ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 21, 2015

== သူမအတွက်မဟုတ်တဲ့ သူမရဲ့ကောင်းကင်==

>
ငှက်တစ်အုပ်က တိမ်လွှာတွေကို လေဟုန်စီးပြီး ဟိုးအဝေးကောင်းကင်ပြာထဲ ပြေးဝင်ပျံသန်းသွားကြတယ်။ ကျွန်မလည်း နီညိုရောင်စက်ဘီးလေးကို အားကုန်နင်းလျက် လက်တစ်ဘက်မှ ဘေးဝဲယာမှာ အလေ့ ကျ ပေါက်နေတဲ့ တောစံပယ်ပွင့်တွေကို ထိခတ် ကျီစယ်လို့ပေါ့။ တောစံပယ်ပွင့်တွေပေါ် ဖြတ်ပြေးတိုက်ခတ် လာတဲ့လေဟာအေးမြသန့်စင်လို့နေတယ်။ ကျွန်မတ၀ကြီး ရှူ သွင်းပစ်လိုက်တယ်။ ကျွန်မရဲ့ စက်ဘီးခြင်းထဲမှာ workshop တ၀ိုက်မှာသာ ပေါက်လေ့ရှိတဲ့ ကညွတ်ပင်များက နေရာအပြည့် ယူထားတယ်။ ကျွန်မ စိတ်ကူးထဲမှာတော့ ထိုကညွတ်ပင်တွေကို လက်သန်းလောက်ပိုင်း၊ အိမ် ကနေ မေမေ မသိအောင် လွယ်အိတ်ထဲ ၀ှက်ယူလာတဲ့ ပုစွန်အချို ခြောက်နဲ့ကြော်၊ canteen မှ တစ်လုံး တစ်ရာဖြင့် ၀ယ်လာတဲ့ ကြက်ဥနှစ်လုံးကိုလည်း ကြွပ်ကြွပ်ရွရွလေးကြော်၊ အရည်သောက်အနေဖြင့် ပွက်ပွက်ဆူနေတဲ့ရေနွေးထဲ သံပုရာသီး အနည်းငယ်ညှစ်၊ ငရုတ်သီးတစ်တောင့်နှစ်တောင့်လောက်ပစ်ထဲ့၊ အသားမှုန့်ခတ်လိုက်ရုံနဲ့ ... ထမင်းမြိန်စေမဲ့ညနေခင်းလေးကို စိတ်ကူးမြင်ယောင်မိတော့တယ်။ ဒါကြောင့် အမြန် နှုန်းကို နှစ်ဆတိုးပြီး အိမ်ကလေးဆီ အသော့နှင်ချေမိတော့တယ်။ လွန်ခဲ့တဲ့နှစ်လက ကျွန်မကိုတွေ့တာနဲ့ အဆက်မပြတ်ဟောင်တတ်တဲ့ ကမ္ဘ္ဘာ္ဘကျော်ပင် ခုတော့ အမြီးလေး နန့်ကာကြိုတတ်နေပြီ။ ခြံဝင်းထောင့်က စပယ်ရုံလေးက အဖူးများပင်ဝေနေပြီ။ ရေတွင်းစပ်က ချဉ်ပေါင်ခင်း ကတော့ အညွန့်တလူလူ ရွက်နုများဖြာလို့ ။ ဆရာတို့အိမ်ခန်းတွေဟာ ကျောင်းမှပေးထားတဲ့ အခန်းတွေဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်မှ သော့ခတ်လေ့မရှိဘူး။ အ၀င် တံခါးကိုစေ့ထားခြင်းသည်ပင် လူမရှိခြင်းဧ။် သင်္ကေတမို့ ကျွန်မ တံခါးကိုအသာ တွန်းဖွင့်ဝင်လာခဲ့လိုက်တယ်။ အရင်ကကြမ်း ပြင်ပေါ်ပြန့် ကြဲနေတတ်တဲ့ စာအုပ်များ၊ ကက်ဆက် တိတ်ခွေ များဟာ သူ့နေရာနဲ့သူစင်ပေါ်မှာ အစီအရီ နေရာယူလို့။ ကျွန်မ အိမ်လေးဆီရောက်နေမှန်း မွန်မွန်သိ ရင်တော့ … ဆရာ ယောကျာ်းလေးတစ်ယောက်နေတဲ့ အခန်းဆီ တပည့်မိန်းကလေးတစ်ယောက် သွားတာ က နေအစချီပြီး ... လူ့ဘောင်စည်းမျဉ်းတွေ၊ ကျွန်မလျစ်လျူ ရှု ထားချင်တဲ့ ကျင့်ဝတ်တွေ၊ ကျွန်မမေ့ထားချင်တဲ့ ပတ်ဝန်းကျင်ရဲ့အသံတွေ။ ကျွန်မလည်းရိုးသားတယ်။ ဆရာလည်း ရိုးသားတယ်။ ဒါဆိုလုံလောက်ပြီလေ။ ဘာတွေကိုလိုက်နာ ဖို့ လိုနေသေးလို့လဲ။ “ နင်တကယ်ရိုးသားတာသေချာလား မိသော်” လို့ ကျွန်မမျက်ဝန်းများကို စိုက်ကြည့်ပြီး မွန်မွန် မေးလာတဲ့ တခဏတုန်းကတော့ တဒိန်းဒိန်းတုန်ခါသွားတဲ့ ကျွန်မရဲ့ နှလုံးခုန်သံကို လိမ်ညာလို့မရနိုင်ခဲ့ဘူး။ ကိုယ့်နားနဲ့ ကိုယ့်ရင်ခုန်သံကို ဆတ်ဆတ်ကြားခဲ့ရတာ ကိုး။ အဲဒီတစ်ညနေ…။ အဲဒီတစ်ညနေကသာ ကျွန်မတို့ ဒီအိမ်လေးဆီ မလာဖြစ်ခဲ့ဘူးဆိုရင် ... ။ အဲဒီတစ်ညနေက ဆရာသာ နောက်ဆုံးစာသင်ချိန်ဖျက်ပြီး အိမ်လေးဆီ ပြန်မလာခဲ့ဘူး ဆိုရင် …။ ကျွန်မတို့လည်း ဆရာ့ခြံဝင်းထဲက မာလကာသီးခူးနေချိန်၊ ဆရာလည်း ခေါင်းကိုက်လို့ အတန်းချိန်ဖျက် ပြန်လာချိန် ...။ ကျွန်မတို့လည်း စာသင်ခန်းပြန်၊ ဆရာလည်း သူ့အခန်းသူဝင်နား … ။ ဒီအကြောင်းအ ရာတွေက ဒီမှာသာ ပြီးဆုံးသွားခဲ့ရင်… ။ တခါတရံမှာ ဆူးသေးသေးလေးတစ်ချောင်းက ပြန်နှုတ်ဖို့ ခက်နေ တတ်ပြီး အချိန်ကြာလာတာနဲ့ အမျှ အဆိပ်က ဖြေဆေးမရှိအောင် တက်တတ်ပါလား ... ။ ကျွန်မတို့သူငယ်ချင်းသုံးယောက်ဟာ ဆရာလည်းမဖိတ်ခေါ်ပါပဲနဲ့ ဆရာ့ရဲ့အိမ်ခန်းလေးဆီ စပ်စုချင် စိတ် တစ်ခုတည်းနဲ့ ရောက်သွားခဲ့ကြတယ်။ ပွစာကျဲရှုပ်ပွနေတဲ့အခန်းကို တောင်းဆိုသူ မရှိပါပဲ ရှင်းပေးကြ တယ်။ ဘယ်နှစ်ပတ်မှန်းမသိ မလျှော် ရသေးတဲ့ ဆရာ့ အ၀တ်တွေ ကို လျှော်ပေးခဲ့ကြတယ်။ ညစ်ပတ်ပေ ကျံနေတဲ့ မီးဖိုခန်းလေးကို အတတ်နိုင်ဆုံးသန့်ရှင်း ပေးခဲ့ကြတယ်။ အဲဒီတစ်ညနေ … ။ အဲဒီတစ်ညနေကသာ ကျွန်မကို ဆရာအဲလိုမျိုး မကြည့်ခဲ့ဘူးဆိုရင်…။ နောက်ပြီး ကျွန်မ ကို အဲလိုမျိုးမပြောခဲ့ ဘူး ဆိုရင် ... အဲ့အကြည့် ကျွန်မဘယ်လိုမေ့နိုင် မှာလဲ…။ အဲ့စကား ကျွန်မဘယ် လို ဖျောက်နိုင်မှာလဲ…။ အဲဒီနေ့က ကျွန်မ အညိုရောင် ပိတ်စအပျော့သားကို လက်ဖောင်းပုံစံချုပ်ပြီး လက်အနားမှာ သားရေကြိုးနဲ့ချည်ထားတဲ့ အင်္ကျီလေးကို ၀တ်ထားခဲ့တယ်။ ဆရာဟာ လက်ဖောင်း နားလေးကိုစိုက်ကြည့်ပြီး “ မင်းနဲ့ဒီ အင်္ကျီအရမ်းလိုက်တယ် ” လို့တိုးတိုးလေးပြောသွားခဲ့တယ်။ တကယ့် ကို စက္ကန့်လောက်ပဲ။ အဲဒီစက္ကန့်လောက်ဟာ ကျွန်မရဲ့ သွေးတွေကိုပြောင်းပြန်စီးသွားစေခဲ့တယ်။ ကျွန်မရဲ့ အိပ်မက်တွေဟာ တစုံတယောက်ပေါ်မှာ နားခိုတတ်လာတယ်။ ကျွန်မဟာတစ်ယောက် ယောက်အတွက် အသက်ရှူ တတ်လာတယ်။ အဲ့နောက်မှာတော့ ကျွန်မဟာ ဆရာ့အကြောင်းတွေကို စိတ်ဝင်စားလာမိတယ်။ ဆရာက ကျွန်မတို့မြို့လေး က မဟုတ်ဘူးဆိုတော့ ဇာတိက ဘယ်ကလဲ။ ဆရာ့မိဘတွေကရော။ မွေးချင်းမောင်နှမတွေရော။ ဆရာက ဘာအစားအစာကို နှစ်သက်ပြီး ဘယ်လိုလူမျိုးနဲ့ အပေါင်းအသင်းလုပ်ချင်တာလဲ။ ဘယ်လိုစာအုပ်မျိုးကို ကြိုက်ပြီး အနာဂတ် အိပ်မက်က ရော … ။ အဲလိုမျိုး ကျွန်မဟာ ဆရာနဲ့ ပတ်သက်ပြီး အရာရာကို သိချင်ခဲ့ပေ မဲ့ … ဘယ်လို အရည်အချင်းမျိုးနဲ့ စုံစမ်းနိုင်မှာလဲ။ ဆရာဟာ စည်ကားတဲ့မြို့တစ်မြို့က ပြောင်းလာ တယ်ဆို တာရယ်… ဆရာ့မှာ ညီတစ်ယောက်ရှိတယ်ဆိုတာရယ်လောက်သာ နားစွန်နား ဖျားကြားပြီး ကျေနပ်ခဲ့ရ တယ်။ ဒါပေမဲ့ စာသင်ချိန်ကလွဲပြီး အမြဲလိုလို အရောင်မှိန်နေတဲ့ ဆရာ့မျက်ဝန်းတွေကိုတော့ သတိထားမိ ခဲ့တယ်။ ဆရာဟာ လက်ပေါက် ကပ်တယ်ဆိုတဲ့ အသံတွေလည်းကြားလာရတယ်။ ဆရာကတော့ ပုံမှန် ပါပဲ။ ဘယ်သူချီးမွမ်းဖို့မှ မဟုတ်ဘဲ၊ ဘယ်သူသဘောကျဖို့ မှမဟုတ်ဘဲ သူစိတ်ရဲ့စေညွှန်ရာအတိုင်း သူ့ဘ၀ ကို ဆေးခြယ်နေခဲ့တယ်။ ကျောင်းအနီးနား ရွာတွေက ကလေးတွေဆီ အားရက်မှာ စာသွားပြပေးတာမျိုး၊ မုန့်ဝယ်သွားပေးတာမျိုး၊ သူ့လစာလေးနဲ့ နိုင်သလောက်ကူညီတာမျိုး။ သူ့အယူအဆ၊ သူ့ ဒဿသနအတိုင်း ဘ၀ ကို စီးမျောနေခဲ့တယ်။ “ ကျောင်းနားကစေတီလေးကို လာဖူးကြတဲ့ ဘုရားဖူးတွေကို သတိထားကြည့်မိဘူးလား တပည့်တို့။ အားလုံးရဲ့ရည်မှန်းချက်ဟာ တစ်ခုတည်းပဲ။ နောက်ဆုံးပန်းတိုင်ဟာ တူတူပဲ။ ဒီစေတီကို ဖူးရဖို့ပဲ။ ဒါပေမဲ့ သုတ်သီးသုတ်ပျာ အလောတကြီး ၀ဲယာမကြည့် ခလုတ်တိုက်မိလိုတိုက်မိ၊ လှေခါးထစ်တွေကို ကျော်လွှား ပြီး ပြေးတက်သွားလိုပြေးတက်၊ အဲ့လိုလူမျိုး တွေကိုမြင်ဘူးမှာပဲ။ အရင်ဆုံးတော့ ရင်ပြင်ပေါ်ရောက်ပါရဲ့၊ ဦးဆုံးတော့ ဖူးရပါရဲ့ မောပန်း နေတဲ့စိတ်က ဘယ်လောက်ထိ ကြည်ညိုမှုကိုပေးနိုင်မှာလဲ ... ။ လူ့ဘ၀မှာ လည်း တွဲခေါ်ရမဲ့သူကို လျစ်လျူ ရှု၊ စာနာရမဲ့သူကို မသိချင်ယောင်ဆောင်၊ ကိုယ့်ပန်းတိုင်ကိုပဲမြင်၊ ဘယ်သူ့ ကို နင်းချေသွားလဲ မစဉ်းစား၊ တကယ်ကော ပျော်ရွှင်နိုင်မှာတဲ့လား ... ။ တပည့်တို့ အမှတ်တမဲ့ မနေပါ နဲ့ ။ သေချာတွေးပြီး ရှင်သန်ပါ ...။ ” တခါတလေ စိတ်လိုလက်ရရှိလို့ စာသင်ချိန်တွေမှာ ဆရာပြောပြတတ်တဲ့ ဒသနဟာ ကျွန်မ နားမလည်ပေ မဲ့လည်း ဆရာ့ကို အထင်ကြီးပြီးရင်း အထင်ကြီးလာခဲ့တာတော့ ငြင်းမရချေ။ နောက်ပိုင်းတော့ ကျွန်မလည်း အိမ်လေးဆီ နှစ်ပတ် တစ်ခါလောက်သာ ရောက်ဖြစ်တယ်။ ဆရာတို့အိမ်ခန်းတွေက စာသင်ခန်းနဲ့ နဲနဲ လှမ်းသည်မို့ canteen ကနေ စက်ဘီးငှားရမှ အဆင်ပြေတယ်။ ဆရာက တခြားအခန်းမှာ စာသင်ချိန်ရှိချိန်၊ ကျွန်မကလဲ ကိုယ့်အတန်းချိန်ဖျက်ပြီးလာတာမို့ ဆရာနဲ့လည်း မဆုံဖြစ်ပေ။ နောက်နေ့ ဆရာနဲ့ ဆုံရင်တော့ “ ညည်းလာသွားသေးလား။ ” ဆိုပြီး အသိအမှတ်ပြုတဲ့ အပြုံးကို ဆရာ့ဆီမှာတွေ့ရတယ်။ အဲလောက်ပါပဲ။ အဲ့ထက်ဆရာဘက်က မပိုခဲ့သလို ကျွန်မဘက်ကလည်း မျက်ဝန်းတွေက ၀န်ခံနေတာကလွဲရင်၊ အမူ အရာတွေက သိသာလွန်းနေတာကလွဲရင် … အဲ့ထက်မပိုခဲ့ပါဘူး။ ဆရာကမချောပါဘူး။ မက်လောက်တဲ့ ငွေကြေးပိုင်ဆိုင်မှုမျိုးလဲ မရှိပါဘူး။ အကွက်ကျဲကျဲ ပုဆိုးကို အရောင်ဖျော့ဖျော့ရှပ် အင်္ကျီနဲ့သာ ၀တ်တတ်တဲ့ ဆရာ့ပုံစံဟာ အများကြားမှာ ထင်းမနေပါဘူး။ တခါတလေ “ ညည်းစားဖို့ ”ဆိုပြီး ဘာလီချိုချဉ်လိုမျိုးပေးတဲ့အခါ ကျွန်မဟာ လှမ်းယူဖို့ မေ့လောက်တဲ့ထိ အံ့သြ၀မ်း သာနေခဲ့တယ်။ အဲလောက်ပါပဲ။ ဆရာ့ရင်ထဲမှာ ကျွန်မက မှတ်မှတ်ရရရှိတယ်ဆိုတာနဲ့တင် ပျော်ရွှင်နေ တတ်ခဲ့တာပါ။ အဲထက်မပိုခဲ့ပါဘူး။ “ ညည်းစာမေးပွဲ နီးပြီနော်။ ” “ ထမီကို အဲလောက်ရှည်အောင်မ၀တ်နဲ့လေ။ မြေပြင်နဲ့တိုက်ပြီး အောက်နားတွေ ညစ်ပတ်ကုန်မှာပေါ့ ။ ” အဲလိုမျိုး အမှတ်တမဲ့ဂရုစိုက်ရုံလေးနဲ့တင် ကျွန်မရင်ခုန်သံတွေဟာ စည်းချက်မမှန်တော့ဘဲ အယောင်ယောင် အမှားမှား အလွဲလွဲ အချော်ချော် “ ငါတော့ ပြုစားခံရပြီ ထင်တယ် သူငယ် ချင်းတို့ရေ ” လို့ ရင်ဖွင့်ရတဲ့ထိပင်။ “ နင် စိတ်ကစားတာနေမှာပါဟာ ” သူငယ်ချင်းတွေရဲ့ စွတ်စွဲမှုကိုတော့ ကျွန်မငြင်းချင်တယ်။ ကျွန်မက လွယ်လွယ် စိတ်လှုပ်ရှားတတ်သူတစ်ယောက်တော့မဟုတ်။ “ ပြီးတော့ နင်နဲ့ဆရာ အသက်အရွယ်ရဲ့ ကွာဟမှု၊ အသိုင်းအ၀ိုင်းရဲ့ မတူညီမှု၊ မလိုက်ဖက်မှု ကွာခြား မှု… မှု… မှု အများကြီးပဲ နင့်ခံစားမှု တစ်ခု တည်းတွေးလို့မဖြစ်ဘူးလေ ” ဟင့်အင်း … ကျွန်မဟာ ဘယ်တော့မှ ညီမျှခြင်းတွေချပြီး အပေါ်ယံ အလွှာတွေကို ချိန်ခွင်လျှာညှိလိမ့် မှာမဟုတ်ဘူး။ ကျွန်မက အချစ်ရဲ့သီးသန့်ဖြစ်တည်မှုကိုပဲ မက်မောတာပါ။
ဒါပေမဲ့လည်း ကျွန်မကို စိတ်ကူးယဉ်ခွင့်လေးတောင်မပေးတော့သော ... ကျွန်မကို တုန်လှုပ်ချောက် ချားစေသော၊ ဘယ်တုန်းကမှ တွေးမထင်ထားတဲ့ အမှန်တရား တစ်ခုရှိနေလိမ့်မယ်ဆိုတာ ... ။ မယုံကြည်နိုင်ခြင်းများစွာနဲ့ အားလုံးကလှောင်ရယ်နေသလိုပဲ။ အဖြေမရှိတဲ့ပုစ္ဆာကိုမှ ကျွန်မက အဖြေညှိ ချင်ခဲ့တာလား။ ကံကြမ္မာက ကျွန်မကိုတဆိတ် တော့ ကျီစယ်လွန်းနေပြီ။ အတန်းထဲက တစ်ယောက်ယောက် ယူဆောင်လာတဲ့သတင်းဟာ ကျွန်မနားစည်ကို ရိုက်ခွဲလိုက်သလိုပဲ။ အဲဒီညနေဟာ အရင်လိုပါပဲ။ ဘာမှမထူးခြားပါဘူး။ တချို့စာသင်ခန်းမှာ စာသင်လို့။ တချို့က canteen မှာစု ရုံးဝိုင်းဖွဲ့လို့။ ကမ္ဘာပျက်နေတဲ့ကျွန်မကို ဘယ်သူသတိထားမိမှာလဲ။ ဒါပေမဲ့ ကျွန်မရဲ့စိတ်ခံစားမှုကြောင့်ပဲလား။ အဲဒီညနေက တောစံပယ်ပွင့်တွေ ကတော့ အနံ့ပြယ်နေခဲ့ပါတယ်။ ကျွန်မရဲ့ခြေလှမ်းတွေက အိမ်လေးဆီသို့ ။ တောစံပယ်ရုံတွေက တဖြည်းဖြည်းဝေးသွားလို့ ။ “ တူတူသွား မယ် ” ဆိုတဲ့မွန်မွန့် အသံ ကို ကြားလိုက်သလား မကြားလိုက်သလား။ မသေချာ။ “ ဆရာ့သမီးတွေလား။ ” တည်ကြည်တဲ့အသံတစ်ခုရဲ့ပုံရိပ်ကို မြင်လိုက်ရချိန်မှာ အရာရာရှင်းသွားခဲ့ပါပြီ။ သူမတို့နှစ်ဦးအမှတ်တရ အင်္ကျီလေးကိုဝတ်ပြီး ဒီနေ့မှ နိုင်ငံခြားက ပြန် လာကြောင်း၊ ကွဲကွာနေတဲ့လေးနှစ် အတွင်း ဘာမှမပြောင်းလဲသေးကြောင်း။ ခုအပြီး ပြန် လာတာဖြစ်ကြောင်း။ ကျွန်မအတွက်တော့ သူမတို့ အတိတ်၊ သူမတို့ အိပ်မက်ထက် ပစောက်နှစ်ဆင့်လည်ပင်းပုံ လက်ဖောင်း အနားရှုံ့ကြိုးစည်းအင်္ကျီလေးက ပိုပြီးမှင်သက် စေခဲ့တယ်။ ကျွန်မဆီကနဲ့ အဆင်ကလွဲရင် အရောင်ရော ပုံစံရော။ အဲနေ့ကဆရာ ဘာလို့ တွေတွေလေးငေးကြည့်ခဲ့တာလဲ။ ဘာလို့အဲလိုပြောခဲ့ရတာလဲ။ ဘာလို့နစ်ဝင် သွားလောက်အောင် ဆရာ့ မျက်ဝန်းတွေက အသက်ပါနေခဲ့တာလဲ။ ဘာ ကြောင့် ဘာကြောင့်များစွာရဲ့ နိဂုံးမှာတော့ ... ။ ခုချိန်မှာ ကမ္ဘာပေါ်မှာ ကျွန်မဖြစ်တည်လာရတဲ့လမ်းကြောင်းဟာ ပြောင်းလဲသွားခဲ့တယ်။ အခမဲ့ပညာဒါန သင်တန်းကျောင်းတစ်ခုမှာ အချိန်ပိုင်းဆရာမလုပ်နေပြီး လူတကာ အမြင်ကတ်လောက်အောင် Roll No-1 နေရာကို နှစ်တိုင်းသိမ်းပိုက်ထားခဲ့တယ်။ ကျွန်မက ပထမမှမဟုတ်ရင် မတင်းတိမ်တော့တာလား။ “... နောက် ” ဆိုတဲ့ အရာတွေကို မခံစား နိုင်တာ့တာလား။ မသိစိတ်က နာကျင်လိုက်၊ သိစိတ်က ထိန်းချုပ်လိုက်။ ကျွန်မ မျှော်လင့်ခဲ့ဖူးတဲ့ကောင်းကင် တစ်ခုကတော့ ကျွန်မအတွက်မဟုတ်ဘဲ ဟိုးအဝေးမှာ ကြည်လင်ပြာလဲ့လို့။ 

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ 

+ရင်ငြိမ်းသူ(မော်လမြိုင်)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1302) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) -ကာတွန်းဟာသ (19) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) xပညာပေး) (7) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ပညာပေး) (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) x ပညာပေး) (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)