ထမင်းမစားရလို့ ဝယ်စားကြရသတဲ့
၃ညအိပ်၎ရက်ကြာလာတော့ ပါလာတဲ့ငွေလည်းခန်း လူတွေလည်းနွမ်းခဲ့ရပါပြီမြန်မာရွှေ့ ပြောင်းလုပ်သားတွေရေ..။
ကျနော်ကျမတို့ ထမင်းမစားရပါဘူး
ကျနော်ကျမတို့ ထမင်းမစားရပါဘူး
ကျနော်ကျမတို့ ထမင်းမစားရပါဘူး
ဘယ်မြန်မာသံရုံးမှလည်းမလာပါဘူး
ဘူး...ဘူး..ဘူး ညည်းတွားသံတွေ
ရဲအချုပ်ခန်းမှာဆူညံခဲ့ပါပေါ့.။
ပန်းရောင်ကဒ်ရှိသူကျနော်ကျမတို့ ဟာ
ဘန်ကောက်မြန်မာသံရုံးက၁၀၀၀ဘတ်ပေးရတဲ့ ခရီးသွားထောက်ခံစာနဲ
့အရင်ကလိုပဲသွားလို့ ရတယ်မှတ်လို့ သွားခဲ့ကြတာပါ
အခုလိုသံရုံးထောက်ခံစာကြီးရှိပါရက်နဲ့ အဖမ်းခံရချိန်မှာ
သံရုံးကဘာလုပ်နေတာတုန်း
မဲဆောက်တရားရုံးကထောင်ဒဏ်၁၀ရက်နဲ့ ညီမျှတဲ့
ကျနော်ကျမတို့ ငွေဒဏ်၂၀၀ဘတ်ကိုမတတ်နိုင်ပါဘူး
မြန်မာသံရုံးကအခုထိလည်းမလာ..မလာပါဘူး
ဘယ်တော့များမှလာမှာလဲ
၂၀၀၀ဘတ်မပေးနိုင်ရင်ထောင်ဒဏ်၁၀ရက်ပေါ့
အခုပဲ၎ရက်မြောက်ရှိနေပါပြီလေ။
ဟောဒီဆရာမိုးလက်က
မင်းတို့ ရွှေ့ ပြောင်းလုပ်သားတွေအတွက်အားဆေးတစ်ခွက် သူဝေငှနေတာထမင်းနဲ့ဟင်းတင်မဟုတ်ဘူးဟေ့
-နှလုံးသားနဲ့ ရင်ဘတ်နဲ့ ဝေငှနေတာယုံ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+ဒီလျှပ်စီး+ **မဲဆောက်ရဲအချုပ်ခန်းထဲက

+ဒီလျှပ်စီး+
No comments:
Post a Comment