ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 5, 2015

==အလုပ်သမားနေ့အကြို ထိုင်းနိုင်ငံရှိ စက်ရုံများတွင် အထောက်အထား စစ်ဆေးမည်ဆိုသော သတင်းကြောင့် ဧပြီ ၃၀ ရက်က မြန်မာအလုပ်သမား ရာနှင့်ချီ၍ မြ၀တီဘက်သို့ ရှောင်တိမ်းလာ

> (ထွက်ပြေးတိမ်းရှောင်လာသော မြန်မာအလုပ်သမားများအား သောင်ရင်းမြစ်တွင် တွေ့ရစဉ်+
 +( ဧပြီ ၃၀ ရက်၊၂၀၁၅-ကိုရွှေသိန်း(မြ၀တီ)၊The Daily eleven နေ့ စဉ်သတင်းစာ)+

 တာ့ခ်ခရိုင် တာဝန်ရှိသူများက မေဒေးနေ့အကြို အလုပ်သမားများ အထောက်အထား ရှိမရှိ စစ်ဆေးမည်ဆိုသော သတင်းကြောင့် အလုပ်ရုံ၊ စက်ရုံများတွင် ၀င်ရောက်လုပ်ကိုင်နေကြသော အထောက်အထားမဲ့နှင့် (၁၈)နှစ် မပြည့်သူ မြန်မာလုပ်သားများ ရာနှင့်ချီ၍ မြ၀တီဘက်သို့ ဧပြီ ၃၀ ရက်က ရှောင်တိမ်းလာကြကြောင်း သိရသည်။ သောင်ရင်းတစ်ဖက်ကမ်း မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် မယ်ပဒေသမှ စက်ရုံတစ်ရုံအား ၀င်ရောက်စစ်ဆေးစဉ် မြန်မာအလုပ်သမား ၉၃ ဦး ဖမ်းဆီးခံရပြီးနောက် ကြိုတင်ရှောင်တိမ်းလာရခြင်းဖြစ်သည်ဟု ဆိုသည်။ “လာစစ်တယ်ဆိုရင် ဖမ်းတာပါပဲ။ သမီးတို့ကို ဘာအထောက်အထားမှ လုပ်မပေးတာ။ ဒီတော့ အသံကြားတာနဲ့ ထွက်ပြေးလာကြတာပေါ့” ဟု မြ၀တီမြို့သို့ ရှောင်တိမ်းလာသူတစ်ဦးက ဆိုသည်။ စက်ရုံ အလုပ်ရုံများတွင် ယခင်လမှစပြီး ထိုင်းနိုင်ငံ သက်ဆိုင်ရာက ဖမ်းဆီနေခြင်းကြောင့် မြန်မာလုပ်သား အမြောက်အမြား ဖမ်းဆီးခံနေရသလို မြ၀တီဘက်ကမ်းသို့ လာရောက်ရှောင်တိမ်းနေသူလည်း အမြောက်အမြား ရှိသည်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ်ပ TMC ကြေးနန်းကြိုးစက်ရုံမှ မြ၀တီမြို့သို့ လာရောက်ရှောင်တိမ်းနေသူ တစ်ဦးက “ခဏခဏ ဖမ်းခံထိလိုက်၊ ထောင်ကျလိုက် ပြန်လွတ်လိုက်နဲ့ အဖမ်းမခံရချင်လို့ ဒီလာပြီး ရှောင်နေကြတာပါ။ စာရေးသောက်ရေး၊ နေရေးအတွက် စက်ရုံက တာဝန်ယူပေးပါတယ်” ဟု ဆိုသည်။

 “ပြည်ပအလုပ်သမားများအား မကြာခဏ ဖမ်းဆီးနေမှုနှင့် ပတ်သက်၍ မြန်မာပြည်သားများအရေး ပူးတွဲလုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက “အဲဒါ ကျွန်တော် ထိုင်းဥပဒေ အထောက်အထားနဲ့ ပြောရရင် ၁၅ နှစ်အောက်ကမှ ကလေးအလုပ်သမားဗျ။ ၁၅ နှစ်ကျော်ရင် ခိုင်းလို့ရတယ်။ ၁၅ နှစ်နဲ့ ၁၈ နှစ်ကြားက လူငယ်အလုပ်သမားဖြစ်ပြီး သူတို့နဲ့ပတ်သက်တဲ့ အလုပ်ခိုင်းစေမှု၊ အလုပ်အမျိုးအစား၊ သူတို့ရဲ့ ကုန်ထုတ်စွမ်းအား လုပ်အားခ.. စသဖြင့် အတိအကျ မှတ်တမ်းကို လုပ်ငန်းရှင်ဆီမှာရော၊ အလုပ်သမားစစ်ဆေးရေး အရာရှိဆီမှာပါ ရှိလို့ရှိရင် ခိုင်းစေလို့ရတယ်လို့ ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးနဲ့ လူမှုဖူလုံရေး အက်ဥပဒေ (BE-2541)မှာ ပြဋ္ဌာန်းထားတာ ရှိတယ်။ ဒီတော့ အခု ဖမ်းဆီးနေတာတွေက ထိုင်းဥပဒေနဲ့ဆိုရင် လွဲမှားနေတာ၊ မျက်ကွယ်ပြုနေတာပဲ” ဟု ဆိုသည်။

နယ်စပ်မြို့ဖြစ်သော မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် ကိုးမြို့နယ်အတွင်း တရားဝင် အလုပ်ရုံ၊ စက်ရုံပေါင်း ၂၈၀ ကျော်ရှိပြီး တရားမ၀င် အိမ်တွင်းလုပ်ငန်းအမည်ခံ စက်ရုံပေါင်း ၁၆၀၀၀ ကျော်ရှိသည့်အနက် အချို့သော စက်ရုံများတွင် အထောက်အထားမဲ့မှုကို အခွင့်ကောင်းယူကာ လုပ်အားခမပေးဘဲထားခြင်း၊ လုပ်အားခထက်ဝက်သာ ပေးခြင်းတို့ကို မြန်မာအလုပ်သမားများ ရင်စည်းခံကြရသလို သက်ဆိုင်ရာမှ ဖမ်းဆီးမှုများအတွက် လုပ်ငန်းရှင်မှ တာဝန်ယူဖြေရှင်မှုမျိုး မရှိဟု ဆိုသည်။

Writer: ကိုရွှေသိန်း (မြ၀တီ)

(ထွက်ပြေးတိမ်းရှောင်လာသော မြန်မာအလုပ်သမားများအား သောင်ရင်းမြစ်တွင် တွေ့ရစဉ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)