ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 8, 2016

++လူပျိုကြီး++

>
အိပ်ယာခင်းပေါ်မှာ ဟိုလှုပ် ဒီလှုပ်ဖြင့် အတွေးများစွာနဲ့ သူ အိပ်မပျော်ခဲ့တာ ညဥ့်တော်တော်နက်လှပြီ။ လရောင်ဖျော့ဖျော့ကို ငေးမောလို့ ကုန်မြန်လွန်းခဲ့တဲ့ အချိန်တွေ အကြောင်း နောက်ကြောင်းပြန်တွေးလို့ပေါ့ ဟုတ်တယ် အချိန်တွေ သိပ်ကိုမြန်လွန်းခဲ့တယ် ။ ……………………………………………………………………………………………………………………… “ သားငယ် အမေတို့ မရှိတော့တဲ့ အခါ ဒီလောကကြီးထဲမှာ သားကိုတစ်ယောက်တည်း ဖြစ်နေခဲ့မှာ အမေစိုးတယ် ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင်မိသားစုလေးနဲ့ ဆိုရင်တော့ အမေစိတ်ချတာပေါ့ကွယ် ဖြစ်နိုင်ရင်တော့ အိမ်ထောင်ပြုဖို့ စဉ်းစားပါအုံး ” ။ အမေဟာ သူ့အတွက် မိခင်တစ်ယောက်ဖြစ်သလို သူငယ်ချင်းတစ်ယောက်လိုလဲ ဖွင့်ပြောတိုင်ပင်လို့ရတဲ့ မိခင်တစ်ယောက်ပါ သူ့သူငယ်ချင်းတွေနဲ့ အဖြစ်အပျက်တွေကအစ ဘယ်အမျိုးသမီးလေးကတော့ဖြင့် ကျနော် သဘောကျတဲ့ အနေထားလေးဆိုတာမျိုးကအစပေါ့ ။ အိမ်ထောင်ရေးဟာ ချစ်ခြင်းတရားမပါရင် ခိုင်မြဲဖို့ ခဲယဉ်းမှာပါလို့ ဆယ်ကျော်သက် အရွယ်မှာ ယူဆခဲ့တဲ့ ခံယူချက်တွေဟာလည်း ၃၀ နားကပ်လာတဲ့အခါ ချစ်ခြင်းတရားဖြင့် တည်ဆောက်မယ့် တူနှစ်ကိုယ်အိပ်မက်ကလေးဟာလည်း မရေမရာနဲ့ပါပဲ ။ ၃၀ ကျော်လာတဲ့အခါမှာတော့ လူပျိုကြီးဆိုတဲ့ နာမည်က သူ့နာမည်ရဲ့ ရှေ့မှာ တွဲကပ်ပါခဲ့တယ် ။ အိမ်ထောင်ပြုဖို့ အစီစဉ်မရှိသေးဘူးလားလို့ စနောက်ကြတဲ့အခါမျိုးမှာတော့ ဖြည်းဖြည်းပေါ့ ဆိုတဲ့ ဖြေစကားနဲ့ ရယ်မောဖြေခဲ့တာကြီးပဲ ဘယ်လောက်ထိ ဖြည်းမှာပဲ အချိန်အတိုင်းတာ ဘယ်လောက်ထိ ကြာမှာလဲဆိုတာ သူကိုယ်တိုင်တောင်မသိတဲ့ အဖြစ် ။ အမေ စပ်ဟပ်ပေးတဲ့ အမျိုးသမီးကလေး တစ်ချို့တော့ ရှိပါရဲ့ ဒါပေမယ့် သာယာတပ်မက်မှုမရှိတဲ့ အနည်ထိုင်ချစ်ခြင်းတရားတွေအောက်မှာ သူတည်ဆောက်မယ့် အိမ်ထောင်ရေးက ဘယ်လောက် ခိုင်မြဲကြမှာလဲဆိုတာ သူမသေချာဘူးရယ် ။ မိတ်ဆွေ တစ်ချို့ကတော့ပြောတယ် သိပ်မစဉ်းစားနေနဲ့ အချိန်သိပ် မရှိတော့ဘူးတဲ့ ။ သူကတော့ သူ့ချစ်ခြင်းတရားတွေကို မိသားစုကိုသာ ပေးအပ်လို့ အိမ်ထောင်ပြုတာ စောတဲ့ တူအငယ်ကောင်ရဲ့ မင်္ဂလာဆောင်မှာ အုပ်ထိန်းသူ လုပ်ရတဲ့ အခါတွေ ရှိသလို တူမအလတ် ကလေးအတွက် တက္ကသိုလ်တက်ဖို့ စရိတ်ကိုလည်း သူက ထောက်ပံ့ပါမယ်ဆိုပြီး ရဲရဲကြီး အာမခံတဲ့ အခါတွေလည်း ရှိခဲ့တယ် ။ ဦးမင်းသားချင်းတွေရဲ့ မင်းမှာလည်း ဒီသံယောဇဉ်တွေနဲ့ပဲလို့ ဂရုဏာသက်ကြတဲ့ အခါမျိုးတွေမှာ တော့ ကျနော် လက်ရှိအခြေနေကို ကျေနပ်ပါတယ်ဗျ လို့ ပြုံးပြုံးကြီးပြောခဲ့တာ ။ မောင်နှမ ၅ ယောက်က မွေးလာတဲ့ တူ၊ တူမ ၁၇ ယောက်ရဲ့ ဆိုးကြောင်း ကောင်းကြောင်းတွေ အားလုံးဟာ သူ့ခေါင်းပေါ်ကိုသာ ကျရောက်လို့ တူ ငမူးသမား လူဆိုးကောင် အရက်ဝိုင်းမှာ ပြောသလို “ငါ့ဦးငယ်ရှိတယ် သူက လူပျိုကြီး စားဖို့သောက်ဖို့ သားသမီးလည်းမရှိဘူး ဆူမယ့် ဟောက်မယ့် ဇနီးမယားလည်းမရှိဘူး သူရှာထားတာတွေ ငါတို့မှ ၀ိုင်းမဖြုန်း ဘယ်သူဖြုန်းမတုန်းကွ “”တဲ့ တစ်ဆင့်စကားပြန်ကြားရပြန်တော့ သက်ပြင်းကိုသာ ခါခါချလို့။ “ အငယ်ကောင် နင့်ယောက်ဖ ဖယ်ရှုံးပြန်ပြီဟယ် ငါ့မလည်း ဒီဝဋ်ကြွေးတွေ ဘယ်တော့များမှ ဆပ်လို့ ကုန်မလဲမသိပါဘူးနော် ” အစ်မကြီးရဲ့ ငိုသံကြားရပြန် တော့ မရှိ ရှိတာ ရှာကြံပေးရပြန်တာပေါ့ မောင်နှမ ဆိုတော့ ဒုက္ခရောက်တဲ့အခါ ပစ်မထားရက်ပြန်ဘူး ။ မောင်နှမတွေအကြား အဆင်မပြေဆုံး အစ်မအငယ်ရဲ့ ခလေးတွေ ဖားရှာ ငါးရှာနဲ့ လယ်ထဲ တောထဲ ပင်ပင်ပန်းပန်းတွေ့ရပြန်တော့ စိတ်မကောင်းပြန်ဘူး ဖြစ်နိုင်ရင်သူတို့လေးတွေအားလုံး ကောင်းကောင်မွန်မွန် ကျွေးမွေးစောင့်ရှောက်ထားချင်တော့တာ ။ ဒါပေမယ့် အားမတန်လို့ မာန်လျှော့ ခဲ့ရတဲ့ အခါတွေ ရှိသလို မသိကျိုးကျွံ ပြုခဲ့ရတဲ့ အခါတွေလည်းရှိခဲ့တယ် ။ သူ့တစ်ယောက်တည်းအားနဲ့ အားလုံးကို မေတ္တာတွေ ဖြန့်ကျက်မထားနိုင်တဲ့အခါမှာ နားလည်မှု လွဲမှာခြင်းတွေက သူ့အပေါ် တံဆိပ်အမျိုးမျိုး အတပ်ခံရလို့ပေါ့ ။ အစ်မငယ်ရဲ့ သားလေး သွေးလွန်တုပ်ကွေးနဲ့ ဆေးရုံတက်ရ တုန်းက ချောင်ချောင်လည်လည်ဖြစ်တဲ့ အစ်ကိုအလတ်ဆီက ငွေကလေး ခဏ လှည့်ထားမိတယ်။ စိတ်အခန့်မသင့်ကြတဲ့ မောင်နှမတွေကြား သူ လူပျိုကြီးက ကြားဝင် ဖြေရှင်းရတဲ့ အခါတွေဟာလည်း မနည်းခဲ့တော့ဘူး။ ဒါဟာ သူကိုယ်တိုင်ကကို ကြည်ကြည်ဖြူဖြူနဲ့ တာဝန်ယူခဲ့တာမို့ ငွေကလေး အဆင်ပြေတော့ ပြန်ဆပ်ဖို့ သွားတဲ့အခါ လက်ထဲမှာ စားစရာ အချို့ကိုင်လို့ အစ်ကိုလတ် အိမ် ခြံဝရောက်တော့ မရီးရဲ့ အသံစူးစူးက သူ့နားထဲ ထိုးနှက်လို့ “ ရှင့်ညီက သူ့အစ်မက မွေးထားတာတွေကိုမှ သူ့ တူ တူမ တွေလို့ ထင်တာ ကျမ ခလေးတွေ ကို ဆက်ဆံတာနဲ့ တစ်ခြားစီ အေး ခုကတည်းက ပြောထားမယ်နော် နောက်နောင် ဒါမျိုး အချိုး ကြောလာမယ်ဆိုရင်တော့ ငြိမ်ခံနေမှာမဟုတ်ဘူး။ ခုကတည်းက သိအောင်ပြောထားတာ ” ဒီအခြေနေဟာ ၀င်သင့်တဲ့ အခြေနေမဟုတ်ဘူးဆိုတာ ရိပ်စားမိတော့ လှည့်ပြန်ဖို့ တွေးတုန်း တူမလေးရဲ့ ဦးငယ် ရောက်နေတာလား ဆိုတဲ့ မရဲတရဲ အသံလေးနဲ့ အားနာတဲ့ အကြည့်တွေအောက်မှာ သူဟာလည်း ဘာကို အားနာမှန်းမသိပဲ အေး ခုလေတင် ဆိုတဲ့ စကားလေးနဲ့ ခလေး စိတ်သက်သာရာ ရစေခဲ့တာ ဒီအခြေနေဟာ သူကိုယ်တိုင်ရဲ့ အပြုမူ ချွတ်ယွင်းချက် မကင်းဘူးဆိုတဲ့ စိတ်ခံစားမှုတွေဟာလည်း သူ့စိတ်ကို နစ်မောစေနေခဲ့တော့တာ ။ မှန်သော စကား ဆိုရဲပါရဲ့ အားလုံးဟာ သွေးသားအရင်းခြာတွေမို့ သာစေ နာစေဆိုတဲ့ စိတ်မျိုး သူ့မှာ မရှိခဲ့ရိုးအမှန်ဆိုတာ တစ်စုံတစ်ဦးကိုများ ရင်ဖွင့်ချင်မိတော့တာ ဒါပေမယ့် အနားမှာ ဘယ်သူမှမရှိဘူး ရယ် ။ဟုတ်ပါရဲ့ အရပ်စကားနဲ့ ခပ်ရိုင်းရိုင်းပြောရရင် သေရင် ငှက်ပျော်တုံးဖတ်ရမယ့် လူပျိုကြီး ဖြစ်နေတော့တာကိုး ။ အမေသာ အခုချိန် ရှိနေသေးရင် သူ့ကို ဘာပြောမှာပါလိမ့် ခေါင်းတညိတ်ညိတ်နဲ့များ မျက်ရည်တွေ ကျနေမလား ၊ အမေ ပြောခဲ့တယ်မဟုတ်လား ဆိုပြီး ဂရုဏာ ဒေါသောနဲ့ပဲ ဆူငေါက်လေမလား ။ အမေဟာ ကျနော့်ရဲ့ ရှေ့ရေးနောက်ရေးတွေအတွက် သိပ်ကို စိတ်ပူခဲ့တာ ။ “ ဒီမယ်သား ကိုယ်အသက်ကြီးလို့ ဒုက္ခရောက်တဲ့အခါ ကိုယ့်သားသမီး အရင်းတွေလောက် ဘယ်သူကမှ ကိုယ့် ဆိုးမွေ ကောင်းမွေကို လက်ခံကြမှာမဟုတ်ဘူး အေး ကိုယ့်လက်ထဲ ပေးနိုင်ကမ်းနိုင်တဲ့အခါမျိုးမှာတော့ တူ တူမ ဆိုတာတွေ အနား ၀ိုင်းချင် ၀ိုင်းနေလိမ့်မယ် ဒါပေမယ့် မပေးနိုင် မကမ်းနိုင်တော့တဲ့ အခါမျိုးမှာတော့ သူတို့ရဲ့ မသိတတ်မှုတွေဟာ သားစိတ် ကို အနာတရ ဖြစ်စေကြမှာတွေကြီးပဲ ” အဲ့တုန်းကတော့ သူက ပြုံးပြုံးကြီးနဲ့ပေါ့ တူလေးတစ်ယောက်ကို ပေါင်ပေါ်တင်လို့ ကျီစယ်ဆော့ကစားနေခဲ့တာ ။ “ နင့်မောင်က မရှိတာလည်းမလုပ်ပဲ ဒါ သပ်သပ်ကပ်တာ တို့တွေ သူ့ဆီဘယ် နှစ်ခါများ အကူညီတောင်း ဖူးလို့လဲ မလွှဲသာလွန်းလို့သာ တစ်ခြား ညီအစ်ကိုမောင်နှမဖြစ်ကြည့်ပါလား သူဒါမျိုး နေနိုင်မလားလို့ ငါတော့ စောင့်ကြည့်နေအုံးမယ် ” ယောက်ဖရဲ့ ဒေါသစကားဆိုးဆိုးတွေကြားပြန်တော့ စိတ်ဆိုးဒေါသဖြစ်မိသလို အမှု ရင်ဆိုင်နေရတဲ့ အစ်မရဲ့ အဖြစ်ကိုတွေးမိပြန်တော့ စိတ်မကောင်းဖြစ်မိပြန် ။ သူ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် နိုင်ငံခြားမှာ ပင်ပင်ပန်းပန်းရှာဖွေစုဆောင်းပြီး ၀ယ်ထားတဲ့ ခြံကွက်ကလေးတစ်ကွက် ရောင်းပေးလိုက်တယ် ။ ကိုယ့်ဘက်က မခံရပ်နိုင်တဲ့ သူငယ်ချင်းကတော့ မင်းကတော့ ဒါနဲ့သေမှာပဲတဲ့ ။ ဒါတွေဟာ သူဖြစ်ချင်ခဲ့တဲ့ အခြေနေတွေလား သူ့ရွေးချယ်မှု အစစ်မှန်တွေလားဆိုတာကိုပေါ့ ။တန်ပြန်သက်ရောက်မှု မမျှော်လင့်ခဲ့ပေမယ့် တစ်ချို့သော အခြေနေတွေဟာ အံ့သြစရာကောင်းလောက်အောက်ကို ဆိုးရွားခဲ့တော့တာ ။ သံယောဇဉ်တွေ တာဝန်တွေကြားမှာ လုံးချာလိုက်ရင်း သူ့အသက်ဟာလည်း ၄၀ နားတစ်ဖြည်းဖြည်းနီးကပ်လို့ ။ သူ တစ်ယောက် နေမကောင်းဖြစ်တုန်း မတွေးဖြစ်ခဲ့တဲ့ အခြေနေ တွေဟာ အတွေးထဲဝင်လာသလို ဆက်ပြီး ကြုံတွေ့ လာရမယ့် အခြေနေတွေကိုလည်း စိုးရိမ်စိတ်တစ်ချို့ ၀င်ခဲ့ပြန်တယ် ။ ဆန်ပြုတ် ပူပူတစ်ပန်းကန် ပြုတ်တိုက်မယ့်သူမရှိသလို တစ်ရေးနိုးမှာ ကိုယ်ပူစမ်းမယ့်သူလည်းမရှိဘူး သက်သာရဲ့လားလို့ ဂရုတစိုက်မေးမြန်မယ့်သူလည်းမရှိခဲ့ပြန်ဘူး ။ အဖျားတော်တော် တက်လာနေမှန်း သူ့ကိုယ်သူ ခံစားရတဲ့အခါမှာတော့ ခေါင်းရင်းက လက်ကိုင်ဖုန်းကို နှိပ်လို့ ဆေးခန်းခဏ လိုက်ပို့ပေးဖို့ အိမ်က သားကို လွှတ်ပေးဖို့ အစ်မကြီးနဲ့ ဖုန်းပြောတုန်းက “ အလတ်ကောင် နင့် ဦးငယ်ဖျားနေတယ် ဆေးခန်းခဏ သွားပို့ပေးလိုက်အုံး ” အစ်မကြီးရဲ့ ခပ်ပြတ်ပြတ် အသံအပြီးမှာ “ မုန့်ဖိုးရမှာလား ” ဆိုတဲ့ တူလေးရဲ့ မေးသံအဆုံးမှာတော့ သူ့ ခံစားချက်တွေဟာလည်း အသက်မဲ့ သွားခဲ့တော့တာ အခကြေးငွေ တစ်ခုကြောင့်သာ သူတို့လေးတွေ ကိုယ့်အနားရှိနေကြတာလားဆိုတဲ့ မေးခွန်းတွေ အထပ်ထပ်နဲ့ ပြန်မေးခွန်းထုတ်ရင်း ။ အဲ့ဒီညက သူအိပ်မပျော်ခဲ့ပြန်ဘူး ။ ဟုတ်ပါရဲ့ နှောင်းချိန်မှပဲ သိရှိ ခံစားလိုက်ရတော့တာက လူပျိုကြီးတစ်ယောက်မှာ အခကြေးငွေ မရှိတော့တဲ့အခါမှာတော့ လူပျိုကြီး ဟာ လူပိုကြီး အဖြစ်ကို ရောက်လို့ပါပဲ။ ဟုတ်ကဲ့ သူအခုထိ လူပျိုကြီးဖြစ်နေတုန်းပါပဲ ။ 

................... 

+မောင်မျိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)