မဟာမဲခေါင်ဒေသ အရှေ့အနောက် စီးပွားရေး စင်္ကြိလမ်း၏ အစိတ်အပိုင်း မြ၀တီ-ရန်ကုန် လမ်းကြောင်းပေါ်မှ အချိန်ကြာမြင့်စွာ ပိတ်ထားသော ဂျိုင်းတံတားကြောင့် ခရီးသွားနှင့် ကုန်စည် ပို့ဆောင်ရေး ကြန့်ကြာလျက်ရှိကြောင်း နယ်စပ်ကုန်သည်များနှင့် ခရီးသွားယာဉ်မောင်းများထံမှ သိရသည်။ မြန်မာနိုင်ငံသို့ ကုန်သွယ်ရာတွင် ထိုင်းနိုင်ငံ၏ အရှေ့တောင် စီးပွားရေးတံခါးပေါက်ဖြစ်သော မဲဆောက်-မြ၀တီလမ်းမှ ကုန်သွယ်မှု အများဆုံးဖြစ်သော်လည်း မြ၀တီမှ ထွက်လာပြီး ည ၉ နာရီကျော်လွန်ခဲ့လျှင် ယင်းကုန်ပစ္စည်းများ ရန်ကုန်ဈေးကွက်သို့ ရောက်ရှိရန် တစ်ရက်နောက်ကျသွားသည်ဟု ဆိုသည်။ ထို့အတူ ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ နယ်စပ်စည်းအား လွယ်လင့်တကူ ဖြတ်သန်းသွားလာနိုင်ရန် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားဖြစ်သည့် မြ၀တီ- မဲဆောက် တံတားအား ၂၀၁၅ ဇန်န၀ါရီ ၁ ရက်တွင် ယခင် နံနက် ၆ နာရီမှ ည ၆ နာရီသာ သွားလာခွင့်ပြုခဲ့ရာမှ ယခုအခါ နံနက် ၅ နာရီမှ ည ၈ နာရီထိ သွားလာခွင့်ပြုခဲ့သည်။ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လည်ပတ်မည့် နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် ထိုင်းနိုင်ငံမှ တံတားမပိတ်မီ ၀င်ရောက် လာသော်လည်း ကျုံဒိုးတံတား မပိတ်မီ ည ၉ နာရီ အမီသွားရန် မဖြစ်နိုင်တော့ချေ။ သို့ဖြစ်၍ ကျုံဒိုးတံတားအား ည ၉ နာရီထိသာ သွားလာခွင့် ပြုထားခြင်းမှာ လုံခြုံရေးအရဟု ဆိုသော်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်လျက်ရှိသည်ဟု ခရီးသွား လုပ်ငန်းရှင်များက ဆိုသည်။ “ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံ့ဘဏ္ဍာငွေ မြင့်တက်လာစေဖို့ဆိုရင် ခရီးသည် ပို့ဆောင်ရေးယာဉ်တွေကို ဥဒဟို ၂၄ နာရီပတ်လုံး သွားလာခွင့်ပြုဖို့ လိုပါတယ်။ ခုလို တံတားပိတ်ထားလို့ စောင့်အိပ် ရတာမျိုး မဖြစ်စေချင်ပါဘူး။ အချိန်ကုန်-ငွေကုန် လူပန်းရတဲ့ စောင့်ဆိုင်းချိန်တွေကို အမြန်ဖယ်ရှားပြီး အချိန်မရွေး ဥဒဟိုသွားလာနိုင်ပါမှ လွတ်လပ်တဲ့ ခရီးသွားလာမှု ပီသမှာ ဖြစ်ပါတယ်” ဟု ခရီးသွားတစ်ဦးဖြစ်သူ ဦးမိုးကြိုးက ဆိုသည်။
မြ၀တီမှလာသော ခရီးသွားယာဉ်များနှင့် ကုန်သွယ်ယာဉ်ကြီးများ ည ၉ နာရီထိုးသည်နှင့် ဂျိုင်းတံတားထိပ်၌ ညအိပ်ရသလို ရန်ကုန်မှလာသော ခရီးသွားယာဉ်များ၊ ကုန်သယ်ယာဉ်များ၊ နံနက် ၅ နာရီ မထိုးမချင်း ရပ်စောင့်နေရကြောင်း သိရသည်။ နယ်စပ်ကုန်သွယ်လမ်းကြောင်းပေါ်၌ အချိန်ကြာမြင့်စွာ သွားလာခွင့် ပိတ်ထားသည့် ဂျိုင်းတံတားကြောင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမှ ထိုင်းနိုင်ငံ၊ မြန်မာ၊ အိန္ဒိယနိုင်ငံထိ ကူးလူးသွားလာမည့် အရှေ့အနောက် စီးပွားရေးစင်္ကြိမှ AEC အာဆီယံဒေသတွင်းနိုင်ငံများ၏ အာဆီယံ ကုန်သွယ်မှုနှင့်နိုင်ငံခြား၊ ပြည်တွင်း ခရီးသွားလုပ်ငန်အား များစွာနှောင့်နှေးစေသည်ဟုဆိုသည်။ ယခုအခါ ကရင်လက်နက်ကိုင် အဖွဲ့များလည်း NCA လက်မှတ်ထိုးပြီး ဖြစ်ပါသဖြင့် လုံခြုံရေးအရ ပိတ်ထားခြင်းကို ဖြေလျှော့ပေးရန် ခရီးသွားပြည်သူများ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ မျှော်လင့်လျက်ရှိကြောင်း သိရသည်။
///////////////////////////////////////////////////////////////
Writer: ကိုရွှေသိန်း(၄-၃-၂၀၁၆-အလဲဗင်းမီဒီယာ)
=မြ၀တီ-ရန်ကုန် လမ်းကြောင်းပေါ်ရှိ ဂျိုင်းတံတား အချိန်ကြာမြင့်စွာ ပိတ်ထားသောကြောင့် ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်မှုကို နှောင့်နှေးစေဟုဆို=
မြ၀တီမှလာသော ခရီးသွားယာဉ်များနှင့် ကုန်သွယ်ယာဉ်ကြီးများ ည ၉ နာရီထိုးသည်နှင့် ဂျိုင်းတံတားထိပ်၌ ညအိပ်ရသလို ရန်ကုန်မှလာသော ခရီးသွားယာဉ်များ၊ ကုန်သယ်ယာဉ်များ၊ နံနက် ၅ နာရီ မထိုးမချင်း ရပ်စောင့်နေရကြောင်း သိရသည်။ နယ်စပ်ကုန်သွယ်လမ်းကြောင်းပေါ်၌ အချိန်ကြာမြင့်စွာ သွားလာခွင့် ပိတ်ထားသည့် ဂျိုင်းတံတားကြောင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမှ ထိုင်းနိုင်ငံ၊ မြန်မာ၊ အိန္ဒိယနိုင်ငံထိ ကူးလူးသွားလာမည့် အရှေ့အနောက် စီးပွားရေးစင်္ကြိမှ AEC အာဆီယံဒေသတွင်းနိုင်ငံများ၏ အာဆီယံ ကုန်သွယ်မှုနှင့်နိုင်ငံခြား၊ ပြည်တွင်း ခရီးသွားလုပ်ငန်အား များစွာနှောင့်နှေးစေသည်ဟုဆိုသည်။ ယခုအခါ ကရင်လက်နက်ကိုင် အဖွဲ့များလည်း NCA လက်မှတ်ထိုးပြီး ဖြစ်ပါသဖြင့် လုံခြုံရေးအရ ပိတ်ထားခြင်းကို ဖြေလျှော့ပေးရန် ခရီးသွားပြည်သူများ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ မျှော်လင့်လျက်ရှိကြောင်း သိရသည်။
///////////////////////////////////////////////////////////////
Writer: ကိုရွှေသိန်း(၄-၃-၂၀၁၆-အလဲဗင်းမီဒီယာ)



No comments:
Post a Comment