=မဲဆောက်မြို့ မြောက်ဘက်မယ့်ကဆာတိုက်နယ်ရပ်ကွက်တစ်ခုရှိ ရှူးဖိနပ်စက်ရုံမှမြန်မာရွှေ့ ပြောင်းအလုပ်သမား၂၇ယောက်၂လကြာ လုပ်အားခမရကြ-ဆရာမိုး(JACBA)ကွင်းဆင်းကြားနာ=
+(ဖေဖော်ဝါရီလ၂၅ရက်-၂၀၁၆-သောင်ရင်းနဂါး)+
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မြောက်ဘက်၈ကီလိုမီတာအကွာရှိတဲ့ မယ့်ကဆာတိုက်နယ်မှရပ်ကွက်တစ်ခုမှာDEEအမည်ရှိရှူးဖိနပ်ချုပ် စက်ရုံငယ်တစ်ခုမျာအလုပ်လုပ်ရပြီးလုပ်အားခမရကြောင်း
ကြားသိရပါတယ်။ ဒီလိုကြားသိရချင်းဒီနေ့ ညနေပိုင်းကနေမိုးချုပ်တဲ့အထိခါတိုင်းဆိုရင် စက်ရုံတစ်ခုခုရှေ့ မှာပိုက်ကျော်ခြင်းသွားခတ်နေကျဆရာမိုး(JACBA)ဟာ သူပိုင်စီးတော်မြင်း(အဲလေ)စီးတော်ဒလိမ့် နဲ မဲဆောက်မြောက်ဘက်ကိုဦးတည်ချီတက်ပါတော့တယ်။သူတို့ ရှူးဖိနပ်စက်ရုံ (DEE)နဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ထိုင်းဘုန်းကြီးကျောင်း(ဆရာမိုးတခါတရံ-မြန်မာစာ၊အဂံလိပ်စာပညာဒါနပြုပေးရာကျောင်း)မှာသူတို့ ၂၇ယောက်ထဲက ကိုယ်စားလာရောက်တဲ့၎ဦးကိုပြသနာဖြစ်စဉ်ကိုအသေးစိတ်မေးမြန်းပြီး ထိုင်းဥပဒေပါအလုပ်သမားအခွင့်အရေးနဲ့ အညီတောင်းဆိုတတ်အောင် နည်းလမ်းပေးပါတယ်။ ၂၇ယောက်ထဲကကိုယ်စားလှယ်စောဘကျော်က-*ကျနော်က လုပ်သက်၃နှစ်ကျော်ပြီ။ကျနော့်နေ့ စားခကပုံမှန်မဟုတ်တော့လခထုတ်ရင် တစ်လနဲ့ တစ်လမတူဘူးဗျ။ကျနော်တို့ စက်ရုံမှာအရင်ကဆိုရင်မြန်မာအလုပ်သမား၆၀ယောက်ရှိခဲ့တယ်။အခု၂၇ယောက်ပဲကျန်တာကအခုလိုလစာထုတ်ပေးတာမမှန်လို့ ။တချို့ ဆိုရင်၁လလုပ်ပြီး၁လစာလုပ်အားခမရတော့ထွက်သွားကြတာပါ။ကျနော်တို့ က ရှူးဖိနပ်ချုပ်ရပါတယ်။နေ့ စားခကလူသစ်ဆိုရင်၆၀ဘတ်ကနေလူဟောင်း ၁၁၀ဘတ်(ကျနော်အပါအ၀င်)ရကြပါတယ်။ဒါပေမယ့်မနက်၈နာရီကနေ ည၈-၉နာရီအထိအလုပ်ဆင်းကြရပေမယ့်ပုံမှန်လုပ်အားခကဘယ်လောက်၊ အိုတီကြေးကဘယ်လောက်ဆိုပြီးမကြေညာခဲ့ပါဘူး။ဒီလိုပဲလုံးဂျာလည်ပြီး လုပ်ခဲ့ရပါတယ်..အခုလုပ်အားခမရတဲ့၂လအတွင်းထမင်းနဲ့ စားဖြစ်ရုံဟင်းပေးထားပါတယ်။.လုပ်အားခမပေးတော့အကြွေးယူစားရမယ့်ဆိုင်တွေက အကြွေးမပေးတော့ဘူးလေ။ဒါနဲ့ပဲမခံမရပ်နိုင်တော့လို့ ဆရာမိုးဖုန်းကိုလှမ်းဆက်ပြီးအကူအညီတောင်းခံရတာပါ...* လို့ ရှင်းပြပါတယ်ဗျ။ တဆက်ထဲမှာပင်အခြားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့စောအဲကလည်း *ကျနော်တို့ မန်နေဂျာကကျနော်တို့ ရွှေကရင်တစ်ဦးပါပဲ။သူ့ကြောင့်၁လလုပ်ပြီး၊၂လလုပ်ပြီးထွက်သွားကြရာက၊အခုဆို၂၇ယောက်ပဲ ကျန်တော့တာပါ။ဒီ၂၇ယောက်စလုံးလည်းဒီလစာပြန်ရရင်ရွာပြန်ကြမှာပါ။ ကျနော်တို့ ကကော့ကရိတ်ဘက်၊လှိုင်းဘွဲ့ ဘက်၊ဘားအံဘက်ကပါဆရာ* လို့ ထပ်ဆင့်ပြောပြသွားပါတယ်။ အခုအလုပ်သမားပြသနာကိုထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့ခ်ပြည်နယ်(ခရိုင်)အလုပ်ရှင်-အလုပ်သမားစေ့စပ်ဖျန်ဖြေရေး ကော်မတီဝင်လည်းဖြစ်ပြီးမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA)အကြီးအကဲလည်းဖြစ်တဲ့ဆရာမိုးကိုယ်တိုင်ကွင်းဆင်း လေ့လာခဲ့သလိုလိုအပ်တဲ့ထိုင်းဥပဒေပါအလုပ်သမားအခွင့်အ
ရေးနဲ့ အညီတောင်းဆိုတတ်အောင်နည်းလမ်းပေးခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ်တာ့ခ်ပြည်နယ်(ခရိုင်)မဲဆောက်မြို့ မှာအလုပ်စေခိုင်းပြီး လုပ်အားခမပေးတဲ့အမှုကိစ္စတွေဟာအပေါါ်ယံလျှံကြည့်ရင်နည်းသွားသယောင် ထင်ရပေမယ့်တာဝန်ရှိအဖွဲ့ အစည်းအသီးသီးကဖြန့် ကျက်ကွင်းဆင်းလေ့လာ ခဲ့ပါရင်နည်းသွားတာမျိုးမဟုတ်ကြောင်း၊အထူးသဖြင့် တရားဝင်စက်ရုံအလုပ်ရုံများထက်အိမ်တွင်းမှု အမည်ခံစက်ရုံအလုပ်ရုံငယ်တွေမှာအလုပ်ကြီးကြပ် ရေးမှူးတာဝန်ကိုရရှိကြတဲ့(အချို့ -မန်နေဂျာတာဝနရရှိကြတဲ့) မြန်မာပြည်ကစွမ်းအားရှင်ပုံစံမြန်မာနိုင်ငံသားတချို့ ကြောင့် မြန်မာ-မြန်မာချင်းတက်နင်းတဲ့ဖြစ်ရပ်တွေတိုးပွားဖြစ်ပေါါ်နေကြောင်း ထိုင်းအခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ကလေ့လာသုံးသပ်ထားပါတယ်ခင်ဗျ။
=မဲဆောက်မြို့ မြောက်ဘက်မယ့်ကဆာတိုက်နယ်ရပ်ကွက်တစ်ခုရှိ
ရှူးဖိနပ်စက်ရုံမှမြန်မာရွှေ့ ပြောင်းအလုပ်သမား၂၇ယောက်၂လကြာ
လုပ်အားခမရကြ-ဆရာမိုး(JACBA)ကွင်းဆင်းကြားနာ=
+(ဖေဖော်ဝါရီလ၂၅ရက်-၂၀၁၆-သောင်ရင်းနဂါး)+
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မြောက်ဘက်၈ကီလိုမီတာအကွာရှိတဲ့
မယ့်ကဆာတိုက်နယ်မှရပ်ကွက်တစ်ခုမှာDEEအမည်ရှိရှူးဖိနပ်ချုပ်
စက်ရုံငယ်တစ်ခုမျာအလုပ်လုပ်ရပြီးလုပ်အားခမရကြောင်း
ကြားသိရပါတယ်။
ဒီလိုကြားသိရချင်းဒီနေ့ ညနေပိုင်းကနေမိုးချုပ်တဲ့အထိခါတိုင်းဆိုရင်
စက်ရုံတစ်ခုခုရှေ့ မှာပိုက်ကျော်ခြင်းသွားခတ်နေကျဆရာမိုး(JACBA)ဟာ
သူပိုင်စီးတော်မြင်း(အဲလေ)စီးတော်ဒလိမ့် နဲ မဲဆောက်မြောက်ဘက်ကိုဦးတည်ချီတက်ပါတော့တယ်။သူတို့ ရှူးဖိနပ်စက်ရုံ
(DEE)နဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ထိုင်းဘုန်းကြီးကျောင်း(ဆရာမိုးတခါတရံ-မြန်မာစာ၊အဂံလိပ်စာပညာဒါနပြုပေးရာကျောင်း)မှာသူတို့ ၂၇ယောက်ထဲက
ကိုယ်စားလာရောက်တဲ့၎ဦးကိုပြသနာဖြစ်စဉ်ကိုအသေးစိတ်မေးမြန်းပြီး
ထိုင်းဥပဒေပါအလုပ်သမားအခွင့်အရေးနဲ့ အညီတောင်းဆိုတတ်အောင်
နည်းလမ်းပေးပါတယ်။
၂၇ယောက်ထဲကကိုယ်စားလှယ်စောဘကျော်က-*ကျနော်က
လုပ်သက်၃နှစ်ကျော်ပြီ။ကျနော့်နေ့ စားခကပုံမှန်မဟုတ်တော့လခထုတ်ရင်
တစ်လနဲ့ တစ်လမတူဘူးဗျ။ကျနော်တို့ စက်ရုံမှာအရင်ကဆိုရင်မြန်မာအလုပ်သမား၆၀ယောက်ရှိခဲ့တယ်။အခု၂၇ယောက်ပဲကျန်တာကအခုလိုလစာထုတ်ပေးတာမမှန်လို့ ။တချို့ ဆိုရင်၁လလုပ်ပြီး၁လစာလုပ်အားခမရတော့ထွက်သွားကြတာပါ။ကျနော်တို့ က
ရှူးဖိနပ်ချုပ်ရပါတယ်။နေ့ စားခကလူသစ်ဆိုရင်၆၀ဘတ်ကနေလူဟောင်း
၁၁၀ဘတ်(ကျနော်အပါအ၀င်)ရကြပါတယ်။ဒါပေမယ့်မနက်၈နာရီကနေ
ည၈-၉နာရီအထိအလုပ်ဆင်းကြရပေမယ့်ပုံမှန်လုပ်အားခကဘယ်လောက်၊
အိုတီကြေးကဘယ်လောက်ဆိုပြီးမကြေညာခဲ့ပါဘူး။ဒီလိုပဲလုံးဂျာလည်ပြီး
လုပ်ခဲ့ရပါတယ်..အခုလုပ်အားခမရတဲ့၂လအတွင်းထမင်းနဲ့ စားဖြစ်ရုံဟင်းပေးထားပါတယ်။.လုပ်အားခမပေးတော့အကြွေးယူစားရမယ့်ဆိုင်တွေက
အကြွေးမပေးတော့ဘူးလေ။ဒါနဲ့ပဲမခံမရပ်နိုင်တော့လို့ ဆရာမိုးဖုန်းကိုလှမ်းဆက်ပြီးအကူအညီတောင်းခံရတာပါ...*
လို့ ရှင်းပြပါတယ်ဗျ။
တဆက်ထဲမှာပင်အခြားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့စောအဲကလည်း
*ကျနော်တို့ မန်နေဂျာကကျနော်တို့ ရွှေကရင်တစ်ဦးပါပဲ။သူ့ကြောင့်၁လလုပ်ပြီး၊၂လလုပ်ပြီးထွက်သွားကြရာက၊အခုဆို၂၇ယောက်ပဲ
ကျန်တော့တာပါ။ဒီ၂၇ယောက်စလုံးလည်းဒီလစာပြန်ရရင်ရွာပြန်ကြမှာပါ။
ကျနော်တို့ ကကော့ကရိတ်ဘက်၊လှိုင်းဘွဲ့ ဘက်၊ဘားအံဘက်ကပါဆရာ*
လို့ ထပ်ဆင့်ပြောပြသွားပါတယ်။
အခုအလုပ်သမားပြသနာကိုထိုင်းအလုပ်သမားဝန်ကြီးဌာန
တာ့ခ်ပြည်နယ်(ခရိုင်)အလုပ်ရှင်-အလုပ်သမားစေ့စပ်ဖျန်ဖြေရေး
ကော်မတီဝင်လည်းဖြစ်ပြီးမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု
ကော်မတီ(JACBA)အကြီးအကဲလည်းဖြစ်တဲ့ဆရာမိုးကိုယ်တိုင်ကွင်းဆင်း
လေ့လာခဲ့သလိုလိုအပ်တဲ့ထိုင်းဥပဒေပါအလုပ်သမားအခွင့်အ
ရေးနဲ့ အညီတောင်းဆိုတတ်အောင်နည်းလမ်းပေးခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်တာ့ခ်ပြည်နယ်(ခရိုင်)မဲဆောက်မြို့ မှာအလုပ်စေခိုင်းပြီး
လုပ်အားခမပေးတဲ့အမှုကိစ္စတွေဟာအပေါါ်ယံလျှံကြည့်ရင်နည်းသွားသယောင်
ထင်ရပေမယ့်တာဝန်ရှိအဖွဲ့ အစည်းအသီးသီးကဖြန့် ကျက်ကွင်းဆင်းလေ့လာ
ခဲ့ပါရင်နည်းသွားတာမျိုးမဟုတ်ကြောင်း၊အထူးသဖြင့်
တရားဝင်စက်ရုံအလုပ်ရုံများထက်အိမ်တွင်းမှု
အမည်ခံစက်ရုံအလုပ်ရုံငယ်တွေမှာအလုပ်ကြီးကြပ်
ရေးမှူးတာဝန်ကိုရရှိကြတဲ့(အချို့ -မန်နေဂျာတာဝနရရှိကြတဲ့)
မြန်မာပြည်ကစွမ်းအားရှင်ပုံစံမြန်မာနိုင်ငံသားတချို့ ကြောင့်
မြန်မာ-မြန်မာချင်းတက်နင်းတဲ့ဖြစ်ရပ်တွေတိုးပွားဖြစ်ပေါါ်နေကြောင်း
ထိုင်းအခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ
(JACBA)ကလေ့လာသုံးသပ်ထားပါတယ်ခင်ဗျ။
No comments:
Post a Comment