ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 30, 2015

==ကလေးများအတွက်အကျင့် စရိုက်အဆိုးရွားဆုံးအနုပညာရှင်မိုင်လီဆိုင်းရပ်စ်နှင့် ယခုလအတွင်းဟိုအကြောင်း၊ဒိအကြောင်း၊သူတို့ အကြောင်း==

>

**ကလေးများအတွက်အကျင့် စရိုက်အဆိုးရွားဆုံးသောအနုပညာရှင်အဖြစ် မိုင်လီဆိုင်းရပ်စ်အား ရွေးချယ်**

အမေရိကန်ပေါ့ပ်အဆိုတော် မိုင်လီဆိုင်းရပ်စ်သည် အမျိုးသမီးအနုပညာရှင်များအနက် ကလေးများအတုယူမိပါကအကျင့် စရိုက်ဆိုးများကိုသာ လွှမ်းမိုးနိုင်မည့်  အဆိုးရွားဆုံးသော အနုပညာရှင်အဖြစ် ဗြိတိန် မိဘများက ရွေးချယ်ပေးခဲ့သည်။ ဗြိတိန်နိုင်ငံရှိ အသက်(၁၀)နှစ်အောက်ကလေးရှိသော မိဘ ၂၂၈၇ ဦးကို ကလေးများအတွက် နမူနာယူစရာ အဆိုးရွားဆုံးအနုပညာရှင်ကို မေးမြန်းစာရင်းကောက်ယူခဲ့ရာ မိဘများ၏ ၇၈ရာခိုင်နှုန်းက အဆိုတော် မိုင်လီဆိုင်းရပ်စ်ကို ရွေးချယ်ဖြေကြားခဲ့ သည်။
မိုင်လီကို ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ အကြောင်းပြချက်ကို မေးမြန်းရာတွင် မိဘအများစုက မိုင်လီသည် ၀တ်စား ဆင်ယင်ရာတွင် အသားများကို အလွန်အမင်း ဖော်ပြ၀တ်ဆင်သောကြောင့် ဖြစ်ကြောင်း ဖြေကြားခဲ့ သည်။ ဒုတိယအဆိုးရွားဆုံးအနုပညာရှင်အဖြစ် ကင်မ်ကားဒစ်ရှန်း၊ တတိယနေရာတွင် Twillight မင်းသမီး ခရစ်စတင်းစတူးဝက်ထ်နှင့် စတုတ်္ထနေရာတွင် ပေါ့ပ်ဘုရင်မ ရီဟားနားတို့ ကို ရွေးချယ်ခဲ့ ကြသည်။

အဆိုးရွားဆုံးသော အမျိုးသားအနုပညာရှင်အဖြစ် ရက်ပ်အဆိုတော်ကန်ရီဝက်စ်ထ် အရွေးချယ်ခံရသည်။ ဒုတိယအဆိုးရွားဆုံးအဖြစ် ဂျက်စတင်ဘီဘာ၊ တတိယနေရာတွင် ဂျိုးအက်စက်စ်နှင့်  စတုတ်္ထနေရာတွင် ဇန်မာလိခ်တို့ အရွေးချယ်ခံခဲ့ ရသည်။ အကောင်းဆုံးသော စံပြအမျိုးသမီးအဖြစ် ကမ်းဘရစ်ရှ်မြို့စားကတော် ကိတ်မစ်ဒယ်တန်ကို ရွေးချယ်ခဲ့ ကြပြီး ပေါ့ပ်အဆိုတော်တေလာဆွစ်က ဒုတိယနေရာကိုရရှိထားသည်။ အမျိုးသားများအနက် ပေါ့ပ်အဆိုတော်အက်ဒ်ရှီရန်ကို စံပြအနုပညာရှင်အဖြစ် ရွေးချယ်ခဲ့ ကြသည်။ Formula Oneကမ်္ဘာ့ချန်ပီယံ လူးဝစ်ဟာမင်တန်က အမျိုးသားများအနက် စံပြအဖြစ် ဒုတိယအများဆုံးမဲပေးခံခဲ့ရသည်။(အေးပြည့်)

**ရုပ်ရှင်ဒါရိုက်တာ တစ်ဦးအနေဖြင့်တက်ရောက်မည့်ယွန်းအန်ဟေး**

 မြန်မာပရိသတ်ရင်ထဲသို့ ““Coffee Prince””ရုပ်ရှင်ဖြင့်  စတင် နေရာယူဝင်ရောက်လာခဲ့သော တောင်ကိုရီးယားမင်းသမီးချော ယွန်းအန်ဟေးသည် တောင်ကိုရီးယားနိုင်ငံဘူဆန်မြို့ တွင် ကျင်းပမည့်  အကြိမ် (၂၀) မြောက် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်သို့  ရုပ်ရှင်ဒါရိုက်တာ တစ်ဦးအနေဖြင့်  တက်ရောက်မည်ဖြစ်သည်။ ဘူဆန်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် (BIFF)က ထုတ် ပြန်သည့် စာရင်းအရ ““wide Angle””ရုပ်ရှင်များစာရင်းတွင် ယွန်း အန်ဟေးရိုက်ကူးခဲ့သည့်  ““Red Eye””ရုပ်ရှင်ကို ဇာတ်လမ်းတို ရုပ်ရှင်တစ်ခုအဖြစ် ပါဝင်ပြသခွင့် ရခဲ့ ခြင်းဖြစ်သည်။  
ယွန်းအန်ဟေးသည် အဆိုပါ ရုပ်ရှင်ပွဲတော် သို့  သူပါဝင်သရုပ်ဆောင်ခဲ့ သည့်  ဇာတ်လမ်းတို ရုပ်ရှင်အတွက် မင်းသမီးတစ်ဦးအဖြစ် တက်ရောက်ခဲ့ ဖူးပြီး ဒုတိယမြောက် အကြိမ်တွင်မူ ဒါရိုက်တာ တစ်ဦး အဖြစ် တက်ရောက်ခွင့်ရခဲ့ ခြင်းဖြစ်ကာ ကမ်္ဘာတစ်ဝန်းရှိ အနုပညာရှင်များ ရှေ့ မှောက်တွင် 
သူ၏ဒါရို က်တာ အရည်အသွေးကို ချပြခွင့် လည်း ရရှိခဲ့ ပြီဖြစ်သည်။ အဆိုပါ ရုပ်ရှင်ပွဲတော်ကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ဘူဆန်စင်းနီးမားစင်တာ တွင် ၁၀ ရက်ကြာကျင်းပသွား မည်ဖြစ်သည်။ (အေးပြည့်) 

** လေဗာကူဆင်အသင်းမှ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်အားစပါးခေါ်ယူ** 

စပါးအသင်းသည် ဂျာမန်ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းမှ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်အား စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။ အသက်(၂၃)နှစ်အရွယ်ရှိ တိုက်စစ်မှူး ဆွန်ယောင်မင်သည် ၂၀၁၃ ခုနှစ်တွင် ဟမ်းဘက်အသင်းမှ လေဗာကူဆင်အသင်းသို့  ပြောင်းရွှေ့ လာခဲ့ သူဖြစ်ပြီး လေဗာကူဆင် အသင်းသို့ ပြောင်းရွှေ့လာခဲ့ချိန်မှစတင်ကာ ပွဲပေါင်း ၈၇ ပွဲပါဝင်ကစားပေးခဲ့ ကာ သွင်းဂိုး ၂၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ သည်။ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ယောင်မင်သည် စပါးအသင်းသို့  ပြောင်းရွှေ့ ကြေးပေါင် ၂၂ သန်း ဖြင့်  ပြောင်းရွှေ့ လာခဲ့ သူဖြစ်ပြီး စပါးအသင်းတွင် ၂၀၂၀ ခုနှစ်အထိ ဆက်ရှိနေမည့် စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ ခြင်းဖြစ်သည်။

 စပါးအသင်းသည် ၀က်စ်ဘရွန်းကစားသမား ဘရာဟီနိုကို ခေါ်ယူရန် နှစ်ကြိမ်တိုင်တိုင်ကမ်းလှမ်းမှုများပြုလုပ်ခဲ့ သော်လည်း ၀က်စ်ဘရွန်းအသင်းအနေဖြင့်  ဘရာဟီနို အား ရောင်းချလိမ့် မည်မဟုတ်ကြောင်း ပြောကြားခဲ့ ခြင်းကြောင့်  လေဗာကူဆင်တိုက်စစ်မှူးး
ဆွန်ယောင်မင်အား ခေါ်ယူခဲ့ ခြင်းဖြစ်သည်။ တိုက်စစ်မှူးး ဆွန်ယောင်မင်သည် ၂၀၁၄ ခုနှစ်က ဘရာဇီးနိုင်ငံ၌ ကျင်းပခဲ့ သည့်  ကမ်္ဘာ့ဖလားပြိုင်ပွဲတွင် အယ်လ်ဂျီးရီးယားအသင်းနှင့်  ကစားခဲ့ သည့် ပွဲ အပါအ၀င် တောင်ကိုရီးယားအသင်းအတွက် ပွဲပေါင်း ၄၄ ပွဲပါဝင်ကစားပေးခဲ့ ပြီး သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ သူဖြစ်သည်။ လက်ရှိတွင် တောင်ကိုရီးယားတိုက်စစ်မှူးး ဆွန်ယောင်မင်သည် စပါးအသင်းသို့  ပြောင်းရွှေ့ ရန်စာချုပ်ချုပ်ပြီးခဲ့ ပြီဖြစ်သောကြောင့်  စပါးအသင်းတွင် ကျောနံပါတ် ၇ အင်္ကျီကို ၀တ်ဆင်ကစားမည်ဖြစ်ကြောင်းလည်း သိရသည်။ (နိုင်လင်းကြည်) 

**ဂျွန်စတုန်းအားမည်သည့်အသင်းသို့ မျှရောင်းချမည်မဟုတ်** 

အသက်(၂၁)အရွယ်သာရှိသေးသည့်  အဲဗာတန်နောက်ခံလူဂျွန်စတုန်းအားချယ်လ်ဆီး က စတုတ်္ထအကြိမ်အဖြစ်ပေါင်သန်း ၄၀ဖြင့် ကမ်းလှမ်းခဲ့ ရာ အဲဗာတန်အသင်းက ပယ်ချခဲ့ ပြီး နောက် နည်းပြမာတီနက်ဇ်က အဆိုပါကစားသမားကို နွေဈေးကွက် အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းသည်အထိ မည်သည့်အသင်းသို့ မျှရောင်းချမည်မဟုတ်ကြောင်း ဆိုသည်။ 

ဂျွန်စတုန်းကိုယ်တိုင်ကလည်း အဲဗာတန်အနေဖြင့်  သူ့ အားပြောင်းရွှေ့ ကြေးပေါင်သန်း ၃၀ ခန့် ရလျှင်ပင် ထွက်ခွာခွင့်ပေးသင့် ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းကပင်ပြောကြားခဲ့သေး သည်။ ဂျွန်စတုန်း၏တောင်းဆိုမှုအား ပယ်ချခဲ့ ပြီး ဖြစ်သည်ဟု အဲဗာတန်က ဘန်စလေအား အနိုင်ရရှိခဲ့ သည့်  ကပ်ပီတယ်ဝမ်းဖလားအပြီးတွင် အဲဗာတန်နည်းပြ မာတီနက်ဇ်က မီဒီယာများသို့  အသိပေးပြောကြားခဲ့ သည်။ 
မာတီနက်ဇ်က ဂျွန်စတုန်းမှာ ငယ်ရွယ်သူဖြစ်သည့် အတွက်ကြီးမားသည့်  ဖိအားဒဏ်ကို မခံနိုင်၍ ယင်းသို့ တောင်းဆိုခြင်းဖြစ်ကြောင်း၊ စတုန်းကဲ့ သို့  အတွေ့ အကြုံရှာဖွေရန် လိုအပ်နေ သည့် အရွယ်တွင် အဲဗာတန်မှာအသင့် လျော်ဆုံးကလပ်အသင်းပင်ဖြစ်ကြောင်း၊ အသင်းပိုင်ရှင် မှာလည်း စတုန်းအားမည်သို့မျှရောင်းချမည်မဟုတ်ကြောင်း တုံ့ ပြန်ပြောကြားခဲ့သည်။

 ချယ်လ်ဆီးသည် ဂျွန်စတုန်းအားခေါ်ယူရန် အပြောင်းအရွှေ့ ကာလတရားဝင်မဖွင့် လှစ်မီကတည်းကပင် ချဉ်းကပ်နေပြီး သုံးကြိမ်တိုင်ကမ်းလှမ်းမှုမှာ ပယ်ချခံခဲ့ ရပြီးနောက် နောက်တစ်ကြိမ်ထပ်မံကမ်းလှမ်းလာခဲ့ ခြင်းဖြစ်သည်။ ကစားသမားကိုယ်တိုင်က ယခင်က နှုတ်ဆိတ်နေခဲ့ သော်လည်း နောက်ပိုင်းတွင် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ ခွင့် ပေးရန် အဲဗာတန် တာဝန်ရှိသူများအား တောင်းဆိုခဲ့ သည်။ (မေလဲ့သင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)