ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, February 3, 2016

=မုန်တိုင်းစင်ယော်=

>
အိမ်အပြန်ခြေလှမ်းတွေက အရမ်းကို လေးလံနေသည်။ မြလေးရင်ထဲမှာ ဗလောင်ဆူနေပြီး ၀မ်းနည်းကြေကွဲ နေမိသည်။ တစ်နာရီအတွင်းမှာပဲ လောကကြီးသည် ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့ပြီ။ ခါတိုင်း မြလေးတို့ သူငယ်ချင်းတွေ အုပ်စုလိုက် အိမ်အပြန်ခရီးမှာ ဆူညံစွာ တွတ်ထိုးရင်းပြန်လာနေကြပေမယ့် ဒီနေ့တော့ အားလုံး ငြိမ်သက်နေကြသည်။ နွမ်းလျသည့်အရိပ်တို့က အားလုံးမျက်နှာပေါ်မှာ အထင်းသားပင်...။ ............................ မြလေးတို့က အထည်ချုပ်သမတွေပါ။ ဆင်းရဲနွမ်းပါးပြီးတော့ တနေ့လုပ်မှ တနေ့စားရသည့် ရပ်ကွက်ထဲမှာ နေကြသူမို့ အားလုံးသောအပျိုစင်လေးတွေက ဒီစက်ရုံတွေကို မှီခိုရ ပ်တည်နေရတာပါ။ ပဲပြုတ်သည်၊ အကြော်သည်စသည်တို့ထက် အထည်ချုပ်စက်ရုံလေးမှာ လုပ်ရတော့ ပညာလည်းရ၊ အိနြေ္ဒလည်းရှိ၊ ပြီးတော့ ဘ၀တိုးတက်မှုအတွက်လည်း ရှာနိုင်တာမို့ မြလေးကတော့ ဒီအလုပ်ကို အင်မတန် သဘောကျသည်။ ဒါကြောင့် အလုပ်ရှင်နဲ့တကွ စက်ရုံကြီး အမြဲစည်ပင်တိုးပွားနေဖို့ဘုရားရှိခိုးတိုင်း မေတ္တာပို့ပေးနေတာ မြလေးအလုပ်စ၀င်ကတည်းကပါ။ မြလေးက အိမ်မှာ အကြီးဆုံး။ အခုဆို အပျိုဖော်ဝင်စ အသက် ၁၈ နှစ်လောက်ရှိပြီပေါ့။ အဖေက အရင်က လက်သမား လုပ်ခဲ့ပေမယ့် မတော်တဆထိခိုက်မှုတစ်ခုကြောင့် ခြေထောက် အောက်ပိုင်း ဖြတ်ထားရသည်။ အမေကတော့ မနက်ပိုင်းဆို မုန့်ပျားသလက်လေးတွေကြော်ရောင်း၊ ညနေပိုင်းဆို ဖရဲသီးလေးနဲ့ ရာသီပေါ်သီးလေးတွေကို ရပ်ကွက်ထဲ လှည့်ရောင်းပေါ့။ ဒီလိုနဲ့ပဲ ကလေးခြောက်ယောက်ရဲ့ ၀မ်းစာ၊ မိသားစု ရှစ်ယောက်ရဲ့ အိမ်စားရိတ်တွေကို မြလေးလည်း ၀ိုင်းကူရှာပေးရတာပေါ့။ အဖေလည်း တတ်နိုင်သလောက် ကူရှာပေးပါသည်။ မုန့်ထိုင်ရောင်းတာ တို့ဘာတို့ စသဖြင့် ကူရောင်းပေးပါသည်။ ခက်တာက တနေ့တနေ့ ကြီးလာတဲ့ စရိတ်စကနဲ့ မောင်ငယ်၊ ညီမငယ်တို့ရဲ့ ကျောင်းစရိတ်တွေကို ကာမိအောင်ရှာဖို့က တအားကို ပင်ပန်းလွန်းအားကြီးပါသည်။ အမေ့ရဲ့ တနေ့ရောင်းရငွေတွေက အိမ်စားရိတ်ကိုကာမိသလိုလိုရှိပြီးတော့ မြလေးရဲ့ တစ်လစာကိုပေါင်းထည့်လိုက်တော့ ဘာပဲပြောပြောရပ်ကွက်ထဲမှာ မျက်နှာတော့သိပ်မငယ်ရတော့ဘူးပေါ့။ ဒါကြောင့် မြလေးအလုပ်ကို ကြိုးစားသည်။ ဒီ့ထက်ဘ၀ တိုးတက်ပြီး မိသားစုကို ထောက်ပံ့ချင်သည်။ ဒီလို အနာဂတ်စိတ်ကူးတွေအပြည့်နဲ့ မြလေးဘ၀ကိုမှ မုန်တိုင်းစုတ်ချက်ခပ်ကြမ်းကြမ်းတစ်ချက် ၀င်မွှေသွားပြန်သည်။ အမေဈေးရောင်းသွားရင်းနဲ့ ကားတိုက်ခံရတာပါ။ လျော်ကြေးလေးရပေမယ့် ထိခိုက်မိတဲ့ဒဏ်ရော အသက်အရွယ်ကြောင့်ပါ များများလမ်းလျှောက်လို့မရတော့..။ ဒီလိုနဲ့ ဈေးရောင်းရတဲ့ဝင်ငွေလေးတွေက တဖြည်းဖြည်းပါးလျှော့သွားတော့ မြလေးရဲ့တာဝန်တွေက ပိုလို့ ကြီးလာပြန်သည်။ .......................... ဒီနေ့တော့ မြလေးရဲ့ မျှော်လင့်ချက်တွေ ယိုင်လဲပြိုကွဲသွားပြီ။ အထည်ချုပ်စက်ရုံတွေ ပိတ်လိုက်ရခြင်းပါ။ အလုပ်သမအားလုံး အလုပ်ပြုတ်ခြင်းပါ။ မြလေး မငိုချင်ပါဘူး။ လောကဓံ ဇာတ်အတိုင်း ကရသည်ကို မြလေးနားလည်သည်။ ကျော်လွှားနိုင်အောင်လည်း ကြိုးစားမည်။ မိသားစုကို တောက်ပသည့် အပြုံးတွေနဲ့ ၀င့်ဝင့်ထည်ထည်ပြုံးပြသည်။ သို့သော်လည်း အလုပ်လက်မဲ့ ရာကျော်ကြားမှာ မြလေး အတွက် မှီတွယ်ရာကို ရှာမရခဲ့ပါ။ အဝေးအနီး စက်ချုပ်လုပ်ငန်း၊ စားပွဲထိုး အားလုံး လိုက်ရှာပေမယ့် တစ်ခုမှ မရခဲ့။ နောက်ဆုံး ကြံရာမရ အမေရောင်းခဲ့သည့် ရာသီပေါ်သီးတွေကို လှည့်ရောင်းသော်လည်း များလိုက်သည့် အသည်တွေ။ သူလိုကိုယ်လိုပဲ ရရာရှာဖွေရတော့သည်ပေါ့...။ တနေ့တနေ့ ဆန်အိုးထဲကို ဆန်အချိန်မှီရောက်နိုင်ဖို့ စိတ်သောကတွေက ကြီးထွားလာသည်။ လူရှစ်ယောက် စားစာရိတ်က အခုမှ ပိုပြီးကြီးလာသလိုပင်။ ကိုယ်အောက်ပိုင်းမရှိတော့သည့် အဖေ့ကိုလည်း အလုပ်တွေ မလုပ်စေချင်။ လမ်းဝေးဝေးလျှောက်မရသည့် အမေ့ကိုလည်း မပင်ပန်းစေချင်။ မောင်ညီမလေးတွေကိုလည်း ကျောင်းစာကလွဲလို့ ဘာကိုမှ မသိစေချင်။ အားလုံးရဲ့ အပူတွေက မြလေးကို တဆင့်ပြီးတဆင့်ပူနေလေတော့သည်။ ချီးငှားထားသည့် အကြွေးတွေက မဆပ်နိုင်။ အကြွေးရှင် တို့ရဲ ဆဲဆိုခြင်းကိုလည်း ခေါင်းငုံ့ခံရင်းနဲ့ မြလေးယောင် ချာချာဖြစ်လာသည်။ “မမ..သားကျူရှင်တက်ချင်တယ်... ” မ၀ံ့မရဲလေးပြောလာသော မောင်ငယ်လေးကို လှည့်ကြည့်ရင်း မြလေးရင်ထဲမှာ ဒေါသတွေ ဗလောင် ဆူလာသည်။ ၀မ်းရေးတောင်မလောက်ငသည့်ဘ၀မှာ ကျူရှင်တဲ့လား...။ တစ်ယောက်တည်း ကြိတ်စုခဲ့ရသော အပူတို့က မောင်ငယ်ဆီသို့ ရောက်ရှိသွားတော့သည်။ အနားရှိ တံမြက်ရိုးနှင့် ဆွဲပြီး အဆက်မပြတ်ရိုက်နှက်ရင်း မြလေးရှိုက်ကြီးတငင်ငိုမိသည်။ မောင်ငယ်လေးမှာ ကြောက်လန့်လွန်းစွာ ငိုရင်းရှိုက်ရင်းဖြင့် ချောင်လေးတစ်နေရာမှာ ပုန်းနေလေသည်။ အဖေနှင့် အမေမျက်နှာတို့မှာ ဇီးရွက်သာသာလေးသာ။ မျက်လုံးတို့မှာ မျက်ရည်အ၀ိုင်းသားနှင့်...။ မြလေးအသိဝင် လာတော့ မောင်ငယ်လေးကို ဖက်ကာ တိုးလျှိုးတောင်းပန် နေမိသည်။ “မမရဲ့ မောင်လေးတွေ ညီမလေးတွေ ပညာတတ်အောင် မမအစွမ်းကုန်ကြိုးစားပါ့မယ်ကွယ်... နောင်ဒီလိုမျိုး ဘယ်တော့မှ မဖြစ်စေရဘူး... ” မြလေးတိတ်တိတ်ကလေး ကတိတွေ ပေးနေမိသည်။ ............................. ညသည် တိတ်ဆိတ်လွန်းနေသည်။ ထိုတိတ်ဆိတ်လွန်း သည့် ညထဲတွင် လှုပ်ရှားနေသူ နှစ်ဦးရှိပါသည်။ စားပွဲပေါ်တွင် တင်ထားသည့် တစ်ထောင်တန်အုပ် ဆယ်အုပ်ကို မြလေးအိတ်ထဲသို့ စီထည့်လိုက်သည်။ ထို့နောက် ကုတင်ပေါ်လှဲကာ မျက်လုံးတို့ကို မှိတ်ထားလိုက်သည်။ မြလေးရဲ့ အာရုဏ်ထဲမှာ ကျူရှင်တက်နေသည့် မောင်လေး၊ ကိုယ်ပိုင်စက်ချုပ်လုပ်ငန်းဖြင့် အောင်မြင်နေသည့် မြလေး၊ အဖေ၊ အမေကို လိုလေသေးမရှိ လုပ်ကျွေးနေပြီး ပြီးပြည့်စုံသည့် ဘ၀လေးကို မြင်ယောင်ရင်း မြလေးနှုတ်ခမ်းလေး ညွှတ်ကွေးကာ ပြုံးနေမိသည်။ တပြိုင်နက်တည်းပဲ မှိတ်ထားသည့် မျက်ဝန်းတို့မှ မျက်ရည်စတို့ စီးကျလာခဲ့သည်။ ရှိုက်ကြီးတငင် မောပန်းနေသည့် အသံဖြင့် မြလေး ကိုယ်ပေါ်မှ အရာတစ်ခုလှုပ်ရှားနေလေသည်။ ဒီနေ့ညသည် မြလေးအတွက် မြင့်မြတ်တဲ့အပျိုစင်ဘ၀ ဆုံးရှုံးရသည့်ညလေးတစ်ညပေါ့....။ ညက တိတ်ဆိတ်နေပြီး လောကတခွင်လုံး အေးချမ်း နေလေသည်။ သို့သော် ကောင်မလေးတစ်ယောက် ကတော့ဖြင့် လောကဓံအလယ်မှာ နစ်ချည်မြုပ်ချည် ရုန်းကန်နေရတာကိုတော့ဒီတိတ်ဆိတ်နေတဲ့ညလေးက လှောင်ရယ်ဟားတိုက်နေသလိုပါပဲလေ......။ 

(ကျွန်တော်အခုရေးသော မြလေးဟူသော ဇာတ်ကောင်သည် ပြင်ပလောကမှ မည်သည့် မြလေးကိုမှ မရည်ရွယ်ပါကြောင်း။ ကျွန်တော့်စိတ်ကူးထဲမှ ဇာတ်ကောင်အမည်သာဖြစ်ပါကြောင်း အသိပေးအပ်ပါသည်)

 ////////////////////////////////////// 

+နေ၀သန်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)