တခါတုန်းက ယောင်္ကျားတယောက်ဟာ ဘုရားသခင်နဲ့ သွားတွေ့တယ်။ တွေ့တော့ သူသိချင်တာတွေကို အခုလို စီကာဆင့်ကာ မေးမြန်းတယ်လေ။
(ယောင်္ကျား)… ဘုရားသခင် ခင်ဗျား…။ မိန်းမတွေကို ဘာဖြစ်လို့များ ဒီလောက်လှအောင်ဖန်ဆင်းပေးတာပါလဲ ကိုယ်တော်…။
(ဘုရားသခင်)… အဲဒါမှ မင်းက သူ့ကိုချစ်သွားမှာမို့လို့လေ…။
(ယောင်္ကျား)… ထားပါတော့ကိုယ်တော်…။ အဲဒါဆိုရင် ဘာဖြစ်လို့ သူတို့ကို မိုက်မိုက်မဲမဲတွေဖြစ်အောင် ဖန်ဆင်းပေးပြန်ရတာလဲ။
(ဘုရားသခင်)… အိန်း… အိန်း။ ဒါမှလဲသူက မင်းကိုပြန်ချစ်မှာလေ
(နိုင်ငံတကာဟာသများမှ)
ပေးပို့သူ….အာလူးပူတီ(ရွှေ့ပြောင်းတဦး)
(27 Oct, 2008)

No comments:
Post a Comment