ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, September 2, 2016

=အကြောက်တရားအားကျော်ဖြတ်ခြင်း=

>
ဘဝမှာအခက်အခဲကိုရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ဆိုရင်တော့ အပြောင်းအလဲတွေကိုလည်း ခင်ဗျားအနေနဲ့လက်ခံနိုင်ရမယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အနေနဲ့ ရှေ့မှာနဲ့မတူတဲ့ အရာတွေ ကြုံတွေ့ဖြတ်သန်းရမှာကြောင့်ပါ။ ကျနော်တို့ အနေနဲ့ အလုပ်အသစ်ပြောင်းရွှေ့တာမျိုးပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်လုပ်ကိုင်တာမျိုးပဲဖြစ်ဖြစ် လူစိမ်းတစ်ယောက်ယောက်နဲ့ ခင်မင်ပက်သက်မှုအသစ်ပဲ ဖြစ်ဖြစ်ပေါ့။ အခြေနေသစ်တစ်ရပ်ကိုစတင်ဖို့ဆိုတာ လူတိုင်း အတွက် စိုးရိမ်စိတ်ဖြစ်စေတယ်ဆိုတာဟာလည်း သဘာဝပါပဲ ။ ကျနော်တို့ ကိုယ်တိုင်လည်း စိုးရိမ်စိတ်အများကြီးမဖြစ်ဘူးဆိုရင်တောင် ပြောင်းလဲမှု တိုင်းမှာတော့ စိတ်အနည်းငယ်ပူပန်တာမျိုးရှိပါတယ်။ တစ်ခုခုကိုစတင်လုပ်တော့မယ်ဆိုရင် ကျနော်တို့ ကို ဒီစိုးရိမ်ပူပန်မှုတွေ ကအမြဲလိုလို စိတ်မသက်မသာဖြစ်စေတော့တာပါပဲ ဖြစ်ပါ့မလား ဟုတ်ပါ့မလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ပေါ့။ျအပေါင်းအသင်းအသစ် တာဝန်ယူမှုအသစ် တွေနဲ့ ကြုံရတော့မယ်ဆိုတာနဲ့ စိုးရိမ်စိတ်တွေဖြစ်ပြီး ကျနော်တို့ ဒါကိုရပ်ဆိုင်းလိုက်မိတတ်ကြတယ်။ ရှေ့ဆက်ဖို့ ကျနော်တို့ မရဲတော့ဘူး ကြောက်မိနေတတ်ကြတယ်။ ဒါပေမယ့် ကျနော်တို့  ဒီအကြောက်တရား စိုးရိမ်စိတ်တွေကိုသာ ကျော်ဖြတ်နိုင်မယ်ဆိုရင် ရှေ့ဆက်ပြီး ကြုံတွေ့လာရမယ့်အခက်အခဲတွေကိုလည်း ကျနော်တို့ ကျော်ဖြတ်နိုင်မယ်ဆိုတာအသေချာပဲ ကျနော်တို့ ယုံကြည်စိတ်တွေများလာလိမ့်မယ်။အပြောင်းအလဲ တိုင်းကို ကျနော်တို့ လက်ခံနိုင်မယ့်နည်းလမ်းတွေ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကိုလည်း သိလာပြီ ဒါပါပဲ ကျနော်တို့ ဒီနေ့ပြောချင်တဲ့အကြောင်းရာသုံးချက်ကလည်း ဒီကြောက်စိတ်တွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုပြောပြချင်တာပါ ။

  (၁) ကျရှုံးမှာကိုကြောက်ကြတယ်။ … 

အချစ်သစ်ဟာ အရင်တစ်ခါအသဲကွဲခဲ့သလိုမျိုးနဲ့ပဲ လမ်းခွဲရအုံးမလား ၊ အလုပ်သစ်မှာ အလုပ်ဟောင်းကလို အတည်မကျပဲ သေချင်တဲ့ကျားတောပြောင်းဆိုသလို ပိုများဆိုးလေမလား ၊ အသစ်လုပ်မယ့် လုပ်ငန်းကပဲ အရှုံးပေါ်လေမလား။ အဲ့ဒီအတွေးတွေဟာ မကြာမကြာဖြစ်တတ် တွေးမိတဲ့ ကိုယ်ထင်တဲ့အတွေးတွေပါပဲ။ အများကြီးတွေးတဲ့သူဟာ အများကြီးပိုပြီးစိတ်ပင်ပန်းရလိမ့်မယ် ။ ဒါတွေဟာ လူသားတွေ အနေနဲ့ မကျရှုံးချင်တာ ၀မ်းနည်းကြေကွဲမှုမဖြစ်ချင်တာ အတွေးတွေမမှားချင်တာ အရှုံးသမားမဖြစ်ချင်တာ ဒါကလည်း ဓမ္မတာပါပဲ ဘယ်လိုလုပ်ပြီးတော့များ အမြဲတိုင်းနိုင်နေတဲ့သူဖြစ်နိုင်ပါ့မလဲဗျာ ။ ဒီ အကြောက်တရား စိုးရိမ်စိတ်တွေကို ကျော်ဖြတ်နိုင်ဖို့ဆိုတဲ့နေရာမှာတော့ အမှန်ကိုအမှန်တိုင်း အဖြစ်ကိုအဖြစ်အတိုင်း လက်ခံနိုင်တဲ့ စိတ်ရှိကိုရှိရမယ်။ အဲ့ဒီလက်ခံတတ်တဲ့စိတ်နဲ့အတူ ဘယ်အရာက တွဲလျက်ပါလာမလဲဆိုတော့ (ရဲရင့်ခြင်း) က ပါလာလိမ့်မယ်။ အဲ့တာက ကျနော်တို့  ကြောက်စိတ် စိုးရိမ်စိတ်တွေကို လျှော့ ကျစေ ပျောက်ပျက်စေလိမ့်မယ် ။ ခင်ဗျားတို့ မမေ့လေနဲ့ ကိုယ်က စိုးရိမ်စိတ်များတဲ့အခါမှာ ပြသနာသေးသေးလေးကို အကြီးကြီးလိုအတွေးဝင်လာလိမ့်မယ် ။ အကယ်၍ ရဲရင်စိတ်ရှိတဲ့သူဆိုရင်တော့ ပြသနာအကြီးကြီးတောင် သေးသေးလေးလို့ထင်ပြီး ဖြေရှင်းနိုင်တဲ့
စိတ်မျိုးဖြစ်လာလိမ့်မယ်။ ပြီးတော့ ကိုယ်ယုံကြည်ထားသတ်မှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်စီကိုလည်း အဲ့ဒီယုံကြည်စိတ်နဲ့ပဲ ပိုပြီးနီးကပ်အောင် လျှောက်လှမ်းလာနိုင်လိမ့်မယ် ။ ကျရှုံးခြင်းဆိုတာဟာလည်း ဘ၀တစ်ကွေ့မှာ ကျနော်တို့ အနှေးနဲ့အမြန်ကြုံတွေ့ရမှာပါပဲ။ အရှုံးကိုကြောက်လို့ပြေးထွက်တယ်ဆိုတာဟာလည်း ဘာမှမလုပ်ပဲ အဲ့အရှုံးဆိုတဲ့နေရာမှာပဲ ခင်ဗျားရပ်တည်နေတာနဲ့ဘာမှမခြားဘူး ။ရှေ့ဆက်ပြီးတော့လည်း ဆက်လျှောက်နိုင်စွမ်းမရှိတော့ပြန်ဘူး။ အကောင်းဆုံးကတော့ ဒီအရှုံးကိုခင်ဗျားလက်ခံပါ ပြီးတော့ ရှေ့ဆက်မယ့် ဘ၀လမ်းမှာ ဒါကိုသင်ခန်းစာအဖြစ် လေ့လာသင်ယူပါ။

 (၂) အပြောင်းအလဲဟာ ပြည့်စုံမှုရှိပါ့မလားလို့  စိုးရိမ်တတ်ကြတယ်။ 

ဘယ်သူပဲဖြစ်ဖြစ်တော့ ကိုယ်လုပ်တဲ့အရာအပေါ်မှာအကောင်းတွေဖြစ်လာဖို့ ကြုံလာဖို့ဆိုလူတိုင်းလိုလားကြတာပဲ ။ ဒါပေမယ့် ဘ၀မှာ အဲ့လိုအမြဲတမ်းအဆင်ပြေချောမွေ့နေဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ အလုပ်လုပ်နေတဲ့သူတိုင်းကတော့ ပြသနာအခက်ခဲတွေကြုံတွေ့  နေရမှာပဲ။ ကိုယ်လုပ်ကိုင်ဖူးနေတဲ့အလုပ်တောင်မှ လွယ်ကူတယ်ထင်တဲ့အလုပ်တောင်မှာ အမှားသေးသေးလေးတွေ ပြသနာသေးသေးလေးတွေ ကြုံဆုံရမှာပဲ ။ တစ်ခါခါမှာ အရာအားလုံးကို ပြီးပြည့်စုံဖို့ အပြင်းအထန်ကြိုးစားတယ်ဆိုတဲ့နေ၇ာမှာလည်း ကျနော်တို့ ကို ပြသနာအခက်ခဲတွေကို လွယ်ကူစွာဖြစ်ပေါ်စေသလိုဖြစ်တတ်ပါတယ်။ ကိုယ်တိုင်က အရမ်းကျွမ်းကျင်တတ်မြောက်နေတဲ့နယ်ပယ်ဆိုရင်တော့လည်း ခြွင်းချက်ပေါ့နော်။ ကျနော်ဆိုလိုတဲ့ ပြီးပြည့်စုံခြင်းမရှိဘူးဆိုတဲ့နေရာမှာလည်း ခင်ဗျားကို ၁၀၀ရာခိုင်နှုန်းအပြည့်မျှော်လင့်ထားထားတယ်ဆိုပါစို့။ ရလာဒ်က ၈၀-၉၀ ရာခိုင်နှုန်းဆိုရင်လည်း ကျနော်ယူဆတာ ကတော့ ဒါဟာ အရမ်းကြီးဆိုးရွာတဲ့အခြေနေမဟုတ်ဘူးဗျ။ ကျနော်တို့ အတွက် အခက်အခဲဆုံးအရာတွေက လုပ်နေရင်းနဲ့ပဲသင်ယူရင် နောက်အခေါက်တွေအတွက် အဲ့အခက်ခဲကို သင်ခန်းစာအဖြစ်ယူရင်း ကျနော်တို့ ရှေ့ဆက်ပိုမိုကောင်းမွန်အောင်လုပ်ကိုင်နိုင်စွမ်း ကိုဖြစ်စေမှာပဲ ။ ကျနော်တို့  ဆုံးရှုံးသွားတဲ့အရာတွေထပ် အဲ့ဒီအရှုံးကနေ ကျနော်တို့ ဘာတွေရရှိလိုက်သလဲဆိုတာ ကလည်း အရေးကြီးသေးတယ်။

 (၃) အပြောင်းအလဲသစ်အတွက် ကိုယ့်ကိုယ်ကို ပြီးပြည့်စုံတယ်လို့မထင်ပဲစိုးရိမ်စိတ်ဖြစ်မိတာ။ 

ကျနော်တို့ ဟာ တစ်ခါတလေ ကိုယ့်ကိုယ်ကို စံနှုန်းတွေနဲ့ မပြည့်စုံဘူး မမှီသေးဘူး အချိန်မတန်သေးဘူးဆိုပြီး ကိုယ်တိုင်တောင်မသိလိုက်တာမျိုးအခြေနေတွေနဲ့ တိုင်းတတ်ကြတယ်။ တကယ်ကတော့ ကျနော်တို့တွေးထင်ထားတာထက် ကျွန်တော်တို့ကိုယ်တိုင်ပိုလုပ်နိုင်တာမျိုးတွေ ပိုမြင်တတ်တာမျိုးတွေ ပြီးတော့ ကိုယ်စိတ်မကူးခဲ့တဲ့ အိပ်မက်တောင်မမက်ဖူးခဲ့တဲ့အခြေနေတွေကိုလည်း လုပ်ဆောင်နိုင်တယ်ဆိုတာတွေရှိလာမှာပဲ ။ ခင်ဗျားတို့ မမေ့လေနဲ့။ မိမိကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်တန်ဖိုးတစ်ခုသတ်မှတ်ထားတာမျိုးမရှိဘူးဆိုရင် ဘယ်သူကများ ကိုယ့်ကိုလာပြီးတန်ဖိုးသတ်မှတ်ပေးမှာပါလိမ့် ကိုယ့်ကိုယ်ကိုအကောင်းဘက်ကတွေးပါမြင်ပါ ပြီးတော့ အခွင့်အရေးများများးပေးပါ။ကျနော်ယုံကြည်ပါတယ်။ ခင်ဗျားအနေနဲ့လက်ရှိအနေထားထက်ပိုပြီးတန်ဖိုးမြင့်လာမယ် ပိုပြီးကောင်းမွန်လာမယ်ဆိုတာ ပိုပြီးတော့ ကြီးပြင်လာမယ် ရင့်ကျက်လာမယ် ရှေးအနာဂါတ်တွေမှာ ကျရှုံးမယ် နာကျင်မယ်။ ဒါပေမယ့် လူတစ်ယောက် ပြန်လည်ရပ်တည်နိုင်မယ့်အနေထားမှာ သူကိုယ်တိုင်နာကျင်မယ် ကျရှုံးမှုတွေကြုံမှပဲ သူပြန်လည်ရုန်းထဖို့တတ်မှာပဲမဟုတ်လား ။ ဒီနေ့ဟာ မကောင်းသေးဘူးလို့ ခင်ဗျားတို့တွေးချင်တွေးလို့ရတယ်။ ဒါပေမယ့် ဘာမှထမလုပ်ဘူး မစတင်ဘူးဆိုရင်တော့ အဲ့ဒီမကောင်းသေးဘူးဆိုတဲ့နေ့ရက်တွေက မကြာ မကြာကြုံနေရအုံးမှာပဲ ။ ခင်ဗျား လဲကျနေရာကထလိုက်ပါ။ ပြီးရင် ခင်ဗျားယုံကြည်ရာကိုရယူဖို့အတွက် တစ်ဖန်ပြန်ပြီး ကြိုးစားပြလိုက်စမ်းပါ ။ စာရေးသူ .Khun Nuttaputch ရဲ့ စာကို ဘာသာပြန်ပါသည်။ 

https://web.facebook.com/nuttaputchdotcom?_rdr ဘာသာပြန်တဲ့ပို့စ်မူရင်း http://www.thairath.co.th/content/ 572204

 ................................................................. 

 +မောင်မျိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)