ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 1, 2016

=နေမာကဖီဂိုလက်သစ်မဟုတ်ပါ=

>
ရီးယဲလ်မက်ဒရစ်အသင်းဥက်္ကဋ္ဌကြီး ပီရက်ဇ်ကဘာစီလိုနာ
တိုက်စစ်မှူးးနေမာကိုခေါ်ယူဖို့  ကြိုးပမ်းနေပြီး မကြာသေးခင်
ကာလကပဲ ရောဘတ်တိုကားလို့ စ်က နေမာကို ဘာစီလိုနာကနေ
ရီးယဲလ်ကိုခေါ်ယူပေးနိုင်တဲ့  အစွမ်း အစ သူ့ မှာရှိတယ်လို့ 
 ပြောကြားထားတာကြောင့်  နေမာအနေနဲ့  ရီးယဲလ်ကို
 ရောက်လာမှာလား။ ဒါကို သုံးသပ်ကြည့်ရအောင်ပါ။

 ဒီလို ရီးယဲလ်ကနေ နေမာကိုခေါ်ယူဖို့  စိတ်ဝင်စားနေတယ်လို့ 
 ပြောကြားလာတာကြောင့်  ဘာစီ လိုနာအသင်းဘက်က နေမာနဲ့ 
စာချုပ်သက်တမ်းထပ်မံတိုးမြှင့် ဖို့ အလျင်စလိုလုပ်ဆောင်လာခဲ့ 
ပါတယ်။ နေမာကတော့ လောလောဆယ်စာချုပ်သက်တမ်း တိုးမြှင့်မှု
ကို သဘောတူလက်ခံမှုမရှိသေးပေမယ့်သူဟာဘာကာပရိသတ်
 တွေအတွက် ပြီးပြည့် စုံတဲ့ အနေအထားတစ်ရပ်ကိုဖော်ဆောင်ပေး
မှာဖြစ်တယ်လို့  ကတိပြုထားပါတယ်။ နေမာကို ခေါ်ယူလိုနေတဲ့ 
 အသင်းတွေထဲမှာရီးယဲလ် မက်ဒရစ်အပြင် ပီအက်စ်ဂျီ၊ မန်ယူနဲ့  
 မန်စီးတီးတို့ ပါ ပါဝင်နေကြပါတယ်။

 ပြီးခဲ့တဲ့ဇန်န၀ါရီ ၃၀ ရက်က ဘာစီလိုနာနဲ့ အက်သလက်တီကို
တို့ ယှဉ်ပြိုင်ခဲ့ တဲ့ ပွဲမှာဘာကာပရိသတ်တွေက 
““ ဖလော်ရန်တီနိုပီရက်ရေ ..နေမာက ဖီဂိုမဟုတ်ပါဘူး””လို့ 
 နှုတ်ကနေအော်ပြီးတော့တစ်မျိုး၊ ဆိုင်းဘုတ်တွေကိုင်ပြီးတော့
 တစ်သွယ် သူတို့ ရဲ့ ဆန်္ဒကိုဖော်ထုတ်ခဲ့ ကြပါတယ်။
 ပေါ်တူဂီတောင်ပံတိုက်စစ်မှူး ဖီဂိုက ၂၀၀၀ပြည့် နှစ် ဇူလိုင်လမှာ
ဘာစီလိုနာကနေ ခါးသီးတဲ့ ပြိုင်ဘက်ရီးယဲလ်မက်ဒရစ်ကို 
အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၁ သန်းနဲ့  ပြောင်းရွှေ့ သွား
ခဲ့ ပါတယ်။ အဲဒီနောက် ရီးယဲလ်မှာနဂိုရှိပြီးသား ကြယ်ပွင့်ကစားသမား
တွေဖြစ်တဲ့ ရာအူးလ်၊ ရောဘတ်တိုကားလို့ စ်တို့ အပြင် သူ့ နောက်မှ
ရောက်ရှိလာတဲ့  ဇီဒန်း၊ ရိုနယ်လ်ဒို၊ ဘက်ခမ်းတို့ နဲ့ အတူ
 ရီးယဲလ်ရဲ့  ကြယ်စင်စု ကစားသမားတွေအဖြစ် ရီးယဲလ်ရဲ့ 
 အောင်မြင်မှုတွေကို အတူဖော်ဆောင်ခဲ့ ကြတာပါ။ 
ဒါကြောင့်  နေမာဟာ ဖီဂိုလိုမျိုး ဘာစီလိုနာကနေ ရီးယဲလ်ကို ပြောင်းရွှေ့  သွားမယ့်ကစားသမားဖြစ်လာမှာကို ဘာကာပရိသတ်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ဒါပေမယ့် အခြေအနေတွေကို
  ပြန်သုံးသပ်ရင် နေမာဟာ ဖီဂိုလိုမျိုး ဖြစ်လာစရာအကြောင်းမရှိ
ပါဘူး။ ဒီလိုဆို ဖီဂိုဟာ တခြားအသင်းကိုမရွေးဘဲ ဘာလို့  ရီးယဲလ်
ကိုမှ ရွေးချယ်ခဲ့သလဲ ပြန်စဉ်းစားကြည့်ပါမယ်။ 
ဖီဂိုက ဘာစီလိုနာမှာ၁၉၉၅ ခုနှစ်ကနေ ၂၀၀၀ ပြည့် နှစ်အထိ 
ကစားခဲ့ သူဖြစ်ပေမယ့်အဲဒီအချိန်တုန်းက ဘာစီလိုနာဟာ
 ဘဏ္ဍာရေးအင်အားတောင့်တင်းမှု၊ ဆုဖလားရရှိမှုတွေမှာပါ
 ရီးယဲလ်ကို ယှဉ်နိုင်ခြင်းမရှိခဲ့ ပါဘူး။ ၁၉၉၇ ခုနှစ်မှာ
ဘာစီလိုနာအသင်းဟာ ဖီဂို၊ ရီဗယ်လ်ဒို၊ ရိုနယ်လ်ဒို၊ 
 ကလွိုက်ဗက်၊ဂွါဒီယိုလာ တို့ ရဲ့ အားနဲ့ အတူ
 ယူအီးအက်ဖ်အေဖလားလို့  အရင်ကခေါ်တဲ့  ယူရိုပါလိဂ်ဖလား
 ကို ဆွတ်ခူးနိုင်ခဲ့ ပါတယ်။ ဘာစီလိုနာက အဲဒီအချိန်က 
ကစားသမားကောင်းတွေ အများကြီးရှိခဲ့ ပေ မယ့်လည်း သူတို့ 
အလိုချင်ဆုံး ချန်ပီယံလိဂ်ဖလားကိုတော့ ရယူနိုင်ခြင်းမရှိခဲ့ 
ပါ ဘူး။ ရီးယဲလ်မက်ဒရစ်ကသာ ၁၉၉၈၊ ၂၀၀၀ ပြည့် နှစ်တွေမှာ
ချန်ပီယံလိဂ်ဖလား ကို ဆွတ်ခူးနိုင်ခဲ့တာကြောင့်  
ကစားသမားကောင်းတိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို 
ကိုင်မြှောက်ခွင့်ရေးအတွက် ဖီဂိုဟာ ဘာစီလိုနာကနေ ခါးသီးတဲ
ပြိုင်ဘက် ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့ ရတာဖြစ်ပါတယ်။

 ရီးယဲလ်ကို ပြောင်းရွှေ့ သွားခဲ့ ပြီးနောက် သူ့ အိပ်မက်က
 အမှန်တကယ်ဖြစ်လာခဲ့ ပြီး ၂၀၀၂ ခုနှစ်မှာတော့ ရီးယဲလ်မက်ဒရစ်က
 ချန်ပီယံလိဂ်မှာ ထပ်မံဗိုလ်စွဲခဲ့ ပြီး ဖီဂိုလည်း ချန်ပီယံလိဂ်ဖလား
ကိုင်မြှောက်ခွင့်ရခဲ့ ပါတယ်။ ဒါကြောင့်  ဖီဂိုက ဘာစီလိုနာ 
ပရိသတ်တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် သစ်္စာဖောက်
 တစ်ယောက်ဖြစ်နိုင်ပေမယ့်  ကစားသမားဘ၀အတွက် အကောင်းဆုံး
လမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့ တယ်လို့  ဆိုရမှာဖြစ်ပါတယ်။
 ဒါပေမယ့်  ဖီဂိုက ဘာကာကနေ ရီးယဲလ်ကို ပြောင်းရွှေ့ ခဲ့ တာက
 လွန်ခဲ့ တဲ့  ၁၅ နှစ်ကျော်ကာလကဖြစ်သလို အခုအချိန်မှာ
အခြေအနေတွေက ဆန့် ကျင်ဘက် အနေအထားကိုရောက်
နေရှိနေပြီလို့  ဆိုရပါမယ်။ ဖီဂိုကစားတုန်း က ဘာစီလိုနာဟာ
 ၁၉၉၂ ခုနှစ်မှာချန်ပီယံလိဂ်ဖလားတစ်ကြိမ်သာဆွတ်ခူး ထားတဲ့ 
 အစဉ်အလာမရှိတဲ့ အသင်းဖြစ်ပေမယ့်  အခုအချိန်မှာတော့ 
ဘာစီလိုနာ က ဥရောပမှာရော စပိန်မှာရော အကောင်းဆုံး
အသင်းဖြစ်နေပါပြီ။

 ဒါကြောင့်  ကစားသမားတွေအနေနဲ့  ချန်ပီယံလိဂ်ဖလားကို
သေချာပေါက် ကိုင်မြှောက်ခွင့်ရ ချင်တယ်ဆိုရင် ဘာစီလိုနာမှာ
ပဲ အေးအေးဆေးဆေးစောင့် နေတာက အသေချာဆုံးကိစ်္စရပ်
လို ဖြစ်လာတဲ့ အထိ ဘာကာရဲ့  လွှမ်းမိုးမှုက အားကောင်း
လာခဲ့ ပါ တယ်။ နေမာကတော့ ဘရာဇီးကလပ် ဆန်းတို့ စ်ကနေ
 ဘာစီလိုနာကို ၂၀၁၃ ခုနှစ် ဇူလိုင်လကနေပြောင်းရွှေ့ လာခဲ့ 
သူဖြစ်ပြီး ပြီးခဲ့ တဲ့ နှစ် ဘာစီလိုနာရဲ့ ဖလား သုံးလုံးအောင်မြင်မှုနဲ့ 
အတူ သူ့ ရဲ့ နာမည်က ဖီဖာဘလွန်းဒီအောဆု ဆန်ခါတင်
စာရင်းမှာ
တောင် ပါဝင်လာခဲ့သူဖြစ်ပါတယ်။ဒီနှစ်ဘောလုံးရာသီအစမှာ
မက်ဆီ ဒဏ်ရာရရှိနေခဲ့ပေမယ့်လည်း ဘာစီလိုနာကို လာလီဂါ
အမှတ်ပေးဇယား ထိပ်ဆုံးမှာဦးဆောင်နိုင်အောင် ခြေစွမ်းပြနိုင်ခဲ
 သူဖြစ်ပါတယ်။ ဒီလိုခြေစွမ်းပြ နိုင်မှုတွေကြောင့် လည်း အခုမှ 
အသက် ၂၄ နှစ်တောင်မပြည့် သေးတဲ့  နေမာကို ရီးယဲလ်မက်ဒရစ်က
 ချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ် ဆိုတာက 
လိုချင်တဲ့ ကစားသမားရဖို့  ကြေးဘယ်လောက်နဲ့ ဖြစ်ဖြစ် ရအောင်
 ခေါ်ယူလေ့ရှိတဲ့  အသင်းပဲဖြစ်ပါတယ်။ ဒါပေမယ့်  နေမာကတော့
““ ရီးယဲလ်နဲ့  ကျွန်တော်တို့  တွေ့ ဆုံခဲ့ တယ်ဆိုတဲ့  သတင်းတွေက
 အဓိပ်္ပာယ်မဲ့  အလကားလျှောက်ပြောနေတဲ့  အပေါစားကောလာဟလ
ပါ။အခမ်းအနားတစ်ခုမကျင်းပခင် ရီးယဲလ်တာဝန်ရှိသူတွေက 
အဲဒီ ဟိုတယ်မှာစောင့် ဆိုင်းနေတာဖြစ်သလို ကျွန်တော်ကလည်း 
တိုက်တိုက် ဆိုင်ဆိုင် အဲဒီဟိုတယ်မှာပဲ ရောက်ရှိနေခဲ့ တော့ 
ဒီသတင်းတွေ ထွက်လာတာပါ”” လို့ ပြန်လည်ရှင်းပြခဲ့ပါတယ်။
 ဘာစီလိုနာနည်းပြ အန်းနရစ်နဲ့  အသင်းဒု-ဥက်္ကဋ္ဌ ဂျော်ဒီမက်ထရီက
တော့ နေမာဟာ ဘာစီလိုနာမှာပဲ ပျော်ရွှင်နေတာကြောင့် 
 စာချုပ်သက်တမ်း ထပ်တိုး မချုပ်ဆိုရသေးပေမယ့်စာချုပ်သစ်
ကိစ်္စနဲ့  ပတ်သက်ပြီး စိုးစဉ်းမျှတောင် ပူပန်မှုမရှိဘူးလို့ ဆိုပါတယ်။
မှန်ပါတယ်။ နေမာက ချက်ချင်းလက်ငင်း စာချုပ်သစ်မချုပ်ဆိုသေးတာက
 စပိန်နိုင်ငံရဲ့  အခွန်ဥပဒေ၊ ဆန်းတို့ စ်က ပြောင်းလာတုန်းက နေမာ့ဖခင်နဲ့  ဘာကာတာဝန်ရှိသူတွေအကြား ဆောင်ရွက်ခဲ့ တဲ့  တရားမ၀င် 
 ငွေပေးငွေယူ ကိစ်္စရှိခဲ့ တာတွေကြောင့်  အရာအားလုံးကို
 စနစ်တကျအသေအချာ ပြန်သုံးသပ်နေလို့  ဖြစ်ပါတယ်။ 

ဒါ့အပြင်နေမာက အသက်အရွယ်အရ ခြေစွမ်းတက်ရိပ်ထက်
ရှိနေသေး သူဖြစ်တဲ့ အပြင် ဘရာဇီးလိုဘောလုံးအစဉ်အလာ
အကြီးဆုံးအသင်းရဲ့  အသင်း ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ 
ဒါ့ကြောင့် သူ့ ကိုခေါ်ယူနိုင်မယ်ဆိုရင် သူ့ ဆီကရမယ့်လုပ်အားနှုန်း
အပြင် ပုံရိပ်လွှာအသုံးပြုခ၊ ကုန်ပစ်္စည်းအမှတ်တံဆိပ်အဖြစ်အသုံးပြုမှု
ကနေရမယ့်  အခြားဝင်ငွေတွေကိုပါ မျှော်လင့်ပြီး ကလပ် အသင်းအတော်များများက ခေါ်ယူလိုနေကြတာဖြစ်ပါတယ်။
 စပိန်သတင်းစာ မာကာက ရီးယဲလ်နည်းပြဇီဒန်းကို 
““ခင်ဗျားတို့ အနေနဲ့  နေမာကို ဘာနေဗျူးကို ခေါ်ယူလိုတာ
အမှန်ပဲလားလို့  ”” မေးမြန်းခဲ့ ရာမှာ ဇီဒန်းက““ကစားသမားကောင်းတွေ 
အကုန်လုံးကို ရီးယဲလ်အသင်းက လိုချင်တာပေါ့ဗျာ။ ဒါပေမယ့် လည်း ကျွန်တော်အလိုချင်ဆုံးကစားသမားကတော့ ပရီမီယာလိဂ်ကြယ်ပွင့်
ဖြစ်တဲ့ ဟာဇက်ပါ”” လို့  ပါးပါးနပ်နပ်ပဲ ပြန်လည်ဖြေကြားခဲ့ ပါတယ်။

 ဒါ့ကြောင့်  ရီးယဲလ်အသင်းတာဝန်ရှိသူတွေက နေမာထက်စာရင်
 ချယ်လ်ဆီးကြယ်ပွင့်ဟာဇက်၊ ဂျူဗင်တပ်ကွင်းလယ်လူ ပေါ့ဘာ၊ 
မန်ယူဂိုးသမား ဒီဂီယာတို့ ကိုသာ ဦးစားပေး ခေါ်ယူမှုအဖြစ်
 ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။ ဘာစီလိုနာဘက်ကလည်း 
မက်ဆီ-ဆွာရက်ဇ်-နေမာတိုက်စစ်အတွဲက သူတို့ ရဲ့  ဘောလုံး
သမိုင်းမှာအကောင်းဆုံးတိုက်စစ်အတွဲအဖြစ် မှတ်တမ်း သစ်ရေးထိုးထားနိုင်တာကြောင့်  နေမာကိုဘယ်လိုနည်းနဲ့ မှ 
လက်လွတ်ဆုံးရှုံးခံမှာမဟုတ်ပါဘူး။ ဒါ့အပြင် မက်ဆီက ၂၈ နှစ်၊ 
ဆွာရက်ဇ်က ၂၉ နှစ်ရှိနေပြီဖြစ် တာကြောင့်အဓိကတိုက်စစ်မှူးး
သုံးဦးထဲမှာအသက်အရွယ်အငယ်ဆုံးဖြစ်တဲ့  နေမာကိုထုတ်ရောင်းမှာ မဟုတ်ပါဘူး။ နေမာကိုယ်တိုင်ကလည်း ၂၀၁၃ ခုနှစ်မှာရီးယဲလ်မက်ဒရစ်၊
 ချယ်လ်ဆီးအသင်းတွေ ကမ်းလှမ်းလာတဲ့ကြားကပဲ မက်ဆီနဲ့  တွဲဖက်
ကစားခွင့်ရရေး အိပ်မက်အတွက် ဘာစီလိုနာကိုသာ ရွေးချယ်ခဲ့
 တာဖြစ်ပါတယ်။ ဘာစီလိုနာက လက်ရှိအချိန်မှာဘဏ္ဍာရေး
အင်အားတောင့်တင်းနေသလို အခုနောက်ပိုင်း ဆုဖလား
အောင်မြင်မှုမှတ်တမ်းနဲ့  တိုင်းတာရင်လည်း ရီးယဲလ်မက်ဒရစ်ထက်
သာလွန်ပါတယ်။ ဒါကြောင့် နေမာဟာဘယ်လိုနည်းနဲ့ဖြစ်ဖြစ် 
ဖီဂိုလက်သစ်ဖြစ်လာစရာ အကြောင်းမရှိပါဘူးလို့ ပဲ 
သုံးသပ်ရမှာဖြစ်ပါတယ်။ 

+မေလဲ့သင်း+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)