ကြက်ငှက်များ၊ တိရစ္ဆာန်များနှင့်လူတို့အား ကြက်ငှက်တုတ်ကွေးဗိုင်းရပ်စ်ပိုးများမှ ကာကွယ်ပေးမည့် ကာ ကွယ်ဆေးသစ်တမျိုးကို အမေရိကန်နိုင်ငံ မေရီလန်းတက္ကသိုလ်မှ သိပံ္ပပညာရှင်များက တီထွင်ထားကြောင်း အင်တာနက်သတင်းတွင်ဖော်ပြသည်။
မိမိတို့၏ ကာကွယ်ဆေးသစ်မှာ H.5-N.1 ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇီအပေါ် အခြေခံကာ တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ ကြက်ငှက်ဥများအတွင်းသို့ ယင်းဆေးကိုထိုးနှံပေးခြင်း ဖြင့် ရောဂါးပိုးမွှားများ တနေရာမှအခြားတနေရာသို့ ကူစက်ပျံ့နှံ့တော့မည်မဟုတ်ကြောင်း မေရီလန်းတက္က သိုလ်မှပါမောက္ခ ဒင်နီယယ်လ်ပါရက်ဇ်က ပြောကြားသည်။ H.5-N.1 ဗိုင်းရပ်စ်သည် H.5-N.1 ဗိုင်းရပ်စ်ပိုး လောက်အင်အားပြင်းထန်ခြင်း မရှိချေ။ H.5-N.1 တုပ်ကွေးရောဂါပိုး၏ မျိုးရိုးဗီဇများကို အခြေခံကာ ကာ ကွယ်ဆေးကို ဖော်ထုတ်ထားကြောင်း၊ အကြောင်းမှာယင်းဗိုင်းရပ်စ်ပိုးသည် ကြက်ငှက်များ၊ ကြွက်များနှင့် ၀က်များအပါအ၀င် တိရစ္ဆာန်အမျိုးမျိုးတို့ကို ရောဂါကူစက်ပျံ့စေခြင်းကြောင့်ဖြစ်ကြောင်း ဒေါက်တာပါရက်ဇ် က ပြောကြားသည်။
ကြက်ငှက်တုတ်ကွေးရောဂါကာကွယ်ဆေးသစ်ကို ဓါတ်ခွဲခန်းအတွင်း ကြွက်များဖြင့် စမ်းသပ်ကြည့်ရာ H.5-N.1 ဗိုင်းရပ်စ်နှင့် H.5-N.1 ဗိုင်းရပ်စ်ပိုးနှစ်မျိုးစလုံးကိုကာကွယ်ပေးနိုင်ကြောင်းတွေ့ရသည်။ လက်ရှိကြက် ငှက်တုတ်ကွေးရောဂါကာကွယ်ဆေးများမှာ ကြက်ငှက်များကိုသာ ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပြီး အိမ်မွေးတိရစ္ဆာန်များနှင့်သဘာဝ နေထိုင်ကျက်စားသောကျေးငှက်များကို ကာကွယ်ပေးနိုင်ခြင်းမရှိချေ။
(28 Oct, 2008) အင်တာနက်သတင်း

No comments:
Post a Comment