ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 9, 2016

=ပြဇာတ်=

>
ကံ ဆိုတဲ့ ခဲတံကို ကိုင်ပြီး ဘဝ စာရွက်ပေါ်မှာ ဇာတ်လမ်းတစ်ပုဒ် အသာလေး ရေးခြစ်နေတယ်။ ဒီလို ရေးနေရင်း လိုအပ်တဲ့ ဇာတ်ကောင်တွေ ရွေးဖို့စဉ်းစားတယ်။ ကိုယ်တိုင် ဇာတ်လမ်း ကောင်းကောင်း တစ်ပုစ် ကို နှစ်နှစ် ကာကာ စိတ်တိုင်းကျဖန်တီးချင်ခဲ့တာ။ ဖြစ်ချင်တာတွေ များနေတယ်။ ဖြစ်စေချင်တာတွေ ရှိနေတယ်။ လုပ်ချင်တာတွေက ဒုနဲ့ဒေး...။ တဖြည်းဖြည်းချင်းသဲ့ယူ လုပ်ယူနေရတော့ အားမရဘူး။ ရလာလေ ပိုလုပ်ချင်လာလေပဲ။ ဒါကြောင့် လောဘကြီးတယ်လို့ ဖြစ်လာတယ်။ လောဘ ဆိုတာ တကယ့်တော့ ဗီလိန် ဆန်တဲ့ လူကြမ်းကြီးတွေ..။ လောဘကြီးတယ်ပဲ ထား..။ ဖြစ်သင့်တာကို ဖြစ်လာအောင် အကောင်ထည်ဖော်ရင်း ဖြစ်လာတဲ့ နောက်ကို တကောက်ကောက် လိုက်နေရတယ်။ လောဘနောက် တကောက်ကောက်လိုက်နေရတဲ့ မောဟတွေ။ လူကြမ်းတွေ နောက်ကို တကောက်ကောက် လိုက်နေရတဲ့ လူရွှင်တော်တွေ။ ဖြစ်လာတဲ့ အပေါ် ပျော်နေလားလို့ မေးကြမလား။ ပြုံးရယ်နေတာကို မြင်ရပေမယ့် ဝမ်းနည်းမှုတွေ ရင်မှာပြည့်ကျပ်နေတာကို မြင်ရင်မြင်နိုင်မှာပါ။ ကိုယ်က မြင်စေချင်နေရင် ကိုယ်က အတ္တ တွေ များနေပြန်ပြီး..။ သူကတော့ မင်းသားပေါ့။ ဒေါသတွေကြီးနေတယ်။ ထစ်ခနဲ ဆို ဒေါသထွက်နေပြီ။ ဒေါသကထွက်ပြီး ထိန်းလို့သိမ်းလို့ မရ။ မရတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ထုနှက်။ ရလာဒ်က ကိုယ်ပဲနာတယ်။ နာလဲ မတတ်နိုင်ဘူးလေ။ ကိုယ့်ဒေါသကို ကိုယ်ထိန်းဖို့က ကိုယ့်အသားနာမှပဲ ငြိမ်းမှာကိုး။ ဘာကြောင့် ဒေါသထွက်လဲ မေးရင်လဲ ကိုယ့်အတ္တ အတွက်ပဲ။ ဒေါသကြီးတတ်မှန်း သိလို့ ထိန်းသိမ်းပြီးနေပါတယ်။ ပျော့ပျောင်းစွာ ဆက်ဆံပါတယ်။ အမြဲတမ်းပြုံးနေပြီး အပျော်နဲ့ ဖုံးနေတတ်ပါတယ်။ ဒါပေမယ့် ဒေါသထွက်ရင်တော့ မျက်စိထဲ ဘာမှ မမြင်တော့ဘူး။ မျက်စိထဲရှိတာ လုပ်ချင်တာကို ဒေါသနောက် လိုက်မိတယ်။ နောင်တရလားမေးရင် မရဘူး။ နောင်တ ရနေတဲ့ နောက်တော့ ဒေါသ ဘယ်ထွက်တော့မလဲ။ ဒါကလည်း ကိုယ့်အတ္တနဲ့ ကိုယ်ပဲလေ..။ မင်းသားနဲ့ တွဲရမယ့် မင်းသမီးဟာ ဒေါသ ပါပဲ။ “တရားလေးထိုင်၊ ဘုရားများများရှိခိုး” ပေါ့လို့ ဆိုတော့လဲ အတိုင်းအတာ တစ်ခုထိပဲ လုပ်နိုင်ပါတယ်။ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ မှာ အတ္တ၊ ဒေါသ၊ မောဟ တွေ က ထင်သလောက် မထိန်းသိမ်းနိုင်သေဘူး။ မာနကတော့ မရှိသလောက် ဖြစ်နေပြီး။ အဲဒီအတွက်တော့ ဇာတ်က နည်းနည်းနာတယ်။ “ကိလေသာ ကုန်ခမ်းသွားပြီး” ဆိုတော့လည်း ကျန်တာက တဏှာ လို့ပဲ ပြောရမလိုလို...။ တကယ်တော့.... အတ္တမင်းသားက ဒေါသ မင်းသမီးကို မောဟ လူပျက် အကူအညီကိုယူ လောဘလူကြမ်းတွေလက်က ကယ်တင်ဖို့ ကိလေသာ ဆိုင်းတီးပြီး တဏှာဆန်တဲ့ လောက ဇာတ်ကြမ်းကြီးကို ဘဝဇာတ်ခုံပေါ်မှာ ဆုံးခန်းတိုင်တဲ့ အထိတော့ ကကြရမှာ။ တကယ်တော့... ဘဝဟာ ပြဇာတ်ဆန်တယ်။ မင်းသား၊ မင်းသမီး၊ လူကြမ်း၊ လူရွှင်တော် တွေနဲ့ ဆိုင်းတီးပြီး မြိုင်မြိုင်ဆိုင်ဆိုင် ကရတဲ့ ဇာတ်လမ်းတစ်ပုဒ်။ တကယ်တော့ ကိုယ်တိုင်က ဇာတ်ညွန်းရေးဆရာ...။ ကိုယ်တိုင်က ဒါရိုက်တာ..။ 

 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ချစ်ခင်လေးစားစွာဖြင့် 

+ဖိုးစိန်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)