ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 2, 2015

==ဖိလစ်ပိုင်လက်ဝှေ့ ကျော်ပက်ကွိုင်ယာအိုကသမ္မတလုပ်ရန်ဆန္ဒရှိနှင့် ယခုလအတွင်းဟိုအကြောင်း၊ဒိအကြောင်း၊သူတို့ အကြောင်း==

>
**ဖိလစ်ပိုင်လက်ဝှေ့ ကျော်ပက်ကွိုင်ယာအိုကသမ္မတလုပ်ရန်ဆန္ဒရှိ** 
 (မနီလာ မေ ၁)
လက်ဝှေ့ သူရဲကောင်း မန်နီ ပက် ကွိုင်ရာအိုက လက်ဝှေ့  ထိုးသတ်ခြင်းမှ အနားယူသောအခါ သမ္မတအဖြစ် တာဝန်ထမ်းဆောင် ရန် ဆန္ဒရှိပါကြောင်း ထုတ်ဖော်အသိ ပေးသည်ဟု အေအက်ဖ်ပီက ယနေ့ ဖော်ပြသည်။ ယခုရက်သတ၊ပတ်ကုန်တွင် အမေ ရိကန်နိုင်ငံသား ဖလွိုက်မေ၀ယ်သာ နှင့် ထိုးသတ်မည့်  ဖိလစ်ပိုင်နိုင်ငံသား ကမ္ဘာ့ချန်ပီယံက ယင်း၏ ထူးခြား ပြောင်မြောက်သော အားကစားစွမ်းဆောင်ချက်များမှဆင်းသက်လာသည့်ကျော်ကြားမှု၊ ကြွယ်ဝမှုတို့ ကို အောင် မြင်သော
 နိုင်ငံရေးသမားတစ်ဦးဖြစ်လာရန် စတင်အသုံးပြုပြီ ဖြစ်သည်။
တစ်ချိန်က လမ်းပေါ်မှ လေလွင့်  လူငယ်တစ်ဦးဖြစ်ခဲ့သော အသက် ၃၆ နှစ်ရှိ ယင်းလက်ဝှေ့ သမားသည်ယခုအခါဒုတိယသက်တမ်းလွှတ် တော်အမတ်ဖြစ်နေပြီဖြစ်သည်။ ပက်ကွိုင်ယာအိုက ယင်း၏ သမ္မတ ဖြစ်လိုသော ၊ဆန္ဒကို ၂၀၁၃ ခုနှစ် တွင် အေအက်ဖ်ပီသို့ အတည်ပြု ပြောကြားခဲ့ သည်။ ထိုအချိန်က ယင်း ၏ အကြံအစည်အတွက် ရှက်ကိုးရှက် ကန်းဖြစ်နေသည်။ ရည်မှန်းချက် ပြည့် မီရန်မှာ အချိန်များစွာ လိုသေး ကြောင်း ဘုရားသခင်၏ အလိုတော် အတိုင်းသာဖြစ်ကြောင်း ပြောဆို ခဲ့ သည်။ ယင်း၏ အမေရိကန်နိုင်ငံသား မိတ်ဆွေက ပက်ကွိုင်ယာအိုသည် ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်၏ အထက် လွှတ်တော် အမတ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် သို့မဟုတ် ယင်းကာလ၏ နောက် ပိုင်းတွင် သမ္မတ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း ပြော ကြားခဲ့ သည်။ လက်ဝှေ့ ကြိုးဝိုင်းအတွင်း၊ ယင်း၏ စွမ်းဆောင်ချက်နှင့် အားကစား စိတ်ဓာတ်ပြည့်ဝမှုကို ဖိလစ်ပိုင် ပြည်သူများက ချီးကျူး၊ ကြည်ညို လေးစားကြသည်။ လွှတ်တော် မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်တွင် လွှတ်တော် အစည်း အဝေးအကြိမ် (၇၀) ကျင်းပရာ၊ ပက်ကွိုင်ယာအို သည် လေးကြိမ်သာ တက်ရောက်ခဲ့ ပြီး ယ၊င်းပြုစုသော ဥပဒေကြမ်းလေးခုမှာ လည်း တစ်ခုမျှ ဥပဒေအဖြစ်သို့ ရောက်ရှိလာခြင်း မရှိခဲ့ ပေ။(ရိုက်တာ)  

**အွန်လိုင်းမှာနာမည် ကြီးနေတဲ့ဘရစ်တနီစပီးယားစ်နဲ့  အစ်ဂျီအဇယ်လီမာတို့ ရဲ့  အယ်ဘမ်သစ်**
ဘရစ်တနီစပီးယားစ်နဲ့  အစ်ဂျီအဇယ်လီမာတို့ ရဲ့  အယ်ဘမ်သစ်Prelty Girls ကို ယခုထိ ဈေးကွက်မှာ တရားဝင်မဖြန့်ချိရသေးပေ မယ့်လည်း အွန်လိုင်းမှာ အယ်ဘမ်ကာဗာပုံနဲ့တင် အတော်နာမည် ကြီးနေပါတယ်။ ဒီကာဗာကို အစ်ဂျီက ဘယ်လိုပုံဖော်ရင်ကောင်းမယ်လို့ စတင်စိတ်ကူးရခဲ့ တာဖြစ်ပြီး ဘရစ်တနီက အလွယ်တကူပဲ သဘောတူ လက်ခံခဲ့ တာဖြစ်ပါတယ်။ အစ်ဂျီက ““ကျွန်မတို့ ၁၉၈၀ ကျော်ကာလတွေက အေးစက်တဲ့ ပုံသဏ၊ာန်နဲ့ အရမ်းဟော့တဲ့ စ၊ရိုက်မျိုးရှိတဲ့ မိန်းကလေးနှစ်ဦး ယှဉ်ပြတဲ့ ပုံစံလုပ်ဖို့  စိတ်ကူးရခဲ့ ပြီး ဘရစ်တနီကိုချပြတော့ သူကလည်း သဘောတူခဲ တယ်။ ဟုတ်ပါတယ် ကျွန်မက ဂျီနာဒေဗီးစ်ကို ကြိုက်တဲ့ ပရိသတ်ပါ။ ဒါပေမယ့် သူ့ပုံစံအတိုင်း တစ်ပုံစံတည်းအတုခိုးပြီး လုပ်တာမျိုး ကျွန်မ မကြိုက်လို့  ရယ်ရွှင်ဖွယ်လည်းဖြစ်အောင်နဲ့  ကြည့် လိုက် တာနဲ့  တစ်ခါတည်း ထင်သာမြင်သာရှိအောင် ဖန်တီးခဲ့ တာပါ”” လို့ ရှင်းပြခဲ့ ပါတယ်။
Prelty Girlsအယ်ဘမ်ကို မေ ၅ ရက် တွင် ဈေးကွက်မှာ ဖြန့်ချိသွားမှာဖြစ်ပြီး ဘရစ်တနီနဲ့ အစ်ဂျီတို့ရဲ့ နှစ်ယောက်တွဲ ဖျော်ဖြေမှုကို မေ ၁၇ ရက်မှာကျင်းပမယ့်မှာ Billboasd Music Awards ရှုစားရမှာဖြစ်ပါ တယ်။(မေလဲ့သင်း) 

** မက်ဆီသည်မိမိ၏ထာဝရအကောင်းဆုံးပြိုင်ဘက်ဟု ရာအူးလ်ချီးကျူး**
ယခင်ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟောင်း ရာအူးလ်က ၊င်း၏ ကစားသမား သက်တမ်းတစ်လျှောက် အကောင်းဆုံးသောပြိုင်ဘက်ကစားသမားမှာမက်ဆီသာလျှင်ဖြစ်သည် ဟု ထုတ်ဖော်ချီးကျူးခဲ့ သည်။ မက်ဆီသည် မဖြစ်နိုင်သောအရာကိုပင် လွယ်ကူသွားအောင်ပြုလုပ် နိုင်သောစွမ်းဆောင်ရည်မျိုးရှိပြီး သူ၏၂၀၁၄ကစားပုံနှင့်ပတ်သက်ပြီး ဝေဖန်ခြင်းခံခဲ့ရ သော်လည်း ၊င်း၏ကွင်းတွင်းခြေစွမ်းနှင့်ပတ်သက်၊ မည်သည့်အခါကမျှ သံသယမရှိခဲ့ဟုလည်း ရာအူးလ်ကဆိုခဲ့ သည်။ ရာအူးလ်အနေဖြင့် ၂၀၁၀ ရီးယဲလ်မှမထွက်ခွာမီ ဘာနေဗျူးကွင်း၊ ၁၆ နှစ်တာကာလ ကျင်လည်ခဲ့ ပြီး သူ၏ကစားသမားသက်တမ်းတစ်လျှောက် အကောင်းဆုံးသောပြိုင်ဘက်ကစား သမားသုံးဦးမှာ အေစီမီလန်နောက်ခံလူ ပေါ်လိုမာလ်ဒီနီ ၊ ဘိုင်ယန်ဂိုးသမားအိုလီဗာခမ်းနှင့်  မက်ဆီတို့ပင်ဖြစ်သည်ဟု ပြောကြားခဲ့ သည်။ 

ရာအူးလ်က ““ မက်ဆီကတော့ ကျွန်တော်ကြုံတွေ့ ဖူးသမျှ ကစားသမားထဲမှာအကောင်းဆုံးပြိုင်ဘက် ကစားသမားပါ။ ကျွန်တော့် အနေနဲ့  ဇီဒန်း၊ ဖီဂို၊ စီ၊ိုနယ်လ်ဒိုတို့လိုကစားသမားတွေ နဲ့  တစ်သင်းတည်းမှာ အတူတကွကစားခဲ့ ရတာ တကယ့် ကိုကံကောင်းမှုတစ်ရပ်ပါပဲ။ ဒါပေမယ့်  မက်ဆီကသူတို့ နဲ့ လည်းမတူကွဲပြားတဲ့  စွမ်းရည်မျိုးပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုးပါ။ မက်ဆီက သိပ်ပြီးအားစိုက်နေရတာမျိုးမဟုတ်ဘဲ အရာရာကိုလွယ်ကူသွားအောင်လုပ်ဆောင်နိုင်တဲ့ စွမ်းရည်မျိုးရှိနေတယ်။ နောက်ဆုံးဗျာ မဖြစ်နိုင်တဲ့ အရာကိုတောင် ဖြစ်အောင်လုပ်နိုင်တဲ့  အရည် အချင်းမျိုးပေါ့ ”” ဟုချီးကျူးခဲ့ သည်။ အသက် (၃၇)နှစ်ရှိပြီဖြစ်သည့်  ရာအူးလ်သည်လက်ရှိတွင် နယူးယောက်ကော့စ်မို့ စ်အသင်း၊ ကစားနေကာ သူ၏အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အနေဖြင့်  ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲတွင် စတူဒက်တိုချန်ပီယံဂျူဗင်တပ်ကို ခက်ခက်ခဲခဲရင်ဆိုင်ရမည်ဖြစ်သော်လည်း ဗိုလ်လုပွဲသို့  ရီးယဲလ် သာ တက်ရောက်နိုင်လိမ့် မည်ဖြစ်ပြီး ဘာစီလိုနာအောက်နှစ်မှတ်လျော့အနေအထားကိုလည်း လိုက်မီနိုင်လိမ့် ဦးမည်ဟု ခန့် မှန်းပေးထားသည်။(မေလဲ့သင်း) 

**ဘိုင်ယန် တောင်ပံကစားသမား အာဂျန်ရော်ဘင်ရာသီကုန်အထိအနားယူရမည်**
ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ် အသင်းမှ တောင်ပံကစားသမား အာဂျန်ရော်ဘင် သည ခြေသလုံး ကြွက်သားဒဏ်ရာရခြင်းကြောင့် ဘာစီလိုနာအသင်းနှင့်ယဉ်ပြိုင်ကစားမည့် ချန်ပီယံ လိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ် အသင်းနှင်အတူ ပွဲထွက်ကစားနုင်မည်မဟုတ်ဘဲ ယခုနှစ်ဘောလုးံရာသီကုန်အထိ အနားယူရမည် ဖြစ်ကြောင်း သိရသည်။ တောင်ပံကစားသမား ရော်ဘင်သည် ခြေသလုံး ဒဏ်ရာပြသနာကြောင့်  ပေါ်တိုအသင်းအား ခုနစ် ဂိုး-လေးဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်နှစ်ကျော့စလုံးဘိုင်ယန်မြူး နစ်အသင်းတွင် ပါဝင်လာခြင်းမရှိခဲ့ပေ။ ထို့ ပြင် ဘိုင်ယန်မြူးနစ်အသင်း၏ ပိုလန် တိုက်စစ်မှူး လီဝန်ဒေါ့စကီးသည်လည်း ဒဏရာ ပြသနာကြုံတွေ့နေရပြီး အဆိုပါတိုက်စစ်မှူး လီဝန်ဒေါ့စကီးကိုမူ မေ ၆ ရက်တွင် ဘာစီလိုနာ အသင်းနှင့်  ယှဉ်ပြိုင်ကစားမည့်  ချန်ပီယံလိဂ် ဆီမီး ဖိုငနယ်ပွဲစဉ်တွင် ပါဝင်လာမည်ဟု မျှော်လင့်ထား ကြောင်း သိရသည်။ သို့ ရာတွင် ဘာစီလိုနာနှင့်  ပွဲစဉ်တွင် လီဝန် ဒေါ့စကီးပါဝင်လာခြင်း ရှိ၊ မရှိနှင့်  စပ်လျဉ်းပြီးအဆုံး အဖြတ်ပေးနိုင်ရန် ကျန်းမာရေးဆိုင်ရာ ဆေးစစ် မှုများပြုလုပ်ရန် လိုအပ်နေသေးကြောင်း ဘွန်ဒက်စ် လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ပြောကြားခဲသည်။၊ငွေကြယ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)