ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 29, 2016

=လူထုကျန်းမာရေး(ရှားစောင်းလက်ပပ်နှင့်အသည်းကင်ဆာ)=

>
+Public Health+ 
 တစောင်းလက်ပပ်(ခေါ်) ရှားစောင်းလက်ပပ်ဟု ခေါ်လိုက်လျှင် ကျွန်ုပ်တို့ မြန်မာပြည်တွင် မသိသူ မရှိလောက်အောင်ပင် လူသိများလှပါသည်၊၊ သို့သော် ရှားစောင်းလက်ပပ် ၏် အစွမ်းထက်လှသော ဂုဏ်သတ္ထိထူးများနှင့် ဆေးအသုံးကို ပြည့်စုံအောင် သိသူကား ရှားပါးလှပေ၏။ရှားစောင်းလက်ပပ်ပင်ကို ကျွန်ုပ်မိဘများ၏ ဇာတိမြေ ဖြစ်သော အညာဒေသတစ်ဝိုက်တွင် သဘာဝပေါက်ပင် အဖြစ် ပေါများစွာ တွေ့နိုင်ပေသည်၊၊ရှားစောင်းလက်ပပ်ပင်သည် အပူဒဏ်ကို ကြံ့ကြံခံနိုင်သော သဘာဝရှိသည့် ထူးခြားသော အပင်တစ်မျိုးဖြစ်သည်၊၊ အပင်၏ တစ်ဖက်တစ်ချက်တွင် လွှသွားကဲ့သို့ ဆူးလေးများ ပါရှိကာ အခွံ၏အတွင်းထဲတွင်တော့ အင်မတန် အေးမြ စိုစွတ်သော ရှားစောင်းလက်ပပ် အနှစ်ခေါ် ဂျယ်ရီအတုံးလေးများကို ထူးခြားစွာတွေ့ရလေသည်၊

၊ရှားစောင်းလက်ပပ်၏ ထူးခြားချက်မှာ အပင်ကိုနုတ်ရ်ျ ရက်ပေါင်းများစွာ ပစ်ထားစေကာမူ အပင်သည် ညှိုးခြောက်မသွားပဲ ရှင်သန်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရလေသည်၊၊ထိုသို့ရက်ရှည်လများ ပစ်ထားသော်လည်း ညှိုးခြောက်မသွားပဲ တာရှည်ခံခြင်းမှာ ရှားစောင်းလက်ပပ်အတွင်းသား ဂျယ်ရီတုံးကလေးများ၏ အစိုဓါတ် ကို ရေရှည်ထိန်းထားနိုင်သော ဂုဏ်သတ္ထိတို့ကြောင့်ဖြစ်သည်၊၊ ထို့ကြောင့် ရှေးသမားအကျော်တို့က ရှားစောင်းလက်ပပ်ပင်ကို မသေဆေးပင်ဟုလည်းခေါ်ကြသည်၊၊ . ရှားစောင်းလက်ပပ်ပင်ကို ရှေးအခါကပင် သမားတော်အကျော်အမော် တို့က မီးယပ်ဆေး၊နုနာရောဂါ ပျောက်ဆေးများအဖြစ် ဖော်စပ်အသုံးပြုခဲ့ကြသည်၊၊စာရေးသူကိုယ်တိုင်လည်း ရှားစောင်းလက်ပပ်ချက်ဆေး မှီဝဲသောကြောင့် မည်သည့်ဆေး၊ မည်သည့်ဆရာ ၀န်နှင့်မှ ကုသရ်ျ မပျောက်ကင်းခဲ့သော အဒေါ်ဖြစ်သူ၏ လက်မှ ကြွက်နို့များနှင့် တင်ပါးမှ ၀ဲခြောက်များ ပျောက်ကင်းခဲ့သည့်အကြောင်းကို ကျွန်ုပ်၏ ပထမ စာအုပ်ဖြစ်သော ''အသက်ကယ်ဆေးပင်များ'' ရေးသားဖော်ပြခဲ့ဖူးလေသည်၊၊ ထို့အပြင်ယင်းစာအုပ် နှိုက်ပင် ရှားစောင်းလက်ပပ်ကို မှီဝဲသောကြောင့် ခန္ဒာ ကိုယ်တစ်ခုလုံး ခံစားနေရသော ယားနာများနှင့် ခုခံအားကျဆင်း မှုရောဂါပါ သက်သာလာခဲ့ကြောင်း ဝေဒနာသည်တစ်ဦး၏ ကိုယ်တွေ့ကို ရေးသား ဖော်ပြခဲ့ပါသည်၊၊ ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိများ နှင့် ဆေးအသုံးများကား ကျယ်ဝန်းလှပါ၏။ . ရှားစောင်းလက်ပပ်ဂျယ်ရီ(4)လက်မ၊ (5)လက်မ ခန့်ကို နေ့စဉ် မှန်မှန်မှီဝဲပါက တစ်လအတွင်းတွင် သွေးထဲ နှိုက်ရှိသော သကြားဓါတ်များ ပုံမှန်ပြန်ဖြစ်ကာ ဆီးချို၊ သွေးချို ရောဂါ သက်သာ သွားမည်ကို စာဖတ်သူကိုယ်တိုင်သုံးစွဲကြည့်လျှင် ကိုယ်တွေ့သိရပေမည်၊၊ ထိုရှားစောင်းလက်ပပ်ဂျယ်ရီကို နှစ်ရှည်လများဆက်လက် မှီဝဲပါက ဆီးချို ၊ သွေးချိုကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲ ရောဂါများဖြစ်သည့် အာရုံကြောအားနည်းခြင်း၊ မျက်စိအမြင်မှုန်ဝါးခြင်း၊ခန္ဒာကိုယ်ယားယံခြင်း၊ကျောက်ကပ်ပျက်စီးခြင်းဝေဒနာများကို ဟန့်တားကာကွယ် သက်သာပျောက်ကင်းနိုင်ပြီး ဆီးချို၊သွေးချို ရောဂါ များလည်း တဖြည်းဖြည်း သက်သာ ပျောက်ကင်းနိုင်သည်၊၊ . ထို့အပြင် ရှားစောင်းလက်ပပ် အပေါ်ခွံကို ခွာရ်ျ အတွင်းသား အနှစ်ဂျယ်ရီ ကို နေ့စဉ် တစ်နေ့ တစ်ကြိမ် မှီဝဲပါက အူလမ်းကြောင်းမကောင်းရ်ျ ၀မ်းကောင်းစွာ မသွားနိုင်သော ၀မ်းချုပ်ရောဂါ သက်သာ ပျောက်ကင်းစေသည်၊၊ ထိုဝမ်းချုပ်ရောဂါ သက်သာ ပျောက်ကင်းသောကြောင့် ၀မ်းချုပ်ရောဂါ ၏ နောက်ဆက်တွဲ ရောဂါများဖြစ်သော လိပ်ခေါင်းရောဂါ၊ စအိုအိမ်(အစာဟောင်းအိမ်) ကင်ဆာရောဂါများ ကာကွယ်ပြီး ဖြစ်လေသည်၊၊ . ထို့ပြင်ဝမ်းချုပ်လျှင် အစားအသောက်ပျက်ခြင်း၊၀မ်းဗိုက် ရင်ခေါင်းတောင့်တင်းခြင်း၊အပူနှင့် လေတို့ ပေါင်းစပ်ရ်ျ ဥဏှ ၀ါ ယော အထက်သို့ ဆောင့်ကာ လေအထက်သို့ ဆောင်ကာ လေထိုး၊လေအောင့် ဖြစ်ခြင်း၊ကျောရင် ညှပ်ရ်ျ အောင့်ခြင်း၊ဇက်ကြောထိုးရ်ျ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊အပူ အပုပ် အထက်သို့ဆောင်ရ်ျ သွေးတိုးခြင်း၊ ခေါင်းနောက်ရ်ျ ချွေးဆေးပြန်ခြင်း၊မျက်စိအမြင်ေ၀၀ါးရ်ျ မျက်စိမကြည်ခြင်း စသော ဝေဒနာမျိုးစုံခံစားတတ်ရလေသည်၊၊ရှားစောင်းလက်ပပ်ကို နေ့စဉ် မှန်မှန် မှီဝဲခြင်းဖြင့် ဆီး၊၀မ်း၊ လေမှန် အပူငြိမ်းကာ သွေးသားစင်ကြယ်ရ်ျ အထက်ပါ ဝေဒနာများကို ကာကွယ် ပြီးသားဖြစ်သည့် အပြင် ဝေဒနာခံစားနေရပါကလည်း ပျောက်ကင်းနိုင်ပေသည်၊၊ . အချို့ သော လူများမှာ ၀မ်းချုပ်ရောဂါကို နှစ်ရှည်လများ ခံစားနေရပြီး ၀မ်းနုတ်ဆေးမှီဝဲမှ ၀မ်းသွားသဖြင့် နေ့စဉ် ၀မ်းနုတ်ဆေးမှီဝဲနေသူများကို ကျွန်ုပ် တွေ့ခဲ့ဖူး၏၊၊ ထိုသူများမှာ နေ့စဉ် ၀မ်းနုတ်ဆေးမှီဝဲနေရသော ဒုက္ခနှင့်အတူ ၀မ်းနုတ်ဆေးများတွင် ပါဝင်သော ပွေးကိုင်းကြောင့် ၀မ်းသွားခါနီးတွင် ၀မ်းဗိုက်ရစ်နာကာ အူနံရံမှ အကျိအချွဲ၊အမြှေးများ ၀မ်းနှင့် အတူ ကျဆင်းတတ်သဖြင့် အူများပါးလွှာတတ်ပြီး ကြာလျှင်အူရောင်ခြင်း ၊ အူတွင် အနာရောဂါ ဖြစ်ပွားခြင်းများ ဖြစ်တတ်လေသည်၊၊ ကနခို ပါဝင်သော ၀မ်းနုတ်ဆေးများဆိုလျှင် ပိုရ်ျ ပင်အန္တရာယ် များတတ်လေသည်၊၊ထိုသို့ ၀မ်းနုတ်ဆေးစားမှ ၀မ်းသွားသော၊ ၀မ်းနုတ်ဆေးကို နေ့စဉ် မှီဝဲနေရသောပုဂ္ဂိုလ်များအဖို့ ရှားစောင်းလက်ပပ်သည် နေ့စဉ် မှီဝဲသင့်သော ဘေးထွတ်ဆိုးကျိုးကင်းသည့် ဓါတ်စာဆေးဝါး တစ်မျိုးဖြစ်လေသည်၊၊ . ရှားစောင်းလက်ပပ်၏ ထူးခြားသော နောက်ထပ်ဂုဏ်သတ္ထိတစ်မျိုးမှာ ခန္ဒာကိုယ်သွေးအတွင်း မြင့်မားနေသော Uric acid ကို ထိန်းချုပ်နိုင်ခြင်း နှင့် Uric acid များသူများ စားသုံးလျှင် သွေးအတွင်း Uric acid လျှော့ကျရ်ျ ပုံမှန်ဖြစ်စေခြင်းဖြစ်သည်၊၊

 ထို့ကြောင့် Uric acid များရ်ျ ဖြစ်သော ဒူးနှင့် ခန္ဒာအဆစ်အမြစ်တို့ ရောင်ရမ်းကိုက်ခဲစေသည့် (gout) ဂေါက်ရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ခြင်းနှင့် ဖြစ်ပွားပါက ပျောက်ကင်းစေခြင်းပင်ဖြစ်သည်၊၊ . ယခုဖော်ပြ သော အကြောင်းအရာများမှာ စာရေးသူ လက်လမ်းမှီသမျှ ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိများကို စာဖတ်သူများသို့ မျှ ဝေခြင်းဖြစ်ပါသည်၊၊ ယခုစာရေးသူဖော်ပြမည့် ကင်ဆာ ရောဂါနှင့် ပက်သက်ရ်ျ ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိထူးများမှာ အံ့သြဖွယ် ကောင်းလှပါသည်၊၊စာရေးသူ၏ အစ်ကို၊အစ်မ၀မ်းကွဲ လူနာမိတ်ဆွေတို့၏ ကိုယ်တွေ့လေးများ မဖော်ပြမှီ ဂျပန်နိုင်ငံမှ ဆေးသုတေသန ပညာရှင်တစ်စု၏ စမ်းသပ်မှုများကို ဦးစွာဖော်ပြလိုပါသည်၊၊ ဂျပန်နိုင်ငံမှ ဆေးပညာရှင်တစ်စုသည် ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းသို့ ကင်ဆာဆဲ(လ်)များကို ထိုးသွင်းလိုက်ပါသည်၊၊ . ထိုသို့ ထိုးသွင်းလိုက်သော ကင်ဆာဆဲ(လ်)များသည် ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းနှိုက် ပွားများလာပါသည်၊၊ထိုကဲ့သို့ ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းမှ ပွားများလာသော ကင်ဆာဆဲ(လ်)များအတွင်းသို့ ရှားစောင်းလက်ပပ် သတ္ထုရည်(အနှစ်ရည်)ကို ထိုးသွင်းလိုက်သော အခါ ထိုရှားစောင်းလက်ပပ် သတ္ထုရည်များက ကြွှက်များကိုယ်တွင်းရှိ ကင်ဆာဆဲ(လ်) များကို ချေမှုန်းဖျက်စီးနိုင်ကြောင်း တွေ့ရှိရပါ၏၊၊ . ထိုစမ်းသပ်မှု ရလဒ်အဖြေကြောင့် ရှားစောင်းလက်ပပ်ထဲတွင် ကင်ဆာရောဂါ ကို ကာကွယ် ကုသနိုင်သော ဒြပ်ပေါင်းပါဝင်ကြောင်း အတည်ပြုကောက်ချက်ချခဲ့ပါသည်၊၊ သို့သော်လည်း လူကိုတော့ မစမ်းသပ်ရသေးကြောင်းသူတို့ကဆို၏၊၊ ဂျပန် နိုင်ငံမှ ဆေးသုတေသန ပညာရှင်များ၊ ဆရာဝန်များ လူကို မစမ်းသပ်ရသေးမှီ စာရေးသူ၏ ဆွေမျိုးနှင့် မိတ်ဆွေ လူနာများ၏ ရှာစောင်းလက်ပပ်နှင့် ပက်သက်ရ်ျ ကိုယ်တွေ့များက အံ့သြဖွယ်ကောင်းလှပေသည်၊၊ . စာရေးသူ၏ အစ်ကိုဝမ်းကွဲ တော်စပ်သူနှင့် ဇနီးသည်မှာ နှစ်ဦးစလုံး မန္ထလေးတိုင်းရင်းဆေးသိပံ မှ အောင်မြင်ရ်ျ တိုင်းရင်းဆေး ဒီပလိုမာ ရရှိခဲ့ကြသူများဖြစ်သည်၊၊ သူတို့ နှစ်ဦးစလုံး ကျောက်ပန်းတောင်းတွင် အခြေချ နေထိုင်ရင်း တိုင်းရင်းဆေးခန်း ဖွင့်လှစ်ထားလေသည်၊၊ လွန်ခဲ့သော လေး ၊ ငါး ၊ခြောက်နှစ်ခန့်က စာရေးသူအစ်ကို၏ ဇနီးဖြစ်သူ မချို မှာ အသည်းကင်ဆာရောဂါ ဝေဒနာ ပြင်းထန်စွာ ခံစားခဲ့ရပါသည်၊၊ သို့သော သေမည်ဟု ထင်ထားသော မချိုမှာ အသေပဲ ယခုအချိန်တွင် အသည်းကင်ဆာရောဂါ ပျောက်ကင်းသက်သာရ်ျ လူကောင်းပကတိဖြစ်နေပေပြီ၊၊ မချို ၏ အသည်းကင်ဆာ ရောဂါ သက်သာသွားပုံကိ စိတ်ဝင်စားလှသဖြင့် စာရေးသူ ကျွန်ုပ်က မချိုထံသို့ ဖုန်းဆက်ရ်ျ မေးမြန်းကြည့်မိ၏၊၊ . ''မချို အသည်းကင်ဆာ ဖြစ်တာ ဘာဆေးမှီဝဲပြီး သက်သာပျောက်ကင်းသွားတာလဲ၊ ကျွန်တော်သိချင်လို့ပါ'' . 'မချို ကအသည်းကင်ဆာဖြစ်ပြီးတော့ ရေဖျဉ်းသုံးကြိမ်စွဲတယ်၊၊ ဒီတော့ အသည်းကင်ဆာအတွက်ရော ရေဖျဉ်းအတွက်ပါ သောက်ရတဲ့ ဆေးတွေက များတော့ များတာပေါ့၊၊ ဒါပေမယ့် အသည်းရောင် အသားဝါ ဘီပိုးနှင့်အသည်းကင်ဆာအတွက် ဆေးတစ်မျိုးကို ပြောရမယ်ဆိုရင်တော့ ရှားစောင်းလက်ပပ်လို့ ပြောရမှာပဲ၊၊ ရှားစောင်းလက်ပပ်ကို အခွံနွာပြီး အတွင်းက အနှစ်ဂျယ်ရီကို နေ့တိုင်းစားတယ်၊၊ရှားစောင်းလက်ပပ်အခွံနဲ့ ဂျယ်ရီကြားက စိမ်းဝါ၀ါအရောင်၊ မုန့်ချက်တဲ့ အနှစ်သားက ပိုပြီး အစွမ်းထက်တယ်၊၊မချိုကတော့ ရှားစောင်းလက်ပပ်ဂျယ်ရီ နေ့စဉ် မှီဝဲတယ်၊၊ . ရှားစောင်းလက်ပပ်အနှစ်ကိုကို နေ့စဉ်မှီဝဲလို့ အသည်းကင်ဆာ သက်သာ ပျောက်ကင်းတာ နောက်တစ်ယောက်ရှိသေးတယ်၊၊သူကတော့ မချိုသမီးရဲ့ သူငယ်ချင်းရဲ့ အဖေပဲ၊၊ . သူက စီပိုးဘက်ကနေ ကင်ဆာကို ကူးသွားတာ၊၊သူကအခု မန္တလေးမှာနေတယ် ၊သူ့ရဲ့ အသည်းရောင် အသားဝါ စီပိုးရော အသည်းကင်ဆာပါ ရှားစောင်းလက်ပပ်အနှစ်ကို နေ့စဉ် မှီဝဲရင်းနဲ့ပဲ သက်သာပျောက်ကင်းသွားတယ်၊၊''' ကျွှန်ုပ်၏ အစ်ကိုဝမ်းကွဲ၏ ဇနီးဖြစ်သူ အသည်းကင်ဆာ ရောဂါပြင်းထန်စွာ ခံစားခဲ့ရသော ၊ယနေ့ လူကောင်းပကတိ ဖြစ်နေပြီ ဖြစ်သောမချို ၏ သတင်းစကားများဖြစ်သည်၊၊ . ရှားစောင်းလက်ပပ်၏ အစွမ်းဖြင့် အသည်းကင်ဆာ ပျောက်ကင်းကြောင်း သတင်းစကားသယ်ဆောင်လာသူ နောက်တစ်ဦးကတော့ ဒေါ်သန်းသန်းဝင်း ဆိုသော အသက်(60)ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်၊၊ ဒေါ်သန်းသန်းဝင်း က သူမ၏ မိတ်တွေ တစ်ဦး ရှားစောင်းလက်ပပ် အစွမ်းဖြင့် အသည်းကင်ဆာ သက်သာပျောက်ကင်းသွားပုံကို အောက်ပါ အတိုင်းပြောပြလေသည်၊၊ . '' ကျွန်မရဲ့ အသိတစ်ယောက် အသည်းကင်ဆာဖြစ်တာ ရှားစောင်းလက်ပပ်အ နှစ်ကို ခြစ်ပြီး ထန်းဖိုဦးထန်းလျက်ရည်လေးနဲ့ ရောပြီး နေ့စဉ်စားတာ၊ အခုတော့ အသည်းကင်ဆာ ရောဂါ ပျောက်ကင်းသွားပါပြီ၊၊ '' . ထိုသတင်းစကားကို သယ်ဆောင်လာသူ ဒေါ်သန်းသန်းဆိုသူမှာ လှိုင်သာယာ မြို့နယ် မင်းရဲကျော်စွာ လမ်းတွင်နေထိုင်သူဖြစ်သည်၊၊ .

 ဂျပန်နိုင်ငံမှ ဆရာဝန်များ၊ဆေးသုတေသနပညာရှင်များသည် ရှားစောင်းလက်ပပ်သည် ကင်ဆာ ရောဂါ ကို သက်သာပျောက်ကင်းစေကြောင်း အစွမ်းသတ္ထိကို ကြွက်များဖြင့် စမ်းသပ်ပြီး လူကို မစမ်းသပ်မှီ စာရေးသူတို့ မြန်မာနိုင်ငံနှိုက် ရှားစောင်းလက်ပပ်၏ အစွမ်းကြောင့် အသည်းကင်ဆာ ရောဂါ ဝေဒနာ ပျောက်ကင်းသူ သုံးဦးခန့် ရှိပေပြီ၊၊ စာရေးသူ လက်လှမ်းမမှီသော၊ မသိရှိသော နေရာများနှိုက် ကင်ဆာရောဂါ ဝေဒနာသည် ဘယ်နှစ်ဦး သက်သာပျောက်ကင်းနေမည်ကို မသိရှိပါ၊၊ . စာရေးသူကိုယ်တိုင်လည်း ကင်ဆာရောဂါ ဝေဒနာကို ကာကွယ်ရန်နှင့် ခံစားနေရသော ဆီးနှင့် ကျောက်ကပ် ရောဂါ ဝေဒနာသက်သာစေရန်အတွက် ရှားစောင်းလက်ပပ်ဂျယ်ရီကို နေ့စဉ် မှီဝဲလျက်ရှိပါသည်၊၊ ဘေးထွတ်ဆိုးကျိုးအင်မတန်နည်းပါးပြီး ရောဂါ ဝေဒနာပေါင်းစုံအတွက် အစွမ်းထက်လှသော ရှားစောင်းလက်ပပ်ကို နေ့စဉ်မှီဝဲမည်ဆိုပါက အကျိုးအနန္ထ ကျေးဇူးများလှကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်၊ 

 Credit - ဆေးပညာဆိုင်ရာဆောင်းပါးများ

 Rest of your post

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)