အမေက မွေး
ကျွေးတာကိုမထောက်
ကောက်ကျစ်တဲ့ဥာဏ်
အမြင်မှန်ကိုမရသေး၊ စစ်ခွေးငမိုက်များ
အူနေဆဲ၊ ရူးနေဆဲပါ အမေ…။
အမေ့ဆီကရတဲ့
အသပြာများက
လောဘစိတ်များစွာနဲ့
လူမဆန်လူမဟုတ်၊ စစ်ခွေးယုတ်များရဲ့အာဏာ
အဖိနှိပ်ခံလူတန်းစား၊ အမေ့သားရတနာများ
တော်လှန်နေဆဲပါ အမေ…။
အမေပေးတဲ့အခွင့်အရေး
စစ်ခွေးတွေအတင်းယူ
အာဏာတွေလု
အသပြာတွေလု
ပါတာတွေအကုန်ထုတ်လို့ အဓိပ္ပါယ်ရတဲ့
“လာဘ်ပေးလာဘ်ယူတို့ရန်သူ“ ဆိုတဲ့ဆိုင်းဘုတ်
အခုထိမဖြုတ်သေးတာ
တွေးကြည့်ရင်, ရင်လေး
စစ်ခွေးတွေရဲ့ဘဝ
ဟောခဏ, ဟောခဏ
ပြုတ်လိုက်ကြတာအလူးအလဲ
ကျလိုက်တဲ့ထောက်ဒဏ်က အနှစ်(၁၀၀)ကျော်
ကိုက်လိုက်ပြန်ပြီ အချင်းချင်း
သတင်းတွေအမှောင်ချ
အတင်းတွေဗြောင်းပြ
ခံစားရတဲ့ပြည်သူတွေ
စစ်ခွေးတွေကိုက်လို့ ခံရတာတမျိုး
ကုန်ဈေးနှုန်းကိုက်လို့ ခံရတာတမျိုး
အိမ်နီးချင်းကိုက်လို့ ခံရတာတမျိုး
အမျိုးမျိုးနဲ့ အညာခံရ
ဒီအကျော့တော့
အမဲသားတုံးအဆိပ်ခပ်တာနဲ့ မိမယ်ထင်ပါရဲ့…။
ပေးပို့သူ...ဖိုးခွါး
(မြို့မကျောင်းသားဟောင်း)
(28 Oct,2008)
အမေက မွေး
ကျွေးတာကိုမထောက်
ကောက်ကျစ်တဲ့ဥာဏ်
အမြင်မှန်ကိုမရသေး၊ စစ်ခွေးငမိုက်များ
အူနေဆဲ၊ ရူးနေဆဲပါ အမေ…။
အမေ့ဆီကရတဲ့
အသပြာများက
လောဘစိတ်များစွာနဲ့
လူမဆန်လူမဟုတ်၊ စစ်ခွေးယုတ်များရဲ့အာဏာ
အဖိနှိပ်ခံလူတန်းစား၊ အမေ့သားရတနာများ
တော်လှန်နေဆဲပါ အမေ…။
အမေပေးတဲ့အခွင့်အရေး
စစ်ခွေးတွေအတင်းယူ
အာဏာတွေလု
အသပြာတွေလု
ပါတာတွေအကုန်ထုတ်လို့ အဓိပ္ပါယ်ရတဲ့
“လာဘ်ပေးလာဘ်ယူတို့ရန်သူ“ ဆိုတဲ့ဆိုင်းဘုတ်
အခုထိမဖြုတ်သေးတာ
တွေးကြည့်ရင်, ရင်လေး
စစ်ခွေးတွေရဲ့ဘဝ
ဟောခဏ, ဟောခဏ
ပြုတ်လိုက်ကြတာအလူးအလဲ
ကျလိုက်တဲ့ထောက်ဒဏ်က အနှစ်(၁၀၀)ကျော်
ကိုက်လိုက်ပြန်ပြီ အချင်းချင်း
သတင်းတွေအမှောင်ချ
အတင်းတွေဗြောင်းပြ
ခံစားရတဲ့ပြည်သူတွေ
စစ်ခွေးတွေကိုက်လို့ ခံရတာတမျိုး
ကုန်ဈေးနှုန်းကိုက်လို့ ခံရတာတမျိုး
အိမ်နီးချင်းကိုက်လို့ ခံရတာတမျိုး
အမျိုးမျိုးနဲ့ အညာခံရ
ဒီအကျော့တော့
အမဲသားတုံးအဆိပ်ခပ်တာနဲ့ မိမယ်ထင်ပါရဲ့…။
ပေးပို့သူ...ဖိုးခွါး
(မြို့မကျောင်းသားဟောင်း)
No comments:
Post a Comment