ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 30, 2016

=ပြည်တွင်းစစ်ကြီးအောက်မှ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၁ရာစုပင်လုံညီလာခံ=

>
ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးအောက်မှာ စစ်အသုံးစားရိတ် များပိပြီး တိုင်းပြည်နှင့် လူမျိုးဆင်းရဲတွင်းနက်နေရသော တိုင်းပြည်ကို ပြသပါဆိုလျှင် မျက်နှာမွဲ မြန်မာပြည်ကို ကမ္ဘာ့အလယ်တွင် ပြသရမှာ သေချာနေပေသည် ။စစ်တုရင် ပွဲကစားနေသကဲ့သို့ ကစားနေသူများမှာ အကွက်ပျောက်လုမတတ်ဖြစ်နေပေမယ့် မြန်မာ့အရေးကို ဘေးကထိုင်ကြည့်နေသော ကမ္ဘာကြီးက အားနည်းချက် အားသာချက် နိုင်ငံရေး ကစားကွက်များကို ကွက်ကွက်ကွင်းကွင်း မြင်နေရပေသည် ။ အထူးသဖြင့် ဆက်သွယ်ရေး နည်းပညာများ အားကောင်းနေသော ခေတ်မှာ မည်သူက ငြိမ်းချမ်းရေးကို လိုလားကာ မည်သူက စစ်ရေးလိုလားနေသည်ကို သိမြင်နေသကဲ့သို့ မည်သူက တိုင်းပြည်ကို ဆင်းရဲတွင်း ချောက်ထဲတွန်းချနေသည်ကို သိမြင်နေပေသည်။ မြန်မာပြည်တွင် လွတ်လပ်ရေးရပြီးသည့်နှစ် ၁၉၄၈ခုနှစ် မှ စတင်ကာ ၀ါဒစွဲ ၊ လူမျိုးစွဲ အပါအ၀င် အခြေခံအကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်သည် ယနေ့ တိုင်အောင် အဆုံးမသတ်နိုင်သေးသည်ကို မျက်ဝါးထင်ထင် တွေ့ မြင်နေရပေသည် ။ထို့ ကြောင့် ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် မြန်မာပြည်ငြိမ်းချမ်းရေးကို သူမကွယ်လွန်ခင် မြင်တွေ့ သွားချင်ပေမယ့် သူ့ ဆန္ဒပြည့်ဝ မသွားခဲ့ရှာပေ ။ အကောင်းနှင့် အဆိုး ဒွန်တွဲနေသော လောက၌ မြန်မာပြည်သည် ကမ္ဘာပေါ်တွင် မကောင်းတဲ့ဖက်က နာမည်ကြီးခဲ့သည်က များသည် ။ ကမ္ဘာ့စစ်တပ်များ၏ ငွေကြေးသုံးစွဲမှုကို တင်ပြထားသော စစ်တမ်းအရ မြန်မာပြည်သည် ၁၉၅၀ခုနှစ်မှသည် ၁၉၇၀ ၀န်းကျင် အထိ တိုင်းပြည်ဘဏ္ဍာငွေ၏ ၃၀%ကို စစ်အသုံးစားရိတ်အဖြစ် သုံးစွဲခဲ့ပေသည် ။ စစ်တမ်းအရဆိုလျှင် တိုင်းပြည်ဘဏ္ဍာငွေကို စစ်အသုံးစားရိတ်အဖြစ်အသုံးပြုသော တိုင်းပြည်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၁နိုင်ငံတွင် မြန်မာသည် ၁၁၄အဆင့်ရှိပြီး ၊ ဆိုလိုသည်မှာ စစ်အသုံးစားရိတ်အသုံးစွဲဆုံး ထိပ်ပိုင်း ကမ္ဘာ့နိုင်ငံ ၃၀ တွင် မြန်မာပြည်လည်း အပါအ၀င်ဖြစ်ပေသည် ။ ချမ်းသာသော တိုင်းပြည်များသည် စစ်အသုံးစားရိတ်ကို သုံးစွဲနေမှုက ဆင်ပိန်လျှင် ကျွဲလောက်ရှိပေမယ့် ဆင်း၇ဲတွင်းနက်နေသော မြန်မာပြည်လို တိုင်းပြည်တွင် စစ်အသုံးစာရိတ်များ အဆမတန် သုံးစွဲနေခြင်းက လူထုဘ၀ကို နူရာဝဲစွဲ ၊ လဲရာသူခိုးထောင်းအဖြစ်ကို တွန်းပို့ နေပေသည် ။ မြန်မာစစ်တပ်သည် ၂၀၁၃ ခုနှစ်တွင် ၂.၄ ဘီလီယံဒေါ်လာ အား စစ်အသုံးစားရိတ်အဖြစ် သုံးစွဲခဲ့ပြီး ထိုငွေထဲမှ ၁.၂၅ ဘီလီယံ ဒေါ်လာအား စစ်လေယာဉ်များ ၊စစ်လက်နက်များ ၀ယ်ယူခဲ့ပေသည် ။၂၀၁၂တွင်လည်း စစ်အသုံးစားရိတ်သည် ၂၀၁၃ စစ်အသုံးစားရိတ်ထက် ဒေါ်လာ သန်း ၁၀၀ ပိုများသည်ဟု အစီရင်ခံစာက ဖော်ပြထားပေသည် ။၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံသည် တိုင်းပြည်ဘဏ္ဍာငွေ၏ ၂၃.၂% ကို စစ်အသုံးစားရိတ်အဖြစ် သုံးစွဲခဲ့ပေသည် ။ အထက်ပါ မြန်မာ့တပ်မတော်၏ စစ်အသုံးစားရိတ်များက မည်သည့်အရာကိုပြသနေသလဲဆိုလျှင် တိုင်းပြည်တွင် လိုအပ်နေသော လူထုပညာရေး ၊ကျန်းမာရေး ၊စီးပွားရေးတွင် သုံးစွဲရမည့် တိုင်းပြည်ဘဏ္ဍာငွေများအား စစ်အသုံးစားရိတ်အဖြစ် သုံးစွဲခဲ့ခြင်းကြောင့် တိုင်းပြည်သည် ဆင်းရဲတွင်းနွံထဲမှ ရုန်းမထွက်နိုင်ခြင်း၏ အခြေခံအကြောင်းအရင်း ဖြစ်ပေသည် ။ဆိုလိုသည်မှာ စီးပွားရေး လူမှုရေး ၊ ပညာရေး ၊ကျန်းမာရေး အဖက်ဖက်မှာ ဒုက္ခရောက်လျက် ခြွတ်ခြုံကျနေသော ပြည်သူလူထုမှ အမှန်တကယ် လိုလားတောင့် တနေသည် မှာ တိုင်းပြည်တွင် စစ်ပွဲများရပ်စဲပြီး စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးပင် ဖြစ်ပေသည် ။ နှစ်ပေါင်း ၆၀ ကျော် ရေရှည်ပြည်တွင်းစစ်အောက်မှာ တိုင်းပြည်နှင့် လူမျိုးသည် အိမ်ပေါ် ဖွတ်တက်သကဲ့သို့ ဖွတ်ဖွတ်ညက်ညက်ကြေနေပြီ ဖြစ်သည် ။ မြန်မာပြည်သူလူထုသည် ယမ်းငွေ့ များကြားတွင် ငြိမ်းချမ်းရေးကို ရေငတ်သလို ငတ်နေသည်မှာ ကြာမြင့်ခဲ့ပေသည် ။ မကြာသေးခင်က ထုတ်ပြန်သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ဒုက္ခသည်များ အစီရင်ခံစာမှာ အာရှပိစိဖိတ်ဒေသတွင်းတွင် ဒုက္ခသည်ပေါင်း ၇.၇သန်းရှိပြီး အများစုသည် အာဖဂန် နစ္စတန်နှင့် မြန်မာပြည်မှဟုဖော်ပြထားပေသည် ။ ထိုအထဲတွင် ဒုက္ခသည်ပေါင်း ၃.၅သန်းရှိပြီး ၁.၉သန်းမှာ နေစရာ အတည်တကျမရှိ ရွေ့ ပြောင်းသွားလာနေကြပြီး ၁.၄သန်းမှာ တိုင်းပြည်မဲ့ နိုင်ငံမဲ့ အဖြစ်သို့ ရောက်ရှိနေပေသည် ။ထိုအထဲတွင် မြန်မာဒုက္ခသည်ပေါင်း 
 ( ၅ )သိန်းကျော်မှာ နှစ်ပေါင်းများစွာ ဖြစ်ပွားနေသော စစ်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း ဖော်ပြထားပေသည် ။ 
စစ်ဆိုလျှင် မိခင် ကလေး မိန်းမ ယောကျာံးသက်ကြီး ရွယ်အိုပါမကျန် လူသားမှန်သမျှ ဒုက္ခလှလှတွေ့ ကာ နေ့ စဉ် သွေးမျက်ရည်များ မြစ်လို စီးဆင်းနေပေသည် ။ အတိတ်ကာလတွင် မြန်မာပြည်၏ စစ်အာဏာရှင်စနစ်အောက်၌ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများသည် စစ်အစိုးရပေါ်မှာ သံသယများရှိခဲံကြပြီး ဒီမိုကရေစီအင်အားစုများသည်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ 
အခွင့်အလမ်းမရခဲ့ကြပေ ။ ထို့ ကြောင့်ပထမအဆင့်အနေဖြင့် ပြည်သူလူထုနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချစ်ခင် လေးစားတန်ဖိုးထားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူ့ အစိုးရလက်ထက်မှာ ယုံကြည်မှုတည်ဆောက်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ ဆွေးနွေးအဖြေရှာကြဖို့ 
အားလုံးပါဝင်နိုင်မည့် ၂၁ ရာစုပင်လုံသည် နိုင်ငံရေးအခင်းအကျင်းကောင်းတခုဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည် ။အဆိုပါ နိုင်ငံရေးစားပွဲဝိုင်းမှာ အနာဂတ် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွက် ဖွဲ့ စည်းပုံအခြခံဥပဒေ constitution အား ဘယ်လို ရေးစွဲမည် ဘယ်လိုဖယ်ဒရယ်ပြည်ထောင်စုမျိုး တည်ဆောက်မလဲဆိုတာ ၀ိုင်းဝန်းဆွေးနွေးကြရပေမည် ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာခဏပြောဆို သုံးသပ်နေသော အမျိုးသားပြန်လည် သင့်မြတ်ရင်ကြားစေ့ရေးကို တပ်မတော်နှင့်တည်ဆောက်မည်ဟု ပြောဆိုနေသည်မှာ အကြောင်းရှိပေသည် ။ 
အဘယ်ကြောင့်ဆိုသော် တိုင်းပြည်၏ ရေရှည် ပြည်တွင်းစစ်သည် တပ်မတော်နှင့် တိုက်ရိုက် အချိုးကျနေသောကြောင့် ဖြစ်ပေသည်။တခြားတဖက်တွင်လည်း ၂၀၁၀ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်း၌ ဒေါ်အောင်အောင်ဆန်းစုကြည်မှ ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်မည် သို့ မဟုတ် ဖျက်သိမ်းမည်ဆိုပါက တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သည်ဟု သူမ တွက်မိပုံရပေသည် ။

 ထို့ ကြောင့် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အနေအထား မျိုးဖြစ်မည့် အားလုံးပါဝင်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာမည့် ၂၁ရာစုပင်လုံညီလာခံ အခင်းအကျင်းသည် တိုင်းပြည်၏ နိုင်ငံရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် အခင်းအကျင်းကောင်းတခု ဖြစ်မည်ဟုဆိုလျှင် မှားမည် မထင်ပါ။ တချိန်ထဲမှာပင် ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးမလုပ်ပဲ အနာဂတ် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကို မသွားနိုင်ဟုသုံးသပ်ပြောဆို နေခြင်းထက် လက်တွေ့ ကြသော နိုင်ငံရေး စာပွဲဝိုင်းပေါ်၌ မည်သည့် ဖယ်ဒရယ်ပြည်ထောင်စုမျိုးကို စိတ်ကူးဖြင့်မတည်ဆောက်ပဲ လက်တွေ့ ကျကျ ဆွေးနွေး အဖြေရှာကာ ၀ိုင်းဝန်းရေးဆွဲရမည့် အနာဂတ် ဖွဲ့ စည်းပုံသည် တိုင်းပြည်၌အမှန်တကယ် လိုအပ်နေပေသည် ။အတွေးအခေါ်သဘောတရားများ မှန်ကန်ဖို့ လိုအပ်သလို အမြင်ကျဉ်းမြောင်းမှုများဖြင့် ချောင်ပိတ်မိမနေဖို့ ကလည်း အဓိကကျကာ ၀ါဒစွဲ ၊အဖွဲ့ စွဲ ၊လူမျိုးစွဲ ၊ပါတီစွဲ ၊ဂိုဏ်းဂဏစွဲ ၊ပုဂ္ဂိုလ်စွဲထက် တိုင်းပြည်နှင့်လူထုမျက်နှာကို ကြည့်ရမည်သာဖြစ်ပေသည် ။ ဖယ်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးမဟုတ်ပဲ ပေါင်းစည်းရေးဖြစ်၍ မည်ကဲ့သို့ သော ပြည်နယ်ပေါင်းစု ပြည်ထောင်စုမျိုးဆိုတာ အနာဂတ် ဖွဲ့ စည်းပုံ constitutionမှာ အတည်ပြုပြဌာန်းဖို့  လိုအပ်ပေမည် ။ထို့ ပြင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား မည်ကဲ့သို့ အာဏာကို ခွဲဝေယူရေးအပါအ၀င် ပြည်နယ်ကို သတ်မှတ်ရာမှာ ပထ၀ီ အနေအထားအရသတ်မှတ်မှာလား ၊လူမျိုးအရသတ်မှတ်မှာလား ၊သယံဇာတ ခွဲံဝေသုံးစွဲရေး ၊ ဖယ်ဒရယ် ပညာရေး၊ ဖယ်ဒရယ်ျန်းမာရေး အခွန်အကောက် ပြည်ထောင်စုတပ် ထားမလား မထားမလား စတာတွေကို သဘောထားကြီးကြီး အတွေးအခေါ်အားကောင်းပြီး တိုင်းပြည်နဲ့ လူထုမျက်နှာကို ကြည့်ပြီး အစိုးရ တပ်မတော် တိုင်းရင်းသားခေါင်းဆောင်တွေဆွေးနွေးအဖြေရှာကြ ရမှာဖြစ်ပေသည် ။ 

 သေချာတာတခုကဖြင့် လူမျိုးစွဲ ၊၀ါဒစွဲ ဒေသစွဲ ပုဂ္ဂိုလ်စွဲ အဖွဲ့ စွဲ များ ပြင်းထန်ခဲ့ကြသဖြင့် သေနတ်သံများကြား အတိတ်မြန်မာ့သမိုင်းကြောင်းမကောင်းခဲ့ကြပေ ။တိုင်းပြည်အနာဂတ်အရေးအတွက် တပ်မတော် ၊တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူ့ အစိုးရ ၊ လွှတ်တော်ပြင်ပ တတ်သိပညာရှင်များ အားလုံးပါဝင်မည့် ၂၁၇ာစုပင်လုံဖြစ်စေရန် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသည့် လူထုအသံ သည်လည်း အဓိကကျပေသည် ။ ဒီမိုကရေစီသည် လူထုမှဆင်းသက်သဖြင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို မြတ်နိုးသောပြည်သူ လူထုသည် ပြည်တွင်းစစ်များ ချုပ်ငြိမ်းစေရန် ညီညွတ်သော လူထုအလံကို အမြင့်ဆုံးလွှင့်တင်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံေ၇းနည်းဖြင့် အဖြေရှာမည့် ပြည်သူ့ အစိုးရမှ ကျင်းပပြုလုပ် မည့်၂၁ရာစုပင်လုံကို ထောက်ခံကြိုဆိုဖို့ လိုအပ်သလို အစိုးရအား ၀န်းရံကြရန် သမိုင်းပေးတာဝန်ရှိပေသည် ။

 +အောင်ခိုင်မြင့်+ 

 ၃၀ ဇွန်လ ၂၀၁၆ ( စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးလက်မှတ်ထိုးလှုပ်ရှားမှုနှင့် ၂၁ရာစုပင်လုံညီလာခံအား ထောက်ခံကြိုဆိုသည့် ဂုဏ်ပြု ဆောင်းပါး ) 

ကိုးကား http://www.unhcr.org/asia-and-the-pacific.html http://www.globalsecurity.org/military/world/myanmar/budget.htm

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)