နိုဝင်ဘာလ (၈)ရက်နေ့ဖြစ်တဲ့ ဒီနေ့ဟာ ကျွန်မတို့ သမိုင်းမှာ ထူးခြားတဲ့ မှတ်တမ်းတင်ရမဲ့၊ အနာဂတ် မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို ဖန်တီးပုံဖော်ပေးနိုင်မဲ့၊ အရေးပါလှတဲ့ နေ့ရက်တစ်ခု တစ်ခု ဖြစ်ပါတယ်။ မြန်မာ့သမိုင်း စာမျက်နှာ တစ်ဆစ်ချိုးကွေ့ကို မြန်မာတစ်ပြည်လုံးက အပြောင်းအလဲကို လိုလားတဲ့ လူထုရဲ့အားနဲ့ ဒီနေ့မှာ စတင် ဖြတ်သန်းနေကြပါပြီ။
ပါတီစုံအထွေထွေ ဒီမိုကရေစီရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝှမ်း ခြိမ့်ခြိမ့်သည်းကျင်းပနေချိန် ဒီနေ့မှာ မိမိတို့ အားကိုးယုံကြည်တဲ့ အစိုးရကို ပြည်သူတွေ ကိုယ်တိုင်ကိုယ်ကျ ရွေးကောက်တင်မြှောက် ခွင့်ကြရမှာမို့ အားလုံးက ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။ မြန်မာတစ်နိုင်ငံတ၀ှမ်းလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မဲပေးခွင့်ရမယ်လို့
မျှော်လင့်ချင်ပေမဲ့ ရွေးကောက်ပွဲကို တာဝန်ယူ ရတဲ့ ရွေးကောက်ပွဲကော်မရှင်ကြီး ကိုယ်တိုင်က ၃၀%သာ မှန်ကန်ဖို့ တာဝန်ယူပါမယ်လို့ တရားဝင်ကြေညာထားခဲ့ပြီး၊ အခက်အခဲများစွာ၊ မရိုးဖြောင့်မှုများစွာက မဲပေးမဲ့နေ့ရက် မတိုင်မီထဲက ပြည်သူလူထုအကြား အငြင်းပွားစရာ၊ စိုးရိမ်စရာ အနေအထားများ ဖြစ်နေခဲ့ရပေမဲ့၊ပြည်သူ အားလုံးက အသည်းကြားက မဲတစ်ပြားကို မိမိတို့ တိုင်းပြည်ရဲ့အနာဂတ် ကံကြမ္မာကို ပြုပြင် ပြောင်းလဲဦးဆောင်ပေးနိုင်မဲ့ ပါတီအတွက် ဆန္ဒမဲပေးဖို့ စိတ်အားထက်သန်နေခဲ့ကြပါတယ်။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီစတက်ကတည်းက ယနေ့အထိ နှစ်ပေါင်း (၅၀) ကျော် အုပ်ချုပ်သူ အာဏာရှင်စစ်အစိုးရရဲ့လက်အောက်မှာ တိုင်းသူပြည်သားများရဲ့ ပညာရေး၊ စီးပွားရေးနိမ့်ကျ ကြပ်တည်းခဲ့ရပြီး၊ လူ့အခွင့်အရေးများဆုံးရှုံးခဲ့ရာက တိုင်းပြည်တစ်ပြည်လုံး ချွတ်ခြုံကျခဲ့ရပြီး၊ အုပ်ချုပ်သူအာဏာရှင်များနဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ လူတစ်စုသာ ကောင်းစားကြီးပွားနေတဲ့ ကျွန်မတို့ မြန်မာနိုင်ငံကြီးရဲ့ ပထမဆုံးသော အပြောင်းအလဲ အတွက် ပြည်သူလူထု အားလုံး ရွေးကောက် ပွဲနေ့ မတိုင်မီထဲက ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ကြတာအမှန်ပါပဲ။
ကျွန်မရဲ့အဖေက အသက်ရှစ်ဆယ်ကျော်အရွယ်၊ ဆန္ဒမဲပေးဖို့ အင်မတန် စိတ်အား ထက်သန်နေတော့ နေမပူခင် မနက်စောစော မဲပေးရအောင်ဆို အိမ်ကနေ ငါးမိနစ်သာသာ လမ်းလျှောက်ရင်ရောက်တဲ့ မဲရုံကို မိသားစုလိုက် မနက် ၆နာရီတိတိမှာ ထွက်ခဲ့ကြပါတယ်။ ၁၃နှစ်အရွယ် ကျွန်မရဲ့သားကလဲ မဲပေးခွင့်မရသေးပေမဲ့ အတွေ့အကြုံရအောင် လိုက်ကြည့်ချင်တယ်ဆိုတာနဲ့ အတူခေါ်လာခဲ့ပါတယ်။ မဲရုံရှေ့ရောက်တော့ လူတန်းကြီးက အရှည်ကြီး ဖြစ်နေပြီ။ မေးကြည့်တော့ မနက်၎နာရီခွဲထဲက လာတန်းစီနေကြတာတဲ့။ အထူးသဖြင့် သက်ကြီးရွယ်အိုများနဲ့ သူတို့အတွက် နေရာ ကြိုလာယူပေးထားကြတဲ့ အိမ်ကလူများ။ အနားမှာတန်းစီနေတဲ့ အဘွားတစ်ယောက်ကို ‘မနက်အစောကြီး ထလာရတာ အဘွားတော့ အိပ်ရေးပျက်ပြီပေါ့’ လို့ မေးမိတော့၊ ‘အဘွားတို့ တစ်ယောက်စီ တစ်ရက်လောက် အိပ်ရေးပျက်ခံလိုက်ယုံနဲ့ နောင်မျိုးဆက်သစ်တွေ စိတ်ချမ်းသာရမဲ့ဟာ ပျက်စမ်းပါစေ သမီးရယ်’ တဲ့။ အရွယ်နဲ့မလိုက်
အဘွားရဲ့တက်ကြွသံက သူ့ရဲ့မျက်ဝန်းအစုံနဲ့အတူ တောက်ပနေပါတယ်။
ကျွန်မတို့ မဲရုံက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးတောင်ပိုင်း၊ ထီးတန်းဓမ္မာရုံမှာ ဖွင့်ထားတဲ့ မဲရုံအမှတ်(၄)ပါ။ မဲမပေးခင်ထဲက ကြားနေရတဲ့ မဲစာရင်းမှာ နာမည်မပါမှုတွေ၊ သေဆုံးသူတွေရဲ့အမည် မဲစာရင်းထဲ ပါနေပုံတွေကို ကျယ်ကျယ်လောင်လောင် ကြားနေခဲ့ရပေမဲ့၊ ကျွန်မတို့ ရပ်ကွက်ရုံးမှာ မဲပေးရမဲ့ပြည်သူတွေအတွက် မဲစာရင်းပြုစုပုံ အင်မတန်မှ စေ့စပ်သေသပ် ရှင်းလင်းတဲ့အပြင်၊ စိတ်ရှည်လက်ရှည် ကြိုတင်ကူညီပေးခဲ့မှုတွေဟာ ဒီနေ့မဲပေးတဲ့နေရာမှာ များစွာမှ အသုံးဝင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ထုတ်ပေးထားတဲ့ သက်သေခံ မဲလက်မှတ် ကိုယ်စီကိုင်ထားတဲ့ ကျွန်မတို့ မိသားစုအပ်အ၀င် ဆန္ဒမဲပေးချင်သူများဟာ တက်ကြွတဲ့ စိတ်နဲ့၊ ၀ီရိယ ဇွဲကောင်းကောင်းနဲ့ မဲရုံအပြင်ဘက်မှာ စည်းကမ်းတကျ တန်းစီနေကြပါပြီ။
ဆန္ဒမဲပေးဖို့ စံနစ်တကျတန်းစီထားတဲ့ လူတန်းရှည်ကြီး မဲရုံရှေ့မှာ လူဦးရေ (၁၀၀)ကျော်လောက်ရှိလာချိန်မှာ နေရောင်ပျိုးတဲ့ မနက် ၇နာရီကျော်ခန့် ရှိလာပါပြီ။ မဲရုံအဖြစ် ပြုလုပ်ထားတဲ့ ထီးတန်းဓမ္မာရုံက ဆောက်ထားတာ မကြာသေးတာမို့၊ အတန်အသင့် ကျယ်ဝန်းပါတယ်။ မဲရုံတာဝန်ရှိသူတစ်ဦးက မြန်မြန်မဲပေးနိုင်ဖို့ လူတန်းကို နှစ်တန်းခွဲ စီခိုင်းပါတယ်။ ကျွန်မတို့မဲရုံမှာ စုစုပေါင်းလူဦးရေ (၂၄၀၁)ယောက် ဆန္ဒမဲပေးရမှာမို့ မနက် (၆)နာရီကနေ ညနေ(၄)နာရီအတွင်း မဲပေးရမယ်ဆိုရင် လူတစ်ယောက်ကို ပျမ်းမျှ
(၁၅)စက္ကန့်ပဲ မဲပေးချိန်ရပါတယ်။ ဒါဟာ မှန်မှန်နဲ့ မြန်မြန်
မဲပေးရင်တောင်မှ လုံလောက်တဲ့အချိန် မဟုတ်ပါဘူး။
မလှမ်းမကမ်းက မဲရုံအမှတ် (၃)မှာ တန်းစီနေတဲ့ လူတန်းရှည်ကြီးကိုလဲ လှမ်းမြင်နေရပါတယ်။ တန်းစီနေသူ အချင်းချင်း ဒီနေ့ ဈေးထဲမှာ ဆိုင်တွေ သိပ်မဖွင့်ကြဘူး၊ ဒီနေ့ အိမ်မှာ ဘာမှမချက်တော့ဘူး၊ မဲပေးဖို့က အရေးကြီးတယ်၊ ဒီတစ်ရက်တော့ ဖြစ်သလိုပဲ စားကြတာပေါ့၊ လူဦးရေအားလုံး မဲပေးဖို့ အချိန်လုံလောက်ပါ့မလား၊ တို့ကတော့ အနီပဲ စသဖြင့် တစ်ယောက်နဲ့တစ်ယောက် တန်းစီရင်း ပြောနေကြပါတယ်။ ဒါတင်မကသေးပါဘူး။ မဲလက်မှတ်ရတာနဲ့ မဲရုံမှူးလက်မှတ်ပါမပါ အရင်စစ်နော်၊ မဲလက်မှတ်မှာ အစွန်းအထင်းပါရင် ပယ်မဲတဲ့၊ မဲပေးမဲ့ပါတီရဲ့ ဘေးက အကွက်လေးမှာ သေချာဝင်အောင်တံဆိပ်ကိုထုနော်၊ မဲစာရွက်ကို မဲဘုံးထဲမထည့်ခင် မှင်ခြောက်အောင် လေနဲ့မှုတ်ဦး ဆိုပြီးလဲ အချင်းချင်း သတိပေးကြပါတယ်။ တန်းစီတဲ့နေရာမှာ တာဝန်ကျတဲ့ မဲရုံတာဝန်ခံကိုလဲ ညနေ (၄)နာရီကျော်ရင် တန်းစီတဲ့ သူတွေအားလုံး မဲပေးခွင့်ပေးရမယ်နော်လို့ စိုးရိမ်စိတ်နဲ့ ပြောသူကပြောပါတယ်။အလှည့်ကျ တန်းစီနေရပေမဲ့ ၀ီှးချဲကုလားထိုင်နဲ့ မဲလာပေးသူတွေ၊ တွဲပြီးလာရတဲ့ သက်ကြီးရွယ်အိုတွေကို ကျွန်မတို့ ဦးစားပေးကာ မဲပေးစေပါတယ်။
ကျွန်မ စိတ်စောနေပြီ။ ကျွန်မ မဲပေးချင်နေပြီ။ မဲရုံထဲ ၀င်လိုက်တော့ မဲပေးနေသူအများအပြားကို တွေ့လိုက်ရတယ်။ ခန္ဓာကိုယ်က သွေးတွေ တဖျစ်ဖျစ် ပူနွေးလာသလိုပဲ။ ဒီလို အချိန်ကာလမှာ အသည်းကြားက မဲတစ်ပြားကို တန်ဘိုးရှိရှိ ပေးခွင့်ရလို့ နိုင်ငံသားတစ်ယောက်အနေနဲ့
ဝမ်းသာဂုဏ်ယူမိတယ်။ ကျွန်မတို့ တစ်ယောက်ချင်း စီရဲ့ မဲတစ်ပြားစီက ကျွန်မတို့ တစ်ယောက်ချင်းစီရဲ့အနာဂတ်ကို ပုံဖော်ပေးမှာဆိုတာ ကျွန်မတို့ နားလည်ကြတယ်။
မဲရုံထဲမှာ တာဝန်ကျ မဲရုံမှူးများ၊ ပါတီမှ စောင့်ကြည့်သူများ၊ လုံခြုံရေးများ၊ မီဒီယာများ ရှိနေတာကိုတွေ့ရပါတယ်။ ကျွန်မအလှည့် မဲပေးချိန်မှာ ထင်ထားသလို မဲစာရွက်တွေက တစ်ရွက်စီမဟုတ်ပဲ အလှူဖြတ်ပိုင်း ဘောက်ခြာတွေလို စာအုပ်နဲ့လုပ်ထားတာ သတိပြုမိပါတယ်။ ဖြဲရာလေး ထားထားပေးပြီး မဲလက်မှတ်ကို ပေတံနဲ့ ဖိပြီးဖြဲ ပေးပါတယ်။ မပြဲမဆုတ်အောင် သတိထား ဖြဲရတဲ့အတွက် အဲ့ဒီနေရာမှာ အချိန်ပေးရတာကို သတိပြုမိပါတယ်။ မဲရုံလက်ခံ စာရွက်အခြမ်းဘက်မှာ ကျွန်မရဲ့ လက်မှတ်ထိုးစေပြီး၊ မဲရုံမှူးလက်မှတ်ပါတဲ့ မဲလက်မှတ်ကို ပေးပါတယ်။
လိုင်းနှစ်လိုင်းခွဲ မဲပေးစေပြန်တော့ မဲရုံထဲမှာ နေရာက အတော်ကြပ်
သွားပါပြီ။ လွှတ်တော်(၃)ရပ်အတွက် မဲလက်မှတ်တစ်ရွက်စီကို တစ်နေရာထည့်ပြီးမှ၊ နောက်တစ်နေရာအတွက် မဲလက်မှတ် (၁) ရွက် ထပ်ထုတ်ပေးပါတယ်။ မဲစာရွက်ထုတ်ပေးတဲ့နေရာနဲ့ လှို့ဝှက်မဲတုံးထုတဲ့ နေရာကြားမှာ မဲပုံးတွေ ထားထားတော့ သက်ကြီးရွယ်အို တော်တော် များများက တံဆိပ်တုံးမထုလိုက်မိပဲ ယောင်ပြီး မဲပုံးထဲ မဲစာရွက်ထည့်လိုက်မိလို့ ပယ်မဲဖြစ်ကြတာကိုလဲ နှမျောဖွယ် တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဓိက အင်အားကြီး အတိုက်အခံ ပါတီအဖြစ်နဲ့ ပြည်သူကြားမှာ ရေပမ်းအစားဆုံး ပြည်သူထောက်ခံမှုအများဆုံးရနေတဲ့ ပါတီဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးမှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြယ်ဖြူနဲ့ခွပ်ဒေါင်း ပါတီအမှတ်တံဆိပ်နဲ၊့ ဆင်တူရိုးမှားတူတဲ့ အခြားပါတီတွေလဲ ၀င်ရောက် ယှဉ်ပြိုင်ကြတာမို့ ပါတီမှားပြီး မဲပေးမိမှာကို ကျွန်မတို့ အတော်စိတ်ပူခဲ့ပါတယ်။ ကံအားလျော်စွာပဲ ကျွန်မတို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဆင်တူရိုးမှား ပါတီ၊ တစ်ပါတီမှ ၀င်မပြိုင်တာက ကျွန်မတို့ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးမဲ့ ပြည်သူတွေအတွက် မဲမှားမပေးမိနိုင်လို့ အတော်စိတ်အေးရပါတယ်။
\
မဲပေးပြီးလို့ လက်သန်းလေးတွေ မှင်တို့တာခံယူပြီးချိန်မှာ သမိုင်းပေးတာဝန်တစ်ရပ်ကို ကျွန်မတို့ အတူတကွ ထမ်းဆောင်ခဲ့သလို ခံစားရပါတယ်။
ကျွန်မ ရှေ့မှာ ဘေးက အကူနဲ့တွဲပြီး မဲလာထည့်တဲ့ အဘိုးတစ်ယောက်။
သူ့ရဲ့ မှင်စွန်းနေတဲ့လက်သန်းလေးကို ကြည့်နေတယ်။ စိတ်ထင်လို့လားတော့ မသိ၊ အဘိုးခန္ဓာကိုယ်က ချိနဲ့နေပေမယ့် အဘိုးရဲ့မျက်နှာက ကြည်စင်ဝင်းပလို့ နေတယ်။ မျက်မှန်အောက်က အဘိုးရဲ့
မျက်လုံးတွေက တဖျတ်ဖျတ် တောက်ပကာ၊ အဘိုးရဲ့ မေးရိုးတွေက ခိုင်ခိုင်မာနေ သယောင်ယောင်။
အိမ်ပြန်ရောက်တော့ ရုပ်သံလိုင်းတွေက ထုတ်လွှင့်တဲ့၊ နိုင်ငံနေရာအနှံ့အပြားက ဆန္ဒမဲပေးနေ ပုံတွေကို တွေ့ရတော့၊ မြန်မာတစ်ပြည်လုံး အင်တိုက်အားတိုက် အပြောင်းအလဲကို လိုချင်နေကြပြီဆိုတာ ပိုသိလာရပါတယ်။ ဖေ့စ်ဘုတ်စာမျက်နှာတွေပေါ်မှာ တက်လာတဲ့ မဲမသမာသတင်းတွေက ဒီနေ့ခေတ် အချိန်အခါမှာ ဘယ်အရာကိုမှ ဖုံးကွယ်ထားလို့ မရဘူးဆိုတာကို ပြနေသလို၊ ကွန်ယက်တွေကို
အလျင်အမြန် ခြိတ်ဆက်နိုင်မှုကြောင့် အခက်အခဲ များစွာကို အချိန်တိုတွင်းမှာ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ များစွာ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။
ညနေ(၄)နာရီ မဲရေတွက်ချိန်မှာ မိုးက မထင်မှတ်ထားပဲ ရွာချပါတယ်။ မဲရေတွက်တာကို လာကြည့်တဲ့ ဦးကြီးတစ်ယောက်က ‘မင်္ဂလာမိုး၊ အောင်မိုးရွာတာ၊ တို့တွေ သေချာပေါက် မဲအောင်ရမယ်’ လို့ ပြောပါတယ်။ မိုးရွာထဲ မဲရုံရှေ့မှာ လူတွေ စည်ကားတိုးဝှေ့ စောင့်ဆိုင်းနေကြတယ်။
ကျွန်မကို လူတွေ ပြုံးပြကြတယ်။ ကျွန်မကလဲ လူတွေကို ပြန်ပြုံးမိတယ်။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် သိလို့ ပြုံးပြနေကြတာ မဟုတ်ဘူး။ အမှန်တော့ ကျွန်မတို့ အားလုံးရဲ့ မျက်နှာမှာ အပြုံးတွေ၊ သေချာမှုတွေ တညီတညွတ်ထဲ စုဝေးနေကြတာ။ သတင်းယူသူတွေကလဲ ကင်မရာ
ကိုယ်စီနဲ့။ လမ်းပေါ်မှာ လူတွေ တဖြည်းဖြည်း များလာကြတယ်။ လမ်းမပေါ်ကနေ မဲရေတွက်တာကို လှမ်းမြင်နေကြ ရတယ်။ ပြည်တွင်းပြည်ပမီဒီယာအချို့ လာရောက် ဗီဒီယိုမှတ်တမ်းတင်တာ
ကိုလဲ တွေ့ရပါတယ်။ “ ဟေး” ခနဲ ဟိုဘက် မဲရုံက အော်သံကြားတော့ လူတွေက ဟိုဘက်မဲရုံကို ပြေးကြတယ်။ လက်ခုပ်တွေ တီးကြပြန်ရော။
ကျွန်မတို့မဲရုံမှာ စာရင်းအရ ဆန္ဒမဲပေးမဲ့သူ (၂၄၀၁)ယောက် ရှိခဲ့ပေမဲ့ တကယ်တမ်း လာရောက်ပေးသူက နှစ်ထောင်တောင်မပြည့်ခဲ့ပါဘူး။ ကျန်သူတွေ ဘာကြောင့်မလာတယ်၊ ဘာကြာင့် မဲမပေးနိုင်တယ်ဆိုတာကတော့ ကာယကံရှင်တွေသာ သိနိုင်မှာပါ။ ကျွန်မတို့ မဲရုံမှာ ကြိုတင်မဲတွေ အရင်ရေတွက်ပြီးမှ ကျန်ဆန္ဒမဲများကို လွှတ်တော်တစ်ရပ်စီအလိုက် ရေတွက်ပါတယ်။ မဲရုံအပြင်မှာ ရလဒ်ကိုသိဖို့ စောင့်နေသူတွေနဲ့ အုန်းအုန်းထနေပါပြီ။ မဲရေတွက်ချိန် ညနေ (၄)နာရီကနေ စတင်လိုက်တာ ည(၈)နာရီခန့်မှ ရေတွက်ပြီးစီးပါတယ်။ခြေထောက်တွေလဲ ညောင်းတောင့်နေပါပြီ။
မဲစာရင်းရေတွက်ပြီးချိန် မဲရုံတာဝန်ခံတစ်ဦးက လွှတ်တော် (၃)ရပ်အတွက် ပါတီတစ်ခုချင်းစီရဲ့ မဲရလဒ်တွေကို မဲရုံရှေ့မှာ ထွက်အော်ဖတ်ပေးပါတယ်။ မဲအရေအတွက်တစ်ကြိမ်အော်ပြီးတိုင်း ထွက်ပေါ်လာတဲ့ ပြည်သူတွေရဲ့ လက်ခုပ်သံက ၀န်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပါတယ်။ ကျွန်မတို့မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့က လွှတ်တော် (၃)နေရာလုံး မဲပြတ်နိုင်ခဲ့ပါပြီ။ အနိုင်သတင်းတွေ ပတ်ဝန်းကျင်မှာ တလူလူလွင့်လို့။ ခဏနေတော့ နေပြည်တော် အနိုင်သတင်း။ မန္တလေး အနိုင်သတင်း။ အပျော်တွေ အပျော်တွေ တစ်ယောက်က တစ်ယောက်ကို ကူးဆက်။ ညဥ့်နက်သည်အထိ ကျွန်မတို့ အိပ်မပျော်နိုင်သေး။
သမိုင်းအရွေ့တစ်ခုမှာ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တွန်းရွှေ့ခဲ့ပါပြီ။ ၂၀၁၅ ခုနှစ် အကုန်ရဲ့ ကောင်းသတင်းအဟုန်ကြောင့် ၂၀၁၆ ခုနှစ်ဟာ အနာဂတ်အမိမြန်မာနိုင်ငံအတွက် စိန်ခေါ်မှုအများဆုံး နှစ်တစ်နှစ်ဖြစ်လာမှာဖြစ်ပြီး၊ အောင်အတိတ်အောင်နိမိတ်ဆောင်တဲ့ နှစ်များဖြစ်စေဖို့ ဆန္ဒပြုမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီအသီးသီးရဲ့ ဟန်ချက်ညီညီ မောင်းနှင်ကြမဲ့ ဒီမိုကရေစီရဲ့ အသီးအပွင့်၊ အနှစ်သာရများကို များမကြာမီ မြန်မာပြည်သူအများ စားသုံးခွင့်
ရတော့မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။
ပြည်သူတွေရဲ့ ချစ်ခင်လေးစား အားထားယုံကြည်မှုရဖို့ဆိုတာ၊ မည်သည့်ပံ့ပိုးမှု၊ မည်သည့်ဖိအား၊ မည်သည့် မက်လုံးမှမလို။ အသည်းနှလုံးက သူ့အလိုလို ယိုစီးကျလာတဲ့ ချစ်ခင်လေးစားစိတ်ပေါ် အရင်းတည်တယ်ဆိုတာ သိခဲ့ရတဲ့နေ့။ ဒါ့အပြင် ပြည်သူအများရဲ့ဆန္ဒဟာ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဆိုတာကို ခေတ်တစ်ခု၊ စနစ်တစ်ခုကနေ ကျွန်မ သင်ယူခွင့်ရလိုက်တဲ့နေ့။ ကျွန်မဘ၀ရဲ့ အမှတ်တရ အဖြစ်ရဆုံးနေ့။
အဲ့ဒီနေ့က ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်။
(PEN Myanmar က ကြီးမှူးထုတ်ဝေတဲ့ ပြည်တွင်းပြည်ပမှ စာရေးဆရာများ၊ ဘလော့ဂါများ၊ မြန်မာပြည်သူများ အတူတကွ ပါဝင်ရေးသားခဲ့တဲ့ November 8 Diary အင်္ဂလိပ်+ မြန်မာ ဗားရှင်းနှစ်ခုနဲ့ ဖော်ပြခဲ့တဲ့အက်ဆေး။)
ဆန္ဒနဲ့ဘ၀ တထပ်ထဲ ကျပါစေ။
+မြသွေးနီ+
Sunday, February 28, 2016
=သမိုင်းတွင်မယ့် ရက်စွဲ=
>

Labels:
အက်ဆေး/၀တ္ထုတို
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment