ဂန့် နေတာကို တပ်မှူး၊တပ်သားတွေစိတ်ဓာတ်ကျမှာစိုးလို့ ကင်းရင်းရွာရောက်မှ ကွယ်လွန်ကြောင်းအားလုံးကိုအသိပေးတဲ့သဘောပါပဲ။) ယိုးဒယား(ထိုင်း)ကိုတကယ်စစ်နိုင်ပြီးပက်ပက်စက်စက်၊ရက်ရက်စက်စက် လုပ်ခဲ့သူကဆင်ဖြူရှင်(ခေါါ်)မြေဒူးမင်းပါ။ယိုးဒယား(ထိုင်း)ကိုဝါးရင်းတုတ်နဲ့ တိုက်တယ်ဘာညာနဲ့ ပေါက်ကရလေးဆယ်အမျိုးသားရေးငကြောင်တွေ မဖြစ်စေလိုပါဘူး။သမိုင်းစစ်၊သမိုင်းမှန်ကိုလက်ခံပြီးအိမ်နီးချင်းထိုင်းနိုင်ငံ ဟာတော့ဖြင့်ဘူမိဘောဘုရင်ရဲ့ လက်အောက်မှာဘယ်အစိုးရတက်တက် ဖွံ့ ဖြိုးတိုးတက်အောင်စီမံစွမ်းဆောင်ရာကနေအာရှကျားတစ်ကောင် (အာရှစီးပွားရေးထွန်းသစ်စနိုင်ငံ)ဖြစ်လာတာပဲရယ်လို့ မုဒိတာ ပွားများကြရမှာပါ။ နောက်ထပ်အထူးသတိပြုရမှာကထိုင်းနိုင်ငံမှာမိခင်ထိုင်းနိုင်ငံသားတွေ မလုပ်ကြတဲ့အလုပ်ကြမ်းအလုပ်တွေဖြစ်ကြတဲ့ညစ်ပတ်ပေရေတဲ့ အလုပ်(Dirty)၊ခက်ခဲကြမ်းတမ်းတဲ့အလုပ်(Difficult)၊အန္တရာယ်ရှိတဲ့ အလုပ်(Dangerous)စတဲ့3Dအလုပ်တွေကိုထိုင်းဥပဒေအတိုင်းအပြည့်အ၀ ရရှိတဲ့သူက၃သန်းမှာ၁သန်းတောင်မပြည့်ပါဘူးဗျာ။ အဲဒီလိုအကြောင်းကြောင်းသောအကြောင်းကြောင်းတွေကြောင့် ထိုင်းရဲကလမ်းမှာစစ်ဆေးရင်**ချူးအလိုင်(မင်းနာမည်ဘာလဲ)** ဆိုရုံလောက်နဲ့ **အောင်ဇေ**ဆိုတာလောက်နဲ့ **အောင်ဇေယျ**အထိ ဆုံးအောင်တောင်မပြောလိုက်နိုင်သေးခင်မှာ*ဖျောင်းကနဲ*ပါးပြင်ပေါါ်ကျလာတဲ့ လက်ဝါးစာမျိုးထိတဲ့ဖြစ်ရပ်ဆိုးတွေအများကြီးရှိခဲ့တယ်။ အဲသဟာကြောင့်သူတို့ (ထိုင်း)တွေကလည်း*ဆင်ဖြူရှင်*ဆိုတာ *အောင်ဇေယျသား*ပဲဆိုပြီးအငြိုးအတေးလွှဲမှားစွာထားကြပုံရပါတယ်။ ဆိုရရင်သူတို့ ထိုင်းတော်တော်များများလည်းသမိုင်းမှားကိုသိနေ၊ လက်ခံနေကြတာပါပဲ။
သဟာတွေကြောင့်မြန်မာနိုင်ငံချစ်စိတ်အထွတ်အထိပ်ရောက်ချင် ရောက်ကြပါ။ဒီနေ့ ည
စကာံပူမှာကန်မယ့်ထိုင်း-မြန်မာယူ-၂၃ဘောလုံး ပွဲမှာတော့ဖြင့်ယိုးဒယားစစ်ပွဲမှာစစ်ရှုံးပြီးအပြန်ဂန့် သွားတဲ့စစ်ဘုရင် ဦးအောင်ဇေယျပုံကိုတော့ဖြင့်ကျေးဇူးပြုပြီးဘယ်နေရာမှအသုံးမပြုစေ လိုပါဘူး။ နဂိုအလိုလိုကမှမဲဆောက်ရဲ၊မဟာချိုင်ရဲ၊ဖူးခက်ရဲ၊စူ၇တ်ဌာနီရဲ..စသဖြင့် ထိုင်းနိုင်ငံတနံတလျားကရဲအမျိုးမျိုးရဲ့ အထောက်အထားစစ်ဆေးတာကို အကြောင်းပြုပြီးဒို့ မြန်မာရွှေ့ ပြောင်းလုပ်သားတွေအနိုင်ကျင့်ခံနေရတဲ့ကြားထဲမှာ
*မြွေပူရာကင်းမှောင်ံလုပ်ရပ်မျိုး၊တစ်ပူပေါါ်နှစ်ပူဆင့်လုပ်ရပ်မျိုး* ကိုအသိနဲ့ သတိပေါင်းစပ်ပြီးဆင်ခြင်ပေး၊စာနာပေားကပါလို့ အနူးအညွတ် ပန်ကြားပါရစေ.။ ကျနော်တို့ အမြင်ကတော့ဘောလုံးဟာလုံးတယ်။မြန်မာပဲနိုင်နိုင်၊ထိုင်းပဲနိုင်နိုင် အားကစားစိတ်ဓာတ်အပြည့်အ၀နဲ့ ယှဉ်ပြိုင်ကြတာ၊ရင်ဆိုင်ကြတာပဲမြင်လိုပါတယ်။ သမိုင်းအမှားသိနဲ့ မိမိဟာသတိတချက်လွတ်ခဲ့ရင် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ ပြောင်းလုပ်သား ၃သန်းကျော်(သိန်း၃၀ကျော်)ဟာစိတ်ပိုင်း၊ရုပ်ပိုင်းနလန်ထူနိုင်တော့မှာ မဟုတ်ကြောင်းမီးမောင်းထိုးပြပါရစေ။
.......................
+သောင်ရင်းနဂါး+

No comments:
Post a Comment