ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 8, 2015

=နီးလ်ဟော်ရန်ဆီကအဖြေကိုလိုချင်နေတဲ့ဂျက်စတင်ဘီဘာ နဲ့  ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း=

>
**ဆယ်လီနာဂိုမက်ဇ်အတွက်နီးလ်ဟော်ရန်ဆီကအဖြေကို လိုချင်နေတဲ့ဂျက်စတင်ဘီဘာ**

ယခုလအတွင်းမှာပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာက သူ့ရဲ့ ချစ်သူဟောင်း ဆယ်လီနာဂိုမက်ဇ်အပေါ် စိတ်မကုန် သေးတဲ့ အကြောင်းနဲ့  အရင်လိုချစ်နေဆဲဖြစ်တယ်ဆိုတဲ့ အကြောင်းတွေကိုအကြိမ်ကြိမ်အခါခါ ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ ဒါပေမယ့်ဆယ်လီနာဘက်ကတုန့်ပြန်မှုကတော့ အေးစက်စက်ပါပဲ။ ဒီဇင်ဘာ ၄ ရက်က အွန်လိုင်းမီဒီယာ တွေပေါ်မှာ ပျံ့ နှံ့ နေတဲ့  သတင်းနဲ့ ဓာတ်ပုံတွေကို မြင်လိုက်ရတဲ့အခါမှာတော့ဘီဘာအတွက် အလွန်ပဲ အံ့အားသင့်စရာဖြစ်ခဲ့ ရပါတယ်။ ယင်းဓာတ်ပုံတွေထဲမှာချစ်သူဟောင်း ဆယ်လီနာနဲ့  ဗြိတိန်ပေါ့ပ် တေးဂီတအဖွဲ့““ One Direction””မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့  နီးလ်ဟော်ရန်တို့ နှစ်ဦးဟာဟောလိဝုဒ်ရဲ့ လမ်းတွေပေါ် လက်ချင်းတွဲကာ လျှောက်လည်ခဲ့ ကြတဲ့ ပုံတွေအပြင် ပါတီပွဲတစ်ခုမှာသူတို့ နှစ်ဦးနမ်းနေကြတဲ့ ပုံတွေလည်း ပါဝင်ပါတယ်။ ပိုပြီးအံ့ သြစရာကောင်းတာက နီးလ်ဟာ ဘီဘာရဲ့  ခင်မင်ရတဲ့ သူငယ်ချင်းတစ်ဦးဖြစ်နေတဲ့  အတွက် ဖြစ်ပါတယ်။ အဆိုပါသတင်းကို ကြားခဲ့ရပြီးနောက် ဘီဘာက ယခုဖြစ်ပျက်ခဲ့ တဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ဖြေရှင်းချက်ကို နီးလ်ဆီကလိုချင်ကြောင်းနဲ့  ဒီသတင်းဟာ သူ့အတွက်အလွန်စိတ်ထိခိုက်စေတဲ့ သတင်း ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ဟောလိဝုဒ်
လိုက်ဖ်ဒေါ့ကွန်းကဖော်ပြခဲ့ ပါ တယ်။

ဆယ်လီနာနဲ့  နီးလ်တို့ နှစ်ဦးဖက်ကကြည့် ပါကသူတို့ နှစ်ဦးရဲ့  ရင်းနှီးမှုဟာသိပ်တော့မထူးဆန်းပါဘူး။ ၂၀၁၄ ခုနှစ်တုန်းက နီးလ်ဟာ ဆယ်လီနာနဲ့ တွေ့ ဆုံဖို့ အတွက် လန်ဒန်ကို တကူးတက ပြန်လာခဲ့ ဖူးပါတယ်။ သူတို့ နှစ်ဦး ကြားမှာ ဆက်သွယ်ပေးတဲ့ သူကတော့ ဆယ်လီနာရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ဦးဖြစ်တဲ့  ဂရမ်မီဆုများရှင်ပေါ့ပ်အဆိုတော်တေလာဆွစ်ပါ။ ဆယ်လီနာဟာယခုလပိုင်းမှာဘီဘာနဲ့ လည်း မကြာခဏ တွေ့ ဆုံဖြစ်နေ ပါတယ်။ ဒါ့ကြောင့်  နောက်ဆုံးမှာ ပေါ့ပ်အဆိုတော်ဆယ်လီနာရွေးချယ်လိုက်တဲ့ လက်တွဲဖော်ဟာ ဘယ်သူဖြစ်မယ်ဆိုတာကိုတော့ စောင့် မျှော်ကြည့် ရှုကြ ရုံသာဖြစ်ပါတယ်။ (အေးပြည့်)

 **အင်စတာဂရမ် စာမျက်နှာပေါ်မှာပရိသတ် ခုနစ်သန်းကျော်
 ရရှိခဲ့ပြီဖြစ်တဲ့G-Dragon** 

 တောင်ကိုရီးယားနာမည်ကျော်အမျိုးသား ပေါ့ပ်တေးဂီအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့  ““ BIGBANG ”” မှ အဖွဲ့ ဝင် G-Dragon ဟာ သူရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာပရိသတ်ခုနစ်သန်းကျော် ရရှိခဲ့ ပြီဖြစ်ကာသူဟာတောင်ကိုရီးယားအနုပညာရှင်များအနက် အွန်လိုင်းပေါ်မှာပရိသတ်အများဆုံး ရရှိထားတဲ့  တေးသံရှင်တစ်ဦးဖြစ်ပါတယ်။ ယခုကဲ့ သို့  အွန်လိုင်း ပရိသတ်များ ရရှိခဲ့ ခြင်း အတွက် ဂုဏ်ယူကြောင်းနဲ့  သူရရှိထားတဲ့ ပရိသတ်အရေအတွက်ကို ဖော်ပြနေတဲ့  သူရဲ့ အင်စတာဂရမ်စာမျက်နှာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ကို တွဲဖက်ကာ G-Dragon က ဒီဇင်ဘာ ၆ရက်၌ အွန်လိုင်း မီဒီယာမှာဖော်ပြခဲ့ပါတယ်။ သူ့ ရဲ့ နောက်ဒုတိယနေရာမှာရပ်တည်နေတဲ့  သူကတော့ ““Girls' Generation”” အဖွဲ့ဝင် တေးယွန်ဖြစ်ပြီး ပရိသတ် ၅ ဒသမ ၅ သန်းရှိပါ တယ်။ တတိယနေရာမှာတော့ ““ EXO””ရဲ့  အဖွဲ့ ဝင် ချန်းယိုကရပ်တည်နေပါတယ်။ (အေးပြည့်) 

**အနာဂတ်မှာဒရော့ဘာလိုဖြစ်လာနိုင်တဲ့လူကာကူ** 

အဲဗာတန် တိုက်စစ်မှူးလူကာကူဟာ ဒီနှစ်ပရီမီယာလိဂ်မှာ သိသိသာသာခြေစွမ်းပြကစားလာတာတွေ့ ရပါတယ်။ သူဟာ အနာဂတ်မှာချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာလိုဂိုးသွင်းကောင်းတဲ့  တိုက်စစ်မှူး ဖြစ်လာ လိမ့်မယ်လို့ ခရစ်္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဒူးကဆိုပါတယ်။ လူကာကူဟာ ယခုနှစ် ပရီမီယာလိဂ်မှာ၁၀ဂိုးအထိ သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။ သို့ ပေမယ့် အသက် ၂၃ နှစ် မပြည့် မီမှာပရီမီယာလိဂ်မှာ ဂိုး ၅၀ အထိ သွင်းယူနိုင် တဲ့ စတုတ်္ထမြောက်ကစားသမား ဖြစ်လာပါတယ်။ အနာဂတ်မှာ လူကာကူဟာပရီမီယာလိဂ်ရဲ့ အကောင်းဆုံးကစားသမား ဖြစ်လာလိမ့် မယ်လို့  ဆိုပါတယ်။ သူဟာသာမန်တိုက်စစ်မှူးတွေ မရှိနိုင်တဲ့  အရည်အချင်းတွေရှိနေတယ်လို့  ဆိုပါတယ်။ နောက်တန်းကစားသမား အများစုဟာညာသန်တိုက်စစ်မှူးတွေ ကို သတိပြုကာကွယ်နေရပါတယ်။လူကာကူရဲ့  ညာတောင်ပံ ထိုးဖောက်ကစားမှုဟာ အတော်လေးကောင်းမွန်တယ်လို့  ဆိုပါတယ်။ ပြိုင်ပွဲအားလုံးမှာခြေစွမ်းပြကစားလာတဲ့  လူကာကူကို ဒရော့ဘာဝတ်ဆင်ခဲ့ တဲ့ကျောနံပါတ် ၉ အကျီံကို ၀တ်ဆင်ကစားသင့် တယ်လို့  ခရစ်္စတယ်ပဲလေ့စ် နည်းပြ အလန်ပါဒူးကဆိုပါ တယ်။ (ကောင်းမြတ်သူ) 

**တန်းဆင်းဇုန်နားနီးကပ်လာတဲ့ ချယ်လ်ဆီးအသင်း** 

 မော်ရင်ညိုရဲ့  ချယ်လ်ဆီးအသင်းဟာယခုနှစ်ပရီမီယာလိဂ်မှာ ရှုံးပွဲတွေ ဆက်တိုက်ကြုံနေတဲ့အတွက်တန်းဆင်းဇုန်ရောက်ဖို့  နီးလာပြီဖြစ်ပါတယ်။ ပွဲစဉ် ၁၅မှာ အောက်တန်းအသင်း ဘုန်းမောက်ကိုပင် တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီရှုံးနိမ့် မှုဟာ ချယ်လ်ဆီးအသင်းအနေနဲ့ ယခုနှစ်ပရီမီယာလိဂ် မှာရှစ်ပွဲမြောက်ရှုံးနိမ့် မှုဖြစ်ပါတယ်။ ၁၅ ပွဲကစားပြီး ရမှတ်အနေနဲ့  ၁၅ မှတ် သာ ရရှိထားတဲ့ အတွက် တန်းဆင်းဇုန်အသင်းတွေနဲ့  ရမှတ် သုံးမှတ်သာ ကွာခြားမှုရှိတော့ပါတယ်။ နည်းပြ မော်ရင်ညိုအနေနဲ့  နာမည်ကြီး တိုက်စစ်မှူး ကော်စတာကိုပွဲအစမှာပင် ထည့်သွင်းကစားခဲ့ ခြင်း မရှိခဲ့ ပါဘူး။ ဒုတိယပိုင်း ရောက်မှသာ ကော်စတာ အစားဝင်ရောက်ကစားခွင့်  ရရှိခဲ့ တာဖြစ်ပါတယ်။ ဒီပွဲမှာဘုန်းမောက်ကတောင် ဒုတိယပိုင်းမှာခြိမ်းခြောက်ကစားခဲ့ ပါတယ်။ ဘုန်းမောက်အသင်းရဲ့  တစ်လုံးတည်းအနိုင်ဂိုးကို တော့ ပွဲချိန် ၈၂ မိနစ်မှာဂလင်းမာရေးက သွင်းယူ ပေးခဲ့ ပြီး ချယ်လ်ဆီးတို့ပြန်လည်ချေပနိုင်ခြင်းမရှိဘဲ အရှုံးနဲ့ သာ ရင်ဆိုင်ခဲ့ ရပြန်ပါတယ်။ ချယ်လ်ဆီးအသင်း အနေနဲ့  အဓိကပြိုင်ဘက်ဖြစ်တဲ့ဇယားစတုတ်္ထနေရာကို ရယူထားတဲ့  မန်ယူနဲ့  ၁၄ မှတ်ကွာနေပြီဖြစ်ပါတယ်။ (ကောင်းမြတ်သူ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)