ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 17, 2015

==လာလီဂါဖလားအတွက်အဖြေထုတ်မယ့်ဘာစီလိုနာနဲ့  လက်ကျန်ပွဲစဉ်တွေလာပြီ==

>
ရာသီကုန်လာလီဂါလက်ကျန်ပွဲစဉ်တွေကို မေ ၁၇ ရက် ညပိုင်းမှာဆက်ကစားတဲ့အခါ အက်သလက်တီကိုနဲ့ ကစားရမယ့် အဝေးကွင်းမှာနာမည်ကြီး ဘာစီလိုနာတို့  နိုင်ပွဲရပြီး လာလီဂါဖလားကိုကိုင်မြောက်နိုင်မလားဆိုတာ ရင်ခုန်စရာ ကောင်းနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲမက်ဒရစ်တို့ ကလည်း ချန်ပီယံလိဂ်က ထွက်ခဲ့ ရလို့  ကျားနာဖြစ်နေပြီး ပြိုင်ဘက် အက်စ်ပန်ညိုကို အပြတ်ချေမှုန်းပြီး အောင်ပွဲခံမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာတော့ အမှန်ပါပဲ။

**အက်သလက်တီ ကိုနှင့်  ဘာစီလိုနာ**
ဒီနှစ်ဘောလုံးရာသီမှာ သုံးကြိမ်ဆုံတွေ့မှုကိုကြည့်ရင် ဘာစီလိုနာတို့  ချည်း နိုင်ပွဲရရှိထားပါတယ်။ နိုင်ပွဲတွေ ဆက်တိုက်ရယူနေတဲ့  ဘာစီလိုနာတို့က ချန်ပီယံလိဂ်ဗိုလ်လုပွဲလည်း တက်ရောက်ခဲ့တာမို့ အောင်ပွဲဝင် စိတ်ဓာတ်တွေ ဆူဝေနေပါတယ်။ လာလီဂါမှာဆိုစီဒက်၊ ကော်ဒိုဘာ၊ ဂီတာဖေး၊ အက်စ်ပန်ညိုနဲ့ ဗလင်စီယာတို့ကို နိုင်ပွဲတွေရအောင် စွမ်းဆောင်ထားတဲ့  ဘာစီလိုနာအပေါ် လာလီဂါမှာ ငါးပွဲဆက်နိုင်ပွဲ၊ သရေပွဲရ အောင် အားထုတ်ကစားတဲ့  အက်သလက်တီကိုတို့ က ဘယ်လိုခုခံသွားမယ် ဆိုတာ သက်သေပြတော့မှာပါ။ ဘာစီလိုနာတို့  အနိုင်မပြတ်သားပေမယ့်ကပ်ပြီးအောင်ပွဲခံသွားနိုင်ပါတယ်။

**အက်စ်ပန်ညိုနှင့်  ရီးရဲမက် ဒရစ်**
အက်စ်ပန်ညိုကွင်းမှာ နောက်ဆုံးကစားခဲ့ တဲ့  ငါးပွဲရလဒ်ကိုကြည့် ရင် တစ်ပွဲသာ သရေဖြစ်ခဲ့ ပြီး ရီးရဲမက်ဒရစ်တို့  နိုင်ပွဲတွေချည်းရရှိထားပါတယ်။ လာလီဂါ မှာရီးရဲမက်ဒရစ်ရဲ့  နောက်ဆုံးငါးပွဲကစားခဲ့ မှုကိုကြည့် ရင် အိုက်ဘာအသင်းကို သရေပွဲဖြစ်ခဲ့ တာကလွဲရင် ကျန်လေးပွဲစလုံး နိုင်ပွဲရထားပါတယ်။ အက်စ်ပန်ညို တို့ ကတော့ရှုံးပွဲ၊ သရေပွဲ ၊ နိုင်ပွဲတွေနဲ့ ခြေစွမ်း အတက်အကျဖြစ်နေတာမို့  အခုပွဲမှာအခက်အခဲ နဲ့  ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကထွက်ခဲ့ရလို့  ရီးရဲမက်ဒရစ်ရဲ့  စိတ်အား ထက်သန်မှုကလာလီဂါဖလားအပေါ် အာရုံကျလာခဲ့ တာမို့  အခုပွဲမှာအနိုင်ရလဒ်ကလွဲပြီး တခြားဘာရလဒ်မှ ရယူမှာ မဟုတ်ပါဘူး။

**ဗလင်စီယာနှင့်  ဆယ်လ်တာဗီဂို**

 ဗလင်စီယာတို့  အိမ်ကွင်းမှာ ဆယ်လ်တာဗီဂိုကို နောက်ဆုံးငါးပွဲလက်ခံကစားခဲ့တဲ့ ရလဒ်တွေကိုကြည့်ရင် သုံးပွဲစလုံး နိုင်ပွဲရထားပါ တယ်။ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့် ကို မျှော်လင့်ချက် ထားနေတဲ့  ဗလင်စီယာတို့ဟာ အိမ်ကွင်းမှာ နိုင်ပွဲရရေး အားထုတ်ပါလိမ့် မယ်။ ဆယ်လ်တာဗီဂို တို့ကလည်း နိုင်ပွဲပြန်ရနေတာမို့ ဒီပွဲမှာဗလင်စီယာဟာ ခက်ခဲနိုင်ပေမယ့်အနိုင်ရဖို့  အခွင့်အရေးများပါလိမ့် မယ်။

  **ဆီဗီလာနှင့်  အယ်လ်မီရီယာ**
ချန်ပီယံလိဂ်ဝင်ခွင့် မျှော်မှန်းထားတဲ့ ဆီဗီလာတို့  ဒီပွဲမှာခြေကုန်ထုတ်လာပါလိမ့် မယ်။ ဒီနှစ်သင်းရဲ့  နောက်ဆုံးသုံးပွဲ တွေ့ ဆုံမှုရလဒ်ကိုကြည့် ရင် ဆီဗီလာတို့  နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ထားပါတယ်။ ဒါပေမယ့် တန်းမဆင်းရရေး ကြိုးစားမယ့်  အယ်လ်မီရီယာရဲ့  စွမ်းဆောင်မှုကြောင့်  ဆီဗီလာတို့  အခက်တွေ့ နိုင်ပေမယ့် အနိုင်ရမယ့် အသင်းက ဆီဗီလာဖြစ်သွားနိုင်ပါတယ်။ 

**ဗီလာရီးရဲနှ င့်  မာလာဂါ** 

ယူရိုပါလိဂ်ဝင်ခွင့်ခိုင်မာနေပြီဖြစ်တဲ့  ဗီလာရီးရဲတို့က လောလောဆယ်မှာပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် အမှတ်လိုအပ်မှုမရှိတော့တဲ့  ဗီလာရီးရဲတို့  ဒီပွဲမှာစွမ်းဆောင်ရည်ကျဆင်းသွားနိုင်ပါတယ်။ မာလာဂါတို့ ကလည်း အမှတ်လိုအပ်မှုမရှိတာမို့ အပြန်အလှန်ဖိအားပေးရင်း အဆုံးသတ်မယ့်ပွဲပါပဲ။

 **အယ်လ်ချီ နှ င့်  ဘီဘာအို** 

စပိန်ဘုရင့် ဖလားဗိုလ်လုပွဲကစားရမယ့်  ဘီဘာအိုအနေနဲ့ ဒီပွဲမှာ အမာခံကစားသမားတွေကို အကုန်ထုတ်သုံးမှာတော့ မဟုတ်ပါဘူး။ တန်းဆင်းဇုန်က လွတ်သွားပြီဖြစ်ပေမယ့်  ရပ်တည်မှုခိုင်မာအောင် အယ်လ်ချီ တို့ လည်း ကြိုးစားလာဖို့ ရှိနေပါတယ်။ ဒါကြောင့်  အိမ်ရှင်အယ်လ်ချီတို့  အနိမ့် ဆုံး တစ်မှတ်ရအောင် အားထုတ်ပါလိမ့်မယ်။ 

**ဂီတာဖေးနှင့်  အိုက်ဘာ**

 တန်းမဆင်းရရေး ခြေကုန်ထုတ်ကြမယ့်  အသင်းတွေရဲ့  တွေ့ ဆုံမှုဖြစ်တာမို့  ပြိုင်ဆိုင်မှုပြင်းထန်ပါလိမ့် မယ်။ ဂီတာဖေးကွင်းမှာနောက်ဆုံးသုံးကြိမ်ကစားခဲ့ တဲ့  အိုက်ဘာတို့ ရဲ့  ရလဒ်ကိုကြည့် ရင် အိုက်ဘာတို့ တစ်ပွဲမှ နိုင်ပွဲမရခဲ့ ပါဘူး။ ဒါပေမယ့် အခုတစ်လော အိမ်ကွင်းမှာရှုံးပွဲတွေ ဆက်တိုက် ကြုံတွေ့ နေတဲ့  ဂီတာဖေးတို့  အမှတ်ခွဲ ယူရမယ့် ကိန်းဆိုက်သွားနိုင်ပါတယ်။ ။ 

+မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)