ အရင်လတွေတုန်းကတော့ ကစားသမားကိုယ်တိုင်က ဒေါ့မွန်ကနေ သူ့ ကိုထွက်ခွာခွင့် ပေးဖို့ တောင်းဆိုခဲ့ ပေမယ့်  အခုဇော့ဂ်ရဲ့ အဆိုအရဆိုရင် ဒီနှစ်နွေမှာမန်ယူကို ပြောင်းရွှေ့ ဖို့ ဘယ်လိုမှဖြစ်နိုင်ဖွယ်မရှိတော့ပါဘူး။ ဒါပေမယ့်လည်း ဒေါ့မွန်အကြီးအကဲက ဂျာမန် မဂ၊ဇင်းKickerနဲ့  အင်တာဗျူးမှာတော့ ဟမ်းမဲလ်ဟာ ဒီနှစ်နွေမှာ အင်္ဂလန်ကိုပြောင်းရွေ့ ဖို့ အလားအလာတွေရှိနေတယ်ဆိုပြီးဖြေကြားခဲ့ ပါတယ်။ ဒီအတောအတွင်းမှာပဲ မန်ယူအနေနဲ့  ဗလင်စီယာနောက်ခံလူ နီကိုးလက်စ်အော်တာမန်ဒီကိုချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ဒီကစားသမားကိုနောက်နှစ်နွေရာသီအပြောင်းအရွှေ့ ကာလကျမှ အိုးထရက်ဖိုဒ့် ကို အရောက်ခေါ်ယူသွားနိုင်မှာ ဖြစ်ပေမယ့် လည်း အပြောင်းအရွှေ့ တန်ဖိုးကိုတော့ ကလပ်နှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ ပြီးပြီလို့  အာဂျင်တီးနားသတင်းစာ စီအိုမှာဖော်ပြခဲ့ ပါတယ်။ မန်ယူအနေနဲ့  ဟမ်းမဲလ်ကို ပြီးခဲ့တဲ့နှစ်နွေရာသီအပြောင်းအရွှေ့ ကာလကတည်းက ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် အပြီးသတ်သဘောတူညီမှုမရရှိခဲ့ဘဲ ဒီနှစ်နွေရာသီမှာ တော့နည်းပြ ဗန်ဟားလ်ရဲ့ ဦးစားပေးပစ်မှတ်ကစားသမားအတွက် ထပ်မံလှုပ်ရှားလာ ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ဘိုင်ယန်ကွင်းလယ်မှာ အလွန်ဆိုရောက်လာလို့  နေရာပျောက်နေတဲ့ ဂျာမနီကွင်းလယ်ကစား သမားရှဝိန်းစတိုင်ဂါ ကိုလည်း ခေါ်ယူဖို့  မန်ယူက ကြိုးပမ်းနေပါတယ်။ ဒီနှစ်နွေဈေးကွက်မှာမန်ယူအနေနဲ့  ဥရောပတိုက်မှာ ခြေလှမ်း အသွက်ဆုံးအသင်းအဖြစ် လှုပ်ရှား နေပြီး ပီအက်စ်ဗွီ မှ တောင်ပံကစားသမား ဒီပေးကိုအရခေါ်ယူ နိုင်ခဲ့ ပြီး နောက်မှာလက်ရှိဘိုင်ယန်မြူးနစ်ကွင်းလယ်မှာအလွန်ဆိုရောက်လာလို့ 
No comments:
Total Pageviews
Labels
ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)