ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 19, 2009

ဦးကြည်မောင်နှင့် အမှတ်ရစရာ ပုံရိပ်လွှာအချို့…

>
အပိုင်း-၁
သူ… ကာနယ်ကြည်မောင်…။ ကိုဗဟိန်း၊ ကိုဗဆွေ(ကျားကြီး ဗဆွေ)၊ ကိုအောင်ကျော်(ဗိုလ်အောင်ကျော်) တို့ အပြင် ဗကသ ဒုတိယဥက္ကဌ-ကိုအောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း)၊ ဗကသနဲ့ တကသ ဥက္ကဌ-အာဏာရှင် ကိုလှရွှေ (ဒေါက်တာလှရွှေ/ နောင်-၁၉၃၉၊ ဒူဘိုင်းပင်လယ်ကွေ့မှာ လေယာဉ်ပျက်ကျသေဆုံး) စသူတို့နဲ့ ကျောင်းနေဖက်သူငယ်ချင်း ဖြစ်ခဲ့ရုံမက တတိယ-ကျောင်းသားသပိတ်နဲ့ ဗိုလ်အောင်ကျော် အရေးမှာ နယ်ချဲ့ အင်္ဂလိပ်ရဲ့ နံပါတ်တုတ်စာ မိပြီးသူ့ရဲ့ပင်နီအင်္ကျီစုတ်ပြတ်ခဲ့ရသူ…။ သူ… သူဆိုတာက ဟင်္သာတ ကိုကြည်မောင် ဘ၀နဲ့ တကသ အဖွဲ့ဝင်ရန်ကုန်တက္ကသိုလ်ဒဂုံကျောင်းဆောင်က ကိုကြည်မောင်ရဲ့ ပုံရိပ်လွှာတွေ…။

နောက်တစ်ခုက ဗိုလ်ကြည်မောင်၊ ကာနယ်ကြည်မောင်…။ ဗိုလ်ချုပ်ကြီး နေ၀င်းက မပါမနေရသဘောနဲ့ သူ့နာမည်ကို အတင်းစာရင်းသွင်းခဲ့တာမို့ ၁၉၆၂-ခုနှစ် မတ်လ ၂-ရက်နေ့က လူထုဆီက အာဏာကို ဒုတိယအကြိမ်မြောက် အာဏာသိမ်းခဲ့စဉ်က (တော်လှန်ရေးကောင်စီ အမည်နဲ့ `ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး´ ကြွေးကြော်သံနဲ့ အဲဒီအချိန်က နိုင်ငံတကာရဲ့ သည်းခြေကြိုက်ကို ဘ၀င်ခိုက်အောင် အလိုက်အထိုက်ကြွေးကြော်တာက `` ဆိုရှယ်လစ်´´ပါတဲ့။ ဒါပေမယ့် အဲဒီအာဏာသိမ်းစဉ်က သူက အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)တိုင်းမှူးဖြစ်လေတော့ တနွယ်ငင်တစ်စင်ပါ ဆိုသလို ချိတ်တွဲ အမည်ပါသွားခဲ့သူတဲ့။ သူက `ဆိုရှယ်လစ်´ကို မယုံ၊ `ဒီမိုကရေစီ´ကိုသာ လုံးဝဿုံယုံပါသတဲ့။ ဒီလိုနဲ့ ၁၉၆၃-လောက်မှာ (ခပေါင်း၊ ဒူးယား၊ အုန်းတော၊ ပုပ္ပား)စတဲ့ `တောင်သူလယ်သမား ညီလာခံတွေ´ `တောင်သူဦးကြီးတွေနဲ့ ဒူးတိုက်ဆွေးနွေးပွဲ´တွေကို နားထောင်ကောင်း၊ ကြားကောင်းအောင် အသံကောင်းဟစ်ပြီး တော်လှန်ရေးကောင်စီက ကျင်းပခဲ့စဉ်က သူက လယ်ယာစိုက်ပျိုးရေးဌာန တာဝန်ခံ(ထိုစဉ်က- တော်လှန်ရေးကောင်စီက ပဒေသရာဇ်ဆန်တယ်ဆိုပြီး ၀န်ကြီးလို့ မခေါ်ခဲ့) အဲဒီလယ်သမား ညီလာခံတွေကို လယ်ယာစိုက်ပျိုးရေး ဌာနတာဝန်ခံ တစ်ဦးဖြစ်ပေမယ့် မယုံကြည်တာမို့ သူမတက်ရောက်ခဲ့။ ဒါကြောင့်လည်း မကြာခင်မှာ ဗိုလ်နေ၀င်း စစ်အုပ်စုရဲ့ (ဖြုတ်-ထုတ်-ရှင်း)စာရင်းထဲမှာ ဗိုလ်မှူးကြီး ကြည်မောင် ပါသွားတော့တာပေါ့။
အဲဒီနောက် မြန်မာ့လွတ်လပ်ရေး သမိုင်းဝင် ဗိုလ်မှူး ဗထူး(နောင်-ဗိုလ်မှူးကြီး ဗထူး/ ဗထူးတပ်မြို့- ရပ်စောက်မြို့နယ်)အဲဒီ ဗိုလ်မှူး ဗထူးရဲ့သား ဗိုလ်မြင့်ထူးကို တပ်တွင်းပုန်ကန်မှုဖြစ်အောင် သွေးထိုးမြှောက်ပင့်ပေးတယ်ဆိုပြီး သူအဖမ်းခံခဲ့ရတာပေါ့…။

(ဆက်လက်ဖော်ပြပါမည်)
စာကြွင်း… မိမိထက် အချက်အလက်ခိုင်မာစွာ တင်ပြနိုင်သူ၊ ပြင်ဆင်ပေးနိုင်သူတွေကို ကြိုဆိုပါတယ်…။
၁၉၉၅ - ၁၉၉၆ ၀န်းကျင်က မိမိနှင့်ကျောင်းသားသမဂ္ဂအဖွဲ့ ဝင်ကျောင်းသားများကိုရော၊NLDအဖွဲ့ ဝင်
လူငယ်များကိုပါ``ဗိုလ်အောင်ကျော်အရေးမှာ´´သူ့ ပင်နီအင်္ကျီစုတ်ပြတ်ခဲ့ရပုံကိုမကြာခဏထုတ်ပြခဲ့
သော၊လူငယ်များ ကျောင်းသားများကို စာဖတ်စာမှတ်ကာအလွန်တိုးတက်စေချင်သူ....အန်ကယ်ဦးကြည်
မောင် (ကွယ်လွန်ခြင်း) ၅ နှစ်မြောက်အောက်မေ့ဖွယ်ဆောင်းပါး.....
စုစည်းတင်ပြသူ… သောင်ရင်းနဂါး(မြန်မာပြည်သား)်

1 comment:

မဆုမွန် said...

အဘ မြင့်မြတ်တဲ့ဘုံဘ၀မှာ ငြိမ်းချမ်းပါစေ

ွှဘဘဦးကြည်မောင်ရဲ့ သမိုင်းဝင်အဖြစ်အပျက်တွေကို ပို့စ်တင်ပေးတဲ့အတွက် ဖတ်မှတ်ရလို့ တကယ့်ကို ကျေးဇူးတင်ပါတယ်

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)