တို့တတွေရဲ့ ရွာမှာလေ
စပါးစိုက်သူမဲ့ ထိုင်းနိုင်ငံကိုတက်…။
တို့တတွေရဲ့ ရွာမှာလေ
ကျောင်းတွေလဲအို
လမ်းတွေလဲပြို
ခလေးတွေလဲငို
မိခင်အိမ်အလာကို ကြိုနေရဲ့….။
တို့တတွေရဲ့ ရွာမှာလေ
စစ်တပ်မြေယာတွေက
စိုပြေစိမ်းလန်း
ရွာမြေတွေကုန်ခမ်း
ဟောင်းနွမ်းဆွေးမြေ့…။
တို့တတွေရဲ့ ရွာမှာလေ
ချဲထိတွေသောင်းကျန်း
နှစ်လုံးထီတွေပေါများ
ယမကာ လုလင်များမှများ….။
တို့တတွေရဲ့ ရွာမှာလေ
ပဲပြုတ်သည်မထားလဲ
တောင်ပေါ်တက်
အကြော်သည်မထွားလဲ
တောင်ပေါ်တက်
ကောက်စိုက်သူတွေလဲ လယ်ယာမဲ့ပေါ့….။
တို့ရွာတို့ပြည်အကြောင်း
ရှေးဟောင်းနှောင်းဖြစ်
တွေးကြည့်စဉ်ခဏ
ချမ်းသာကြွယ်ဝခဲ့ကြ….။
တို့ပြည်တို့ရွာ
ခုခါ… မွဲပြာခြောက်ခမ်းနွမ်းပါးဆင်းရဲ
စစ်မိစ္ဆာတွေကကြီးပွားမြဲ….။
တို့ပြည်တို့ရွာ သာယာစေဖို့
တို့တတွေသည်သာ ညီညာထကြွ
ပြည်သူဘက်ကရပ်တည်ကြ
စစ်အုပ်စုအားဖြိုဖျက်ချ….။
ပေးပို့သူ….စိုင်းစိုင်း
(ရွှေ့ပြောင်းတဦး)
(26 Oct, 2008)
တို့တတွေရဲ့ ရွာမှာလေ
စပါးစိုက်သူမဲ့ ထိုင်းနိုင်ငံကိုတက်…။
တို့တတွေရဲ့ ရွာမှာလေ
ကျောင်းတွေလဲအို
လမ်းတွေလဲပြို
ခလေးတွေလဲငို
မိခင်အိမ်အလာကို ကြိုနေရဲ့….။
တို့တတွေရဲ့ ရွာမှာလေ
စစ်တပ်မြေယာတွေက
စိုပြေစိမ်းလန်း
ရွာမြေတွေကုန်ခမ်း
ဟောင်းနွမ်းဆွေးမြေ့…။
တို့တတွေရဲ့ ရွာမှာလေ
ချဲထိတွေသောင်းကျန်း
နှစ်လုံးထီတွေပေါများ
ယမကာ လုလင်များမှများ….။
တို့တတွေရဲ့ ရွာမှာလေ
ပဲပြုတ်သည်မထားလဲ
တောင်ပေါ်တက်
အကြော်သည်မထွားလဲ
တောင်ပေါ်တက်
ကောက်စိုက်သူတွေလဲ လယ်ယာမဲ့ပေါ့….။
တို့ရွာတို့ပြည်အကြောင်း
ရှေးဟောင်းနှောင်းဖြစ်
တွေးကြည့်စဉ်ခဏ
ချမ်းသာကြွယ်ဝခဲ့ကြ….။
တို့ပြည်တို့ရွာ
ခုခါ… မွဲပြာခြောက်ခမ်းနွမ်းပါးဆင်းရဲ
စစ်မိစ္ဆာတွေကကြီးပွားမြဲ….။
တို့ပြည်တို့ရွာ သာယာစေဖို့
တို့တတွေသည်သာ ညီညာထကြွ
ပြည်သူဘက်ကရပ်တည်ကြ
စစ်အုပ်စုအားဖြိုဖျက်ချ….။
ပေးပို့သူ….စိုင်းစိုင်း
(ရွှေ့ပြောင်းတဦး)
No comments:
Post a Comment