ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 19, 2015

== ဟေတီငလျင်ဘေးသင့်ပြည်သူများထံအဆိုတ်ာဘီယွန်စေးသွားရောက်ခဲ့ နှင့် ယခုလအတွင်းဟိုအကြောင်း၊ဒိအကြောင်း၊သူတို့ အကြောင်း==

>
** ဟေတီငလျင်ဘေးသင့်ပြည်သူများထံ အဆိုတ်ာဘီယွန်စေးသွားရောက်ခဲ့ ** 

၂၀၁၀ခုနှစ်တွင်လှုပ်ခတ်ခဲ့ သော ဟေတီငလျင်ကြောင့်ထိခိုက်ခံစားခဲ့ ရသော ပြည်သူများ အား ပြန်လည်ထူထောင်ပေးနေမှုများနှင့် ပတ်သက်၊ တိုးတက်မှုအခြေအနေများကိုအဆိုတ်ာဘီယွန်စေးက ကုလလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့နှင့် အတူ ယခုရက်ပိုင်းကသွားရောက်ခဲ့ သည်။ Hati U.N missionမှ ပြောရေးဆိုခွင့် ရှိသူ ဆိုဖီ ဘူးတော့ဒယ်လာကူးမ်က ဂရမ်မီများဆုရှင် အမေရိကန်အဆိုတော်ဘီယွန်စေးသည် ၂၀၁၀ တွင် လှုပ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအား တွေ့ ဆုံအားပေးမှုများပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့ သည်။ I Was Hereသီချင်းကိုသီဆိုသူ အသက် (၃၃) နှစ်ရှိအဆိုတော်ဘီယွန်စေးသည် သူ၏ ပရဟိတအဖွဲ့ဖြစ်သည့် Bey Good စာတန်းပါ တီရှပ်ကိုဝတ်ဆင်ပြီး ဟေတီငလျင်ဘေးသင့်  ပြည်သူများအား အစားအစာနှင့် ရေများကိုလိုက်လံဝေပေးခဲ့ ကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။
ထိုသို့ ရိုက်ကူးထားသော ဓာတ်ပုံများကိုInstagramမှတစ်ဆင့်  အင်တာနက်ပေါ်တင်ခဲ့ ရာ သူ၏လုပ်ရပ်များကို မယုံကြည်သည့်  မလိုမုန်းထား သူ အနည်းငယ်လည်းရှိခဲ့ ပြန်သည်။ သူတစ်ပါးကို ပေးကမ်းစွန့် ကြဲတတ်ပြီး စိတ်စေတနာကောင်းလှသည့်  ဘီယွန်စေး၏ ယခု ဟေတီခရီးစဉ်သည် အချိန်မည်မျှကြာမြင့် မည်ကိုမသိ ရှိသေးသော်လည်း သူ့ အနေဖြင့်ဟေတီတွင်ရှိနေစဉ်အတွင်းအကျိုးသက်ရောက်မှုများစွာ ပေးစွမ်းနိုင်မည်ဖြစ်သည်။ မကြာသေးမီက ဘီယွန်စေး၏ မိခင် တီနာနိုးစ်က သူ၏သမီးအား အပေးအကမ်းရက်ရောပြီး ကြင်နာတတ်သောသမီးဖြစ်ကြောင်း စာတစ်စောင်ရေးသားပေးပို့ ခဲ့ ကြောင်းသိရသည်။ အဆိုပါ ဟေတီငလျင်ဘေးသင့် ပြည်သူပေါင်း ၃၀၀၀၀၀ ခန့် အား ပြန်လည် နေရာချထားပေးပြီး ထူထောင်ရေး လုပ်ငန်း များလုပ်ဆောင်ပေးလျက်ရှိနေကြောင်း အာဏာပိုင်များကဆိုသည်။(စန္ဒာဝင်း)  

**ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူမည်ဆိုပါက မန်ယူအသင်းကို ဒီဂီယာစွန့် ခွာမည်**
မန်ယူအသင်း၏ အားထားရသည့်  ဂိုးသမားဒီဂီယာသည် စပိန်လာလီဂါ ကလပ် ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူမည်ဆိုပါက မန်ယူအသင်းကိုစွန့် ခွာမည်ဖြစ်ကြောင်း ပြောကြားလာသည်။ ထို့ကြောင့်  မန်ယူအသင်းနည်းပြ ဗန်ဟားလ်က ရီးယဲလ်မက်ဒရစ်အသင်းသို့  ဂိုးသမားဒီဂီယာပြောင်းရွှေ့သွားခဲ့ပါကမန်ယူအသင်းအနေဖြင့် နောက်ထပ်ဂိုးသမားတစ်ဦး ရှာဖွေရဦးမည်ဖြစ်ကြောင်း ဖွင့် ဟခဲ့  သည်။ ဒီဂီယာသည် အာဆင်နယ်နှင့်  တစ်ဖက်တစ်ဂိုးစီသရေပွဲဖြစ်ခဲ သည့် ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာကြောင့်  ဂိုးသမားဗဲလ်ဒက်နှင့်  လူစား လဲခံခဲ့ရပြီး လာမည့်တစ်ပတ်တွင် ကစားမည့် ဟားစီးတီးအသင်းနှင့် ပွဲစဉ်တွင်လည်း ပါဝင်လာရန် မသေချာသေးကြောင်း သိရသည်။ ရီးယဲလ်မက်ဒရစ်အသင်းကဂိုးသမားဒီဂီယာအား ဂိုးသမား ကာဆီးလက်ကဲ့ သို့စွမ်းဆောင်ရည်ရှိသည့်ကစားသမားတစ်ဦးအဖြစ်အသိအမှတ် ပြုထားပြီး ဒီဂီယာ၏ မိသားစုနှင့် ချစ်သူမိန်းကလေးရှိရာ စပိန်မြေသို့ ပြန်လည်ခြေချရန်သေချာသလောက် ရှိနေကြောင်းလည်း မန်ယူနည်းပြ ဗန်ဟားလ်ကထုတ်ဖော်ပြောကြားခဲ့ သည်။ သို့ရာတွင် ဗန်ဟားလ်အနေဖြင့်  ရီးယဲလ်မက်ဒရစ်အသင်းက ဒီဂီယာအား ခေါ်ယူမည်၊ မခေါ်ယူမည်ဆို သည်နှင့်  စပ်လျဉ်းပြီးမသိရသေး ကြောင်းနှင့် ဒီဂီယာအား မန်ယူ အသင်းတွင် ဆက်ရှိနေရေး တွန်းအားပေးသွားမည်မဟုတ်ကြောင်း ဆက် လက်ပြောကြားခဲ့ သည်။(ငွေကြယ်) 

**သုံးနှစ်ဆက်တိုက်ချန်ပီယံဖြစ်သွားတဲ့ ပီအက်စ်ဂျီ**

ပြင်သစ်လီဂူးမှာတော့ ပီအက်စ်ဂျီက သုံးနှစ်ဆက်တိုက်ချန်ပီယံဖြစ်သွားပါပြီ။ မောင့် ပီလီယာကို အဝေးကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့  ခက်ခက်ခဲခဲကစားပြီး သုံးနှစ်ဆက်တိုက် ပြင်သစ်လိဂ်ချန်ပီယံဖြစ်သွားခဲ့ တာပါ။ ပီအက်စ်ဂျီအနေနဲ့  တစ်မှတ်တည်းသာ လိုအပ်ခဲ့ တာပါ။ မထင်မှတ်ဘဲ ပြင်သစ်ကွင်းလယ်ကစားသမား မာတူဒီနဲ့  အာဂျင်တီးနားတိုက်စစ်မှူး လာဗက်ဇီတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တဲ့အတွက် ပီအက်စ်ဂျီဟာ အနိုင်ရပြီး သုံးနှစ်ဆက်တိုက် ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့ ပါတယ်။ ယခုအခါမှာတော့ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူး-၁(ပြင်သစ်ပထမတန်း)ဖလား၊ ပြင်သစ်ဖလားနဲ့  ပြင်သစ်လိဂ်ဖလား သုံးလုံးကို ဆွတ်ခူးနိုင်မယ့်  ပထမဆုံးအသင်းဖြစ်လာဖို့ မျှော်လင့် ထားတယ်လို့  ဆိုပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူး-၁ ဖလားအပြင် ပြီးခဲ့ တဲ့ လက ဘက်စတီးယားကို လေးဂိုးပြတ်နဲ့ နိုင်ပြီး ပြင်သစ်ဖလား ဆွတ်ခူးထားပါတယ်။ လက်ရှိအခြေအနေမှာတော့ ဖလားနှစ်လုံး သိမ်းပိုက်ထားနိုင်ပါပြီ။ မေ ၃၀ ရက်မှာ အော်ဇေးနဲ့ လိဂ်ဖလားဗိုလ်လုပွဲအဖြစ် ကစားရမှာဖြစ်ပါတယ်။ ဒီဗိုလ်လုပွဲမှာပါ ဖလားဆွတ်ခူးနိုင်မယ်ဆိုရင်တော့ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်မြေမှာကျင်းပတဲ့  အဓိကဖလားပြိုင်ပွဲသုံးခုမှာဖလားဆွတ်ခူးနိုင်တဲ့  ပထမဆုံးသော အသင်းဖြစ်လာမှာဖြစ်ပါတယ်။ (ကောင်းမြတ်သူ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)