ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 28, 2015

== စပိန်ဘုရင့်ဖလားကိုဘယ်အသင်းကိုင်မြှောက်အောင်ပွဲခံမလဲ==

>
ဒီနှစ်ဘောလုံးရာသီရဲ့ စပိန်လာလီဂါပွဲစဉ်တွေကန့်လန့်ကာချခဲ့ပြီဖြစ်ပေမယ့်  စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကိုတော့ မေ ၃၀ ရက်မှာ ဘီလ်ဘာအိုနဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအနေအထားအရ ဘာစီလိုနာကိုဘီလ်ဘာအိုတို့  မယှဉ် နိုင်ပေမယ့်  စပိန်ဘုရင့် ဖလားဗိုလ်လုပွဲမှတ်တမ်းကောင်းရှိနေတဲ့  ဘီလ်ဘာ အိုကိုဘာစီလိုနာတိ့  လျှော့ တွက်ရင်တော့ သေချာပေါက်မျှော်မှန်းထားတဲ့  ဖလားတစ်လုံးကို လက်လွှတ်ရမယ့် ကိန်း ဆိုက်သွားနိုင်တာ အမှန်ပါပဲ။ စပိန်ဘုရင့် ဖလား ဗိုလ်လုပွဲရောက် ဒီနှစ်သင်းရဲ့  အနေအထားကို ကြည့် ရင် ဘာစီလိုနာတို့က စပိန်ဘုရင့် ဖလား ချန်ပီယံ (၂၆)ကြိမ်ဖြစ်ခဲ့ပြီး ဒုတိယ (၁၀)ကြိမ်ရရှိခဲ့ လို့  အအောင် မြင်ဆုံးအသင်းလို့  သတ်မှတ်ခံထား ရတာဖြစ်ပါတယ်။ ဘီလ်ဘာအိုတို့  က စပိန်ဘုရင့်ဖလားကို (၂၃)ကြိမ်ရယူနိုင်ခဲ့ ပြီး ဒုတိယဆုကို(၁၃) ကြိမ်ရရှိခဲ့တာမို့ ဘီလ်ဘာအိုရဲ့ စပိန်ဘုရင့် ဖလား ဗိုလ်လုပွဲအောင် မြင်မှုဟာ ဒုတိယအအောင်မြင်ဆုံးဖြစ်ခဲ့ တာပါ။ ဘာစီလိုနာတို့ ရဲ့  လက်ရှ်ခြေစွမ်းပိုင်းကိုကြည့်ရင် ဒီနှစ် စပိန်ဘုရင့်ဖလားပွဲစဉ်တွေမှာအောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပြီး အရေးကြီးတဲ့အဆုံးအဖြတ် ပွဲစဉ်တွေတိုင်းမှာနိုင်ပွဲရအောင်ဖော်ထုတ်နိုင်တဲ့  အစဉ်အလာ ရှိနေပါတယ်။ ဒါ့အပြင် သမိုင်းတစ်လျှေက် ဘာစီလိုနာနဲ့  ဘီလ်ဘာအိုတို့  ဆုံတွေ့ ခဲ့ မှု ရလဒ်တွေကို ကြည့် ရင် ဘာစီလိုနာတို့ ကချည်း နိုင်ပွဲတွေ ရရှိခဲ့ တာများတာမို့  အဲဒီအစဉ်အလာ ကိုဆက်ထိန်းနိုင်မလားကြည့် ရမှာပါ။ ဘာစီလိုနာနဲ့ ဘီလ်ဘာအိုတို့ စုစုပေါင်းဆုံတွေ့ မှု အနေအထားကိုကြည့်ရင် ဘီလ်ဘာအိုတို့  အသာစီးမရခဲ့ ပါဘူး။ စပိန်ဘုရင့် ဖလား ပွဲစဉ်ပေါင်း ၃၆ ပွဲတွေ့ ဆုံခဲ့ ရာမှာ ဘာစီလိုနာတို့ က ၁၉ ကြိမ်နိုင်ပြီး ဘီလ်ဘာအိုတို့ က ၁၁ ကြိမ်နိုင်ကာ သရေပွဲ ခြောက်ပွဲဖြစ်ထားပါတယ်။ ပြိုင်ပွဲစုံပွဲပေါင်း ၂၁၀ မှာဆိုရင်လည်း ဘာစီလိုနာတို့က ၁၀၃ ပွဲနိုင်ပြီး ဘီလ်ဘာအိုတို့ က ၇၂ ပွဲနိုင်ခဲ့ ကာ သရေပွဲ၃၅ ပွဲဖြစ်ထားတာမို့  ခြေစွမ်းအရ ကွာဟမှုရှိနေတာ အမှန်ပါပဲ။ ဒါ့အပြင် ဘာစီလိုနာနဲ့  ဘီလ်ဘာအိုတို့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ငါးပွဲ ရလဒ်ကိုကြည့်ရင် ဘာစီလိုနာတို့ က သုံးပွဲနိုင်ပြီး ဘီလ်ဘာအိုက တစ်ပွဲနိုင်ကာ တစ်ပွဲသရေဖြစ်ထားပါတယ်။ ဘာစီလိုနာဟာ ဘီလ်ဘာ အိုကို ပြတ်သားတဲ့ ရလဒ်နဲ့  အနိုင်ယူ ခဲ့ တဲ့ ပွဲတွေကိုကြည့်ရင် ၂၀၁၀- ၂၀၁၁ ခုနှစ်က ဘာစီလိုနာတို့  ဘီလ်ဘာအိုကို ခုနှစ်ဂိုးပြတ်နဲ့  နိုင်ခဲ့ သလို၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက တွေ့  ဆုံခဲ့တဲ့ပွဲမှာလည်း ငါးဂိုး-နှစ်ဂိုးနဲ့ နိုင်ခဲ့ ပါတယ်။ ဒီနှစ် စပိန်ဘုရင့်ဖလားပွဲမှာ ဘာစီလိုနာအတွက် ဂိုးအများဆုံး သွင်းယူပေးထားတာကတော့ တိုက်စစ်မှူးနေမာဖြစ်ပြီး ခြောက်ဂိုးသွင်း ယူထားပါတယ်။ ဘီလ်ဘာအိုမှာတော့ အဒူရစ်က ငါးဂိုးသွင်းယူထား သလိုအဖွင့်ဂိုး သုံးဂိုးကိုလည်း အဒူရစ်ကပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နှစ်သင်းစလုံးမှာ ခြေစွမ်ထက်မြက်တဲ့ ဘောလုံးသမားတွေ ပါဝင်နေပြီး သမိုင်းအစဉ်အလာ ကြီးမားတဲ့  အသင်းတွေတွေ့ ဆုံမှုကြောင့်  စိတ်ဝင်စားစရာကောင်းနေ တာတော့ အမှန်ပါပဲ။
တကယ်တော့ ဘီလ်ဘာအိုတို့ ဟာ စပိန်ဘုရင့် ဖလား ဘောလုံးပြိုင်ပွဲစတင်ခဲ့ တဲ့  ၁၉၀၃ ခုနှစ်မှာပဲပထမဆုံးဗိုလ်စွဲခဲ့တဲ့အသင်းဖြစ်ပြီး အခုအချိန်အထိ စပိန်ဘုရင့်ဖလားပွဲသမိုင်းတစ်လျှောက်မှာ ဂိုးအများဆုံး၈၁ ဂိုးသွင်းယူခဲ့ တဲ့ တိုက်စစ်မှူးဇာရာဆိုတာကလည်း ဘီလ်ဘာအိုအသင်းက ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်  စပိန်ဘုရင့် ဖလားပြိုင်ပွဲမှာသမိုင်းအစဉ်အလာ ကြီးမားတဲ့  နှစ်သင်းတွေ့ဆုံတဲ့ပွဲဖြစ်တာမို့ နာမည်ကြီး ဘာစီလိုနာတို့ လွယ်လွယ်ကူကူ နိုင်ပွဲရယူဖို့လွယ်မှာ မဟုတ်သလိုအကြိတ်အနယ်နွှဲရမယ့်ပွဲကောင်းတစ်ပွဲအဖြစ် အားပေးရဦးမှာဖြစ်ပါတယ်။ ။ 

+မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)