အိုတီချိန်များလို့ အလုပ်သမားတယောက်ဟာ မူလအလုပ်ကနေ တခြားအလုပ်ကို ပြောင်းဖို့အလုပ်ရှင်နဲ့ တွေ့ပါတယ်။
အလုပ်ရှင်။ ။ အရင်လုပ်ခဲ့တဲ့ အလုပ်က ဘယ်လောက်ကြာပြီလဲ။
အလုပ်သမား။ ။ အနှစ်(၃၀)လောက်ကြာပါတယ်။
အလုပ်ရှင်။ ။ အနှစ်(၃၀) ဟုတ်လား နေပါဦး ကိုယ့်လူရဲ့ အသက်ကအခုဘယ်လောက်ရှိပြီလဲ။
အလုပ်သမား။ ။ (၂၅)နှစ်ပါ။
အလုပ်ရှင်။ ။ ဒါနဲ့ ဘယ်လိုလုပ်ပြီး လုပ်သက်က (၃၀)ရှိရမှာတုန်း။
အလုပ်သမား။ ။ အိုတီဆင်းရတာများလို့ပါ။
ပေးပို့သူ... ကိုလွင်(တိုက်ပွဲဝင်အလုပ်သမားတဦး)
(28 Oct, 2008)

No comments:
Post a Comment