ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 16, 2015

=== “ ဟဲ့ ပလုတ်တုတ် ”=== “

>

သမီး သမီး.. ညက ၂ချက်ခွဲလောက်ကြီး ရေထချိုးတာ သမီးမဟုတ်လား။ ”
 နေ့လည်စာစားအပြီး ဆွမ်းစားဆောင်ကနေ အိပ်ခန်းဆောင်ကိုရောက်တော့ ကုတင်လေးပေါ် ခဏလှဲဦးမှဆိုပြီး ဝင်အထိုင်မှာ ညာဖက်ဘေးကုတင်က အန်တီကြီးက စကားလာပြောတယ်။ စကားပြန်ပြောလို့ တစ်ယောက်ယောက်မြင်သွားရင် မြတ်ပန်းနွယ်က စည်းကမ်းမလိုက်နာဘူးဆိုတာ လူသိမယ်လေ။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း စိတ်ထဲမှာ မိုးရွာလို့ပဲ ပျော်ပျော်၊ သီချင်းပဲ ဆိုဆို လူသိတာမှ မဟုတ်တာပဲ။ ကိုယ့်မှာ တရားစခန်းရောက်တာမှ ၃ရက်မြောက်ပဲ ရှိသေးတယ် မဟုတ်လား။ လူသိရှင်ကြား စည်းကမ်းဖောက်ရမှာ မရဲသေးတာနဲ့ အသာလေး ခေါင်းငြိမ့်ပြလိုက်တယ်။

 “ သမီးရေချိုးနေတုန်းပေါ့။ အန်တီ အပေါ့သွားချင်တာနဲ့ နိုးလာတယ်။ အဲတာ ဘေးမှာ သမီးလည်း မရှိ၊ ရေချိုးခန်းဖက်မှာလည်း ရေချိုးနေသံကြားတော့ သမီးရေချိုးနေတာပဲ ဆိုပြီး စိတ်ဖြေတွေးရင်း ကြောက် ကြောက် ကြောက် ကြောက်နဲ့ အိမ်သာဖက်ကို ထွက်လာခဲ့တယ်။ ” သူက တရစပ် ပြောနေတယ်။ ကျွန်မလည်း သူပြောနေတာကို ကြားတယ်၊ ကြားတယ်လို့ စိတ်မှာမှတ်ရင်း နားထောင်နေရတာပေါ့။ “ အန်တီက သရဲ တအားကြောက်တတ်တာလေ။ ဒီကျွန်းကလည်း သိပ်ကြမ်းတယ်လို့ နာမည်ကြီးတယ် မဟုတ်လား။ ” ကျွန်မ ပြုံးပြီးခေါင်းငြိမ့်ပြလိုက်တယ်။ စိတ်ထဲမှာတော့ ဟိဟိ တရားစခန်းလာတာတောင် သရဲကကြောက်နေသေးတယ်။ ဘယ်လိုကြီးပါလိမ့် ပေါ့။ ကြားတယ် ကြားတယ် မှတ်နေရဲ့သားနဲ့တောင် သူတစ်ပါးကို ကဲ့ရဲ့စိတ်တွေ ဝင်လာပုံက အဲလို။ “ အဲတာ ရေချိုးခန်းထဲမှာ သမီး ရှိတယ်လို့ အန်တီ့ကိုအန်တီ အားပေးပြီး အိမ်သာသွားတာပေါ့။ ” “ ဟိုရောက်တော့ သမီးရယ်.. အပေါ့သွားနေတုန်းလေ ဘေးအိမ်သာခန်းထဲကနေ ရေဆွဲချသံကြီးက ဝေါဆိုပြီး ထွက်လာပါရော။ ” “ အန်တီ့မှာ အလန့်တကြားနဲ့ ထဘီမပြီး ပြေးရတာ .. ” “ ကန်တော့ပါရဲ့သမီးရယ် ” “ ဟိုလေေ_းတောင် မဆုံးလိုက်ဘူး .. အဟဲဟဲ .. ” “ အယ်.. ဟီး ဟီး ဟီး .. ”

ထဘီကြီးကို မကာ မကာနဲ့ အခုပဲ သရဲနဲ့ တွေ့လာသလိုလို လုပ်ပြနေတဲ့ အန်တီကြီးရဲ့ စကားလည်း ဆုံးရော ကျွန်မမှာဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘဲ တဟီးဟီး ရယ်ချလိုက်မိတော့တယ်။ ကြားတယ် ကြားတယ် မှတ်နေရှာတဲ့ စိတ်ကလေးမှာလည်း အလန့်တကြားနဲ့ ထွက်ပြေးလွင့်စင်သွားရတော့တာပဲ။ အန်တီကြီးကလည်း မထားတဲ့ တဘီကို မချသေးဘဲ တဟဲဟဲနဲ့ ဆက်ရယ်နေတယ်။ ကျွန်မကလည်း တဟီးဟီးနဲ့ ရယ်နေမိတာများ သွားသုံးဆယ့်နှစ်ချောင်းစလုံး အအေးပတ်တော့မတတ်ပါပဲ။ ကိုယ့်ဘာသာ အာပြဲနဲ့ရယ်ပြီးမှ မလုံသလိုသလို ဖြစ်လာလို့ ဟိုသည်လှည့်ကြရတယ်။ အဆောင်ထဲက တချို့ယောဂီတွေက မြတ်ပန်းနွယ်တို့ကို ကွက်ကြည့် ကွက်ကြည့်။ တစွန်းတစ ကြားလိုက်ပုံရတဲ့ ယောဂီတစ်ချို့ကတော့ ပြုံးစိ ပြုံးစိ။

 “ နောက်ဆို အန်တီကြောက်ရင် သမီးကို နှိုးလေ။ သမီးက အအိပ်လည်း ဆတ်ပါတယ်။ ကြောက်လည်း မကြောက်တတ်ပါဘူး။ ”  

သူ့တို့ဘာသာ ကြည့်ချင်ကြည့်၊ စိချင်စိ စကား ပြောလက်စနဲ့တော့ မထူးတော့ပါဘူးလေဆိုပြီး မ သဘောကောင်းကြီး လုပ်ပစ်လိုက်တယ်။ ပြီးတော့ အန်တီက ဘယ်သူလဲ၊ ဘယ်မှနေလဲ၊ သမီးကရော ဘယ်မှာနေလဲ ဘာညာဆိုပြီး အာလာပသလာပတွေနဲ့ လူမှုဆက်ဆံရေး ဘယ်လောက်တော်ကြောင်းတွေ ပြကြတာပေါ့။ စကားမပြောရတာ နှစ်ရက်ကျော်၊ သုံးရက်မြောက်ဖြစ်နေပြီမို့ တစ်သက်လုံး ပေါက်ပေါက်ဖောက်သလို စကားများလာတဲ့ ပါးစပ်ကလည်း သိပ်ယားနေပြီ မဟုတ်လား။ တချို့တချို့တွေလည်း မြတ်ပန်းနွယ်တို့ကို ကြည့်ပြီး မချင့်ရဲဖြစ်လာတယ် ထင်ပါရဲ့။ စကားဝိုင်းထဲ ဝင်လာပြောကြတယ်။ ကျွန်မလည်း မကြောက်တတ်ဘူး။ ကျွန်မကို နှိုးချင်လည်း ရတယ် တို့။ အန်တီလည်း ကြောက်တတ်လို့ နှိုးမယ် တို့ ပေါ့။
ဘာနှိုးတာလဲ။ ဘာပြောတာလဲ ဘာပြောတာလဲ ဆိုပြီး မကြားလိုက်ရတဲ့ ယောဂီတစ်ချို့က စပ်စုတာနဲ့ အန်တီကြီးကလည်း မမောနိုင် မပမ်းနိုင်ဘဲ ထဘီကြီး မ ကာ မ ကာနဲ့ အစအဆုံး ပြန်ပြောတော့တာပေါ့။ အန်တီကြီးကို ပတ်လည်ဝိုင်းလို့ ယောဂီတွေက စိတ်ဝင်တစား နားထောင်နေကြတယ်။ “ ဟိုရောက်တော့ပေါ့ကွယ်.. အပေါ့သွားနေတုန်းလေ ဘေးအိမ်သာခန်းထဲကနေ.. ” သရဲကြောင်းက ကောင်းခန်းရောက်နေပြီဆိုတော့ နားထောင်နေတဲ့ ယောဂီတွေလည်း တုပ်တုပ်မှမလုပ်တော့ဘူးပေါ့။ “ ဒူ . . . . ” 
အဲသည်မှာပဲ တရားထိုင်တဲ့ နေရာကို ပြန်လာဖို့ အချက်ပေးတဲ့ ကြေးစည်ထုသံက ထွက်လာပါရောလေ။ ကြေးစည်ထုသံလည်း ကြားလိုက်ရရော ငြိမ်ပြီး နားထောင်နေတဲ့ ယောဂီတွေ ဆတ်ခနဲ တုန်တက်သွားပြီး ယောင်တဲ့သူကယောင်၊ လန့်အော်တဲ့သူက အော်ပေါ့။ အာပေါင်ရင်းသန်သန်နဲ့ ပြောနေတဲ့ အန်တီကြီးခမျာ လန့်ဖျပ်သွားလိုက်ပြီး ယောင်လိုက်ပုံများ " ဟဲ့ ပလုတ်တုတ်၊ သောက်သရဲကြီး ငုတ်တုတ် " ပါတဲ့ ရှင်။

 လေးစားစွာဖြင့် 

+မြတ်ပန်းနွယ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)