ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် ဖုတ်ဖရမြို့အစပ်ရှိ ကြယ်ဒီခို့ကျေးရွာ ကထိန်ပွဲနှင့် ပွဲငတ်နေကြသော မြန်မာစိုက်ပျိုးရေးလုပ်သားများဘ၀...။ မဲဆောက်မြို့၏ တောင်ဘက် ၂၅ ကီလိုမီတာအကွာအဝေးတွင် အဆိုပါရွာတည်ရှိပြီး (၀ပ်ကြယ်ဒီခို့)ဘုန်းကြီးကျောင်းဝန်းကျယ်ကြီးထဲတွင် ထိုင်းနှင့် မုံလူမျိုးအလုပ်ရှင်များက မြန်မာစိုက်ပျိုးရေးအလုပ်သမားများအတွက် ရည်ရွယ်လျက်ငြိမ်းချမ်းပျော်ရွှင်စွာ ကျင်းပကြခြင်းဖြစ်သည်။ ကြယ်ဒီခို့ ကျေးရွာမှ ရှေ့သို့ဆက်သော် ဖုတ်ဖရမြို့နယ်ဧရိယာသို့ ရောက်ရှိပြီး ဤဒေသတွင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ(၀ါ) မြန်မာစိုက်ပျိုးရေးအလုပ်သမား ၇၀၀၀၀ခန့် ရှိမည်ဟု မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)မှ သုံးသပ်တင်ပြသည်။ ထူးခြားချက်များမှာ....။
(၁) ကြယ်ဒီခို့ ကျေးရွာ, ရွာလူကြီးသည် အမျိုးသမီးတဦးဖြစ်သည်။ (၂) ပါခယ်ကျေးရွာတွင် နေ့စားခ ၁၀၀ဘတ် ရသည်မှလွဲ၍ ဤဒေသအတွင်းတွင် လုပ်ကိုင်လျက်ရှိသော မြန်မာစိုက်ပျိုးရေးလုပ်သားများ၏ နေ့စဉ် လုပ်အားခမှာ (၆၀- ၇၀- ၈၀)ဘတ် ဟူ၍ သုံးစားရှိသည်။ IRC မှ လာရောက်တည်ဆောက်ပေးသော ဆေးပေးခန်းအချို့၊ မိုးပြာရောင်အကာအရံပါ အိမ်သာအချို့ကို တွေ့ရှိရပြီး အများစုမှာ လယ်ကန်သင်းနှင့် ပြောင်းခင်း၊ စိုက်ခင်းများအကြားတွင် အညစ်ကြေးစွန့်ပစ်နေဆဲဖြစ်သည်။ ပညာပေးစာအုပ်များထက် ကာတွန်း၊ ၀တ္ထု၊ အပျော်ဖတ် စာအုပ်စာစောင်များကိုသာ ပိုမိုစိတ်ဝင်စားကြသည်ကိုတွေ့ရသည်။ အလုပ်သမားလက်မှတ်(ဘတ်) မရှိကြသူများမှာ အများစုဖြစ်ပြီး ဘတ်ရှိသူများမှာလည်း လူ ၂၀၀၀ထက်မပိုပါချေ။ သို့ဖြစ်၍ ပုလိပ်၊ လ၀ကရဲ (တောမော)၊ နယ်ခြားစောင့်စစ်သား၊ ပြည်သူ့စစ်၊ အပါအ၀င် ထိုင်းအာဏာပိုင်အဖွဲ့အစည်းအမျိုးမျိုး၏ ရှောင်တခင်နှင့် စီမံချက်လူဖမ်းပွဲများတွင် ယင်းတို့မှာ ပြေးမလွတ်သာကြပါချေ။
(24,25,26 Oct, 2008)

No comments:
Post a Comment