ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 26, 2015

=တူရကီကရုရှားတိုက်လေယာဉ်ပစ်ချကြောင့်အရှေ့ အလယ်ပိုင်းတွင် ပြသနာသစ်နှင့်ရင်ဆိုင်ရမည့်နေတိုး=

>
တူရကီနိုင်ငံက ဆီးရီးယားနှင့်  နယ်စပ် ၎င်းတို့ ၏ လေပိုင်နက်
 အတွင်း ရုရှားတိုက်လေယာဉ်တစ်စင်း ကျူးကျော်ဝင်ရောက်
လာသည်ဟုဆိုကာ နိုဝင်ဘာ ၂၄ ရက်တွင် ပစ်ချခဲ့သည့် 
အတွက် နေတိုးအဖွဲ့သည် အရှေ့ အလယ်ပိုင်း ဒေသတွင်
 ပြဿသနာသစ်တစ်ခုနှင့်  ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ယင်းဖြစ်ရပ်သည် ရှုပ်ထွေးလှသည့် ဆီးရီးယားပဋိပက်္ခအတွင်း
 ရုရှားနှင့် နေတိုးအဖွဲ့ ဝင်နိုင်ငံများ အကြား တင်းမာမှုများကို
 ပိုမိုမြင့် တက်စေမည်ဖြစ်သည်။ ယင်းကိစ်္စနှင့် ပတ်သက်၍
ရုရှားတာဝန်ရှိသူများက ရုရှားအက်စ် ယူ-၂၄ တိုက်လေယာဉ်
တစ်စင်း နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ပစ်ချခံခဲ့ ရကြောင်း
 အတည်ပြုခဲ့ ပြီး ၎င်းတို့၏ တိုက်လေယာဉ်သည်
တူရကီလေပိုင်နက်အတွင်း ချိုးဖောက်ဝင်ရောက်ခဲ့ ခြင်းမရှိဟု
 ဆိုသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလေယာဉ်ပစ်ချ
ခံရမှုတွင် လေယာဉ်မှူးနှစ်ဦးအနက တစ်ဦးသေဆုံး
သွားဖွယ်ရှိသည်ဟု ပြောကြားသည်။

  ရုရှားလေယာဉ် ပစ်ချခံရမှုသည် အမေရိကန်နှင့်  ၎င်း၏မိတ်ဖက်
 နေတိုးအဖွဲ့ ဝင်နိုင်ငံများအနေဖြင့်  ယခင်ကတည်းက
 ခန့် မှန်းထားသည့်  ဖြစ်နိုင်ခြေရှိလာမှုများအပေါ် 
ပိုမိုအာရုံစိုက်စေခဲ့သည်။ ရုရှား နိုင်ငံက ကျောထောက်နောက်ခံ
ပြု ထားသည့်  ဆီးရီးယားသမ်္မတဘာရှားအယ်လ်အာဆတ်၏ 
အစိုးရတပ်များနှင့်  အမေရိကန် ဦးဆောင်သည့်  ညွန့် ပေါင်း
တပ်ဖွဲ့  များ၏ အိုင်အက်စ်တိုက်ခိုက်မှုလေကြောင်းစစ်ဆင်ရေး
များမှာ ဆီးရီးယားမြေပေါ်တွင်ပိုမိုပြင်းထန်လာတော့မည်ဖြစ်သည်။

 တူရကီတာဝန်ရှိသူများက ရုရှားတိုက်လေယာဉ်များ ဆီးရီးယား
 နိုင်ငံတွင်းသို့  ရောက်ရှိလာပြီး အာဆတ်ကို ဆန့်ကျင်တိုက်ခိုက် 
 နေသည့်  သူပုန်များကိုလေကြောင်း တိုက်ခိုက်မှုများ
 ပြုလုပ်နေသည့် စက်တင်ဘာလ နှော
င်းပိုင်းကတည်းက
 ရုရှားတိုက်လေယာဉ်များသည် တူရကီလေပိုင်နက်ကို
 အကြိမ်ကြိမ် ချိုးဖောက်ဝင်ရောက်ခဲ့ သည်ဟု ပြောကြားသည်။
 တူရကီလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်
လာသည့်  ရုရှားတိုက်လေယာဉ်များအနေဖြင့်  ပြန်လည်
 ထွက်ခွာသွားရန် ငါးမိနစ်အတွင်း ၁၀ ကြိမ်တိုင်တိုင် 
သတိပေးခဲ့ သော်လည်း တုံ့ပြန်ခြင်းမရှိသည့်အတွက် 
ပစ်ချခဲ့ ခြင်းဖြစ်ကြောင်း တူရကီအစိုးရက ပြောကြားသည်။

 တူရကီနိုင်ငံ အနေဖြင့်ယခုကဲ့သို့  ပြဿသနာမဖြစ်ပွား
အောင် အတတ်နိုင်ဆုံးရှောင်ရှား ခဲ့ သော်လည်း 
မိမိတို့၏ပိုင်နက်နယ်မြေကို ကာကွယ်ပိုင်ခွင့် ရှိကြောင်း
 တူရကီသမ်္မတ အာဒိုဂန်က ပြောကြား သည်။ 
အမေရိကန်သမ်္မတ ဘာရက်အိုဘားမားကလည်း
 တူရကီနိုင်ငံသည်၎င်းတို့၏ လေပိုင်နက်ကို ကာကွယ်
ပိုင်ခွင့် ရှိကြောင်း ပြောကြား ပြီး တူရကီသမ်္မတ အာဒိုဂန်ကိ
ု ဖုန်းဆက်ကာ အမေရိကန်က တူရကီ နိုင်ငံနှင့်အတူ 
ရပ်တည်သွားမည်ဟု ကတိပြုခဲ့သည်။ ယင်းဖြစ်ရပ်နှင့်  
ပတ်သက်ပြီး တူရကီနိုင်ငံသည် ရုရှားနိုင်ငံအပေါ်
 နောက်ကျောကိုဓားဖြင့်ထိုးသည့်လုပ်ရပ်ဖြစ်ပြီး 
အိုင်အက်စ်အဖွဲ့ အပါအ၀င် အကြမ်းဖက်အဖွဲ့ အစည်းများ
ကို အထောက်အပံ့ ပေးကာကွယ်နေသည်ဟု
 ရုရှားသမ်္မတဗလာဒီမာပူတင်က စွပ်စွဲခဲ့သည်။ 
အစောပိုင်းတွင် ရုရှားတိုက်လေယာဉ် ကို မြေပြင်မှ
 ပစ်ချခဲ့ သည်ဟုယူဆခဲ့ သော်လည်း နောက်ပိုင်းတွင်
 တူရကီ အက်ဖ်-၁၆ တိုက်လေယာဉ် များက ပစ်ချခဲ့
 ခြင်းဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့ သည်။

 လေယာဉ်ပစ်ချခံရပြီးနောက်ပူတင်သည်ခရုစ်ဒုံးကျည်တင်
စစ်င်္ဘောတစ်စင်းကို မြေထဲပင်လယ်သို့  ချက်ချင်း
 စေလွှတ်ခဲ့ သကဲ့ သို့  အရှေ့ အလယ်ပိုင်းတွင် အိုင်အက်စ်
တို့ ကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးတွင် တူရကီ နှင့် 
 ပူးပေါင်းလုပ်ဆောင်မှုအားလုံး ကိုလည်း ရပ်ဆိုင်းလိုက်သည်။
 ပူတင်အနေဖြင့် ဆီးရီးယားပြဿသနာအရှုပ်အထွေးထဲသို့  
ပါဝင်ပတ်သက်လာရခြင်းမှာဆီးရီးယားသမ်္မတအာဆတ်ကို
 ထောက်ခံခြင်းကြောင့် ဖြစ်သကဲ့ သို့ အီဂျစ်နိုင်ငံဆိုင်းနိုင်း 
ကျွန်းဆွယ်တွင်ရုရှားလေယာဉ်ကို အိုင်အက်စ်တို့က
 ဗုံးဖောက်ခွဲတိုက် ခိုက်ခဲ့ သည့် အတွက် အနောက်အုပ်စုနှင့်
 ပူးပေါင်းကာ အိုင်အက်စ်တိုက်ခိုက်ရေးကို ပါရီမြို့အကြမ်းဖက်
 တိုက်ခိုက်ခံရမှုအပြီးတွင် ဆုံးဖြတ်ချက်ပိုမိ ခိုင်မာလာခဲ့သည်။
 သို့သော်ယခုအခါ ပူတင်သည် တူရကီနိုင်ငံကို ခရီးမထွက်ရန်၊
 စီးပွားရေးဒဏ်ခတ် ရန် ပြင်းပြင်းထန်ထန်သတိပေးမှုများ
 ပြုလုပ်လာသည်။ ကုလသမဂ်္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းနှင့် 
အမေရိကန်သမ်္မတ အိုဘားမားအပါအ၀င် နိုင်ငံတကာ
 ခေါင်းဆောင်များကယခုဖြစ်ရပ်ကို ခေါင်းအေးအေးထားပြီး
 ဖြေရှင်းရန် တိုက်တွန်းထားကြသည်။

 ဗြိတိန် နိုင်ငံက မိမိတို့ အနေဖြင့်  တူရကီကို ထောက်ခံ
ရပ်တည်ကြောင်း ကြေညာပြီး ရုရှားတပ်များ၏လက်စားချေ 
တုံ့ ပြန်ရန် လှုပ်ရှားလာနိုင်သည့်  အခြေအနေများကို
 စောင့် ကြည့် နေဟုဆိုသည်။ ““နေတိုးအဖွဲ့ ဝင် 
အခြားမဟာမိတ်နိုင်ငံများဆီက ရရှိတဲ့ အချက်အလက်များနဲ့
အတူ ကျွန်တော်တို့ အားလုံးဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ 
တစ်နိုင်ငံဖြစ်တဲ့  တူရကီနိုင်ငံဘက်က အခိုင်အမာ
 ရပ်တည်သွားမှာပါ။ အခုအခြေအနေ ရှုပ်ထွေးနေပါတယ်။ 
ဆင်ဆင်ခြင်ခြင်တွေးတွေးဆဆနဲ့  တင်းမာမှုတွေ
 လျှော့ချပြီး ဖြေရှင်းသွားဖို့  တောင်းဆိုထားပါတယ်။ 
အခြေအနေကို ပိုမိုရှုပ်ထွေး အောင်မလုပ်စေချင်ပါဘူး။
 အခုအချိန်ဟာ အရေးကြီးတဲ့ကာလဖြစ်တာကြောင့် 
ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်စေလိုပါတယ်””ဟု
 နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန် စတိုးလ်တန်ဘက်က 
ဘရပ်ဆယ်မြို့တွင် သတင်းထောက်များကို ပြောကြားသည်။ 
ဆီးရီးယားပြဿသနာတွင် ရုရှား နိုင်ငံက သမ်္မတအာဆတ်ကို
 ထောက်ခံပြီး တူရကီနိုင်ငံက အမေရိကန်နိုင်ငံကဲ့ သို့ ပင်
 အာဆတ် ကို ဖြုတ်ချလိုသည်။ တူရကီနှင့် အမေရိကန်တို့ သည်
 အာဆတ်ကို ဆန့်ကျင်သော်လည်း ၎င်းတို့၏ လေကြောင်း
 တိုက်ခိုက်မှုသည် ဆီးရီးယားစစ်ဘက်ကိုဗုံးကြဲတိုက်ခိုက်မှု
 မပြုလုပ်ဘဲ ဆီးရီးယားနှင့် အီရတ်နယ်မြေများကို ထိန်းချုပ် 
ထားသည့် အိုင်အက်စ်စစ်သွေးကြွ များကိုသာ အဓိက
ပစ်မှတ်ထားတိုက်ခိုက်ခဲ့ သည်။ ရုရှားတိုက်လေယာဉ်များသည်
 အိုင်အက်စ်တိုက်ခိုက်ရေးသမားများ မဟုတ်သည့်
 အမေရိကန်နှင့် တူရကီတို့က လက်နက်များ ထောက်ပံ့ 
ထားသောသူပုန်များကိုအဓိကပစ်မှတ်ထားဗုံးကြဲ
တိုက်ခိုက်သည်။ ယခုကဲ့ သို့  ရုရှားလေယာဉ် ပစ်ချခံရမှုသည်
 ၁၉၅၃ ခုနှစ် နောက်ပိုင်း နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက
 ရုရှားလေယာဉ်တစ်စင်းကိုပစ်ချမှုသည်ပထမဆုံးအကြိမ်
ဖြစ်ပြီး ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပေါ်လာ
လိမ့်မည်ဟု ရုရှားနိုင်ငံက သတိပေးထားသည်။

 နိုင်ငံတကာရေးရာ လေ့လာသုံးသပ်သူများက စစ်ပွဲ 
တစ်ပွဲပင် ဖြစ်ပွားလာနိုင်ကြောင်း သုံးသပ်ကြသည်။
 တူရကီနိုင်ငံသည်နေတိုးအဖွဲ့တွင် ဒုတိယမြောက်
 စစ်အင်အားအကြီးမားဆုံးနိုင်ငံဖြစ်သည်။ 
ယခုလောလောဆယ် အခြေ အနေသည် ဆီးရီးယားနိုင်ငံတွင်
 ဘုံရန်သူဖြစ်သည့် အိုင်အက်စ်အကြမ်းဖက်သမားများအား
 နှိမ်နင်း တိုက်ခိုက်နေသည်ဟု ဆိုသော်လည်း ရပ်တည်ချက်နှင့်  
ခံယူချက်ကွဲလွဲမှုကြောင့်  အင်အားကြီး နိုင်ငံများ၏ ထိပ်တိုက်
ရင်ဆိုင် တွေ့ ဆုံလာနိုင်သည့်  အနေအထားသို့ ရောက်ရှိ
လာနေပြီး နေတိုးအဖွဲ့  အနေဖြင့်  အရှေ့ အလယ်ပိုင်းဒေသတွင်
 ပြဿသနာသစ်တစ်ရပ်နှင့်  ရင်ဆိုင်ရဖွယ်ရှိနေသည်။

+အေ၀မ်းစိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)