ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ရှိဘန်ကောက်အော်ဒါအထည်များကို ထိုင်းဘုရင့်တံဆိပ်ရိုက်ပေးရသောလုပ်ငန်းခွင်မှမြန်မာအလုပ်သမား ၁၃ယောက်အားအလုပ်မှဖယ်ရှားခဲ့ပြီး၉ယောက်မှာကြိုတင်အကြောင်း မကြားသည့်နစ်နာကြေးတစ်လနှင့်ကျေနပ်ခဲ့သော်လည်း အခြား၎ယောက်မှာမူလုပ်သက်အလိုက်နစ်နာကြေးရရှိရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း၊ ထိုင်းအလုပ်သမားရုံးဝန်ကြီးဌာနမဲဆောက်ခရိုင်ခွဲအလုပ်သမား ကြီးကြပ်ကာကွယ်ရေးနှင့်လူမှုဖူလုံရေးဌာန(LPO-ဆ၀ါဒီကန်)က ကြားဝင်ဆောင်ရွက်ပေးနေသကဲ့သို့ အမှုကိုင်ဖြစ်သည့်မြန်မာပြည်သား များအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ကလည်းထိုင်းဥပဒေ နည်းလမ်းနှင့်အညီငြိမ်းချမ်းစွာဆောင်ရွက်ကြရန်ကူညီပေးလျက် ရှိကြောင်းသတင်းရရှိသည်။
သူမတို့ စက်ရုံပိုင်ရှင်ဖြစ်သည့်အိန္ဒိယနိုင်ငံသားကလယ်ကုလားက မနက်ဖြန်မနက်ပိုင်းတွင်အလုပ်ရှင်အလုပ်သမားတွေ့ ဆုံဆွေးနွေးရန် ရှိသကဲ့သို့ မပေးရသေးသောလုပ်အားခနှင့်နစ်နာကြေးများ အတွက်လည်းလာမည့်စက်တင်ဘာလ၅ရက်နေ့ တွင်ရှင်းပေးရန် ချိန်းဆိုထားကြောင်းမဲဆောက်ခရိုင်ခွဲအလုပ်သမားကြီးကြပ် ကာကွယ်ရေးနှင့်လူမှုဖူလုံရေးဌာန(LPO-ဆ၀ါဒီကန်)ထံမှသိရသည်။
*(သြဂုတ်လ၂၉ရက်-၂၀၁၆-သောင်ရင်းနဂါး)*
သူမတို့ စက်ရုံပိုင်ရှင်ဖြစ်သည့်အိန္ဒိယနိုင်ငံသားကလယ်ကုလားက မနက်ဖြန်မနက်ပိုင်းတွင်အလုပ်ရှင်အလုပ်သမားတွေ့ ဆုံဆွေးနွေးရန် ရှိသကဲ့သို့ မပေးရသေးသောလုပ်အားခနှင့်နစ်နာကြေးများ အတွက်လည်းလာမည့်စက်တင်ဘာလ၅ရက်နေ့ တွင်ရှင်းပေးရန် ချိန်းဆိုထားကြောင်းမဲဆောက်ခရိုင်ခွဲအလုပ်သမားကြီးကြပ် ကာကွယ်ရေးနှင့်လူမှုဖူလုံရေးဌာန(LPO-ဆ၀ါဒီကန်)ထံမှသိရသည်။
No comments:
Post a Comment