ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 4, 2016

"မှော်ထုံဆင်း သေတ္တာ"

>
တစ်ခါတုန်းကပေါ့ကွယ် ... လောကကြီးမှာ မှော်ထုံဆင်းသေတ္တာဆိုတာရှိသတဲ့ ...။ အဲ့ဒီ မှော်ထုံဆင်းသေတ္တာဆိုတာက လူတိုင်းမှာရှိတဲ့ လျှို့ ဝှက်အချက်အလက်လေးတွေကို သိမ်းဆည်းပေးတဲ့မှော်သေတ္တာပဲဖြစ်ပြီး လူတိုင်းဟာ ကိုယ့်မှာရှိနေတဲ့ ကိုယ်ပိုင်မှော်ထုံဆင်းသေတ္တာဆိုတာကို မမြင်နိုင်ကြဘူး ...တဲ့။ တစ်နေ့မှာတော့ ကောင်လေး တစ်ယောက်ကလူတိုင်းမှာ မှော်ထုံဆင်းသေတ္တာရှိတယ်ဆိုတဲ့ လောကကြီးရဲ့ လျှို့ ဝှက်ချက်ကို သူကရှာတွေ့သွားခဲ့တယ်။ ဒီလိုသိသွားတဲ့အခိုက်အတန့်မှာ သူဟာ မှော်ထုံဆင်းသေတ္တာမှာ ရှိတဲ့ လျှို့ ဝှက်ချက်တွေမှန်သမျှအားလုံးကို ရှာဖွေဖော်ထုတ်ဖို့ကြိုးစားတာပေါ့။ ဒီလိုရှာဖွေဖော်ထုတ်ဖို့ ကြံစည်လိုက်ချိန်မှာပဲ ဘိုးတော်ကြီးတစ်ပါးရောက်လာတယ်....။ ဘိုးတော်ကြီးရဲ့တစ်ကိုယ်လုံးက အမွေးအမျှင်တွေဟာ ဆွတ်ဆွတ်ဖြူနေပြီးတော့ အဝတ်အစားဝတ်မထားဘဲ သူ့တစ်ကိုယ်လုံးမှာ အဖြူရောင်အခိုးအငွေ့များသာ ရစ်ပတ် ဖုံးအုပ်ထားကာ သူ့ထံမှ စံပယ်ပန်းနံ့သင်းသင်းလေးကို လည်းရနေပါသတဲ့ .... ။ ဘိုးတော်ကြီးကတော့ - "လူလေး ... မင်းဟာ မှော်ထုံဆင်းသေတ္တာကိုရှာဖွေနေတယ်လို့ အထက်ကပြောလို့ အဘသိရတယ် ...၊ ဒီတော့ မှော်ထုံဆင်းသေတ္တာနဲ့ပတ်သတ်ပြီး မင်းဘာသိထားတာရှိလဲ .." လို့ပြောလိုက်တယ်။ ကောင်လေးကတော့ ငါ့ကို မစမယ့်သူလာပြီဆိုပြီး ဝမ်းသာသွားတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် စကားတွေဆက်ပြောကြပြန်တယ် ..။ "ကျွန်တော် မှော်ထုံဆင်း သေတ္တာကို လိုချင်တယ်ဆိုတာက အမှန်တကယ်ပါပဲ ...၊ ဒါပေမယ့် မှော်ထုံဆင်းသေတ္တာဆိုတာက လူတစ်ယောက်ရဲ့လျှို့ဝှက်ချက်တွေ သိမ်းဆည်းထားတဲ့ နေရာဆိုတာကိုတော့သိထားတယ် ..." "ကောင်းပြီလူလေး ....မင်းမှော်ထုံဆင်းသေတ္တာကို တွေ့ချင်တယ်ဆိုရင်တော့ မှော်ထုံဆင်းသေတ္တာကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်နဲ့အရင် တွေ့ရမယ် ..။ မှော်ထုံဆင်းသေတ္တာကိုတော့ နတ္ထိဆိုတဲ့သူ စောင့်ရှောက်ပြီးတော့ သူ့ကိုတွေ့ချင်တယ် ဆိုရင်တော့ မင်းရဲ့မှော်ထုံဆင်းသေတ္တာပွင့်နိုင်မှသာ ရလိမ့်မယ် ...၊ သူဟာမှော်ထုံဆင်းသေတ္တာထဲမှာပဲနေထိုင်လေ့ရှိတယ် ...၊ သူ့ကိုတွေ့ဖို့အတွက် မှော်ထုံဆင်းသေတ္တာကိုဖွင့်နိုင်အောင် ကြိုးစားပါ .. ၊ အဲ့ဒါပွင့်လာရင်တော့ မှော်ထုံဆင်းရဲ့စောင့်ရှောက်သူ ထွက်လာပါလိမ့်မယ် ... မှော်ထုံဆင်းသေတ္တာပွင့်ချင်တယ် ဆိုရင်တော့ ကိစ္စအတော်များများကို ဘယ်သူ့ကိုမှအသိမပေးဘဲ လျှို့ ဝှက်ထားပါ .. လျှို့ ဝှက်ချက်တွေများလာရင် လျှို့ ဝှက်ချက်သိုလှောင်တဲ့ မှော်ထုံဆင်းသေတ္တာနဲ့မဆံ့ချိန် ပွင့်ထွက်လာပါလိမ့်မယ် ..." ဘိုးတော်ကြီးကတော့ အဲ့ဒီလိုေ ပောပြီးနောက်အဖြူရောင်အခိုးအငွေ့များဖြစ်ပြီး ပျောက်ကွယ် သွားပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး အဲ့ဒီကောင်လေးဟာ အရာအားလုံးကို လျှို့ ဝှက်ပါတော့တယ် ..။ သူနဲ့သက်ဆိုင်တဲ့ ကိစ္စတွေ၊ သူပိုင်ပစ္စည်းတွေ၊ သူတတ်ထားတဲ့ပညာတွေ ..၊ အဲ့ဒါတွေကစလျှို့ ဝှက်ထားလိုက်ပြီး ဘယ်သူ့ကိုမှ သူလျှို့ ဝှက်ချက်တွေကို ပြောမပြဘဲနေပါတော့တယ်..။ တစ်နေ့ သူတို့ရွာထဲကို လူရမ်းကားအဖွဲ့တစ်ဖွဲ့ဝင်လာခဲ့တယ်။ သူနဲ့သူ့ချစ်သူပျော်ရွှင်နေချိန်မှာ လူရမ်းကားအဖွဲ့ရောက်လာပြီး သူ့ကိုကြိုးနဲ့တုပ်ကာ သူ့ချစ်သူကို ဝိုင်းပြီး မုဒိန်းကျင့်ကြတယ် ..၊ ပထမဆုံး ကောင်မလေးရဲ့ အဝတ်တွေအားလုံးကိုချွတ်လိုက်တယ် ..၊ ပြီးနောက်မှာတော့ ခေါင်းဆောင်ဖြစ်သူကနေ ကောင်မလေးရဲ့ နှုတ်ခမ်းလေးတွေကို စုပ်ယူနမ်းရှိုက်လိုက်တယ် ..။ ဆက်လက်ပြီး ကောင်မလေးရဲ့တစ်ကိုယ်လုံးကို ပွတ်သပ် ကိုင်တွယ်ကာရက်စက်စွာနဲ့ပဲမုဒိန်းကျင့်ကြပါတော့တယ်..။ ကောင်လေးကတော့ မျက်လုံးတွေ မဖွင့်ရဲဘဲ မှိတ်ထားပေမယ့် သူ့မျက်လုံးတွေ ပိတ်လိုက်တိုင်းမှာ လူရမ်းကားအဖွဲ့ထဲက တစ်ယောက်ကနေ ကြည့်ကိုကြည့်ရမယ်ဆိုပြီး ကောင်လေးရဲ့မျက်လုံးတွေကို ဖွင့်ပေးလိုက်တယ်။ မျက်လုံးကဖွင့်ထားပြီး မျက်လုံးထဲက မှန်ဘီလူးကို အကွေးအဆန့်လုပ်ကာမှိတ်ထားလို့ရပေမယ့် ကောင်လေးခမျာမှာတော့ ကောင်မလေးရဲ့ မချိမဆန့်ခံစား ညည်းငြူနေရသံတွေကို ကြားနေရပြန်တယ် ...။ ဒီလိုနဲ့ ကိစ္စတွေပြီးတော့ ကောင်လေးရဲ့ချစ်သူကို လူရမ်းကားတွေခေါ်သွားပြီးနောက် ကောင်လေးကိုတော့ နောက်မှ ရွာသားတွေတွေ့ပြီး ကြိုးဖြည်ပေးလိုက်တယ်။ ကောင်လေးကတော့ ကိစ္စကို ထုံးစံအတိုင်းဘယ်သူ့ကိုမှ မပြောဘဲလျှို့ဝှက်ထားခဲ့တယ် ..။ နောက်နေ့မနက် သူ့ရင်ဘတ်တွေအောင့်လာတယ် ..။ သူ့ကောင်မလေးကို လူရမ်းကားတွေ စော်ကားခဲ့တဲ့ပုံတွေကို ခဏခဏမြင်ယောင်ရင်း သူ့ခံစားချက်တွေ တဖြည်းဖြည်းဆိုး လာတယ်။ စိတ်ထဲမှာလည်း ခံစားရမှာကို ကြောက်ရွံ့လာတယ် ..။ ဒီတော့ ဒီကိစ္စကို မဖြစ်ခဲ့သလိုမျိုးမေ့ပစ်လိုက်ပါတော့တယ်။ အစပိုင်းကတော့ သူ့အတွက် ခက်ခဲပေမယ့် အချိန်နည်းနည်း ကြာလာတော့ သူ့အတွက်မေ့ပျောက်စပြုလာတယ်။ နောက်ဆုံးမှာတော့ လုံးဝကိုမေ့သွားပါတော့တယ်။ နောက်ငါးနှစ်လောက်ကြာလာ တဲ့အချိန်မှာတော့ သူဟာအလုပ်တွေဘာတွေရလို့ မြို့ကိုပြောင်းသွားတယ်။ မှော်ထုံဆင်းသေတ္တာလေးကိုတော့ သူဟာ လျှို့ဝှက်ချက်တွေနဲ့ ပွင့်အံထွက်ဖို့ ကြိုးစားနေတုန်းပါပဲ ...။ တစ်ရက်မှာ သူနဲ့အတူနေတဲ့သူ့သူငယ်ချင်းက သူ့ကိုခေါ်ပြီး ဇာတ်လမ်းတစ်ကားပြတယ်။ ရှင်းရှင်းပြောရရင်တော့ (၁၈)နှစ်အထက်ကားတွေပေါ့။ ဇာတ်လမ်းတွေထဲမှာ လူတွေအများကြီးက ကောင်မလေးတစ်ယောက်ထဲကို စော်ကားကြပြီးတော့ ခေါင်းဆောင်က ကောင်မလေးရဲ့ နှုတ်ခမ်းကို အရင်စနမ်းပါတယ်။ ပြီးနောက်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးကို ပွတ်သပ်ကာ ဆက်လက်ပြီးစော်ကားနေပါတော့တယ်။ ကောင်မလေး ခမျာမှာတော့ နာကျင်လွန်းလို့ အော်ဟစ်နေတဲ့အသံတွေကိုလည်း ကောင်လေးကြားရလာပါတယ် ..။ "ဒီအသံ .... ဒီအသံ .. . ဒီအသံကို ငါဘယ်မှာကြားမိပါလိမ့် ...." သူ့မျက်လုံးထဲမှာ အရင်ကပုံရိပ်တွေဟာ တစ်ချက်ချင်းပေါ်လာပြီးနောက် လက်တွေ့မှာ ကောင်မလေးတစ်ယောက်၊ လူပေါင်းများစွာ ...၊ ညည်းငြူသံ ...၊ လူပုံရိပ်များကလည်း သူ့ဘက်ကိုလှည့်ရင်း- "ဘယ်လိုလဲကောင်လေး ...မင်းမင်းရဲ့ချစ်သူကို ချစ်လှပါချည်ရဲ့ဆို ...၊ ခုတော့ ငါတို့ သူ့ကို ဒီလိုဝိုင်းစော်ကားတာတောင်မှ မင်းက အဲ့ကိစ္စကို မေ့ပစ်ပြီး ငါးနှစ်လုံးလုံး ဘာမှမဖြစ်ခဲ့သလိုပဲ နေတယ်တဲ့လား .... ဟားဟားဟား ..၊ တကယ်တမ်းတော့ မင်းဟာ တစ်ကိုယ် ကောင်းဆန်ပြီး ကိုယ့်ဘက်ကိုကြည့်တဲ့ အတ္တသမားပဲကွ ... အတ္တသမားပဲ ...." "ဟေ့ကောင် ...... မင်းကယောကျာ်းဆို ..၊ ယောကျာ်းဆိုရင် ဖြစ်လာတဲ့ကိစ္စကို ရင်ဆိုင်ရဲရတယ်ကွ ...၊ ခုတော့မင်းက မင်းချစ်သူကိုတောင်မှ မင်းကမစောင့်ရှောက်နိုင်ဘဲ အစော်ကားခံနေရတဲ့က္စိကိုတောင်မှ ကိုယ့်မှာအပြစ်မရှိသလိုခံစားနေတယ်နော် ...၊ ဟေ့ကောင် ... ငါရှင်းရှင်းပဲပြောမယ် ... မင်းဟာ အကြောက်သမားပဲကွ .. အကြောက်သမားပဲ .." "ဒီမှာဟေ့ကောင် .... မင်းက အတ္တသမားဆိုလည်းဟုတ်တယ် ...၊ အကြောက်သမားဆိုလည်းဟုတ်တယ် ..၊ နောက်ပြီး ကိုယ့်ချစ်သူကိုတောင် ကိုယ်မေ့ထားနိုင်တဲ့ နှလုံးသားမရှိတဲ့ ကောင်ပဲကွ ... နှလုံးသားမရှိတဲ့ကောင် ... ငါတို့အားလုံးသူ့ကိုစော်ကားနေတယ် ..... သူဘယ်သူလဲမင်းသိလား ..... သူ့နာမည်ကောမှတ်မိသေးရဲ့လားကွ ... သူ့ကကော မင်းနဲ့ဘယ်လိုပတ်သတ်လဲသိရဲ့လား ..ကွ .. ဟင် .. ဟေ့ကောင် .. မင်းဖြေစမ်း .. မင်းဖြေစမ်း ... မင်းဖြေစမ်း" ကောင်လေးကတော့ ဘေးကသူ့သူငယ်ချင်းကို အကူညီရလိုရညား တောင်းဆိုရန်လှည့်ကြည့်မိသည်။ သူ့သူငယ်ချင်း၏ပုံစံကလည်း အခိုးအငွေ့သဏ္ဍာန် ...။ "ဟုတ်တယ် ... ငါကအကြောက်သမား ... ငါကနှလုံးသား မရှိတဲ့ကောင် ... ငါကအတ္တသမား .... ငါက တာဝန်ယူလို စိတ်မရှိတဲ့ကောင် . ......ကွ ..၊ ဟုတ်တယ် ..... အားးးးးးးးးးးးးးးးးးးးးးး" ကောင်လေးခင်ဗျာ ငယ်သံပါအောင် အားကုန်ထည့်အော်လိုက်ပြီးနောက် ခေါင်းများခဲလာကာ လောကအလင်းရောင်ကြီးတစ်ခုလုံး မီးပြတ်သွားသည်ကိုသာမြင်လိုက်ရပါတော့သည် ...။ xxxxxxx အမည်းထဲမှအဖြူရောင်အခိုးအငွေ့လေးက ရစ်သီရစ်သီနှင့် ဖြည်းဖြည်းချင်းများလာပြီး ဘိုးတော်တစ်ဦးပြန်ဖြစ်လာသည်။ ဘိုးတော်ကြီးကတော့ ကောင်လေးကို ဂရုဏာမျက်လုံးနှင့်ကြည့်ကာ စကား စပြောလိုက်သည်။ "ကောင်လေး .... မင်း အဘကိုမှတ်မိသေးရဲ့လား ...." "မှတ်မိပါတယ် ... အဘကမှော်ထုံဆင်းသေတ္တာကိုရှာနိုင်အောင် လမ်းပြပေး ခဲ့တဲ့သူလားခင်ဗျာ ..." "အေး ... မှန်ပေတယ် ... အခု မင်းရဲ့ မှော်ထုံဆင်းသေတ္တာဟာ ပွင့်သွားခဲ့ချေပြီ ..." "ဒါ ... ဒါဆို ကျွန်တော် ဘာကြောင့်မမြင်ရတာပါလဲခင်ဗျား .... " "မင်းဟာ နတ္ထိကို မအောင်နိုင်ခဲ့လို့ပဲ ..." "ဘယ်လို" "ဟုတ်ပေတယ် .... မင်းရဲ့ မှော်ထုံဆင်းသေတ္တာဟာ မင်းရဲ့ချစ်သူကို လူရမ်းကားတွေ စော်ကားတဲ့ကိစ္စဖြစ်ပြီး ကတည်းက ပွင့်သွားခဲ့ချေပြီ ...။ ထိုအချိန်မှာ နတ္ထိဆိုတဲ့သူကို အသင်ရင်ဆိုင်ခဲ့ရတယ် ...၊ နတ္ထိဆိုတာဟာ ဘာမှန်းမသိတဲ့အရာကို ကြောက်ရွ့ခြင်းပဲကောင်လေး ...၊ မင်းမှာလည်း အဲ့ဒီဘာမှန်းမသိတဲ့အရာကြောင့် နာကျင် ကြောက်ရွ့နေရပြီး မင်းချစ်သူကို စော်ကားခဲ့တဲ့ ကိစ္စကိုမင်းဟာ မေ့ပျောက်ထားခဲ့လိုက်တယ် ...၊ ဒါပေမယ့် ဘာမှန်းမသိတဲ့အရာကို နာကျင်ကြောက်ရွံ့ခြင်းဆိုတဲ့အရာဟာ မင်းအရင်ကလှို့ုဝှက်ထားတဲ့ကိစ္စတွေရှိပြီး ကတည်းကပိုမို အားကောင်း လှုပ်ရှားလာခဲ့တယ် ..၊ တကယ်တမ်းတော့ မှော်ထုံဆင်းသေတ္တာဆိုတာက မင်းရဲ့နှလုံးသားကိုယ်တိုင်ပဲ ကောင်လေး ..၊ မင်းရဲ့နှလုံးသားလှုပ်ရှားလွယ်လာတော့ နတ္ထိကလည်း ပြန်လည်နိုးထလာတယ် ...၊ မင်းနတ္ထိကို ကျရှုံးခဲ့ပြီ ...၊ အရာအားလုံးကို မှော်ထုံဆင်းသေတ္တာထဲမှာ လှို့ုဝှက်ထားမယ်ဆိုရင်တော့ အချက်အလက်များလာလေလေ ကိုယ့်လှို့ုဝှက်ချက် ဘယ်သူတွေသိသွားမှာလဲ ဆိုတာ စိုးရွံ့တဲ့ ဘာမှမရှိတဲ့အရာကိုကြောက်ရွံ့ခြင်း နတ္ထိဆိုတဲ့အရာက ဖြစ်ပေါ်လာလေပဲကွ ..၊ မှော်ထုံဆင်း သေတ္တာထဲမှာ အချက်အလက်များလာလေလေ..မင်းတို့ရဲ့စိတ်မှာ မှော်ပညာနဲ့ ပြုစားခံထားရသလို ထုံအပြီး စိတ်ဓာတ်ကျဆင်း လာလေပဲကွ ...၊ မင်းဟာ နတ္ထိကိုနိုင်ခဲ့မယ်ဆိုရင်တော့ အဆင်ပြေတာပေါ့ကွာ .... အခုတော့မင်းကနတ္ထိကိုရှုံးနိမ့်ခဲ့တော့ မင်းခုဘယ်နေရာကိုရောက်နေသလဲဆိုတာကို ကြည့်လိုက်ပါဦးကွ..." ဘိုးတော်ကြီးက ရှည်လျားစွာပြောပြီးနောက်မှာ သူ့ရဲ့မှော်နှင်တံလေးကို ဝှေ့ယမ်းပေးလိုက်တယ်။ အမှောင်ထုကြီးပြန်လင်းလာတော့ သူလုံးဝကိုထင်မထားတဲ့ နေရာတစ်ခုကို သူမြင်လိုက်ရတယ် ...။ ဘိုးတော်ကြီးကတော့ ထုံးစံအတိုင်း အဖြူရောင်အငွေ့တွေ ဖြစ်ပြီးပြန်လည်ပျောက်ကွယ်သွားတယ် ...။ ကောင်လေးကတော့ ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ 
"အားးးးးးးးးးးးးးးးးးးးးးးးးးး" လို့ အော်ဟစ်လိုက်တော့ စိတ္တဇဆေးရုံကလူတွေအားလုံး ရုတ်တရက် လန့်ဖျတ် သွားကြပါတော့တယ်။

 /////////////////////////////////////////////////////////////////// 

 +ရောရောသမမွှေမောင်စိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)