ဆီဗီလာအသင်းသားတွေ အောင်ပွဲခံနေစဉ်)
ယူရိုပါလိဂ်မှာ ဆီဗီလာအသင်းအနေနဲ့ လက်ရှိ ချန်ပီယံဖလားကို ကာကွယ်နိုင်မယ့် လမ်းကြောင်းပေါ် ရောက်ရှိသွားပြီလို့  ဆိုရမှာပါ။ အကြိုဗိုလ်လုပွဲမှာ နှစ်ကျော့ပေါင်း ငါးဂိုးပြတ်နဲ့  ဖီအိုရင်တီးနားကို အနိုင်ရ လိုက်တဲ့ ဆီဗီလာအသင်းဟာ ဗိုလ်လုပွဲမှာ ဒီနီပရိုအသင်းနဲ့  ကစားရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လည်း ဆီဗီလာအသင်းရဲ့  ဖလားကာကွယ်ရေးအိပ်မက် ဟာ အမှန်တကယ်ဖြစ်လာတော့မယ်လို့  ဆိုနိုင်ပါတယ်။
(ဒီနီပရို(ယူကရိန်း) နဲ့ ဆီဗီလာ(စပိန်)တို့  ယူရိုပါလိဂ်ဖလားလုကြမယ်။)
ယူကရိန်းကလပ်ဒီနီပရိုအသင်းအနေနဲ့ အီတလီကလပ် နာပိုလီကို တစ်ဂိုး-ဂိုးမရှိနဲ့  အနိုင်ရပြီးနောက် ပထမဆုံးဗိုလ်လုပွဲကိုတက်ရောက်လာခြင်းဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုတော့ မေ ၂၇ ရက်မှာ ပိုလန်နိုင်ငံ ၀ါဆောမြို့မှာ ကစားမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ အနိုင်ရတဲ့ အသင်းအနေနဲ့  လာမယ့် နှစ် ချန်ပီယံလိဂ်မှာအလိုလျောက် ခြေစစ်ပွဲအောင်အသင်းဖြစ်လာမှာ ဖြစ်ပါတယ်။ ဆီဗီလာအသင်းဟာ လက်ရှိချန်ပီယံ ဖလားကို ကာကွယ်ဖို့ရေပန်းစားနေပါတယ်။ စပိန်ကလပ် ဆီဗီလာအသင်းအနေနဲ့  ဗိုလ်လုပွဲမှာဖလား ဆွတ်ခူးနိုင်ခဲ့ မယ်ဆိုရင်တော့ ယူ၊ိုပါလိဂ်ဖလားကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူးနိုင်တဲ့ အသင်းဖြစ်လာမှာပါ။ ဥရောပထိပ်သီးကလပ်တွေ ယှဉ်ပြိုင်ရတဲ့  ဒီပွဲမှာ နှစ်နှစ်ဆက်တိုက် ဖလားဆွတ်ခူးဖို့ ဆိုတာ မလွယ်ပါဘူး။ သို့ပေမယ့်  ဆီဗီလာကတော့ တကယ်ဖလားဆွတ်ခူးဖို့  ရေပန်းစားနေတဲ့အသင်းဖြစ်ပါတယ်။
+ကောင်းမြတ်သူ+
(ဖီအိုရင်တီးနားအသင်းကိုနှစ်ကျော့ပေါင်းရလဒ်၅ဂိုးဂိုးမရှိနဲ့ နိုင်ပြီးနောက်

No comments:
Post a Comment