ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 10, 2015

** နှလုံးသားဧည့်သည် နှလုံးသားသရဲ**

>
အနောက်ဘက်စွန်းစွန်းဆီမှ ရွှေအိုရောင် နေလုံးကြီးဟာ နေ့ခင်းဘက်က တောက်ပထွန်းလင်း ပူလောင်ခြင်းအလင်းတန်း မာန်မာနတွေခ၀ါချပြီး တဖြေးဖြေးမှေးမိန်ကာ ကမ္ဘာလောကကြီးကထွတ်ခွါဖို့ နှုတ်မဆက်ချင်ဆက်ချင်နဲ့ပေါ့။ နေလုံးကြီးကိုကြည့်ပြီး ကျမလည်း ၀မ်းသာသလိုလို ၀မ်းနည်းပူဆွေးသလိုလို ဒွိဟစိတ်နဲ့ ၀မ်းသာတာက ပူလောင်မှု့တွေပေးပြီး အဝေးထွက်သွားလို့ ၀မ်းနည်တာက နှုတ်ဆက်နေတဲ့ နေလုံးမျက်နှာဟာ ကမ္ဘာမြေကိုမခွဲချင်မခွါချင်သံယောဇဉ်အမျှင်တန်းလေးကို ကျမတွေ့ရှိခံစားရလို့ပါပဲလေ။ဒီလိုနဲ့ နှလုံးသားကို ထပ်ပြီး မနာကျင်အောင် မတွေးဘူး မစဉ်းစားဘူးလို့ ဦးနှောက်ကို အထပ်ထပ်ကတိပေးထားတဲ့ ကတိစကားကို နှလုံးသားက စတင်ဖောက်ဖျက်ပြီး ဆိုးရွားနာကျင် မလှပတဲ့သူ့ရဲ့ အချစ်စာမျက်နှာကို တရွက်ချင်း လှန်ကြည့်ဖို့ အားသန်နေလေရဲ့ စာမျက်နှာတွေ မျာများစားစားမရှိတဲ့ အချစ်စာမျက်နှာဟာ တရွက်ချင်း စိတ်ဝိညာဉ်အတူလွင့်မြောသွားပါတော့တယ် ။ လက်ရှိကျမအသက်က ၂၈နှစ်ပြည့်ပြီးသွားပါပြီ။ ငယ်စဉ်အခါက အချစ်ဆိုတဲ့ ဧည့်သည်ဟာ တကြိမ်တခါလေးမှ တံခါးခေါက်ပြီး ၀င်လည်ဖို့မတွေးခဲ့ဘူးထင်ပါတယ် ဒါကလဲ နှလုံးအိမ်လေးဟာလှပပြီး ပြည့်စုံတယ်ထင်လို့ မာန်မာနတွေခြံရံပြီး အချစ်ဧည့်သည်မ၀င်ရလို့ နှလုံးသားတံခါးမှာ ချိတ်ထားလို့ထင်ပါရဲ့ရှင်။မှတ်မှတ်ရရကျမနှလုံးသားကို အကြောက်အလန့်မရှိပေမဲ့ မျက်နှာငယ်လေးနဲ့လာခေါက်တဲ့ သူရှိတဲ့အချိန်မှာကျမအသက်၂၅နှစ်ရှိနေပါပြီ။"မောင်"ဟာ ကျမလေုံးသားထဲ မဖိတ်ခေါ်ပဲ အရဲစွန့်ဝင်လာတာကတော့ လေးလှိုင်းထဲကပေါ့ လေးလှိုင်းထဲမှာ ချစ်ခြင်းတွေ မုန်းခြင်း ကြေကွဲခြင်း ခံစားချက်တွေရှိလိမ့်မယ်လို့ ထိုအချိန်တုန်းက ကျမမသိခဲ့ပါဘူး။လေလှိုင်းမှတဆင့် ခင်မင်မှု့နဲ့အစပြု သံယောဇဉ်တွေနဲ့ချီနှောင် တွယ်တာတာတွေထပ်ရစ်ဆိုတော့ အချစ်ဆိုတဲ့ စာမျက်နှာစတင်ပုံနှိပ်ရတော့တာပေါ့။ ပြည့်စုံလှပြီးထင်ထားတဲ့ ကျမဘ၀အိမ်လေးဟာ အချစ်ဧည့်သည်ရောက်လာမှပဲ တကယ့်ကို အစစ်အမှန်ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ နှလုံးသား ဂေဟာလေးလို့ စတင်သိလိုက်ရပါတယ် အချစ်ဆိုတဲ့ ကစားပွဲတွင်းကို ပထမဆုံးအကြိမ်ဝင်ကစားဖူးတဲ့ ၂၅နှစ်ရှိတဲ့ မိန်းမတစ်ယောက်မှာ ရှက်ရွံ့ခြင်း သိမ်ငယ်ခြင်း ရိုးသားစွာ ယှဉ်ပြိုင်ခြင်းတွေနဲ့ အတူ ကြည်နူး ရင်ခုန် ပျော်ရွှင်ခြင်းတွေ ကလဲ အနှိုင်းမဲ့ပေါ့။ကစားပွဲမှာ သာယာကြည်နူးစွာ ကခုန်နေတုန်း ဘ၀ကို သိမ်ငယ်ဝမ်းနည်လို့ဆိုတဲ့ ဆိုင်းဘုတ်ကိုထောင်ပြပြီး သူထွက်ခွါဖို့ပြင်ဆင်နေတယ် ဆိုတာကို ခပ်အအကျမတစ်ယောက်အစကမသိခဲ့ရိုး အမှန်ပါ နေ့စဉ်ရက်ဆက် တွေ့နေကျနေရာလေးမှာ မောင် ကပေါ်လာလိုက်ပျောက်သွားလိုက် အကြောင်းရင်းကိုမေးတော့လဲ မိသားစုအဆင်မပြေမှု့တွေ ငြီးတွားနေပြီး အချစ်ဆိုတဲ့ စကားလမ်းကြောင်းပေါ်တောင်မရောက်တာကြာခဲ့ပါပြီ။ အခုဆို မောင်လုံးဝကိုရောက်မလာတော့ မောင်နဲ့စတင် ဆုံဆည်းရတဲ့ နေ့ရက်မှစလို့ ပျော်ဖူးတဲ့နေ့တွေအလယ် ကြေကွဲတဲ့ ညတွေအဆုံးပြန်ဖတ်ပြီး ရီလိုက် ငိုလိုက်နဲ့ နောက်ဆုံးတော့ ကီးဘုတ်နဲ့ မျက်ရည်တောင် ဆုံဆည်းခွင့်ရခဲ့ပါတယ်။ နောက်ဆုံးတော့လဲ နှလုံးသားဧည့်သည်ဟာ နှုတ်တောင်မဆက်ပဲ တိတ်တိတ်လေး နှလုံးသားတံခါးမှာ စာလေးညှပ်ပြီး အိမ်ဂေဟာမှ အပြီးတိုင်ထွက်ခွါသွားခဲ့ပါပြီ။ ထွက်ခွါသွားပေမဲ့ ပြန်လာနိုးနိုးနဲ့ မျှော်ရလွန်းလို့ နှလုံးသားတောင် ပုံမှန်မဟုတ်ပဲ ရှည်မျောမျော်လေးဖြစ်နေပါပြီ မောင်ရယ်။ သူထားသွားတဲ့ စာခေါက်လေးကို နေ့စဉ်ဖတ်ပြီး လွမ်းရတာရက်ပေါင်းမနည်းတော့ပါဘူး။ နောက်ဆုံးလက်ဆောင်စာသားလေးတောင်များများစားစား မရေးသွားဘူးနော်"'မ''မောင့်'မိသားစုကအရမ်းဆင်းရဲလို့ မောင်မရှိရင်မဖြစ်လို့ ရင်နာနာနဲ့ပဲ မ ကိုထားခဲ့တာပါ အချစ်ဆိုတာ အစားထိုးလို့ရပေမဲ့အစားထိုးလို့မရတဲ့မိဘအတွက်ဒီလိုဆုံးဖြတ် လိုက်တာပါ"တဲ့ဒါကတော့ဘ၀မှာ နှလုံးသားဧည့်သည်ရဲ့ နောက်ဆုံးစာလေးပါပဲ။ မချစ်ဖူးလို့ ချစ်မိခဲ့ပါတယ် ချစ်မိတော့လဲ ကြေကွဲရတာကော လွမ်းရတာကောစုပေါင်းပြီးရိုက်ချက်မှာ လူးလိမ့်နေရအောင်ခံခဲ့ရတော့ တော်ပါပြီ အချစ်ဆိုကြောက်လွန်းလို့ နှလုံးသားတခါးပိတ်အိပ်နေတာတောင် ကြောက်တတ်သူကို သရဲပိုခြောက်သလိုပဲ ခြောက်သွေ့နေတဲ့ နှလုံးအိမ်ကို အချစ်ဆိုတဲ့သရဲကနေ့စဉ်ရက်ရက်ဆက်လာခေါက်ပြီး ခြောက်လှန့်နေပြန်ပါပြီ။ ဒုတိယအကြိမ်နှလုံးသားတံခါးကိုလာခေါက်တဲ့ အချစ်သရဲလေးကတော့ အရင်တကြိမ် ဧည့်သည်ထက် သာတာကတော့ အသက်အရွယ်ကွာတာပါပဲ။သူနဲ့ကျမ ၇နှစ်ကွာပါတယ်။ ကျမကသူ့ထက်ပိုကြီးပေမဲ့ သူကကျမကို ကလေးတစ်ယောက်လိုပဲ အလိုလိုက် အကြိုက်ဆောင်ပြီး ကျမမျက်နာလေညို့နေရင်တောင် မေတ္တာရေဖြန်းပြီး လန်းစေတဲ့သူပါ။သူငယ်ချင်းအဖြစ် ၁နှစ်လောက်နေလာပြီးကာမှ သူကရင်ခုန်သံကိုကျမနားဆင်ဖို့ဖွင့်ဟခဲ့ပါတယ်။သံယောဇဉ်တွေ တွယ်ရစ်နေတဲ့ နှလုံးသားနှစ်ခုဟာ အချစ်ကိုကြောက်တဲ့စိတ်ရိုက်ချိုးပြီး နောက်၁နှစ်အကြာမှာ သူ့ကို ချစ်တယ်လို့ ရိုးရိုးလေးပဲ ဖွင့်ဟ၀န်ခံခဲ့ပါတယ်။သူဟာ နှလုံးသားဇွဲဆုကော အချစ်တုကောပူးတွဲပေးအပ်ခံခဲ့ရတာပေါ့။ အခုတော့ နောက်တကြိမ် အချစ်ပင်လယ်ထဲကိုကျမစိုးထိတ်စွာ ရင်ခုန်စွာ ရွက်လွင့်ခဲ့ပါပြီ။ဘယ်လိုကံကြမ္မာမုန်တိုင်းက ကျွန်မအချစ်လှေငယ်ကို ဖျက်ဆီမယ်ဆိုတာတော့ ကျမမသိစိတ်နဲ့ အိပ်ရေးပျက်ပေါင်းများပါပြီ ။ချစ်ခဲ့ပြီးတော့မှလဲ နောက်တဆင့်တက် ဘ၀နှစ်ခုကို ဘ၀တခုဖြစ်ဖို့ မေးခွန်းလေးတွေ ကျမမေးတတ်လာပါပြီ။မေးလိုက်တိုင်းမှာလဲ သူကရှောင်တတ်ပါတယ်။ ချစ်ခြင်းပန်းတိုင် လက်ထပ်ခြင်းကို သူကအကြောင်းပြချက်မျိုးစုံနဲ့ ပယ်ချပါတယ်။သေချာတဲ့အဖြေတစ်ခုပေးလို့ပြောရင် မရေရာတဲ့ အကြောင်းပြချက်တွေပဲ ဖြေတတ်တာလဲသူပါပဲ။ ကျမနားလည်လာပါပြီ။ နေ့စဉ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပီတိတွေဝေစေတဲ့ vzoတောင် ကျမမဖွင့်တော့တာကြာပါပြီ။ဘာကြောင့်လဲ လာမမေးပါနဲ့ ။သူသင်ပေးတဲ့ အကြောင်းပြချက်ပေးနည်း ကျမသိနေပါပြီ။ တကြိမ်တခါ ထားခဲ့ခြင်းခံရဖူးသော ကျမရဲ့ သနားစရာကြောင်းသော နှလုံးသားက ဒီတကြိမ်တော့ အရင်ဆုံး နှုတ်ဆက်ထွက်ခွါသွားချင်နေပြီထင်ပါရဲ့။ အတိတ်စာမျက်နှာတောင် အဆုံးသတ်ဖတ်လို့မပြီးသေး ။ကျွန်မအသိတရားဝင်လာတော့ နေမင်းကြီးတောင် ပျောက်ကွယ်လို့ လခြမ်းလေးဟာ ကြယ်အစုတွေဝန်းရံပြီး ကမ္ဘာလောကကို ပြုံးပြပြီးစောင့်ရှောက်နေပါရောလား။ 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 

+လွင်ပြင်လှိုင်းငယ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)