ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 26, 2015

=ဆုံးပါးသွားခဲ့သော်လည်းရေးသားခဲ့သောပြည်သူ့အကျိုးပြု စာပေများစွာရှင်သန်ထုတ်ဝေနေဆဲရှိနေသည့်လူထုဒေါ်အမာ=

>

 မြန်မာ စာပေလောကတွင် စွယ်စုံရစာပေပညာရှင်ကြီး
လူထုဒေါ်အမာသည် အသက် ၉၃ နှစ်အရွယ် ၂၀၀၈ ခုနှစ်
ဧပြီလ ၇ ရက်နေ့တွင် ဆုံးပါးသွားခဲ့သော်လည်း
 ဆရာမကြီးရေးသားခဲ့ သော ပြည်သူ့အကျိုးပြု စာပေများစွာ
တို့ မှာ ယနေ့အချိန်အထိ စာအုပ် အဖြစ် ထုတ်ဝေနေရဆဲ
ပင်ဖြစ် ကြောင်း ၁၉၉၅ ခုနှစ်မှစ၍ အယ်ဒီတာတာဝန်ဖြင့်
ယနေ့အချိန်အထိ လူထုပုံနှိပ်တိုက်တွင် တာဝန်ယူ
 ဆောင်ရွက်နေသည့် ဆရာညီစေမင်းက ပြောသည်။

 ““ဒေါ်ဒေါ်က စာရေးနေရရင် ကျေနပ်နေသလို စာရေးပါ
လို့ လည်း တိုက်တွန်းပြီး စာရေးဆရာတွေကိုလည်း
 အားပေးကူညီတတ်သူပါ။ သူပြုစုပျိုးထောင်ပေးခဲ့ တဲ့ 
 စာရေး ဆရာတွေ မြန်မာပြည်အနှံ့မှာ အများကြီးရှိပါတယ်။
သူရေးခဲ့ တဲ့ စာအုပ်တွေထဲမှာအကောင်းဆုံးနဲ့ 
 အမှတ်တရအဖြစ်ဆုံးက ပြည်သူချစ်သော အနုပညာသည်များ
 စာအုပ်ပါ။ စာပေဆုရလို့  ပြောတာ မဟုတ်ပါဘူး။
သူ့ရဲ့အားထုတ်မှုတွေကို ဒီစာအုပ်မှာတွေ့ရမှာဖြစ်ပါတယ်။
 ထူးခြားချက်အနေနဲ့  ပြောရမယ်ဆိုရင် သူ့ ဆုံးပါးသွား
ခဲ့ ပေမယ့်သူရေးသားခဲ့ ပြီး မထုတ်ရသေးတဲ့စာမူတွေနဲ့
မဂ်္ဂဇင်းတွေမှာရေးသားခဲ့ တဲ့  ဆောင်းပါးတွေကို
အခုအချိန်အထိ စာအုပ်အဖြစ် ထုတ်ဝေနေရဆဲပါပဲ””
ဟု ၎င်းက ပြောသည်။  

၁၉၃၆ ခုနှစ် တက်္ကသိုလ် ကျောင်းသူဘ၀မှစ၍ ကျောင်းသား
သပိတ်နှင့် ဖက်ဆစ်ဆန့်ကျင်ရေးများတွင်ဗိုလ်ချုပ်အောင်ဆန်းနှင့် 
အတူ ပူးတွဲ၍ လွတ်လပ်ရေး အတွက်တိုက်ပွဲဝင်ခဲ့ ပြီး
 ၁၉၄၅ ခုနှစ် ဇူလိုင်လတွင် လူထုဂျာနယ်ကို စာနယ်ဇင်းလောက
တွင် ပထမဆုံး စတင်ထုတ်ဝေ၍ ပြည်သူဘက်မှ ရပ်တည်ကာ 
နယ်ချဲ့ ဆန့် ကျင်ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေး လုပ်ငန်းများ 
ကို စာပေအရေးအသားများဖြင့် ရဲရဲတောက်ရေးသားခဲ့သော
 လူထု ဒေါ်အမာကဲ့သို့ ပုဂ်္ဂိုလ်မျိုး ဆုံးပါး သွားခြင်းသည်
 မြန်မာပြည်၏ ထင်ရှားသောပုဂ်္ဂိုလ်တစ်ဦးအဖြစ်
 မေ့ပျောက်၍ မရနိုင်ကြောင်း မန်္တလေးမြို့မှ သတင်းစာ
ဆရာကြီး မောင်သစ်လွင် (လူထု )က ပြောသည်။ 
 ““ဒေါ်ဒေါ်ရဲ့ စာအုပ်တွေ အများ ကြီးထဲကTrial in Burma ဆိုတဲ့ 
 စာအုပ်ကိုဗမာပြည်တွင် စစ်ဆေး ခဲ့ သောအမှုအခင်းများဆိုပြီး 
၁၉၃၈ ခုနှစ်မှာ ပထမအကြိမ် ဘာသာပြန် ထုတ်ဝေခဲ့ သော
 စာအုပ်လေးဟာ သူရဲ့  ပထမဆုံးထုတ်ဝေတဲ့  စာအုပ်လေးဖြစ်တဲ့
အပြင် သူ့အတွက် အောင်မြင်တဲ့  စာနယ်ဇင်းသမားဖြစ် ဖို့  
တွန်းပို့ လိုက်တဲ့ စာအုပ်လေး အဖြစ် အမှတ်တရအရှိဆုံး
စာအုပ် လေးပါပဲ။ ဒေါ်ဒေါ်နဲ့  လူထုဦးလှတို့  ဆိုတာက 
စာနယ်ဇင်းလုပ်ငန်းနဲ့ ပတ်သက်ရင် အဘရဲ့ ကန့်ကူ
လက်လှည့် ဆရာတွေ ဖြစ်တဲ့အပြင် မန်္တလေးရဲ့ပုံရိပ်ကို
 ပေါ်လွင်စေတဲ့ ပုဂ်္ဂိုလ်တွေဖြစ်တာကြောင့်  သူတို့ 
 ဆုံးပါးသွား
တာ အလွန်နှမြောစရာ ကောင်းလှပါတယ်”” 
ဟု ၎င်းက ပြောသည်။

ထို့ အပြင် လူထုဒေါ်အမာသည် စာရေးဆရာ တစ်ဦးသာမက 
သတင်းစာဆရာတစ်ဦးအဖြစ် သူ့ ခေတ် သူ့ အခါတွင်
 အမျိုးသမီးများထဲရှားရှားပါးပါးပေါ်ပေါက်ခဲ့ ပြီး လူထုသတင်းစာ
၏ အယ်ဒီတာတစ်ဦးအနေဖြင့် နိုင်ငံတကာသုံးသပ်ချက်
 ဆောင်းပါးများကို တောက်လျှောက်ရေးသား
ပေးခဲ့ သည့်  သတင်းစာဆရာမကြီးအဖြစ် လေးစားစရာကောင်း
သည့်အပြင် စာရေး ဆရာတစ်ယောက် အနေဖြင့်လည်း 
ဘာသာပြန်ဝတ်္ထုများ၊ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ 
စာပေများစွာကို လည်း ရေးသားခဲ့ပြီး အထူးသဖြင့်
 ပြည်သူချစ်သောအနုပညာသည်များစာအုပ်သည်
 စာပေဗိမာန်စာပေ ဆုရခဲ့သည့် အပြင် အကြိမ်ကြိမ်
 ရိုက်နှိပ်ထုတ်ဝေခဲ့ ရသော စာအုပ်အဖြစ် မြန်မာစာပေ
လောကတွင် မရှိမဖြစ် မှတ်တမ်းတင်နိုင်ခဲ့ ကြောင်း
 မန်္တလေး မြို့ခံ စာရေးဆရာဆူးငှက်က ပြောသည်။
 ““ဒီလိုဂုဏ်ပုဒ်တွေနဲ့  ထင်ရှားကျော်ကြားခဲ့တဲ့  ဆရာမကြီးဟာ
 အခု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ နှစ်(၁၀၀)ပြည့် 
သွားပါပြီ။
ဒီအချိန်ကာလဟာ တိုင်းပြည်အတွက် အေးအေးချမ်းချမ်းနဲ့ 
 ရွေးကောက်ပွဲကြီးကိုအောင်မြင်စွာကျင်းပပြီးစီးတဲ့ 
မင်္ဂလာရှိနေတဲ့ အချိန်မှာတိုင်းပြည်ကောင်းစားရေးကို 
အလွန်လိုလားတဲ့ လူထုဒေါ်အမာရဲ့ နှစ်(၁၀၀)ပြည့်ပွဲကို 
ကျင်းပရတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ 
 မြန်မာစာပေမျိုးဆက်အတွက် အင်မတန်ဝမ်းမြောက် 
ဂုဏ်ယူစရာကောင်းပါတယ်။ ဒါ့ အပြင် ကျွန်တော့် ကို
 စာရေးဆရာ ဖြစ်ဖို့ တွန်းအားပေးတဲ့ ပြည်သူ ချစ်သော 
အနုပညာသည်များ စာအုပ်ကို အကြိုက်ဆုံးပါပဲ”” 
ဟု ၎င်းက ပြောသည်။

 ဆရာမကြီး လူထုဒေါ်အမာ၏ စာပေပေါ်၌ထားရှိသည့်  စိတ်ဓာတ်
 များသည် အလွန်လေးစားအတုယူ စရာကောင်းကြောင်းကို 
သူရေးသားခဲ့သော စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့်
 စေတနာထားအားစိုက်၍ ရေးသားထားသည်ကို 
 တွေ့မြင်ရမည်ဖြစ်ပြီး ဆုံးပါးသွားခဲ့သည့်တိုင်အောင် 
အနာဂတ် စာပေလောကအတွက် အမှတ်တရများစွာ 
ချန်ထားခဲ့ သည့်အပြင် သူရေးသားခဲ့သည့် စာပေများမှာ
 လည်း ယခုအချိန်အထိတိုင် ထုတ်ဝေနေရဆဲရှိနေသဖြင့်  
စာနယ် ဇင်းလောက စာပေသမိုင်းတွင် ဆက်လက် ရှင်သန်
နေဆဲပင်ရှိနေသေးသည့် ရှားမှရှားသောလူထုဒေါ်အမာပင်ဖြစ်ပေသည်။ 

+မင်းထက်အောင်(မန်းကိုယ်ပွား)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)