ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 26, 2016

= နှင်းဆီတစ်ပွင့်၏မိုးစက်ကကြိုး=

>
ဒီနေ့မနက် ကျမနိုးလာတော့ … အလင်းရောင်က မှုန်မှုန်မှိုင်းမှိုင်းဖြစ်နေလို့ ပြူတင်းနားကို လှမ်းကြည့်လိုက်မိတယ်…။ ပြူတင်းက ပန်းနုရောင် ဇာခန်းစည်းလေး ယိမ်းကနေတာကိုတွေ့လိုက်တယ်…။ ကျွန်မတစ်ချက်ပြုံးမိသွားလား ကျမသေချာမမှတ်မိတော့ဘူး…။ ပြူတင်းနားကို ကျမ .. လှမ်းသွားလိုက်တယ်…။ ခြံဝင်းထဲကို လှမ်းကြည့်လိုက်တော့… မိုးဦးစမို့ထင်ရဲ့ မြက်ခင်းတွေဟာ စိမ်းလန်းစပြုလာကြတယ်…။ မိုးကောင်းကင်မှာ ခဲဖျော့ရောင်တိမ်တိုက်တွေ လေနှင်ရာကို စီးမျောလိုက်ပါနေကြတယ်…။ ကျမရဲ့ အိမ်နောက်ဖက် မှာတော့ စမ်းချောင်းရဲ့ ဟိုတစ်ဖက်မှာ တောအုပ်ညိုညို လေးရှိသလို အိမ့်အရှေ့ဖက်မှာတော့ မျှော်မဆုံးတဲ့ လယ်ကွင်းပြင်ကြီးမှာ မိုးကုတ်စက်ဝိုင်းကို ထိလုနီးပါး ရှိနေတော့တယ်..။ လယ်ကွင်းကို ဖြတ်တိုက်လာတဲ့ မိုးဦးလေဟာ ရနံ့တစ်ခုကို ဆောင်ယူလာခဲ့တယ်…။ ဘာရနံ့လေးဖြစ်မယ်လို့ ရှင်တို့ထင်လဲ…? ဘာရနံ့ဖြစ်ရမလဲ လတ်ဆတ်စိမ်းရွှင်တဲ့ ရနံ့ကလေးပေါ့….။ လေကို တရှိုက်မတ်မတ်ရှူသွင်းလိုက်ရင်း စိတ်ထဲ လန်းဆန်းပေါ့ပါးသွားရတယ်…။ လေဟာ လတ်ဆတ်ပြီးအေးတယ် ပြီးတော့ မွှေးတယ်…။ ခြံအရှေ့ တောင့် မြက်ခင်းပြင်ပေါ်မှာလည်း ရွှေပွင့်လေး တွေလို စကားပန်းပွင့်လေးတွေ ကြွေနေကြတယ်…။ အပင်ထက်မှာလည်း စကားပန်းများဟာ ရွှေဝတ်လွှာတွေ ကို ခြုံနေကြရဲ့…။ လေတိုက်လိုက်တိုင်း ပိုးဝါကောင်ကလေးတွေ ပျံလာကြသလို ပွင့်ဖတ်ဝါတွေက မြက်ခင်းပေါ်ကို ခုန်ဆင်းလာကြတယ်…။ ပင်ခြေက မြက်ခင်းက စိမ်းပြီး ပန်းပွင့်ကြွေတွေက ၀ါနေတယ်…။ အစိမ်းမှာ အ၀ါဖောက်ထားတဲ့ မြေကော်ဇောကို ကျမနှစ်သက်မိတယ်..။ တကယ်တော့ ကျမနေထိုင်ရာ ဒီအိမ်ဝင်းလေးဟာ သာယာလှပတဲ့ ရှုခင်းတစ်ခုပါပဲ…။ ကြည့်နေရင်းနဲ့ပဲ တောအုပ်ဖက်ဆီမှာ အရောင်မှိုင်းလို့နေပေမယ့် အရှေ့ဖက်လယ်ကွင်းပြင်ဖက်မှာတော့ နေခြည်ဟာ နွေးရုံဖြာကျလာတယ်…။ တောပန်းရနံ့လေးတွေလဲ လေမှာ တချက်တချက် ရောပါလာတတ်သေးတယ်..။ သြကာသ လောကကြီးဟာ သာယာစိုပြေလှပါလား…။ ခြံစည်းရိုးမှာလဲ တောနှင်းဆီအရိုင်းတွေဟာ ဆယ့်နှစ်ရာသီပွင့်နေကြတယ်…။ သစ်ရွက်တွေပေါ်မှာလည်း ညကရွာထားတဲ့မိုးစက်များက နံနက်နေခြည်နဲ့အတွေ့ လေဝှေ့လိုက်တိုင်း စိန်းပွင့်လေးတွေလို ဖြစ်နေကြတယ်…။ “လှလိုက်တာကွယ်..” နွေဦးပေါက်ချိန်တုန်းကဆို စမ်းချောင်းနဘေး သွားထိုင်ပြီး ရေစီးသံလေး နားထောင်ရတာကို ကျမသိပ်နှစ်သက်တာပဲ…။ စမ်းချောင်းထဲ မျောပါလာတဲ့ သစ်ရွက်ခြောက်တွေ ပန်းပွင့်လေးတွေကို ငေးကြည့်ရင်းနဲ့ပေါ့…။ ဆောင်းဦးမှာ ဆိုရင်တော့ နေခြည်ပျောက်ချိန်ဆို လယ်တောပေါ် မြူမှုန်လေးများ သမ်းလာပုံဟာ လွမ်းဆွတ်ဖွယ်သိပ်ကောင်း တာပဲ ပန်းချီဆန်လှပါတယ်…။ ညဖက်ဆို လရောင်ခြည်ဟာ ရွှေရောင်လို ၀ါပြေပြေသာ မြင်ရတတ်ပြီး လစောင့်နတ်သမီးရဲ့ ဆံပင်များပြေလျှော့ကျလာသလို လရောင်ခြည်ဟာ ညွတ်ပျော့ပြီး မြေပေါ်ကို ကျလာတယ်…။ ရာသီတိုင်းဟာ သူ့အလှနဲ့သူပြည့်စုံပေမယ့် ကျွန်မကတော့ မိုးရာသီကို အချစ်ဆုံး…။ ဟုတ်တယ် ကျမ မိုးကို သိပ်ချစ်တယ်…။ မိုးစက် မိုးပေါက်လေးတွေဟာ နွမ်းလျနေတတ်တဲ့ ကျမစိတ်ဝိဥာဉ်တွေကို လန်းဆန်းတက်ကြွစေမြဲပဲ…။ မိုးရာသီစလာပြီဆိုတာနဲ့ လေတွေဟာ လေပူလေရမ်းတွေ မဟုတ်တော့ဘဲ တောင်ဘက်ကနေသာ တိုက်ခတ်လာတတ်တဲ့ လေအေးတွေအဖြစ် ပြောင်းလဲ လာတယ်..။ အက်ကွဲမာကျောတဲ့ မြေကြီးတွေလည်း စိုထိုင်းပြီး ညိုလာကြတယ်…ရေတွေလည်း မိုးစက်နဲ့ မြေငွေ့တွေပါလာတယ်…။ ပန်းပွင့်တို့ အိပ်ယာနိုးကုန်ကြတယ်…။ သစ်ပင်အားလုံး မိုးစက်အောက် မှာ စိမ်းလန်းလာကြတယ်…။ မိုးဦးစဖြစ်လို့ လမ်းတွေဟာလဲ ဖုန်မထူတော့ဘူး…။ အားလုံးသော သဘာဝဟာလည်း မိုးတဖြိုက်ရွာအပြီးမှာ ပြန်လည်ဆန်းသစ်လာသလို ရွှင်လန်းနေတော့တယ်…။ သစ်ပင်လေးတွေဟာလဲ ထိုးထိုးထောင်ထောင်လှုပ်လှုပ်ရှားရှားနဲ့ကျမကို နှုတ်ဆက် နေကြသယောင်…။ မိချောင်းပန်းနွယ်လေးတွေဟာ ဖွေးနေတော့တာပဲ…။ တခါတခါ မိုးဦးလေတစ်ချက်ဝှေ့ လိုက်ရင် အပင်တိုင်းရှိ သစ်ရွက်ကလေးများ ဝှေ့ယမ်းလိုက် တဲ့အသံဟာ ကလေးတွေ ရယ်မောသံလို ပေါ့ပါးပျံလွင့် လွန်းလှတယ်…။ အဲဒီအခါ ကျမရှေ့မှာ ရေစက်ရေမွှားကလေးတွေဟာ နေခြည်တန်းကို ဖြတ်သန်းပြီး သစ်ရွက်မျှင်များပေါ်ကနေ မြေပေါ်ကျလာကြတယ်…။ ဒီလိုနေရာမျိုးမှာ နေရတာ တစ်ဘ၀စာလုံးအတွက် ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းလိုက်သလဲလို့ တွေးမိကြ မှာပဲ…။ လူဆိုတာလည်း အခက်သားလား….။ အတွေးနဲ့လည်း ကိုယ့်စိတ်ကို နှိပ်စက်နိုင်ပါရဲ့…။ လောကမှာ ပြီးပြည့်စုံမှုဆိုတာ ဘယ်မှာရှိနိုင်လို့လည်း….။ ကျမ နေ့စဉ်ခံစားမှုတွေ အတွေးတွေကို စကားလုံးတွေအဖြစ်ပြောင်းလဲပြုပြင်နိုင်ခဲ့ လို့သာ ဒီနေ့ချိန်ထိ ရှင်သန်ခွင့်ရှိနေတာပေါ့….။ လိုအပ်ချက် ဆိုတာ လူတိုင်းမှာရှိတယ် ကျမဆီမှာလည်းရှိတာပဲ…..။ ကျမဟာ တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်လို့ မှတ်ယူသွားသူတစ်ယောက်အပေါ် ယနေ့ထိ မမေ့နိုင်ခဲ့တာဟာ သူ့အပေါ်အမျှင်တန်းနေသေးလို့လား…။ ကျမမသိဘူး….။ မနှင်းဆီလို့ ကျမကိုတမြတ်တနိုးခေါ်တတ်တဲ့ သူတစ်ယောက်…ကျမနားကနေ ပျောက်ကွယ်သွားအောင် ကျမကိုယ်တိုင်ကပဲ တွန်းပို့ခဲ့တာပါ…။ ဒါနဲ့များကွယ်… ကျမ လွမ်းဆွတ်နေချင်သေးတယ်ဆို ရယ်စရာ သက်သက်သာဖြစ်တော့မယ်…။ လောကမှာ အချစ်နဲ့ မထိုက်တန်သော သူဟာ ကျမသာဖြစ်လိမ့်ထင်တယ်…။ ထင်တာမဟုတ်ဘူး အဟုတ်ကို ဟုတ်ပါတယ်လေ…။ ၀န်ခံချက်။ ။ကျွန်မဖတ်ဖြစ်ခဲ့ဖူးသော ဆရာမဒေါ်ခင်နှင်းယု၏ နှင်းဆီမွေ့ယာဝတ္ထုတိုထဲမှ ဆရာမ၏ ရာသီဥတုနှင့် ပတ်ဝန်းကျင်အပေါ်ဖွဲ့နွဲ့ဖော်ညွှန်းထားသည့် နူးညံ့ကြွရွသော စကားဖွဲ့များကို အက်ဆေးတစ်ပုဒ် အဖြစ် ပြန်လည်ပေါင်းစပ်ထားခြင်းသာ ဖြစ်သည်…။ 

+မိုးငွေ့+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)