>
+Public Health+
လူနှင့်အလုပ် အမြဲတွဲဖက် နေသည်။ အလုပ်လုပ်ခြင်း သည် လူ့ဘဝ ရှင်သန်နေခြင်းပင် ဖြစ်သည်။ ကာယအလုပ်ဖြင့် ဘဝရှင်သန်နေသူများ ရှိသကဲ့သို့ ဥာဏအလုပ်ဖြင့် စားပွဲတွင်ထိုင်နေပြီး အလုပ်လုပ် နေကြရသူများလည်း ရှိသည်။
ကာယဖြင့် လုပ်နေရ သူများမှာ အလုပ်ချိန်ကြာလျှင် ခန္ဓာကိုယ် ပင်ပန်းမှုကို ခံစားကြရသည်။ စားပွဲတွင် ထိုင်ပြီး အလုပ်လုပ် သူများမှာကား အများထင်သကဲ့သို့ မသက်သာကြပါ။ အလုပ်စားပွဲတွင် အထိုင်ကြာလာသည် နှင့်အမျှ စိတ်ပင်ပန်း လာရသည်။ ခန္ဓာကိုယ်မှာလည်းမသက်သာ။
အညောင်းမိလာပြီး ခေါင်းအုံဇက်ထိုး၊ အကြောတက် စသောရောဂါများ ရလာလေ့ရှိသည်။ အလုပ်စားပွဲတွင် တစ်ပုံတစ်ပင် ရှိနေသော ပင်ပန်းစရာများ ကြားမှ ဖြေဖျောက်စရာ သစ်ပင်လေး တစ်ပင်အကြောင်း ပြောပါရစေ။
အကြောတက်ခြင်း တော်တော်များများတွင် ဇက်ကြောတက်ခြင်းသည် အဖြစ်အများဆုံး ဖြစ်သည်။ အလုပ်ချိန် နှစ်နာရီ ထက် ကျော်ပြီး စာကြည့်၊ စာရေးခြင်းတွင် အာရုံစိုက်ရလျှင် ဇက်ထဲမှ တောင့်တင်းပြီး ကြာလျှင် ကိုက်ခဲလာခြင်းကို ဇက်ကြောတက်သည်၊ ဇက်ကြောထိုးသည်ဟု ပြောလေ့ရှိကြသည်။ဇက်ကြောတက်ရောဂါ အချိန်ကြာလာလျှင် မျက်စိအာရုံကြော များကိုပါ ထိခိုက်ပြီး မျက်စိမှုန် လာတတ်သည်။
ဇက်ကြော တက်သည်မှစ၍ မျက်စိမှုန် လာသူများသည် မျက်စိဆရာဝန်များနှင့် စမ်းသပ်ပြီး မျက်မှန်တပ်လိုက်သောအခါ အမြင်ကြည်လင်သွားသဖြင့် တစ်ခဏအားဖြင့် ဇက်ကြောတက် ရောဂါသည် သက်သာသွားသလိုလို ရှိသော်လည်း နောက်ပိုင်းတွင် တက်မြဲပြန်တက် လာသည်ကို တွေ့ရလေ့ ရှိပါသည်။
ထို့ကြောင့် မျက်စိ ဆရာဝန်ကြီးများကလည်း အနီးကြည့် (စာကြည့်) တစ်နာရီကြည့်ပြီးတိုင်း အဝေးသို့ ၁ဝ ပေခန့် လှမ်းကြည့်သင့်သည်။ ဖြစ်နိုင်လျှင် အဝေးမှ စိမ်းလန်း စိုပြည်သော နေရာကို ကြည့်ရလျှင် မျက်စိ အာရုံကြောများ လျှော့ စေမည်ဟု ဆိုသည်။ အစိမ်းရောင်သည် မျက်စိသာမက စိတ်ကိုပါ လန်းဆန်းစေနိုင်ပါသည်။
စိတ်ချမ်းသာမှုကို လူတိုင်းလိုချင်ကြသည်။ အလုပ်ရှုပ်နေလျှင် စိတ်ရှုပ်လာသည်။ စိတ်ရှုပ်ခြင်း၏ နောက်တွင် ပင်ပန်း နွမ်းနယ်ခြင်းသည် ရောက်လာစမြဲ ဖြစ်သည်။ လူပင်ပန်း၊ စိတ်ပင်ပန်းဟု ပြောလေ့ရှိကြသော်လည်း တကယ်တမ်းမှာ စိတ်ပင်ပန်းခြင်းကသာ လူကို ပင်ပန်းစေခြင်း ဖြစ်သည်။ မပြီးပြတ်နိုင်သော အလုပ်များကို လုပ်ရသောအခါ၊ အလုပ်နှင့် အချိန်မမျှသောအခါ အချိန်မီ မပြီးမည်စိုး၍ စိတ်ပူပန်မှု ဖြစ်စေသည်။ ပူပန်ရဖန်များသောအခါ စိတ်ပင်ပန်း လာလေသည်။
အနောက်တိုင်း စိတ်အထူးကု ဆရာဝန်ကြီးများ ပြောလေ့ရှိသော ''စိတ်ကျရောဂါ''ဟူသည်မှာ မနိုင်ဝန်ထမ်းရ သူများတွင် အများဆုံး ဖြစ်လေ့ရှိသော ရောဂါဖြစ်သည်။
အလုပ်ရှုပ်၊ ပင်ပန်းနွမ်းနယ် သူများအတွက် အနားယူခြင်းဖြင့် သက်သာ စေနိုင်မည်ဟု ထင်ရသော်လည်း နောက်ပိုင်းတွင် စိတ်မအေးစရာ အလုပ်တာဝန် ကျန်ခဲ့သူများအတွက် လူကအနား ယူနေသော်လည်း စိတ်က အလုပ်ထဲမှာ ပြန်ပြန် ရောက်နေသဖြင့် တကယ်တမ်းအနားမရသလို ဖြစ်နေတတ်ပါသည်။
တချို့သော ငွေကြေးတတ်နိုင်သူများသည် တစ်နှစ်လျှင် တစ်ကြိမ် ခရီးထွက်ပြီး အနားယူ အပန်းဖြေ လေ့ရှိကြသည်။ အထူးသဖြင့် ရှုခင်းသာယာသော နေရာများ၊ ပင်လယ်ကမ်းခြေ များတွင် အနားယူလေ့ ရှိကြသည်။
အုန်းပင်များ စိမ်းစိုပြီး သာယာလှပသော ကမ်းခြေတွင် ဒီရေတက်ချိန်၌ ပြေးတက်လာသော ရေလှိုင်းကလေး များ၏ ကမ်းသို့ ရိုက်ခတ်သံနှင့် ဒီရေဖုံးလွှမ်း သွားသော သဲသောင်ပြင်တို့၏ အလှမှာ ရောက်ဖူးသူတို့မှသာ ခံစားတတ်မည်ဖြစ်သည်။ ထိုအချိန်မျိုးတွင် အရာအားလုံး၊ သောကအားလုံးကို မေ့ထားပြီး စိတ်လွတ်ကိုယ်လွတ် အပန်းဖြေနိုင်လျှင် အကောင်းဆုံးပင် ဖြစ်သည်။
ကျွန်တော်၏မိတ်ဆွေ အရာရှိကြီးတစ်ဦး၏ ရုံးခန်းသို့ အလုပ်ကိစ္စတစ်ခု အကူအညီ တောင်းရန် သွားသောအခါ သူ့မှာ အလွန်အလုပ်ရှုပ်သူ ဖြစ်ကြောင်း တွေ့ရသည်။
သူ့ရှေ့တွင် လက်မှတ်ထိုးစရာ တွေကလည်း တစ်ပုံတစ်ပင် ရှိနေသည်။ ဖုန်းတွေကလည်း မနားတမ်း၊ တွေ့လိုသူတွေ ကလည်း အခန်းပေါက်ဝတွင် တန်းစီစောင့်နေသည်ကို တွေ့ရသည်။ သို့သော် သူ့ကိုကြည့်ရသည်မှာ အလုပ်ရှုပ်နေသော်လည်း စိတ်ရှုပ်နေပုံမပေါက်။ တက်ကြွ ရွှင်လန်းလျက်ပင်ရှိသည်။
''လာ...ထိုင် သူငယ်ချင်း။ မတွေ့ရတာကြာပြီကွာ။ ဘာအကူအညီလိုလဲ။ လမ်းကြုံလို့ ဝင်လာတာလား'' စသည်ဖြင့် ပဋိသန္ဓာရစကားကို ဆိုသည်။ ပြုံးပြုံးရွှင်ရွှင် မျက်နှာထားရှိသည်။
ကိုယ်လိုအပ်သည့် ကိစ္စများကို ပြောပြသည့်အခါ သူတတ်နိုင်တာကို ကူညီပေးသည်။ သူမတတ်နိုင်သည့် ကိစ္စများကိုတော့ မတတ်နိုင်ကြောင်းနှင့် မည်သို့မည်ပုံ လုပ်ဆောင်ရမည်၊ မည်သူ့ထံသွားရမည်၊ မည်သည့် အချက်အလက်တွေ လိုသည် စသည်ဖြင့် လမ်းညွှန် ပေးသည်။ သည်လောက် အလုပ်များသည့်ကြားမှ ကိုယ့်လိုအပ်ချက်ကို အချိန်ယူ ပြောကြားပေးသည့် သူငယ်ချင်းကို ကျေးဇူး တင်လှပါသည်။ နယ်မှလာခဲ့ခြင်း ဖြစ်သော်လည်း သူ့ကိုလက်ဆောင်ပေးရန်လည်း ကိုယ့်မှာ ဘာမှမပါလာပါ။
နယ်မှ သူငယ်ချင်း များအကြောင်း၊ ဆွေမျိုးများအကြောင်း သူမေးသမျှ၊ စပ်မိသမျှ ပြောပြပြီးနောက် နှုတ်ဆက် ပြီးပြန်ခဲ့သည်။ ရာထူးကြီးသော်လည်း ဘဝမမေ့တတ်သည့် သူငယ်ချင်းနှင့် တွေ့ခဲ့ရပြီး အပြန်တွင် ကျေနပ်ပီတိများစွာ ဖြစ်မိပါသည်။
ထိုသူငယ်ချင်း အခန်းတွင် ထူးခြားချက် နှစ်ခု တွေ့ခဲ့ရသည်။ တစ်ခုမှာ သူ့အလုပ် စားပွဲပေါ်တွင် သစ်ပင်စိုက်ထားသော ပန်းအိုးငယ် တစ်ခု။ နောက်တစ်ခုမှာ သူ့နောက်ဘက် နံရံတွင် ချိတ်ဆွဲထားသော အလျား ၁ ပေခွဲ၊ အနံ ၁ ပေခန့်ရှိသော ဓာတ်ပုံတစ်ပုံ ဖြစ်သည်။
သူ့စားပွဲပေါ်မှ ပန်းအိုးငယ်လေးမှာ ဘွန်ဆိုင်းပင်ကဲ့သို့ အမျိုးအမည်မသိ အပင်ပုလေး ဖြစ်သည်။ စိမ်းစိုနေသော သစ်ရွက်များဖြင့် ဝေဆာနေပြီး အမြင့်မှာ ရှစ်လက်မခန့်သာ မြင့်သည်။ စားပွဲပေါ်တွင် နေရာ မယူလွန်းဘဲ လှပ စိမ်းစိုနေသော သစ်ပင်ကလေး ဖြစ်သည်။ ဤသစ်ပင်လေးကို မြင်လိုက်ရချိန်တွင် စိတ်ထဲတွင် လန်းဆန်းသွားသလို ခံစားရမိပါသည်။
(ဤသစ်ပင်လေးကို သဘောကျလွန်း၍ သူငယ်ချင်းကို ခွင့်တောင်းပြီး ကျွန်တော်၏ ဟန်းဖုန်းဖြင့် ဓာတ်ပုံ ရိုက်ယူခဲ့ပါသည်။) သူ၏ ဘယ်ဘက်ရှိ နံရံပေါ်တွင် ချိတ်ဆွဲထားသော ဓာတ်ပုံမှာ ချောင်းသာကဲ့သို့ ကမ်းခြေတစ်နေရာတွင် သူ့မိသားစုနှင့် အပန်းဖြေနေသော ဓာတ်ပုံ ဖြစ်ပုံရပါသည်။ ဓာတ်ပုံထဲမှာ ပါသူအားလုံး ပြုံးရွှင်နေကြပြီး မြေးအရွယ် ကလေးငယ်လေးများ ပါပါသည်။
နောက်ခံ ခပ်လှမ်းလှမ်းမှာ ဘန်ဂလိုအိမ်တစ်လုံးနှင့် အုန်းပင်စိမ်းစိမ်းများ တန်းစီလျက်ရှိပြီး အားလုံးမှာ ဘောင်းဘီရှည်၊ ဘောင်းဘီတို၊ မျက်နှာသုတ်ပဝါ၊ တဘက်ထည်များနှင့် ရေကူးရာမှ ပြေးတက်လာပြီး အေးချမ်း နေတုန်း စုပေါင်းရိုက်ထားသော ဓာတ်ပုံနှင့် တူပါသည်။
သူ့ကိုစပ်စုပြီး မမေးမိသော်လည်း ဤဓာတ်ပုံကို ကြည့်လိုက်ရသည်နှင့်ပင် ကိုယ်ပါ ထိုဓာတ်ပုံထဲ ရောက်ရှိ သွားပြီး အေးသွားသလို၊ ချမ်းသွားသလို ဖီလင်(Feeling) တစ်ခုဝင်လာပါသည်။ သူအလုပ်များပြီး စိတ်ပင်ပန်းသော အခါတွင် ဤဓာတ်ပုံကို မော့ကြည့် လိုက်ပါက ချောင်းသာသို့ တစ်ဖန်ပြန် ရောက်သွားရသလို ဖြစ်လေမလားဟု စိတ်ထဲမှာ တွေးမိပါသည်။
ဤသူငယ်ချင်း ရုံးခန်းမှ ပြန်လာပြီးနောက် သူနှင့်ဆန့်ကျင်ဘက် မိတ်ဆွေတစ်ဦးကို သွားသတိရမိ သည်။ ဂေါက်သီး လေ့ ကျင့်ရေး ကွင်းတစ်ခုတွင် ဖြစ်သည်။ မိတ်ဆွေ ဆရာဝန်ကြီး တစ်ဦးနှင့်အတူ ဖြစ် သည်။ ဂေါက်သီး လေ့ကျင့်ရေး ကွင်းမှာ ရှေ့တွင် ကိုက်ငါးရာခန့် ရှည်လျားကျယ်ပြန့်သော မြက်ခင်းစိမ်းစိမ်း ကွင်းပြင်ကြီးရှိပြီး နောက်ခံ မှာ တောင်တန်း တောင်ကုန်းမြင့်များဖြင့် သာယာလှပသော နေရာဖြစ်သည်။ ဂေါက်သီး ဗန်းအတွင်းမှ ကယ်ရီမိန်းကလေး တည်ပေးသော ဂေါက်သီးကို မိမိနှစ်သက်ရာ ဂေါက်တံဖြင့် တစ်လုံးပြီး တစ်လုံးရိုက်ထုတ်ပြီး အကွာအဝေး မည်မျှရောက်ပြီး ကျသွားသည်ကို လှမ်းမျှော်ကြည့်ပြီး မျက်စိပသာဒ ယူနိုင်သည်။
သို့သော် မိမိဘေးခုံမှ ဆရာဝန်၏ လက်ကိုင်ဖုန်းမှာ မကြာခဏမြည်နေသည်။ ဆေးရုံမှ သူ၏ ကိုယ်ပိုင်ဆေးခန်းမှ မေးသံ၊ ဖြေသံများကို ကြားနေရသည်။
သူ့မှာ ဂေါက်ကွင်း ရောက်သော်လည်း အအားမရ၊ နောက်ကအရေး ပေါ်ဖုန်းများက လိုက်လာနေသည်။ တစ်ခါတစ်ရံ ကစားနေသည့် ဂေါက်တံကိုကိုင်၍ ခပ်ဝေးဝေးတွင် သွားပြီး ဖုန်းပြောနေသည်။ ပတ်ဝန်းကျင် ကစားသူများကို အားနာ၍ဖြစ်မည်။ သို့သော် သူ့ကြည့်ရသည်မှာ အနားယူသော နေရာမှာပင် အနားမရ ဖြစ်နေသည်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိရုံ မျှမက သူ့အစား စိတ်မောမိသည်။
လူ့ဘဝ တစ်လျှောက်လုံး အသက်ရှင်နေသမျှ အလုပ်လုပ်နေရမည် ဖြစ်သည်။ တာဝန်သိ သူအတွက် အလုပ်ဆိုသည်မှာ အိပ်ရာဝင် အချိန်ထိ ရှိနေမည် ဖြစ်သည်။ အလုပ်ပင်ပန်း၊ စိတ်ပင်ပန်းလျှင် ရောဂါရလာ တတ်သည်။ အရွယ်ရင့်မှ ရောဂါရလျှင်မဆန်းပါ။ အရွယ်မတိုင်
ခင် ရောဂါရလျှင် ကိုယ်ဖြစ်ချင်သော ဆန္ဒများမှာ အပြီးမသတ်နိုင်ဘဲ ကျန်ခဲ့ရမည်။ ထားခဲ့ရမည်ဖြစ်သည်။ ရခဲလှသည်မှာ လူ့ဘဝဟုဆိုလျှင် ရပြီးနောက်တွင်လည်း ခက်ခဲ လှသည်မှာ လူ့ဘဝပင်ဖြစ်သည်။ ကြိုးစား ရုန်းကန်ခြင်းများဖြင့် ရင်ဆိုင် ဖြေရှင်းကြသော်လည်း
ရတာမလို လိုတာမရဘဲ အဆုံးသတ်ကြရသူက များသည်။ ပင်ပန်းသမျှ ခံစားကြရသူများ ရှိသော်လည်း ပင်ပန်း သမျှ အရာမထင် ကြသူများလည်း ရှိသည်။ ကံ၊ စိတ်၊ဥတု၊ အာဟာရ စသော အကြောင်းတရား များကလည်း နေ့စဉ် တိုက်ခိုက်နေမြဲ ဖြစ်သည်။ မည်သူမျှ ရှောင်လွှဲ
မရ။ ပင်ပန်း နွမ်းနယ်မှုကို မည်သို့ဖြေဖျောက်မည်နည်း။ အလုပ်ကို တစ်ရက်ပင် ပျက်ရန်မလွယ်။ တစ်နှစ်တစ်ကြိမ်ပင် အပန်းဖြေခရီး ထွက်ရန်မလွယ်။ ဤအလုပ် ဤနေရာတွင်ပင် ပိတ်လှောင်နေသလို ခံစားရသည့်အခါ ထွက်ပေါက်ပေးဖို့လိုသည်။ တစ်သက်တာ စိတ်ချမ်းသာလိုလျှင် သစ်ပင်စိုက်ပါဆိုသော စကားကို သတိရမိပါသည်။ ကျွန်တော့်တွင် သစ်ပင်စိုက်စရာ မြေနေရာလည်း မရှိပါ။ သို့သော် ကျွန်တော့်သူငယ်ချင်း အရာရှိ စားပွဲပေါ်မှ သစ်ပင် စိမ်းစိမ်းကလေးကို သွားသတိရမိပါသည်။ ဟုတ်ပြီ။ ကျွန်တော် သစ်ပင်စိုက်ပါမည်။ ကျွန်တော့် စားပွဲပေါ်တွင် သစ်ပင်စိုက်ပါတော့မည်။ ။
+မြ၀တီ+

Friday, September 9, 2016
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment